သချိင်္ုင်းကုန်းမှ စိန်ခေါ်သံ
နှစ်စဉ် ဇာတိမြို့လေးကို ပြန်နေကျ အတိုင်း ဒီနှစ်လည်း မတ်လ ၂၈ရက်က ပြန်ဖြစ်ခဲ့ပါတယ်။
၂၉ရက်နေ့ မနက်မှာ မိဘဘိုးဘွားတွေရဲ့ အုတ်ဂူမှာ ကန်တော့ဖို့ သချိင်္ုင်း(သို့)သုသာန် ကို တခေါက် ရောက်ခဲ့ပါတယ်။
အဖေနဲ့ အမေရဲ့ အုတ်ဂူကို သန့်ရှင်းရေး လုပ်နေတုံးမှာ ကလေးတွေ အနားကို ဝိုင်းလာပါတယ်။
ပန်းရောင် အကျီ်နဲ့ ကလေးမလေး တယောက်က ကျမတို့ကို စေ့စေ့ကြည့်ပြီး မေးလာပါတယ်။
`အဒေါ်ကြီး၊အဒေါ်ကြီးက မနှစ်တုံးက သမီးတို့ကို စာတွေမေးသွားတာမလားဟင်´
`ဟုတ်ရဲ့လား၊သမီးက မှတ်မိလို့လား´
`အင်း၊မှတ်မိတာပေါ့။သမီးတို့ကို လိပ်ပြာလေးတွေပါတဲ့ ဘောပင်လေးတွေ ပေးသွားတယ်လေ´
`ဟုတ်တာပေါ့သမီးရယ်။အဲလိုရတာ ပျော်လား´
`အင်း၊ပျော်တယ်။´
`ဒါဆို မနှစ်က အဲဒီ လိပ်ပြာ ဘောပင်လေးတွေ ဘာလို့ ရတာလဲ´
` စာတတ်တဲ့လူတွေရတာ၊အခု သမီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ဆိုပြလို့ရမလားဟင်´
`ဟား..ဟား၊ရတာပေါ့ ကြီးတော်ရယ်။အခု ကျုပ်တို့ ကန်တော့ရအုံးမယ်၊ပြီးတော့ကျ ဒေါ်ကြီးမေးရင် ဆိုပြနော်´
သူကလေးတွေနဲ့ အပြန်အလှန်ပြောပြီး ကိုယ့်ဆွေမျိုးတွေကို လိုက် ကန်တော့ရပါသေးတယ်။
ကိုယ့်အလှည့်ကျရင်လည်း နောက်မျိုးဆက်တွေက လာကန်တော့မှာပေါ့။
တချို့ ကလေးတွေက ကျမတို့ကို ကူကြပါတယ်။
အားလုံးပြီးတော့ သချိင်္ုင်း ဇရပ်ရှေ့မှာ ကလေးတွေကို စုလိုက်ပါတယ်။
ကလေးတွေထဲ မနှစ်က မျက်နှာလေးတွေက ကျမတို့ အကြောင်းသိနေတော့ တန်းစီကြပါတယ်။
မျက်နှာသစ်လေးတွေကတော့ အခြား သချိင်္ုင်းကန်တော့ပွဲလာတဲ့ မိသားစုတွေလိုပဲ ထင်ပြီး ကန်တော့ပြီးသား မုန့်တွေကို လက်ဖြန့်ပြီး တောင်းဖို့ ၊ တယောက်နဲ့ တယောက်လုဖို့ ကြိုးစားကြပါတယ်။
အဲဒီ မျက်နှာသစ်ကလေးတွေကို မလုဖို့၊လူတိုင်းကို မုန့်ပေးမှာ၊တန်းမစီတဲ့လူမပေးဘူးလို့ ပြောပြီး တန်းစီခိုင်းရပါတယ်။
ကလေးတွေ စနစ်တကျစီပြီးတော့
`သားတို့၊သမီးတို့ကို အခု ဒေါ်ကြီးတို့ စာမေးပြီးမှ မုန့်တွေကို ဝေပေးမယ်နော်။အခုလို ပေးတာ ကလေးတို့ကို သနားလို့ ပေးတာ မဟုတ်ဘူးနော်။ဟုတ်လား၊ဘာဖြစ်လို့ ပေးတာလဲ ၊မနှစ်က ရဖူးတဲ့ ကလေးတွေ ပြောကြည့်ပါအုံး´
`စာတတ်လို့ ပေးတာပါ´
`ကျောင်းတက်လို့ ပေးတာပါ´
`အေးဟုတ်ပြီ၊ကဲ သားတို့ သမီးတို့ ထဲက ဘယ်သူ စာတွေ ဆိုပြမလဲ၊လက်ထောင်ပြကြပါ။´
စာဆိုပြမယ် ဆိုတဲ့ ကလေးတွေ လက်တွေ ထောင်ပြကြပါတယ်။
မနှစ်က ကျောင်းမနေသေးလို့ ဘောပင်မရဘူး ဆိုတာနဲ့ စိတ်ကောက်သွားတဲ့ သမီးလေးကို မှတ်မိကြပါသေးလား။
သူကလေးက ၂ အလီ ဆိုပြပါတယ်။သူငယ်တန်းကို သူ့အတန်းမှာ ပထမ ရပါတယ်တဲ့။
နောက်သမီးလေးတယောက်ကတော့ စောစောက မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ဆိုပြမယ်ဆိုတဲ့ တယောက်ပါ။
နောက်သားလေး တယောက်ကတော့ ဘုရားရှိခိုး ဆိုပြမယ်တဲ့။
အစအဆုံးမရွတ်ပါနဲ့ကွာ၊ငါးပါးသီလ အဓိပ္ပါယ်ပြောပြပါ ဆိုတော့ ဒေါက်ဒေါက်ဒေါက်ဒေါက် ရွတ်ပြသွားတာ သူများ အသက်မသတ်ရ ဆိုတာလေးတော့ ကျန်ခဲ့လို့ ရီကြရပါသေးတယ်။
၆တန်း ကျောင်းသူကြီးက မနှစ်တုံးကလည်း ပါပါတယ်။
သူက ဆုံးမစာ အရှည်ကြီးကို ရွတ်ပြသွားပါတယ်။ပြီးတော့ အင်္ဂလိပ်စာရော ဆိုပြပါအုံး လို့ တောင်းဆိုလိုက်တော့ My name is Bingo ဆိုတဲ့ ကဗျာလေး ပီပီသသ ရွတ်ပြသွားပါတယ်။
ဒီနှစ်တော့ ကိုကြီးရဲစည်ရဲ့ လက်ဆောင် လိပ်ပြာဘောပင်လေးတွေ မပါလို့ စာဆိုသူတွေကို မုန့်တွေပဲ ဆုအဖြစ် ပေးရပါတယ်။
စာဆိုပြနိုင်တဲ့ ကလေး ကုန်တော့မှ ကျန်တဲ့ ကလေးတွေကိုပါတန်းစီခိုင်းပြီး မုန့်တွေ ဝေပေးလိုက်ပါတယ်။
အဲဒီထဲမှာ ၁ဝနှစ်သားလောက် ကလေးကြီး တယောက်က စိတ်မထိန်းနိုင်ပဲ လုယူလိုက်ပါတယ်။
အဲဒီကလေးကို အားလုံးက ဝိုင်းပြီး အပြစ်တင်ကြတော့ ကလေးလည်း ရှက်သွားပါတယ်။
သူ့ကို နောင်ဆို လုမယူပါဘူး လို့ ဝန်ခံခိုင်းြပီးမှ မုန့်ပေးလိုက်ပါတယ်။
မုန့်တွေ ကျန်နေသေးတော့ ကလေးတွေကို ဒီနားတဝိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ကဲ ကလေးတွေ အမှိုက်တွေ ကောက်ပြီး သုသာန်အဝက အမှိုက်ပုံမှာ စနစ်တကျပစ်ကြမယ် လို့ ခိုင်းလိုက်ပါတယ်။
ကလေးတွေ တပျော်တပါးကြီးကောက်ကြပါတယ်။ အမှိုက်ကောက်တဲ့ ကလေးတွေကို မုန့်တွေ ထပ်ပေးပြီး
ပြန်ခါနီး ကလေးတွေကို ပျော်ရဲ့လား မေးတော့ ပျော်ပါတယ် လို့ အော်ကြပါတယ်။
နောင်နှစ်ကျရင် လာရအုံးမလား။ စာတွေ ကျက်ထားမှာလား ၊ စာတွေ မေးရအုံးမှာလား ဆိုတော့
ကျက်ထားမှာပါ။ဖြေပါ့မယ်။လာခဲ့ပါနော်၊
စုံနေအောင် ကြွက်ကြွက်ညံ ဖြေကြပါတယ်။
နောင်နှစ် စာမေးပွဲ အဆင့်ကောင်းကောင်းရအောင် ဖြေပြမယ် ဆိုတဲ့သူ လက်ထောင်ပါဆိုတော့ လက်ကလေးတွေ မြင့်မြင့်ထောင်ပြကြပါတယ်။
ကလေးတွေနဲ့ ကျမတို့ရဲ့ အပြန်အလှန် စိန်ခေါ်ပွြဲကီးပါပဲ။
ကိုးသင်းချိုင်းမှ စိန်ခေါ်သံတော့ မဟုတ်ရပါဘူးနော။
22 comments
ဝင့်ပြုံးမြင့်
April 19, 2015 at 11:27 pm
.တီဒုံတို့ ဝါးခယ်မ သင်းချိုင်းကုန်းမှာ ကလေးနည်းသေးတယ်။ မအူပင်မှာ အများကြီးပဲ။ ကျမကတော့ ဘယ်တော့မှ လူမှုရေး၊ အလှူ ဒါန၊ စသဖြင့် လူတစ်ယောက် လုပ်သင့်တာ ဘယ်တော့မှ မလုပ်တတ်ဘူး။ တစ်ခါ တစ်ခါ ငါ လူကောင်း မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးက နှိပ်စက်တတ်တယ်။ တီဒုံတို့ကိုတော့ အားကျပါတယ်။ အနီးအနားမှာ တတ်နိုင်သလောက် ကြုံ တွေ့နေရသလောက် ပရဟိတ လုပ်ပေးတတ်တယ်။ မုဒိတာ ပွားမိပါတယ် တီဒုံရေ။
padonmar
April 20, 2015 at 12:12 am
ပြုံးရေ
တချို့ကလေးတွေက လွယ်လွယ်ကူကူပဲ ပေးသွားတဲ့ မိသားစုတွေနားပဲ ကပ်တောင်းပြီး ပြန်သွားကြရော၊
အရစ်ရှည်တဲ့ ဒို့တွေနားမကပ်ကြတာလည်း ရှိမှာ။
အမှန်တော့ အချိန်ကလေးပဲ ပိုပေးလိုက်ရတာပါ။
မုန့်တွေက မိဘဘိုးဘွားကန်တော့ပြီးရင် ဝေပေးလိုက်တာပါပဲ။
ဒီသင်းချိုင်းက ကလေးတွေကို အချိန် နာရီဝက် ၁နာရီပေးတာ ၃နှစ်ဖြစ်ပြီ။
သူတို့ဟာ သူများပေးစာကမ်းစာ စားနေတာမဟုတ်၊သူတို့ အရည်အချင်းရှိရင် ရထိုက်တဲ့ ဆုရမယ်ဆိုတဲ့ စိတ်ကလေး နည်းနည်းစီ ဝင်ဝင်လာကြမယ်ဆိုရင် အချိန်လှူရကျိုးနပ်ပါပြီ။
ပြုံးဆို ပိုတောင် လုပ်ပေးနိုင်မှာပါ။
naywoon ni
April 20, 2015 at 12:29 am
မြင်နိုင်ပါတယ်ဗျာ ယပ်တောင်လေးငပ်လို့ ငိုဟန်ဆောင်သူတွေမနဲပါလားးးးးးး ကိုယ့်အလှည့်ပြန်ရောက်တော့ ဘယ်သူတွေ ဒီလို ငိုဟန်ဆောင်မလဲ ဲ ဲ ဲ ဲ ဲ ဲ
အဲ့သီချင်းလေး သတိရသွားတယ်လို့
အဲ့ဒါဝင်ပြောတာ 🙂
ခင်ဇော်
April 20, 2015 at 8:21 am
ခေါင်းစဉ်ဖတ်ပြီး အာတီဒုံ လိုင်းပြောင်းသွားပလား ထင်မိ။
ဟိဟိ
:mrgreenn:
မေလဆန်းလောက် အမတ်မင်း ဆီ လူကြုံ ရှိတယ်။
၂ ခု ၃ ခုလောက် ထည့်ပေးနိုင်ကောင်းရဲ့။
😆
padonmar
April 20, 2015 at 9:25 pm
ကေဇီ့ လက်ဆောင်လေးတွေက နောက်တနေရာမှာ ပေးဖြစ်တာ.ဆက်ရေးအုံးမယ်။
Mr. MarGa
April 20, 2015 at 8:55 am
ဒါတွေဖတ်မိတိုင်း
ကိုယ်တိုင်မလုပ်နိုင်တာကို မြင်မိ
လုပ်ကြည့်မယ်တွေ
အချိန်က မပေးနိုင်
ဒါနဲ့ပဲ သံသရာလည်နေလေရဲ့
padonmar
April 20, 2015 at 10:11 pm
သကြားရယ်၊
အချိန်က သိပ်မပေးရပါဘူး။
အလုပ်သွားရင်း လမ်းမှာ တွေ့တဲ့ ကလေးတွေ မုန့်ကလေးကျွေး ပီး သင်တာမျိုး လုပ်လို့ရပါတယ်။စမ်းကြည့်ပါနော်။ဒေါ်လေးက နည်းနည်းလုပ် များများပြောတတ်တဲ့သူမို့ပါ။
kotun winlatt
April 20, 2015 at 12:10 pm
ကလေး ကလေးအထင်မသေးနဲ့
ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ
ကျနော့်သူငယ်ချင်းတွေစကား ယူသုံးရရင် လူပင်လေးတွေ စိုက်ခဲ့တာပဲ
သာဓု သာဓု သာဓုပါဗျာ
padonmar
April 20, 2015 at 10:16 pm
ကိုထွန်းဝင်းလတ်တို့ One Candle ကစိုက်ပေးခဲ့တဲ့ လူပင်လေးတွေကိုလည်း အားကျသာဓုခေါ်လျက်ပါ။
Ma Ma
April 20, 2015 at 1:42 pm
အဖူးအပွင့်လေးတွေ မြင်ရပြီပေ့ါ။
ဝမ်းသာစရာ။ 🙂
လုံမလေးမွန်မွန်
April 20, 2015 at 2:19 pm
အားကျပါတယ် တီဒုံရယ်… သူတို့လေးတွေကိုပဲ အားကိုးရမှာလေ…
Alinn Z
April 20, 2015 at 3:39 pm
.ဖြစ်မြောက်အောင် မြေတောင်မြျှောက်ပေးနိုင်သူတွေကိုပဲ အားကိုးရမှာပါ
padonmar
April 20, 2015 at 10:17 pm
အဘနီ၊ချစ်မ၊လုံမွန်၊အလက်ဆင်း
အာပေးကြတဲ့သူတွေကို အားကိုးပါတယ်။
မြစပဲရိုး
April 20, 2015 at 11:10 pm
တို့ အစ်မ တော့ ၁၂ကြိုးကိုင်ပြီး ပွဲကြမ်းပြီ မှတ်တာ။
. ခေါင်းစဉ် ပေးပိုင်သကွာ။
ကလေး တွေ အတွက် စိတ်ဓာတ်အင်အားမြှင့်ပေးနိုင်တဲ့ အစ်မ ရဲ့ အစီအစဉ် ကတော့ တကယ်ဘဲ အောင်အောင်မြင်မြင် ရုပ်လုံးပေါ်လာပါပြီကော။
တစ်နိုင်ငံလုံး အတွက် မဟုတ်သေးပေမဲ့ ဒီလိုဘဲ တစ်ပိုင်တစ်နိုင် ကလေး တွေ ရဲ့ စိတ်မှာ ပညာ ကို တန်ဖိုးထားပြီး ချစ်တတ် တဲ့ စိတ်လေး တွေ မွေးပေးဖို့ လိုပါတယ်။
ဒီလို လုပ်ပေးနေတာ အတွက်လဲ အစ်မ ကို အားကျမိပါတယ်။
ဒါပေမဲ့ ရရင်
တကယ်တော့ ဒါဟာ အုပ်ချုပ်သူ အစိုးရ တာဝန်ဘဲ။
သူတို့ ရဲ့အင်အား နဲ့ သာ ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ။
မဟုတ်ရင်တော့ မစို့မပို့ ရေလောင်းနေရသလိုဘဲ ဖြစ်မှာ။
လောလောဆယ် ၂၀၁၅ ထဲ ဦးစားပေး လုပ်ရမှာက တစ်နိုင်ငံလုံး တစ်ညီတစ်ညွတ် စိတ်ထားပြီး ဒီ ကလေး တွေ ကို တာဝန်ယူပေး နိုင်မဲ့ အုပ်ချုပ်သူ အစိုးရ ကို တင်ရမှာ။
မဟုတ်ရင်တော့ စာမေးပွဲကျ လို့ တိုက်ပေါ်က ခုန်မချ နိုင်ကြအောင် တိုက် အမြင့် တွေ ဖြိုခိုင်း နေမဲ့ အစိုးရ နဲ့ ဘဲ ဆက်ပြီး နှစ်ပါး သွားရမယ်။
မဆီမဆိုင် ပို့စ် နဲ့ လွဲကုန်ရင် စောဒီးပါ အစ်မ ရေ။
ဒီရက်ထဲ မှာ ဒီ အစိုး ရ ဆီက လုပ်နေ ပုံတွေ၊ ပြောနေပုံ တွေ က နေမြင့်လေ အရူးရင့်လေ ဖြစ်လာလို့။
kai
April 21, 2015 at 4:16 am
အလယ်ခေတ်ဥရောပမှာ.. ချချ်နဲ့ဘုရင်တွဲအုပ်ချုပ်တာ.. လူထုကဘယ်လိုမှတော်လှန်လို့မရတဲအဆုံး.. အမေရိကတိုက်ကထွက်ပြေးလာကြပြီး.. တိုင်းပြည်သစ်ထောင်ကြတယ်..။
အဲဒါကြောင့်.. အမေရိကပြည်ထောင်စုထောင်တော့.. ပထမဦးဆုံး..ခြေဥကိုပြင်တဲ့ First Amendment မှာက… “Separation of church and state” (sometimes “wall of separation between church and state”) တဲ့..။
ဘာသာရေးနဲ့နိုင်ငံရေး ခွဲထုတ်ပစ်တာကို.. အမေရိကရဲ့ကမ္ဘာကျော် Second Amendmentလူ့အခွင့်အရေးတွေအတွက် ဥပဒေပြုတာမလုပ်ခင်.. ရှေ့မှာ. ဦးစားပေးလုပ်ခဲ့သဗျ…။
ဆိုတော့…
မြန်မာပြည်ရဲ့.. အစိမ်းအဝါပူးတွဲအုပ်ချုပ်ဗိုလ်ကျတဲ့… စနစ်ကိုပြင်ချင်ရင်.. တိုင်းပြည်တကယ်(တကယ်)ကောင်းစားတာကိုမြင်ချင်ရင်… ဦးစားပေးလုပ်ရမှာက.. ခြေဥပြင်ရေး..
အဲဒီထဲမှာမှ..အခုလုပ်နေကြတဲ့.. ၅၉(စ)ပြင်ရေးအစား.. ဘာသာရေးနဲ့နိုင်ငံရေးခွဲထုတ်ပစ်တဲ့ဥပဒေပြုရမှာလို့တောင်.. ထင်နေမိ…။
အမေရိကနိုင်ငံကို တည့်တည့်ကြီး ခိုးချဖို့.. သင့်..။
ဒီလိုမလုပ်ရင်.. ဒေါ်စုလိုလူထုခေါင်းဆောင်တွေဘယ်တော့မှ.. အာဏာမရ.. ။ လူထုအပေါ်မလွှမ်းမိုးနိုင်…။
မတော်.. အာဏာရ.. အစိုးရဖြစ်လည်း.. အုပ်ချုပ်လို့မရ..။
အဝါဝတ်တယောက်ယောက်က.. ဖာသည်မလို့..ထဆဲလိုက်ရင်..ပွဲပြတ်..။
အနိစ္စ…။
ဦးဦးပါလေရာ
April 20, 2015 at 11:47 pm
ဆိုတာလေးကို အရမ်းသဘောကျတယ်……
အဲသည်စကားက သူတို့ဘဝကိုပြောင်းလဲပေးမှာ
သူတို့ဘဝကို သူတို့ကိုယ်တိုင်မြှင့်တင်အောင် လမ်းတည့်ပေးမှာ…..
lu lu
April 22, 2015 at 8:49 am
ကလေးတွေကိုမြင် ရ တော့ စိတ်မကောင်းဖြစ်သလိုလို ပီတိ ဖြစ်သလိုလို
နိုင်ငံအတွက် အရေးပါမယ့် သူတွေ ဖြစ်လာမှာပါ
ဒါနဲ ့စကား အတင်းစပ်
အန်တီဒုံ က ဘာလူမျိုးလဲ ဟင်
🙂
အောင် မိုးသူ
April 22, 2015 at 9:51 am
အဲ့လိုကလေးတွေကို ချစ်တယ် း))
Mike
April 22, 2015 at 11:53 am
.အာတီဒုံ ရဲ့စေတနာနဲ့ လုပ်ဆောင်ချက်က အောင်မြင်ပါတယ်..ဝမ်းသာပါ၏ 🙂
.ဒါနဲ့ အုတ်ဂူမှာ ရောင်စုံစက္ကူလေးတွေကပ်ထားတာလားဟင်..
.နောက်..အုတ်ဂူတစ်ခုကလည်းထူးထူးခြားခြား အနီရောင်ရဲရဲနော်..
Ma Ei
April 22, 2015 at 2:30 pm
အားပေးပါတယ် အမရေ…
ကလေးတွေကို စာကျိုးစားချင်လာအောင်
စိတ်အားထက်သန်လာအောင်
ပတ်ဝန်းကျင် သန့်ရှင်းအောင်
အမျိုးမျိုးပြုစုပျိုးထောင်ပေးခဲ့တာကိုး….
နောက်တစ်ခေါက်များ(သို့) နောက်တစ်နေရာရာမှာများ
အစီစဉ်ရှိရင် လက်ဆောင်ပါးချင်လို့
လက်တို့ပါ နော်
manawphyulay
April 23, 2015 at 10:04 am
တီဒုံလည်း ဝါးခယ်မ သချိုင်္င်းမှာ စာသင်တိုက်ဖွင့်တော့မယ်ထင်တယ်။ ကောင်းပါတယ် တီဒုံရယ်။ အဲဒီက ကလေးတွေရဲ့ အပြစ်ကင်းကင်းနဲ့ စာဖတ်သံတွေကို ကြားယောင်နေမိသလိုပါပဲ။ အနာဂတ်ရဲ့ မျိုးဆက်ကောင်းများပေါ့နော်။
မဟာရာဇာ အံစာတုံး
April 24, 2015 at 8:33 pm
ကလေးတွေ ပြုံးနေကြသလို ..
ပြုံးပြုံးကြီး ဖြစ်နေမယ့် တီဒုံ ရုပ်လွှာကိုလည်း မြင်လိုက်ရပါ့ ခညာ ..
အစကတော့ ခေါင်းစဉ်ကြည့်ပြီး ..
တီဒုံတစ်ယောက် သယဲနဲ့ နပန်းလုံးဂဲ့လေသလားလို့ … ဟီး ..
ဟုတ်မှ ဟုတ်ဘဲနဲ့ …
ကလေးတွေနဲ့ စိန်ခေါ်ခဲ့တဲ့ … ပညာ စိန်ခေါ်သံကိုး ….
သာဒု .. သာဒု …