( လွမ်းရတဲ့ တစ်ခါက ဧရာ )

ဟိုးအရင်က စိမ်းမြမြဧရာဘေး

အပျော်တေးတွေဆိုရင်း အပျိုတစ်သင်းရေခပ်ဆင်း

ဝပ်စင်းဧရာ ရှိလာတာဝန် ကျေပွန်ခဲ့၏ ၊

တဖန်ထိုမှ ကာလရွေ့လာ ယခုခါဝယ်

ပျက်ပြယ်သူ့အလှ မယုယသူများကြောင့်

စိုးနှောင့်ဗျာပွေ ဖြစ်ရလေကြ

စောက်သုံးမကျသူတို့ ဝိုင်းလို့ဖျက်ဆီး

ပျက်စီးခြင်းက ငါးပါးမက

ဝါးစားသွားတဲ့ မဟားတရားလူတစ်စု

ပြန်ကုလို့မရတဲ့ဝေဒနာ သေရွာပါမယ့်ဒဏ်ရာ

သူ့ခမျာခံနေရ ထွန်းလှတဲ့သောင်ပြင်

ပြောင်းလှတဲ့ရေကြောင်း အကောင်းဆိုတာဝေး

ရေကအေးပေမယ့် အရောင်ကညို

ချိုစရာအကြောင်းမရှိ သနားအတိ မိဧရာ

ဘယ်သူလာလို့ ကယ်ပါမည် ၊

DSC_0073

10 comments

  • kai

    April 29, 2015 at 5:08 am

    ဧရာဝတီကို ကယ်တင်ကြ
    အသံနက်ကြီးတွေထောင်းထောင်းထ
    ကြောင်ဝကြီးတွေ သဲ့ယူနေ။

    သဘာဝကို စိမ်းလန်းကြ
    ရုက္ခစိုးနှုတ်သူများ သံပြာပြ
    မျက်နှာဖုံးစိမ်းကြီး ပြုံးပြနေ။

    မြစ်ဆုံဆည်ကို ကန့်ကွက်ကြ
    နေမှုကြပ်သူတွေ ရေမီးစုံငတ်
    သံယောင်တိုင်တည် ချောက်ချစကားလေးတွေ။
    သံယောင်တိုင်တည် သေတွင်းစကားလေးတွေ။
    သံယောင်တိုင်တည် ကျိန်စာစကားလေးတွေ။
    သံယောင်တိုင်တည် မင်းရဲ့စကားလေးတွေ။ ။

  • အောင် မိုးသူ

    April 29, 2015 at 9:27 am

    ပထမက မြစ်ဆို ရေကဝါဝါကြီးပဲထင်တာလေ။ ပုဂံသွားမှ ဧရာဝတီမြစ်ရဲ့ ရေက စိမ်းချက် ကြည်ချက်ဆိုတာ။ အံ့တောင်ဩတယ်။ ဧရာဝတီဆိုတာ သာမာန်မြစ်သာသာမှမဟုတ်တာ သိသွားတယ်။

  • black chaw

    April 29, 2015 at 9:45 am

    ပုဂံကို ဇော်ဝင်းထွဋ်က မဟာ လို့ သီချင်းထဲမှာ ထည့်ဆိုဖူးတယ်…။
    ဧရာဝတီ က လည်း မြန်မာတို့ မဟာ ပါပဲဗျာ…။

    • တောင်ပေါ်သား

      April 29, 2015 at 12:30 pm

      ညိုပုပ်ပုပ်ကာလာ အဲဒါ ဧရာတဲ့လားဗျာ

  • Alinn Z

    April 29, 2015 at 5:10 pm

    .ကောင်းကင်…တိမ်ထုက…ညိုပုပ်ပုပ် ဖြစ်နေလို့များလား….

  • မြစပဲရိုး

    April 30, 2015 at 12:19 am

    . လောလောဆယ်တော့ ရာဇဝင်ထဲ တော့ မကျန်သေးပါဘူး။
    တစ်ခါကလဲ မဖြစ်သေးပါဘူး။
    ဒီအတိုင်း မပြုမပြင် ပစ်ထားရုံမက ပညာမဲ့ အလွန်အကျွံ နှိပ်စက်မယ် ဆိုရင်တော့
    တစ်ချိန်ကျ ရာဇဝင်ထဲ မှာ ဘဲ ရှာနိုင်တော့မလားပါဘဲ။

    ဧရာဝတီ မှ မဟုတ် အင်းလေးလဲ ဒီလိုဘဲ။ နွေ ဆို ရေတိမ်နေပြီ။

  • manawphyulay

    April 30, 2015 at 10:58 am

    တို့ရဲ့ ဧရာဝတီ
    ကမ္ဘာမြေကြီးရဲ့ ဧရာဝတီ
    မြစ်တို့ရဲ့ ဧရာ…

  • naywoon ni

    April 30, 2015 at 3:12 pm

    ဧရာဝတီ
    ရာဇဝင်​တို့ရဲ့ သတို့သမီး
    ဧ ရာ ဝတီ 🙂

  • တောင်ပေါ်သား

    April 30, 2015 at 4:45 pm

    မြစ်ချောင်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများအတွက် ယခုနှစ် ရရှိသော ဘတ်ဂျက်မှာ ယခင်နှစ် ထက် သုံးပုံနှစ်ပုံ လျော့နည်းသွား ကြောင်း ရေအရင်း အမြ စ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
    ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်း ခြင်းအတွက် ကျပ်သန်းနှစ်ထောင် ကျော်ရရှိခဲ့သော်လည်း ယခုနှစ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် မူ ကျပ်သန်း ခုနစ်ရာကျော်သာ ရရှိကြောင်း သိရသည်။
    ယခုနှစ်အတွင်း ဧရာဝတီရေ လမ်းဖွံ့ဖြိုးရေး အတွက် ကျပ်သန်း ၅၆ဝ ရရှိမည်ဖြစ်ပြီး ချင်းတွင်းအ တွက် ကျပ် ၂၁၆ သန်းရရှိမည် ဖြစ်သည်။
    ”ဒါက အဆင့်ဆင့်သုံးခါလောက် ဖြတ်တောက်ထားပြီးသား။ ကိုယ် တွေ စတင်တုန်းက ဧရာဝတီတင် သန်းနှစ်ထောင်တောင်းတာ၊ ချင်း တွင်းကိုတစ်ထောင်လောက်ေ တာင်း တာ”ဟု အဆိုပါဌာနမှ ညွှန်ကြား ရေးမှူးဦးသောင်းလွင်က ဆိုသည်။
    ဘတ်ဂျက် ရရှိပါက မြစ် ချောင်း ပြုပြင်ထိန်းသိမ်းခြင်းများ အပြင် ဗန်းမော်ဆိပ်ကမ်းနှင့် ဗိုလ် မြတ်ထွန်းတံတား ဝန်းကျင်တွင် သောင်တူးခြင်း လုပ်ငန်းများကို လည်း လုပ်ဆောင်မည်ဖြစ်သည်။
    ”ဗိုလ်မြတ်ထွန်းမှာက သောင် မတူးလို့မရဘူး။ ကမ်းပြိုတာတွေ ဖြစ်လာမယ့် အနေအထားတွေ အတွက် သောင်တူးပြီး ရေလမ်း ကြောင်း ပြောင်းရမယ်။ ကိုယ်က လက်ဦးမှုယူပြီး ရေလမ်းကြောင်း ပြောင်းမှ ရမှာ”ဟု ဦးသောင်းလွင် က ပြောသည်။
    ဘတ်ဂျက် လျော့နည်းသွား ခြင်းနှင့် ပတ်သက်၍ မြစ်ချောင်း ထိန်းသိမ်းရေး ပညာရှင် ဦးချိုချို က ”မြစ်ချောင်းထိန်းသိမ်းရေးက ပိုက်ဆံနည်းနည်းနဲ့ လုပ်လို့ရတာ မဟုတ် ဘူး။ ကျွန်တော်တို့ ဘတ် ဂျက်အင်အား မတတ်နိုင်တဲ့ လုပ် ငန်းမျိုးတွေ လုပ်ရတာ။ ဟိုးအရင် ကတည်းကရတဲ့ ဘတ်ဂျက်လေးနဲ့ လုပ်ရမယ့် အနေအထားဖြစ်တယ်” ဟု ဆိုသည်။
    လက်ရှိတွင် ဗိုလ်မြတ်ထွန်း တံတား၊ ပြည်၊ မကွေး၊ ပခုက္ကူ၊ မင်းကင်း၊ ဗန်းမော်၊ မင်းလှ၊ မန္တ လေး စသည့် နေရာများတွင် သောင်တူးဖော်လျက်ရှိသည်။

  • အောင် မိုးသူ

    April 30, 2015 at 4:55 pm

    အစားထိုးမရသော အရာတွေပေါ့။ အင်းလေးလည်း ဘယ်လိုထိန်းသိမ်းမလဲ သိချင်မိတယ်။

Leave a Reply