“ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ” ဟု ဆိုပါသည်…
အောက်က ဆောင်းပါးကို မိုးမခ ကနေ ကူးယူပါတယ်။ မြန်မာပြည်အတွက် အလွန်အရေးကြီးနေတဲ့ ဒီအချိန်မျိုးမှာ မန္တလေးဂေဇက်ကလည်း ၂၀၁ဝ ရွေးကောက်ပွဲအတွက် သီးခြားကဏ္ဍဖွင့်ထားပါတယ်။
ဥိးဝင်းတင်ရဲ့ ”ဘာလဲဟဲ့ လု့ငရဲ“ စာအုပ် စာမျက်နှာ ၃၁၄ မှာမတ်လ ၄ရက်နေ့ကပဲ လူထုဦးစိန်ဝင်းနဲ့တွေ့တယ်ပါတာမို ့ ဆောင်းပါးပါ လုထုဦးစိန်ဝင်းရဲ့ စကားတွေဟာ ဥိးဝင်းတင်ရဲ့ အာဘော်တချို ့ကိုလည်းထင်ဟတ်နေမယ် ထင်မိပါတယ်။
“မတ် ၄ ရက်က လူထုစိန်ဝင်းအိမ် ရောက်တယ်။ သူက တပည့်၊သားမြေးပေါသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ဧည့်ပြတ်ဧည့်ငတ်သူ မဟုတ်ပါ။
ဒါပေမဲ့ သူ့မှာ ငယ်ပေါင်းကြီးဖော်လို စကားပြောနိုင်မယ့်သူ နည်းနေပါပြီ။
ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက် ခင်မင်ရင်းနှီးခဲ့သူတွေဖြစ်ပါတယ်။ သူ့မှာ ကျွန်တော်တို့လို လူတွေနည်းနည်းပဲ ကျန်ပါတော့တယ်။
ကျွန်တော်တို့လို လူတွေနဲ့ တွေ့ရတဲ့အခါ သူပျော်တယ်။ စကားလက်ဆုံပြောမကုန်ဖြစ်နေတယ်။
အဲဒီနေ့က မောင်မိုးသူရယ်၊ ကိုမောင်မောင်ခင်ရယ်၊ ကျွန်တော်ရယ်သူ့ဆီရောက်ကြပါတယ်။“
ဥိးဝင်းတင်ကိုယ်တိုင်ကတော့ ဧရာဝတီ မှာတင်ထားတဲ့ မတ်လ ၁၈ ရက် သတင်းဆောင်းပါးကကစာအရ အောက်ကအတိုင်းဆိုပါတယ်။
““အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေးလည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး” ဟု NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။”
နောက်တွဲထားတဲ့ ဖိုင်ကတော့ အီးမေးလ်ကရတာပါ။ အဲဒီအီးမေးလ်အရ အခုလိုဆိုပါတယ်။
Statement from LA
…ဖတ်ကြည့်ပြီး ဆွေးနွေးနိုင်ပါတယ်။ မြန်မာတွေ သိသင့်ပါတယ်။ မိုးမခမှာ တင်ထားတဲ့ ဆောင်းပါးမှာ ဓါတ်ပုံလည်းပါပါတယ်။ လူထုဦးစိန်ဝင်းဓါတ်ပုံပါ။ သူ့ရှေ ့ကစားပွဲပေါ်မှာ တိုင်းမ်မဂ်ဂဇင်း ၂၀၁ဝ ဇန်နဝါရီ ၁၈ ရက်ထုတ် ချထားတာတွေ့ရတာမို ့ဆရာဟာ ကမ္ဘာ့သတင်းတွေနဲ့ ဝေးကွာနေမယ်လည်း မထင်မိပါ။
————————–
လူထုစိန်ဝင်း၏ အမြင် – အန်အယ်လ်ဒီနှင့် ၂၀၁ဝ ရွေးကောက်ပွဲ
မိုးမခ
မတ် ၁၉၊ ၂၀၁၀
“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ဝင်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မဝင်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ဝင်မှာပဲဆိုတဲ့ အဖြေပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂ဝ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂ဝလုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂ဝအတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။
အဲဒီအနှစ် ၂ဝအတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ …
ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့်ဆောင်ရွက်လို့ပဲ ထောင်ကပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလိုလုပ်ရတာလို့ပြောတယ်။
ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …
ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။
ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး …
တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈ဝ ကျော်တွေ ၉ဝကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်းမမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ်တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေ လည်း ကြားရတယ်။
နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …
အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။
စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂ဝ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် လုပ်တာမရှိခဲ့ဘူး။ ပါတီဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီအောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။
ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ် …
အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈ဝ ကျော် ၉ဝကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။
အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …
လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ဝင်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ဝင်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ဝင်ပါကြတာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ဝင်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီးနောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။
အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ဝင်မှာပဲ လို့ပြောလိုက်တယ်။
ရွေးကောက်ပွဲ ဝင်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ဝင်မယ့်သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။
သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …
ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ဝန်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂ဝ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ဝင်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။
အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ဝိဉာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …
သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ဝင်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉ဝ ရွေးကောက်ပွဲ တုန်းက တစညက ရ နေရာ အနိုင်ရတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ရ နေရာမပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ဝိဉာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာရှုံးတာထား၊ ရွေးကောက်ပွဲ ဝင်တာမဝင်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလား လို့လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလို်က်တာ။ အဲလို ဖြေရတဲ့အကြောင်းရင်းကို ဆရာရှင်းပြတာ။
အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …
ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါးအခြားနည်း လမ်းမရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ကြောင့်မို့ သူတို့ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီရှိနေလဲ ဘာမှ မဖြစ်ပါဘူး။
လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနို်င်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနို်င်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။
သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ် …
၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာကကောင်းတာပေါ့ လို့ဆိုပြီးတော့ တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”
ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ … (လူထုစိန်ဝင်း)
9 comments
မောင်မိုးညို
March 21, 2010 at 7:03 pm
မှန်လိုက်လေဆရာရယ်။ ဒီအချိန်မှာအရေးကြီးဆုံးကညီညွတ်ကြဘို့ဆိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ NLD သေနေတာကြာပါပြီ။ သက်သေပြစရာအနေနဲ့လက်ရှိထက်မြက်တဲ့ခေါင်းဆောင်တွေထောက်ထဲမှာရှိနေတာသာ ကိုကြည့်ပါ။ အာဏာတည်မြဲရေးအတွက်သော့ချက်ကျတဲ့လူမှန်သမျှဇိကုတ်ထားတာပါ။ ဗိုလ်တင်ဦးနဲ့ဦးဝင်းတင်တို့ လွှတ်ပေးတာကတော့ ဖြစ်နိုင်စရာ(၂)ချက်ပဲရှိပါတယ်။ (၁) ရှေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာကို convince လုပ်နိုင်ဘို့ (၂) သူတို့နှစ်ယေက်ကိုထုတ်ထားခြင်းအားဖြင့်NLD ရဲ့ခြေလှမ်းနဲ့ strength တွေကိုစစ်အစိုးရကသိချင်လို့ပါဘဲ။ NLD ဗဟိုအလုပ်အမှုဆောင်တွေတော်တော်များများက အရင် ‘မဆလ’ လက်ထက်ကထိပ်တန်းပေါ်လစ်ဗျူရိုဝင်တွေပါ။ သူတို့အာဏဖယ်ရှားခံရစဉ်ကပုဂ္ဂိုလ်ရေးအာဃာတရှီခဲ့ကြသူတွေပါ။ ခုချိန်မှာတော့စိတ်ဓါတ်ရောခန္ဓာပါဘုန်းဘုန်းလဲနေတာကြောင့်ပါတီရဲ့ဦးဆောင်မှုမှာဘာစံနမူနာမှမပြနိုင်ခဲ့ပါဘူး။ သူတို့အာဏာသ်ကတမ်းအတွင်းမြင်ခဲ့နားလည်ခဲ့တာတွေကလဲ ‘လက်ညှိုးထောင်ခေါင်းညှိမ့်’ လောက်ဘဲဆိုတော့ ခုလိုကျဉ်းထဲကျပ်ထဲအချိန်မှာအများကောင်းစားရေးစွန့်စားမှုဆိုတာဝေးစွ။ နေ့စဉ်ပုံမှန်ပါတီလှုပ်ရှားမှုတောင်မလုပ်နိုင်ပါဘူး။ မလုပ်ရဲပါဘူး။ ခေတ်နောက်ဆွဲနေတဲ့နိုင်ရေးခေါင်းဆောင်အိုကြီးတွေ ရဲ့အားနဲချက်ကိုကောင်ကောင်းသိတဲ့ ဒေါ်စုကစာအုပ်ထုတ်ပြီးတပ်လှန့်ခဲ့ပါတယ်။ FREEDOM FROM FEAR ပါ။ ခုချိန်က(၂၁)ရာစုပါ။ နိုင်ငံတနိုင်ငံထူထောင်ရေးမှာ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနဲ့ပညာတတ်များနေရာရရေးကသိပ်ကိုအရေးကြီးနေပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံးအတွက်ဒီကနေ့အရေးကြီးဆုံးလိုအပ်ချက်က ‘ထမင်းနပ်မှန်ရေး’ ပါ’။ ၁၉၄၈ လွတ်လပ်ရေးရချိန်ကစရေတွက်ရင်ခုချိန်မှာမြန်မာနိုင်ငံဟာစင်္ကာပူကအဖေခေါ်ရမဲ့အဆင့်မှာရှိနေသင့်ပါပြီ။ လော၊ဗီယက်နမ်။ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေကိုအဖက်တောင်လုပ်စရာမလိုတော့ပါဘူး။ ခုတော့သူတို့ခြေထောက်ဖက်နေရတဲ့ဘဝဖြစ်နေပါတယ်။ သူတို့ကိုတောင်မော့ကြည့်နေရတဲ့ဘဝရောက်နေပါတယ်။ (ရှက် စရာကောင်လိုက်တာ။) ဆို၇ရင်-ပုဂ္ဂိုလ်ရေးမကြေနပ်မှုရှိခဲ့တဲ့ NLD ဦးဆောင်မှုမှာရှိနေကြသူတွေဆီကဘယ်တုံးကမှအနစ်နာခံမှုမရှိခဲ့ဘူသလိုတိုငးပြည်ဒီနေ့သူတို့လက်ထဲအာဏာရခဲ့ရင်လဲ ဖွံ့ဖြိုးတိုးတက်မှုရှီတဲ့ခေတ်မှီအတွေးအခေါ်တွေထွက်လာစရာသိပ်မမြင်ပါဘူး။ တခုထဲသောမြှော်လင့်ချက်က ဒေါ်စုပါဘဲ။ တပ်ကိစ္စမှာဗိုလ်တင်ဦးကကောင်းကောင်းပြန်reorganize ပြန်လုပ်နိုင်ပါလိမ့်မယ်။ နောက်ပိုင်းNLD အမှုဆောင်အသစ်များဖြစ်လာသူတွေဆီကလဲတိုးတက်တဲ့အသိအမြင်အတွေးအခေါ်တွေနဲနဲ (နဲနဲလောက်ပါဘဲ)ရလာပါမယ်။ ဘာဖြစ်လို့’နဲနဲ’ ဆိုတဲု့စကားလုံးကိုသုံးရလဲဆိုတော့တုယ့်နိုင်ငံကိုကျွန်တော်တို့အားလုံးချစ်ကြတာပါပဲ။ တိုင်းပြည်တိုးတက်တာကိုမြင်ချင်တဲ့သူတွေချည့်ပါဘဲ။ ဒါပေမဲ့ချစ်ယုံနဲ့မပြီးပါဘူး။ နိုင်ငံထူထောင်ရေးမှာပညာတတ်နဲ့နိုင်ငံတကာအကူအညီကောင်းကောင်လိုပါတယ်။ ဒေါ်စုဟာမြန်မာပြည်အနာဂါတ်ရဲ့တဦးထဲသောမြှော်လင့်ချက်ပါ။ စစ်အစိုးရကဒီအခြေခံဥပဒေနဲ့ရွေးကောက်ပွဲကကမရှိမဖြစ်အရေးကြးသယောင်ယောင်နဲ့နားလှည့်ထားပါတယ်။ တပြိုင်ထဲမှာဘဲအာဏာကြားဖြတ်ရရေးနဲ့အတည်ဖြစ်ရေးကသူတို့အတွက်သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ စစ်အစိုးရတိုင်းရဲ့စစ်အုပ်ချုပ်ရေးသက်တမ်းကြာလာသည်နှင့်အမျှသူတို့အာဏာသက်ရှည်ရေးအတွက်သွားရာခြေလှမ်းတွေပါ (တနည်း-roadmapပါ)။ ကွှန်တော်တို့ပြည်သူသန်း(၆၀)ရဲ့လက်ရှိဘဝသက်တမ်းမှာလည်းမြင်ခဲ့ကြုံခဲ့ရတာတွေကလဲဒါဘဲမြင်ခဲ့ကြုံခဲ့ရတော့ဟုတ်မယောင်ယောင်ထင်နေကြပါတယ်။ ဒီနေ့ဒေါ်စု (သို့) သူ့အတွေးအခေါ်အမြှော်အမြင်ကိုလိုက်နာတဲ့ပါတီအာဏာရတဲ့နေ့ကဒီနေ့မြန်မာပြည်သူတွေရဲ့အနာဂါတ်ကိုအာမခံမဲ့ဒီမိုကရေစီစစ်စစ်ရတဲ့နေ့ပါဘဲ။ နိုင်ငံတကာအထောက်အပံ့တွေနဲ့အတတ်ပညာတွေလှိမ့်ဝင်လာမှာမြေကြီးလက်ခတ်မလွဲပါဘူး။ ထမင်းနပ်မှန်ပြီးsecure lives ရှိတဲ့လမ်းကိုကြိုက်လား၊အခြေခံဥပဒေဆိုတဲ့ပညတ်နဲ့life security ဘာမှန်းမသိတဲ့အနာဂတ်
htoothu
April 7, 2010 at 5:41 am
ကိုမိုးညိုရဲ့ဝေဖန်အကြံပြုချက်ကိုထောက်ခံပါတယ်။အားလုံးကစည်းလုံးညီညွတ်သင့်နေပါပြီ။ဒါပေမယ့် NLD ကအနစ်နာခံခေါင်းဆောင်တွေအားလုံးက အာဏာလက်မလွတ်ချင်ကြတဲ့စစ်ခေါင်းဆောင်တွေရဲ့ဥပဒေတွေနဲ့တားဆီးခံထား၊ထောင်တွင်းအကျဉ်းချခံထားရတဲ့အချိန်မှာ NLD ကဘယ်လိုဆောင်ရွက်ချက်တွေကိုလုပ်နိုင်မှာလည်း။NLD လူငယ်တွေရောဘယ်လောက်ကျန်တော့လို့လည်း။ အခြေခံဥပဒေကရောပြည်သူတွေအတွက်အမှန်တကယ်အာမခံချက်ရှိရဲ့လား?
zarni
April 24, 2010 at 7:45 am
I don’t accept your view htoothu cause your reason is not acceptable.Most of the people in NLD say like you but i think you respect NLD according to General AUNGSAN our father.They do nothing for our country, the got dollar from west by telling they work for us but here they do nothing for us.They work for themselves, not for us.So in conclusion i agree babaluhtusainwin & komyonyo.
kanaung
May 12, 2010 at 9:13 pm
ကျွန်တော်တခုပဲ ဆရာစိန်ဝင်းကို ပြောချင်ပါတယ်။ ဘယ်လောက်ပဲ ပြည်သူအတွက်လုပ်ချင် လုပ်ချင် လုပ်ခွင့်ရှိမှလုပ်လို့ရမှာပါ။ NLD ကိုဦးဆောင်တဲ့ ဒေါ်စုဟာ တိုင်းပြည် အတွက်မဟုတ်ရင် မြန်မာပြည်တွင်နေရန် အကြောင်းမရှိပါကြောင်း
BaKo
May 12, 2010 at 11:26 pm
ဒီဆောင်းပါးဆိုလိုရင်းက ဦးဝင်းတင်နဲ့ ဦးစိန်ဝင်း ပေါင်းလုပ်သွားတဲ့သဘောကိုပြောနေတာ။
၂ယောက်လုံး မြန်မာတွေစိတ်ဓါတ် နောကြေနေတဲ့ ဝါရင့်သတင်းစာဆရာကြီးတွေ၊
Sayagyi
May 28, 2010 at 10:47 am
ဦးဝင်းတင်နဲ ့လူထုဦးစိန်ဝင်း ပေါင်းရိုက်ကြတာပါ။ လူထုဦးစိန်ဝင်း ကNLD ထဲက လူငယ်တွေကိုမြှောက် ပေးထားတယ်။ မကောင်းပါဘူး၊ ဒီအသက်အရွယ်မှာ အေးအေးဆေးဆေး နေသင့်ပါပြီ။ NLD လူငယ်တွေကကောဘာလုပ်နိုင်မှာ မို ့လို ့လဲ၊ ထောင်ထဲမှာ အသေခံတာပဲရှိတာပဲ။ တကယ်တန်းစဉ်းစားကြည့်ရင်မျက်ကန်းမျိုးချစ်တွေပဲ။
timothy
May 28, 2010 at 7:56 pm
I do not agree with Sayar Sein Win`s blaming NLD for inactivity, uselessness and apologist of Junta. We are dealing with fascist military regime, not the simple dictator. If the minority race was oppressing the majority community, it could end up in global outcry as we had seen the fall of Apartheid system in South Africa. We do not forget Burmese independence Army of Bo Aung San and his resistance towards British colonialist and fascist Japanese empire during the last world war. It is difficult for foreigner to oppress and occupy the native land as a colonialist or Fascists. Naturally the majority and indigenous tribes get the sympathy of global audience and colonialist have to put up with the internal and external pressures and finally leave the occupied lands. Burma story is different and very difficult for democracy countries to get involve in internal affair. The majority Burmese race had actively support the army in its early stages of militarisation during late 1940s and 1950s when campaign to put down the rebellions of colourful ethnic minority troops and communist. USA had equipped Burmese army for stopping the communist domino effect in Indochina region. The junta can easily accuse Daw Suu for being a wife of British academic and simply isolate her from the rest of the NLD. In its early stage of the struggle NLD had taken confrontation role against the regime by steadfastly marching in convoys to the countryside and rural areas. The Junta had used the dirty methods such as using the hard-core criminals and rude apologists in butchering of NLD motorcade, dragged the leaders back to Rangoon and thrown them into harsh jail. Torture, psychological warfare, dirty tricks, bribery and division among the political prisoners are themes of suppression of dissidents. The junta accused Daw Suu for allegiance to the west and rudely attack her personality and sometimes it is hard for all of us to describe the lowest level of morale and character these Generals have. Daw Suu had to put up with constant watch of her privacy by military intelligence and most of the time had to endured incommunicado status behind the iron curtain. You can imagine the difficult life of other NLD members and leaders and it is easy to understand that the conditions would be much worse than Daw Suu own suffering. The prison watchdogs group in liberated area estimate more than 2000 political prisoners are languishing in the remote areas of prisons all over Burma with no chance of human right. The uprisings after uprisings happened spontaneously but NLD could not make slightest movement because they were constantly choked off oxygen. NLD is murdered in May 2010 when Than Shwe made the decision to finalise his dream of 7 steps and final nail in NLD coffin was inserted. NLD was choked to asphyxiate even before final nail was inserted. We are dealing with our own fascist army. It is worse than fascist Japanese army and much worse than British colonialism. You got no chance to tide against your fascist army. I had asked some NLD members to leave Burma and set up overseas offices, military wings and actively play the struggle against the regime. The chance is that overseas based NLD could be accused as foreign stooges. The China has been actively backing and shielding the regime from international prosecution. Burmese general could have been brought to international criminal court, had it not been the support of Russia and China. No political troop of thought would successfully campaign against this extremely ruthless fascist military thugs. I can not simply blame the NLD for its choking life in past 20 years. Slowly Burma can slip into status of North Korea.
MandalayThar
May 29, 2010 at 12:54 am
ဌာနချုပ်ကို မဟုတ်ဘူး။ တတိုင်းပြည်လုံးကို အနုမြူဗုံးကျဲဖြစ်ဖို့ကောင်းနေပြီ။ ဒါတောင် အဲ့ဒီထွက်လာတဲ့ အနံလေးရှုမိတဲ့ နောက်မျိုးဆက်သစ် လူတွေက သောက်ကျင့်လေးတွေပါလာနိုင်သေးတယ်။
cruz
October 24, 2010 at 8:45 pm
ဟာဟ….အကို Mandalay Thar ရေ မနောက်နဲ့လေ… တကယ့်လူတော်လူကောင်းတွေလည်းရောပါကုန်မှာပေါ့ဗျ…..
ခင်ဗျားက မြန်မာပြည် ကမာ္ဘပေါ်ကပျောက်အေးတာပဲ လို့မပြောရုံတမယ်ပါလားဗျာ….