ငါတို့ ဘယ် ” အခက်အခဲ ” ဘယ် ” နိုင်ငံ ” မှ မ ကြောက်ဘူးကွ ။

Foreign ResidentMay 21, 20151min2347

ငါတို့ ဘယ် ” အခက်အခဲ ” ဘယ် ” နိုင်ငံ ” မှ မ ကြောက်ဘူးကွ ။

 

၁ ။ ဘင်္ဂါလီ ဟာ ကျူးကျော် ဟုတ်မဟုတ်တော့ မသေချာဘူး ။

၂ ။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူး ။

၃ ။ ဘိုးဘွားကတည်းက နေနေတဲ့ ဘင်္ဂါလီ ကို နိုင်ငံသား ပေးရမယ် ။

ကျနော့် ရဲ့ ” ဘိုးဘွားကတည်းက ” ဆိုတဲ့ စကားဟာ ၊

” အင်္ဂလိပ်ခေတ် မတိုင်ခင် ” ကို မဆိုလိုပါ ။

” ဗမာပြည် လွတ်လပ်ရေး ရတဲ့ နေ့ ” ကို ဆိုလိုပါသည် ။

ဥပမာ ဗမာပြည် လွတ်လပ်ရေး ရတဲ့ နေ့ ၁၉၄၈ မှာမှ ၊

ဗမာပြည် ထဲမှာ မွေးတဲ့ ဘင်္ဂါလီ 1st Generation ဟာ ၊

အကြမ်းဖျင်း နောက် နှစ် ၂ဝ ကြာတဲ့အခါ ၊

၁၉၆၈ မှာ သူ့ သားသမီး 2nd Generation ကိုမွေးမယ် ။

၁၉၈၈ မှာ သူ့ မြေး / မြေးမ 3rd Generation ကိုမွေးမယ် ။

၂၀၀၈ မှာ သူ့ မြစ် / မြစ်မ 4th Generation ကိုမွေးမယ် ။

အကြမ်းဖျင်း ၊ 1st & 2nd Generation ကို ၊

Permanent Resident အမြဲတမ်း နေထိုင်ခွင့် ပေးရမယ် ။

ဘာကြောင့်လဲဆိုတော့ သူတို့က ခိုးဝင်တွေ မဟုတ်ဘူး ၊

ကံတရား အရ နဂိုထဲက ဒီမြေမှာ မွေးလာတာ ။

3rd & 4th Generation ကိုတော့ နိုင်ငံသား ပေးရမယ် ။

ဘာဖြစ်လို့လဲဆိုတော့ ၊

ဒီမြေဟာ သူ့ဘိုးဘွားတွေက အစ မွေးဖွားခဲ့တဲ့မြေ ၊

ဒီမြေဟာ သူ့ဘိုးဘွားတွေက အစ ခေါင်းချ ခဲ့တဲ့မြေ ။

3rd & 4th Generation ကိုမှ နိုင်ငံသား မ ပေးဘူး ဆိုရင် ၊

ဒါဟာ လူ မဆန် / လူစိတ် မရှိ တဲ့ လုပ်ရပ် ဘဲ ။

ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူး ။

ခိုးဝင်တာတွေ့ရင် ပစ် ဘဲသတ်နေနေ ၊ တားစရာ အကြောင်း မရှိ ။

့ပြသာနာ ကို ပိုဆိုးစေတာက ၊

ကိုယ်တိုင်က ခြံစည်းရိုး ခတ်ရမယ့် တာဝန်ကြီးရှိနေရဲ့သား နှင့် ၊

့ခြံစည်းရိုး တိုင်ကိုပါ နှုတ်ပြီး ရောင်းစားနေတဲ့ သစ္စာဖေါက်တွေဘဲ ။

ကိုယ်တွေဟာ ဘယ်တုံးကမှ အဲ့ဒီ ” သစ္စာဖေါက် ” ထဲမပါခဲ့ဘူး ။

အဲ့ဒီ့ အတွက် ဝမ်းသာမိတယ် ။

———-

ငါတို့တိုင်းပြည်မှာ ၊

အရင် အုပ်ချုပ်သူ အဆက်ဆက်က ညံ့ဖျင်းမှုတွေကြောင့် ၊

စိန်ခေါ်မှုတွေ အခက်အခဲ တွေ နှင့် ပြည့်နေတယ် ။

အဲဒါတွေကို ငါတို့က ပြသာနာရဲ့ အခြေအမြစ် ဖြစ်တဲ့ ၊

” တရားမျှတမှု ” နှင့် ” လူသားဆန်မှု ” ကနေစရှင်းရမယ် ။

့အေး ၊ ” တရားမျှတမှု ” ဆိုတာသာ ရှိခဲ့မယ်ဆိုရင် ၊

” စည်းလုံးမှု ” နှင့် ” မျိုးချစ်စိတ် ” ဆိုတာ အလိုလို ပေါ်လာမယ် ။

အဲ့ဒီ ” စည်းလုံးမှု ” နှင့် ” မျိုးချစ်စိတ် “သာ တကယ်ရခဲ့ရင် ၊

ငါတို့ ဘယ် ” အခက်အခဲ ” ဘယ် ” နိုင်ငံ ” မှ မ ကြောက်ဘူးကွ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

7 comments

  • ​ဒေါ် လေး

    May 21, 2015 at 9:16 am

    “့ပြသာနာ ကို ပိုဆိုးစေတာက ၊
    ကိုယ်တိုင်က ခြံစည်းရိုး ခတ်ရမယ့် တာဝန်ကြီးရှိနေရဲ့သား နှင့် ၊
    ့ခြံစည်းရိုး တိုင်ကိုပါ နှုတ်ပြီး ရောင်းစားနေတဲ့ သစ္စာဖေါက်တွေဘဲ ။

    ကိုယ်တွေဟာ ဘယ်တုံးကမှ အဲ့ဒီ ” သစ္စာဖေါက် ” ထဲမပါခဲ့ဘူး ။
    အဲ့ဒီ့ အတွက် ဝမ်းသာမိတယ် ။”
    ဒီ စကားကို အကြိုက်ဆုံးဘဲ အဘဖော

  • ခင်ဇော်

    May 21, 2015 at 12:08 pm

    ခု မျိုးချစ်စိတ် (အမည်ခံ) ဆိုတာ
    တရားမျှတမှု မပါပဲ
    စည်းလုံးမှု မပါပဲ တမင်ဖန်တီးယူထားတဲ့ စိတ်တွေ

  • Mike

    May 21, 2015 at 1:21 pm

    .” တရားမ ျှတမှု ” ဆိုတာသာ လူတိုင်းအတွက်၊ နိုင်ငံသားတိုင်းအတွက် ရှိခဲ့မယ်ဆိုရင်
    .ပြည်တွင်းစစ်တွေငြိမ်းပြီး တိုင်းပြည်တိုးတက်တာကြာပေါ့ဗ ျာ

  • ဦးဦးပါလေရာ

    May 21, 2015 at 4:17 pm

    .ပြောတော့မယ် နော…
    ၁။ နိုင်ငံသားပေးရေးမပေးရေးကသတ်သတ်
    ၂။နိုင်ငံအတွင်း လူ့အခွင့်အရေးမဆုံးရှုံးပဲ အခြေချ နေထိုင်ခွင့်က သတ်သတ် လို့မြင်ပါတယ်။

    .ကျုပ်သဘောသက်သက်ကတော့
    .နိုင်ငံသားဆိုတာကို
    .နိုင်ငံအတွင်း အခြေချနေထိုင်အပြီး မျိုးဆက် နှစ်ဆက်ရှိပြီးသူ
    .မျိုးဆက်နှစ်ဆက်အတွင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိခဲ့သူ
    .မည်သူမဆို ရထိုက်တယ်လို့
    (ကုလား၊ တရုတ်၊ ကိုးကန့်၊ ထိုင်းရှမ်း၊ မည်သူမဆို) ရထိုက်တယ် လို့ ယူဆတယ်။
    .အဲဒါ ဘယ်ခုနှစ်ကစပြီး ဆိုပြီး အတိတ်ကို လှမ်းကောက်ပြီး မပိုင်းသင့်ဘူး
    .ပိုင်းချင်ရင် အခုက စပြီး ဆိုပြီး ပိုင်းမှ တရားမျှတမယ်။
    .သို့သော် …. ထားပါတော့…
    .နိုင်ငံသားဖြစ်ခွင့်ဥပဒေဆိုတာကတော့ နိုင်ငံအသီးသီးမှာ သူ့သတ်မှတ်ချက်နဲ့သူ .အမျိုးမျိုးရှိနေကြလို့ အငြင်းမပွားသေးပါဘူးလေ….
    ………………..
    .ဒါပေမယ့် နိုင်ငံသားမဖြစ်သေးလဲ
    .(နိုင်ငံသားမဖြစ်သေးလဲ)
    .လူတစ်ယောက်ဟာ နိုင်ငံအတွင်းရောက်ရှိနေထိုင်နေပြီဆိုမှဖြင့်
    .သူက ကောင်းကောင်းနေမယ်ဆိုရင် လူလိုနေထိုင်ခွင့်ရသင့်ပါတယ်။
    .သူက ကောင်းကောင်းမနေရင် ဥပဒေအရ တိတိကျကျ အရေးယူသင့်ပါတယ်။

    .လူလိုနေထိုင်ခွင့်ဆိုတာက
    ၁-အခြေချနေထိုင်ခွင့်
    ၂-သတ်မှတ်ဒေသမှာ မိသားစုနှင့်တကွ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်
    ၃-တရားနည်းလမ်းတကျ စီးပွားရှာခွင့်
    ၄-ပညာသင်ကြားခွင့်
    ၅-ဆေးကုသခံယူခွင့်
    ၆-အရေးပေါ်အကူအညီများလျှောက်ပတ်စွာရနိုင်ခွင့်
    .တွေကို ဆိုလိုတာဖြစ်ပါတယ်။
    .မဲပေးခွင့်၊ ရွေးကောက်ခံခွင့်၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခွင့်၊
    .မရွှေ့မပြောင်းနိုင်တဲ့ ရင်းမြစ်တွေကို ဝယ်ယူပိုင်ဆိုင်ခွင့် – စတာတွေ တော့
    .နိုင်ငံသားမဟုတ်ရင် မပေးသင့်ဘူးပေါ့။
    ……………………………………………..

    .အခုလက်ရှိ လှေစီး တွေနဲ့ပတ်သက်ပြီး ဒဲ့ ပြောချင်တယ်…။
    .လက်ရှိလှေစီးတွေကို ဘယ်ကထွက်လာတယ်ဆိုတာ အမှန်အတိုင်းစုံစမ်းစစ်ဆေးပြီး အဲဒီထွက်လာတဲ့နိုင်ငံကို ပြန်ပို့သင့်တယ်။ မြန်မာနိုင်ငံက လာတာမှန်ရင် မြန်မာနိုင်ငံက ပြန်လက်ခံပြီးမှာ လဝက ဥပဒေနဲ့ အရေးယူသင့်တယ်။
    .ထွက်လာတဲ့နိုင်ငံက ပြန်လက်မခံရင် ကုလသမဂ္ဂအစီအစဉ်နဲ့ တနေရာမှာ နေရာချထားပေးသင့်တယ်….။ ပြန်လက်မခံတဲ့နိုင်ငံကို အရေးယူသင့်တယ်။
    .သူတို့ဟာ ရိုဟင်ဂျာတွေလို့ ကိုယ့်ကိုယ်ကိုပြောတယ်ဆိုရင်လဲ သူတို့ကြိုက်တဲ့နာမယ်ပြောပါစေ။ မြန်မာနို်င်ငံမှာတော့ ရိုဟင်ဂျာရယ်လို့ မရှိဘူးလို့ သတ်မှတ်ထားတော့ မြန်မာနိုင်ငံအနေနဲ့ ဘာမှ တာဝန်ယူစရာမရှိပါ။
    .မြန်မာနိုင်ငံအတွင်းရှိပြီးသား ဘင်္ဂါလီတွေကို အမြန်ဆုံးစီစစ်ပြီး
    -စီစစ်မှု့ကို ကျေကျေနပ်နပ်ခံယူသူတွေထဲက နို်င်ငံသားမဟုတ်သူတွေကို နိုင်ငံ့သစ္စာခံယူမယ်ဆိုရင် ဧည့်နိုင်ငံသားပေးသင့်တယ်။ နောက်မျိုးဆက်တစ်ဆက်မှာ နိုင်ငံသားပေးသင့်တယ်။
    -စီစစ်မှု့ကို ကျေကျေနပ်နပ်မခံယူတဲ့သူအားလုံးကို နိုင်ငံအတွင်းကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ပြီး လဝကဥပဒေအရ ထောင်ချ အရေးယူတဲ့အပြင် ထောင်ကထွက်လာတဲ့အခါ နိုင်ငံမဲ့ နိုင်ငံခြားသားအဖြစ် သတ်မှတ်နေရာမှာ အသက်ထက်ဆုံးနေထိုင်စေသင့်တယ်။ ခုခံသူကို ပစ်သတ်သင့်တယ်။ မြှောက်ပေးတဲ့ NGO အဖွဲ့တွေကို မောင်းထုတ်သင့်တယ်။ အစိုးရက မောင်းထုတ်လို့ ရုပ်ဆိုးမယ်ဆိုရင် လက်ပြောင်းပေးသင့်တယ်။
    တကယ်တော့ ဘင်္ဂါလီတွေ ဒီဘဝရောက်နေတာ အဲသည်မြှောက်ပေးတဲ့ကောင်တွေ သွေးထိုးသွေးခွဲလို့ ဆိုတာလဲ အရေးကြီးတဲ့တစ်ချက်ပဲ။
    အရေးအကြီးဆုံးက-
    .ရခိုင်ပြသနာကို ရခိုင်လက်ထဲ ထည့်ပါ။
    (ရခိုင်ဒေသအတွင်းနေထိုင်သူ ဒေသခံ နိုင်ငံသားများလက်ထဲ ကို ဆိုလိုတယ်)
    .ဖင်ယားပြီးအဖေကြီးသွားလုပ်နေသရွေ့ ကုလားလဲမယုံ ရခိုင်လဲမယုံပဲ
    ပြသနာပိုဆိုးလာနေတာပဲရှိမယ်။

  • မြစပဲရိုး

    May 22, 2015 at 5:19 am

    လူ့အခွင့်အရေးပေးလွန်းတဲ့ ယူကေမှာတော့ ရူးချင်ယောင်ဆောင် နေပါပြီ အဘဖောရေ။
    တရားဝင်ခိုလှုံခွင့်ပေးတာတွေ ကိုလဲ လျှော့တဲ့ အပြင် တရားမဝင်နေတာ တွေ အတွက် အတော်လေး ပြင်းပြင်းထန်ထန် လုပ်မယ် ကြိမ်းဝါးနေပါတယ်။
    ဒီဘက်မှာလဲ အာဖရိက ကနေ ဥရောပဖက်ကို လှေ တွေ နဲ့ ကူးလာ ပြီးတော့ မှောက်ကြ သေကြ ကို မသိဟန်ဆောင် ပြီး နေတာပါ။
    . ပြင်သစ် ဆို အတော်ညည်းနေပြီ။

    အခု ဒီကိစ္စမှာ ဥရောပက လူတွေ က ပါးစပ်ပိတ် နေချိန်မှာ မလေးရှား က မြန်မာပြည် ကို အပြစ်တင်နေတယ်။
    ဘာမဆိုင် ညာမဆိုင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုဗယ်ဆု ကိုပါ ပြန်သိမ်းသင့်ဆိုဘဲ။
    သူတို့ ရဲ့ အမျိုး တွေ ဘက်က ဘာမှလုပ်မပေးလို့ တဲ့။

    ဒီလို ပြသနာ ကလဲ ကမ္ဘာမှာ နိုင်ငံတွေ က ဆင်းရဲ ချမ်းသာ အရမ်းကွာလာတာမို့ ဆင်းရဲတဲ့ သူတိုင်း ချမ်းသာတဲ့ဆီကို အားကိုးပြီး လာချင်တာလေ။
    သူတို့ ထက်စာရင် မြန်မာပြည်လူတွေမှာ က နဲနဲ တော်သေးတယ်ခေါ်မယ်။
    အခုနော်။ နောက် ဒီ အစိုးရ ဘဲ ဆက် နေရာယူ နေဦးမယ် ဆိုရင် ဆင်းရဲ တဲ့ သူ တွေ များပြီး ဒီထက်ဆိုးသွားတော့မယ်။

    ကိုပါ ပြောသလို ဒီ ကိစ္စ တွေ ကို ရခိုင်လူမျိုး တွေ ဘဲ ရှင်း ဆိုရင်တော့ သူတို့ က ခွဲထွက်ဖို့ ကို ဘဲ အရင် တောင်းမှာ လို့ ထင်တာပါဘဲ။
    ပြီးတော့ အဲဒီလူ တွေ ကို လဲ လက်ခံ မယ် မထင်။
    ကျွန်မ တို့ကလဲ သူတို့ နေရာမှာ မဟုတ်လို့ ပြောရလွယ်တာ။ သူ့နေရာမှာ နေရရင် တစ်မျိုး ဖြစ်ချင်ဖြစ်နေမှာ။ ခက်သား။

    ကျွန်မတော့ ဒေါ်အောင်ဆန်းစုကြည် ကိုခေါ်ပြီး နိုင်ငံသစ်တစ်ခု ဘဲ တည်ထောင်ချင်တော့တယ်။
    . နေချင်သူ တွေ ဒီ အစိုး ရ နဲ့ နေခဲ့ကြ။
    ကန္တာရ မှာဘဲဖြစ်ဖြစ် ဝင်ရိုးစွန်းကိုဘဲ ပေးပေး အသစ် က စ ဆိုလဲ ပြန်စလိုက်ချင်တယ်။
    အဲဒါက မှ ပိုပြီး တိုးတက်ဖို့ လမ်း ရှိဦးမယ်။ (အထင်)

  • ဦးဦးပါလေရာ

    May 22, 2015 at 10:48 am

    .ရခိုင်မှာ ပြသနာ ၄ ခုရှိတယ်…

    ၁- အခုရခိုင်ပြည်နယ် နယ်နိမိတ်အကုန်လုံးကို ရခိုင်လူမျိုးနဲ့သာဆိုင်တယ်
    .ရခိုင်လူမျိုးသာပိုင်တယ်လို့ ခံယူထားကြတာ..
    .တကယ်တော့ အဲဒီဒေသမှာ ရခိုင်လူမျိုးအပြင် အခြားတိုင်းရင်းသားများစွာနေထိုင်တယ်။
    .အဖြေက- ဖက်ဒရယ်စံနစ် ။ ဒေသတွင်း ဒီမိုကရေစီစံနစ်ကို ဖေါ်ဆောင်၊ .တဖက်က ဒေသန္တရလုပ်ပိုင်ခွင့် ပြဌာန်းခွင့် များများပေးလိုက်။
    .ရာစုနှစ် လေးပုံတစ်ပုံအတွင်း အဖြေပေါ်လာမယ်။
    .အဓိက က ရခိုင်လူမျိုးတစ်မျိုးထဲ ကျေကျေနပ်နပ်ရှိဖို့မဟုတ်။ အဲဒီဒေသက တိုင်းရင်းသားအားလုံး မျှမျှတတ ကျေကျေနပ်နပ်ရှိဖို့ပါ။

    ၂-ဘင်္ဂါလီတွေကို လက်မခံတာ ခါးခါးသီးသီးဖြစ်နေတာ..
    .ဟုတ်တယ် ၊ ထပ်ဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုတော့ လက်မခံနိုင်ဘူး…။
    .ဒါပေသိ နိုင်ငံသားဖြစ်ထိုက်ပြီးသား ဘင်္ဂါလီတွေကိုတော့လက်မခံလို့မရဘူး…။
    .လိုက်သတ်ပစ်လို့မှမရတာ…
    .ဘင်္ဂါလီလဲ မျိုးပြုတ်ဖို့မမြင်ဘူး . . ရခိုင်လဲမျိုးပြုတ်ဖို့မမြင်ဘူး…
    .အတူတူနေသွားကြဖို့သာ ရှိတယ်။
    .အတူတူနေမယ့်နေတော့ အနာဂတ်သမိုင်းတစ်လျှောက်
    .အဆင်ပြေပြေနေနိုင်အောင်လုပ်တာကသာ အဓိပ္ပါယ်ရှိတယ်
    .အဖြေက- ဖက်ဒရယ်စံနစ်။
    .စစ ချင်းတော့ပြသနာတွေဖြစ်မှာမှန်ပေမယ့်
    .ရာစုနှစ်ရဲ့လေးပုံတစ်ပုံအတွင်းမှာ ဒေသခံဘင်္ဂါလီတွေ နိုင်ငံသားဖြစ်လာမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ မဲပေးခွင့်၊ ရွေးကောက်ခံခွင့်ရှိလာမယ်။ သူတို့အဖို့ ကျေနပ်လောက်တဲ့အခြေအနေပေါ်ပေါက်လာမယ်။
    .သူတို့ဟာ ဒုက္ခသည်အစုအဝေးကြီးအစား
    . နိုင်ငံသားအစုအဝေးကြီးတစ်ခုဖြစ်လာမယ်
    .သူတို့က မြန်မာပြည်တွင်းအကျိုးစီးပွားကို လာမစောင့်ရှောက်ဖူးပဲထား…
    .သူတို့အကျိုး သူတို့ဒေသ သူတို့နယ်နိမိတ် သူတို့စိုးမိုးမှု့ကို သူတို့ဘာသာ စောင့်ရှောက်လိမ့်မယ်။

    ၃.ရခိုင်လူငယ်တွေ ရခိုင်က ထွက်ကုန်တာ
    .ဘာကြောင့်ထွက်ထွက် ရခိုင်ဒေသမှာ ရခိုင်အင်မတန်နည်းသွားတာတော့အမှန်ပဲ
    .အဖြေက- ဖက်ဒရယ် ပေးလိုက်။
    .သူတို့မျိုးချစ်စိတ်က သူတို့ဒေသကို ကာကွယ်စောင့်ရှောက်ဖို့ ဆွဲထားလိမ့်မယ်
    .မဆွဲထားနိုင်ရင်တော့ မြန်မာနိုင်ငံက ရခိုင်ဒေသကို ကုလားလက်အပ်ပြီး
    .မလေးရှားမှာ ရခိုင်ပြည်နယ်သွားတောင်းဖို့ပဲရှိတော့မယ်…။
    .လာမယ့်ရာစုနှစ်မှာ
    .သယံဇာတ တွေကတော့ ဘယ်မှာမှ ကျန်မှာမဟုတ်တော့ဘူး…
    .လူတွေကျန်ဖို့က အဓိက ဖြစ်သွားပြီနော
    .လူကသာ အရေးအကြီးဆုံးဖြစ်သွားမှာနော..။

    ၄- အနောက်ဖက်က လက်ရှိမှာလဲ စဉ်ဆက်မပြတ်ခိုးဝင်နေတာ
    (ဦးခင်ရီစကားကို လုံးဝမယုံပါနဲ့။ သူများပြောခိုင်းလို့လိုက်ပြောတာပါ)
    အဖြေက-ဖက်ဒရယ်ပေးလိုက်
    .ဒေသတွင်းအကျိုးစီးပွားကို ဒေသတွင်းကလူတွေ ကိုယ်တိုင်ဖေါ်ဆောင် ခံစားပစေ
    .အဲဒီမှာ ခြံစည်းရိုးကြီးလဲကာပါ။ခြံစည်းရိုးကလဲ အရေးကြီးပါတယ်။
    . ခြံစည်းရိုးနားကလူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု့ကလဲ အရေးကြီးပါတယ်နော…။

    .ကျုပ်စကားက ဝေ့လည်ကြောင်ပတ်ဖြစ်နေမလားမသိဘူး..
    .ဒဲ့ ပြော ပါမယ်…။
    .ကုလားခိုးဝင်မှာကို ကုလားချင်းတားတာကသာ ထိရောက်နိုင်ပါတယ်ဗျာ…။
    …………

    .အားလုံးရဲ့အချုပ်ကတော့
    .သူများပေးလို့ ပြန်ရတဲ့ နယ်နိမိတ်ကလေးကို အစွဲအလမ်းလွန်ပြီး
    .လူစိတ် မပျောက်ကြဖို့လိုပါတယ်
    .လူလူချင်း တရားမျှတဖို့ လိုပါတယ်
    .တကယ်တော့ ကမ္ဘာကြီးကို အခြားမျိုးစိတ်သန်းပေါင်းများစွာလက်ထဲက
    .လူတွေက လုယက်ထားတာပါ။ လူတွေက မူလ ပိုင်ရှင်မဟုတ်ပါဘူး။
    .ခိုးရာပါ တိုက်ရာပါ ကမ္ဘာမြေကြီးလေးပေါ်မှာ ဘဝတူသူခိုးချင်း မကတ်မတွက်ပဲ ညီညီညွတ်ညွတ်ရှိသွားမှသာ
    .သူခိုးသက်ရှည်ရှည်ကလေး နေသွားကြရမှာဖြစ်ကြောင်း…
    .ကမ္ဘာပေါ်မှာ လူရယ်လို့ပေါ်လာတာ သိပ်လဲကြာသေးတာမဟုတ်
    .ကမ္ဘာပေါ်က လူတွေ ပျောက်သွားဖို့လဲ သိပ်တော့ လိုတော့တာမဟုတ်ပါဘူး…..

    • kai

      May 22, 2015 at 3:52 pm

      လူသားဒီကမ္ဘာမှာနေရလှ..နောက်အနှစ်၁၀၀ဝ တဲ့..။
      ဒါကိုများဖြစ်နေလိုက်ကြတာနော…။

      Stephen Hawking Predicts Humans Won’t Last Another …

      http://www.huffingtonpost.com/…/stephen-hawking-huma...
      The Huffington Post
      Apr 28, 2015 – “I don’t think we will survive another 1,000 years without escaping beyond our fragile planet,” Hawking said in remarks delivered at Sydney’s …
      Hawking: Mankind has 1000 years to escape Earth – RT.com
      rt.com/news/earth-hawking-mankind-escape-702/
      RT
      Hawking: Mankind has 1,000 years to escape Earth. Published time: April 11, 2013 18:12. Edited time: April 12, 2013 09:03. Get short URL. Stephen Hawking …

Leave a Reply