Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇဝေဇဝါ

Ma MaJune 9, 20151min118429

ငယ်ငယ်တုန်းက ကိုယ်နဲ့မတိမ်းမယိမ်းတွေက (အရင်းရော၊ ဝမ်းကွဲတွေရော) ယောကျင်္ားလေးတွေချည်းပဲများလို့ သစ်ပင်တက်တာ၊ ငှက်ပစ်ခဲ့တာလေးက လွဲရင်တော့………..

ကိုယ့်ကိုကိုယ်တော့ မိန်းမပီသတယ်လို့ ထင်တာပဲ။

 

ဇာထိုးပန်းထိုး စိတ်ဝင်စားတယ်။

ဖြစ်မြောက်အောင် လုပ်နိုင်တယ်လို့ပြောတာ မဟုတ်ဘူးနော်။

 

အချက်အပြုတ်ဝါသနာပါတယ်။

စားကောင်းတာမကောင်းတာတော့ မသိဘူး။

 

ဒါပေမယ့် ခုတလောကြုံနေရတာတွေကြောင့် ဇဝေဇဝါဖြစ်လာတယ်။ :mrgreen:

 

လူချင်းမသိပဲ ဖုံးပြောရင် အစ်ကို အစ်ကိုနဲ့ ပြန်ပြောလို့ အစကတော့ ဒီလူတွေ တော်တော်ညံ့တာပဲ။

မိန်းမအသံလား၊ ယောကျင်္ားအသံလားတောင် ခွဲခြားမသိဘူးလို့ ထင်မိတယ်။

 

အဲ… နောက်ပိုင်း တစ်ယောက်ပြီး တစ်ယောက် အစ်ကို လို့ ခေါ်လာတော့ ငါတော့ ပြုပြင်ဖို့လိုလာပြီဆိုပြီး မမြင်ဖူးတဲ့လူနဲ့ စကားပြောတဲ့အခါ အသံကို ဂရုစိုက်ပြီး ပြောလိုက်တယ်။

 

အဲဒီအခါကျမှ အရင်က ဖုံးပြောလို့ မှားခေါ်ရင် အစ်ကိုလို့ ခေါ်ရာက ဦးလေး တဲ့လေ။ :chee:

 

ကဲ… လူမမြင်ရလို့ခေါ်တာ ရှိစေတော့လို့ ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အရေးကြီးတယ် မဟုတ်လား။

စိတ်ထားတတ်ဖို့ိုလိုတယ်။

ယောနိသောမနသိကာရ တွေ ဘာတွေနဲ့ နေနေတုန်း…………………

 

ဖဘမှာ ကိုယ့်ဓာတ်ပုံကို ပရိုဖိုင်းပုံထင်ထားပါလျှက်နဲ့

အစ်ကို့ ပရိုဖိုင်းပုံက ဘယ်မှာရိုက်ခဲ့တာလဲ တဲ့လေ။

 

သေဟဲ့ နနိ္ဒယ လို့သာ အော်လိုက်ချင်တော့တာပဲ။ :byee:

29 comments

  • ခင်ဇော်

    June 9, 2015 at 9:23 am

    ဟားဟားဟားဟား လို့ မရီရက်တော့ပါဘူး ချစ်မရယ်.။
    ဟီးဟီးဟီးးး
    အမျိုးသား တစ်ယောက်ကဲ့သို့ တည်ကြည်သော ရုပ်ရည်ရှိတယ်လို့ ….

    :chit:

  • Ma Ei

    June 9, 2015 at 9:31 am

    တူတူပဲချစ်မ အားငယ်နဲ့
    ဖုန်းပြောသမ ျှ အကိုခေါ်ခံရလွန်းလို့
    ပြောမယ့်စကားတောင် ပျောက်ပျောက်သွားပေါင်း မနည်းမနော…
    ဘယ်လိုဆက်ပြောရမှန်းမသိတော့လိုဖုန်းချပလိုက်တာ အခါခါ..
    အဲ့လို…

  • weiwei

    June 9, 2015 at 9:49 am

    အတူတူပါပဲ။
    စိတ်​​ပေါက်​​ပေါက်​နဲ့ လည်​​ချောင်​း​တောင်​ ခွဲစိပ်​ချင်​စိတ်​​ပေါက်​တယ်​။

  • Ma Ma

    June 9, 2015 at 10:24 am

    မအိနဲ့ ဝေဝေရေ-
    ကိုယ့်လိုလူတွေများလို့ အားရှိသွားပြီ။
    အခေါ်ခံရပေါင်းများတော့ ကိုယ့်ကိုကိုယ်တောင် မယုံချင်ဖြစ်လာလို့။ :k:

    • ခင်ဇော်

      June 9, 2015 at 11:39 am

      ဟိဟိ။
      တညားက စကားပြောရင် အော်လံဂွဲလွန်းလို့။
      နီးနီးလေးလည်း အားရပါးရအော်ဟစ်ပြောတာရယ်။
      ဖုန်းပြောလည်း လက်ဟန်ခြေဟန်နဲ့ အသံအကျယ်ကြီးပြောတတ်တာ။
      ရီရင်လည်း အာကျယ်ကြီးးး
      အညာသူမ။
      အာ့ မွေးမေလေ့က ဖုန်းပြောရင် မိန်းမ ပီသအောင် တိုးတိုးလေး ညင်ညင်သာသာပြောပါဆိုလို့ ဖခင်ဆီ ဖုန်းစက်တော့
      “သမီး ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလားး၊ ငိုထားတာလားတဲ့”
      အာ့နဲ့ မိန်းမပီသဖို့ စိတ်ကူးရှိတော့ဘူးးး

      ချစ်မတို့ အသံက ဩ ပြီး ပြတ်သားလို့ နေမှာပါ။
      အဲလို အသံမျိုးက ဘုရားတရားစာ ရွတ်ရင် အရမ်းနားထောင်လို့ ကောင်းတယ်။
      ဖုန်းက အသံကို ရှိတာထက် ပိုကြမ်းသယောင် ကြားရစေတယ်မလားးး

  • Mike

    June 9, 2015 at 10:42 am

    .ငိငိ…ဘိုတွေဖြစ်နေတာလဲ…ဖုန်းခေါ်ပြောက ျိချင်စိတ်တောင်ပေါက်လာတယ် :))

    • Ma Ma

      June 10, 2015 at 9:03 am

      အန်ကယ်လို့ပဲ ခေါ်ခေါ်၊ ဦးလေးလို့ပဲ ခေါ်ခေါ် သိပ်မထူးတော့ဘူး။
      ထူးစေချင်ရင် အဘ လို့သာ ခေါ်လိုက်ပါတော့။ :b:

  • မွသဲ ( 17082011 )

    June 9, 2015 at 2:09 pm

    ဟားဟားဟားဟား
    သများကိုကျ ဦးသဲနုအေးပါလားရှင်တဲ့။ နာမယ်ဘယ်နားများယောက်ကျားနဲ့တူနေသလဲမသိ 😥

    • Ma Ma

      June 10, 2015 at 8:13 am

      ဟုတ်ပ့ါ။
      ကိုယ့်နာမည်အရင်းပြောလိုက်တာကိုလည်း အဲလိုပဲ ဦး တပ်ခေါ်တာ ခံရဖူးတယ်။
      တစ်ပုံစံတည်း မှားခေါ်တယ်ဆိုကတည်းက တစ်ယောက်ထဲများ ဖြစ်နေမလားတောင် မသိဘူး။ :a:

  • Mike

    June 9, 2015 at 3:11 pm

    .ကိုအိ
    .ကိုဝေ
    .ကိုမ
    .ကိုသဲ…ခိခိ :mrgreenn: :mrgreenn: :mrgreenn: :mrgreenn:

    • Ma Ma

      June 10, 2015 at 8:28 am

      မမမိုက် :k:

      အဲလိုခေါ်မိတော့ ဟိုးတုန်းက မောင်ဂီတို့ ကျား ကို မ၊ မ ကို ကျား နာမည်တွေ ပြောင်းခေါ်တာကို သတိရမိသေးတော့တယ်။

  • aye.kk

    June 9, 2015 at 4:35 pm

    မမ
    ကိုကို
    ပညတ်တွေပါ။

  • Crystalline

    June 9, 2015 at 6:53 pm

    ပရိုဖိုင်​းချိန်​းရတဲ့အ​ကြောင်​း သိသွားဘီ.. :kwi:
    ကျမက​တော့ ​ဘေးအိမ်​ကအစ်​မတစ်​​ယောက်​နဲ့ သူ့တူအသံကိုမှားတာ.. :mrgreenn: ​သေချာသတိထားနား​ထောင်​ရက်​.. အမကို သားလား​မေးမိ… သားကို..အမလား​မေးမိ.. :mrgreenn:

    • Ma Ma

      June 10, 2015 at 8:33 am

      အဖေ့သူငယ်ချင်းတစ်ယောက် အိမ်ကို ဖုံးခေါ်တော့ အမေ့အသံကြားတာ သမီးတွေထင်ပြီး နင့်အဖေရော ဆိုလို့ အမေက ဘာပြောရမှန်းမသိဘူး ဖြစ်သွားတယ်။

      အဲဒီဦးလေးက သမီးတွေအသံကြားရင်လည်း အမေလို့ ထင်တတ်သေးတယ်။

      အဲဒါကို အဒေါ်တစ်ယောက်က အဖြေထုတ်ပေးတယ်။
      နင်တို့အမေအသံက ကလေးလေးနဲ့တူပြီး နင်တို့အသံကြီးတွေက မာတာကိုးတဲ့။ :b:

  • မြစပဲရိုး

    June 10, 2015 at 4:46 am

    ချစ်မမ
    အဲဒီ မျောက်ကျား တွေ နဲ့ ပေါင်းသင်းနေရလို့ နေမှာ။
    သများ လဲ ခံရပါ့။
    တစ်နေ့ သူတို့ နဲ့ အပြင် အတူသွား တော့ အောက်က မောင် ရဲ့ အီစီကလီ မတွေ နဲ့ တွေ့ပြီး ကိုယ့်ကို သူ့ညီအငယ်မှတ်လို့ အတင်း မိတ်ဆက်ခိုင်းကြတယ်။
    ဘောင်းဘီ နဲ့ ရှပ်ဝတ်ထားတော့ တစ်ဒေါင့်တည်း ရှိတ် မို့ ကိုယ့်ကိုလဲ ကျား ထင်သွားတာ။ ငနာမလေးတွေ နှာဗူးမလေးတွေ။
    ဒီလောက် ပျော့ပြောင်းပြောင်း ရုပ်ကလေး ကို သူတို့မို့ ထင်ရက်တယ်။
    မြင်မြင်ရာ ကျားမှတ်နေကြသလားမသိ။

  • Ma Ma

    June 10, 2015 at 8:36 am

    (ငနာမလေးတွေ နှာဗူးမလေးတွေ။)
    ဟုတ်ပ့ါ မြကလေးရယ်။ :k:

    ဖုံးထဲမှာ မှားခေါ်တာ ခံရပေါင်းများလို့ ရိုးနေပြီ။
    ခုတလော ဖဘမှာ မှားခေါ်တာခံရတော့ ကိုယ့်ကိုကိုယ် ကျား လား မ လား ဇဝေဇဝါဖြစ်သွားတယ်။ :b:

    • Ma Ma

      June 16, 2015 at 6:50 pm

      အောင်မိုးသူအသံလည်း စမ်းသပ်ကြည့်ပါလား။
      ကျား လား မ လား လို့။ :kwi:

  • manawphyulay

    June 16, 2015 at 2:11 pm

    ဟဟ မနောနဲ့တော့ နည်းနည်းကွာတယ်။
    မနော ပုံစံလည်း အန်တီမမတို့ မြင်ဖူးနေတာပဲနော်။
    အဲဒါလေ ဖုန်းပြောရင် တစ်ဖက်က အမြဲ အန်တီ အန်တီလို့ ခေါ်တာ ခံရတယ်။ နောက်ပိုင်း စိတ်ပေါက်ပေါက်နဲ့ ကောင်းပါပြီ သားရယ်.. သမီးရယ်ပဲ ပြန်ခေါ်လိုက်တော့တယ်။ အဲဒါ အေးရောပဲ။

    • Ma Ma

      June 16, 2015 at 6:53 pm

      ပထမပိုင်းတုန်းကတော့ ကျား သံ နဲ့ မ သံ မကွဲဘူးလားဆိုပြီး တင်းနေတာ။
      တဖြေးဖြေးနဲ့ တစ်ယောက်ပြီးတစ်ယောက် မှားကြတော့ ငါ့အသံကိုက မှားနေတာဆိုပြီး သဘောထားလိုက်တယ်။
      ခုတော့ ဖဘမှာ တင်ထားတဲ့ဓာတ်ပုံကြည့်ပြီး အစ်ကို ဆိုတော့ ငိုချင်စိတ်ပေါက်လာပြီ။ 😥

  • sorrow

    June 16, 2015 at 4:28 pm

    ..ဖြစ်တတ်ပါတယ်ခင်ဗျ.. ဆောရိုးမှာ အသံ ဩဇာအာဏာနဲ့ ပစ်စလတ်ခတ်ပြည့်စုံနေတာ ….တစ်ရွာလုံးအသိနော်…ဒီလို Bass သံလေးနဲ့ .. ပီသကြည်မြနေတဲ့ အသံလေးကိုတောင်မှ ..အစ်မ လို့ …မှားပြောတဲ့ အမျိုးကောင်းသမီးတွေက ရှိသေး …

    • Ma Ma

      June 16, 2015 at 6:56 pm

      မောင်ဆောရိုးရဲ့ အသံလေးက ချို လို့ မှားသွားတာ ဖြစ်မယ်လို့ ဖြေသိမ့်လိုက်ပါ။
      ဒါ့ထက် ဖဘမှာ တင်ထားတဲ့ဓာတ်ပုံကြည့်ပြီး အစ်မလို့ လာခေါ်ရင်တော့ သတိထားပေတော့။ :k:

    • Ma Ma

      June 17, 2015 at 6:43 am

      (ဒီတော့ကာ)….
      စိတ်ချမ်းသာစရာပေ့ါ။ 🙂

  • ဦးကြောင်ကြီး

    June 18, 2015 at 10:22 am

    ခိုနီမမ
    ဆိုသီဖဘ
    ခ ျို ကြည်လခ
    ဒိုဘီမှ ျတ..

  • Wow

    June 18, 2015 at 10:48 am

    လင်ယူသားမွေးအရွယ်ကြီးဒွေက အန်တီလာခေါ်ရင် သာမီးသိပ်မုန်းတာပဲ ဖေဖေ… :mrgreen: ကိုယ်အသက်ကြီးလာတာတော့ မသိချင်ထောင်ထောင်နေ… :mrgreen:
    ဟီးးး ချစ်မွ ပရိုဖိုင်းပြောင်းဖြစ်ပုံလေးလာကျိရင်း ပြောချင်တာပြောသွားသီ :mrgreen:

  • ဦးကျောက်ခဲ

    June 18, 2015 at 1:53 pm

    ဟီ ဟိ … ရွာထဲမှာရေးဖူးတယ် ၊ ကျောက်စ်နဲ့ မွေးသဖခင်က အသံအတော်တူလို့…
    သူ့ခမျာ … ဘော်ဘော်တွေမှားပြီးဆဲတာ အတော်ခံရတယ်ခင်ဗျ …
    ယောက်ျားသံနဲ့တူတာ ဝမ်းမနဲပါနဲ့ ၊ ကောင်မလေးအသံနဲ့တူနေမှ အအီခံရမှာ…
    ဒီခေတ်ထဲမှာ ဖုန်းသရဲ ဖွန်ကိုကိုတွေက မိန်းခလေးသံဆို … ကြူဖို့ပဲစဉ်းစားနေတာ…
    အဟိ … ကချင်နုထွားဆို… အားဟိ… ပြေးဘီ :k:

    • Ma Ma

      June 18, 2015 at 4:46 pm

      (အဟိ … ကချင်နုထွားဆို… အားဟိ… ပြေးဘီ :k: )
      :k:
      :k:
      :k:
      မစ်စတာစတုံးနဲ့တွေ့မှပဲ စိတ်ချမ်းသာစရာ တွေးမိတော့တယ်။ 🙂

Leave a Reply