Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောက်လူမြည်းရင် ချိုပါဇေ

ムラカミMay 27, 20151min73417

ရုပ်ရှင်တကား ကြည့်ဖြစ်တယ်…
တကယ်က ကြည့်ဖူးပြီးသားရုပ်ရှင်
ကြည့်ဖူးတာမှ ခနခန…
အားတဲ့အချိန်တိုင်း မကြာမကြာဆိုသလိုပြန်ကြည့်ဖြစ်တယ်…
ကြည့်တိုင်း တခုမဟုတ်တခု အသစ်ရသွားတာချည်း…။

ဇာတ်လမ်းက ရိုးပါတယ်
လူဆိုး ရှိတယ် လူကောင်းရှိတယ်။
လူဆိုးနဲ့ လူကောင်းချတယ် နောက်ဆုံး လူကောင်းနိုင်သွားတယ်။
သိပ်မဆန်းတဲ့ ဇာတ်

အဲ..။
ပြောစရာဆိုလို့ လူဆိုးက သာမာန်ညောင်ည အချာပင်မဟုတ်ဘူး။
သည်နေရာမှာ ဇာတ်လိုက်ကို ပင့်တင်ပေးဖို့အတွက် ဗီလိန်ကို မညံ့ကြောင်း မွှန်းထားတယ်ဆိုချင်ဆို။
တကယ်ကို မညံ့တဲ့ လူဆိုးဇာတ်ရုပ်။ သူ့မှာ အိုင်ဒီယော်လော်ဂျီ ရှိတယ်။ ခံယူချက် ရပ်တည်မှုနဲ့ ပြတ်ပြတ်သားသားရှိတယ်။

အမြဲတစေ ဇာတ်လိုက်နိုင်မယ်မှန်း သိနေတဲ့ ဇာတ်ပါ။
ပြန်ကြည့်မိတိုင်းပေါ့။
သည်တခါ ပြန်ကြည့်မိတဲ့အခါ သတိထားမိတာလေးက သည်လို။

ဇာတ်လိုက်နဲ့ လူဆိုး ချတယ်။ နောက်ဆုံးမှာ ဇာတ်လိုက်နိုင်သွားတယ်။
သူပြန်လာတယ် ဇာတ်လိုက်ဘက်တော်သား ငတိတယောက်နဲ့ စကားစမည်ပြောတယ်။
သူတို့ ပြောကြတဲ့ စကားက ခပ်ဆန်းဆန်းတော့မဟုတ်

ချာတိတ်ကမေးတယ်
ငါတို့ နိုင်သွားပြီ ပေါ့နော် .. .တဲ့…
ဇာတ်လိုက်က ဖြေတယ်
အင်း.. ဟုတ်တယ်
ငတိက ဆက်ပြောသေးတယ်။
ဒါဆို ငါတို့ သန်မာခဲ့တာပေါ့ မှန်ကန်ခဲ့တာပေါ့ တဲ့ …
ဇာတ်လိုက်ကပြန်ဖြေတယ်
ငါတို့ သန်မာခဲ့တယ် ဆိုတာသက်သက်နဲ့ နိုင်ရမယ်လို့ ငါမဆိုလိုနိုင်ဘူး
သန်မာတိုင်းလည်း မနိုင်ဘူး နောက်တခု မှန်ကန်တိုင်းလည်း ပေါ့…။
သေချာတာက ခေတ် က စနစ် က အခြေအနေ တိုင်းက ငါတို့ကို ရွေးချယ်လို့ ငါတို့ နိုင်ခဲ့တယ် ဆိုတာပါပဲတဲ့။
လူဆိုးလုပ်သူက ပြောလေ့ရှိတာ ပျော့ညံ့ရင် သေမယ် သန်မာမှ ရှင်သန်နိုင်မယ် ဆိုတဲ့ စကား။
ဒါကို ချေဖျက်တဲ့အနေနဲ့ နောက်ဆုံးမှာ ပြောခဲ့တာဆိုပါတော့။

သူကဆက်ပြောသေးတယ်။
ငါတို့ မှန်လား မှားလား ဆိုတာ ဆုံးဖြတ်သုံးသပ်ဖို့က ငါတို့ အလုပ်မဟုတ်ဘူး
ငါတို့ရဲ့ နောက် မျိုးဆက်သစ်က ဆုံးဖြတ်ပါလိမ့်မယ် တဲ့။

အဲ့သည့်လောက်ပါပဲ။
ခင်ဗျားတို့ နှစ်သက်ချင်မှလည်း နှစ်သက်မယ်။ လက်ခံချင်မှလည်း လက်ခံလိမ့်မယ်။
ဇာတ်ကားကတော့ နာမည်လည်း မကြီးသလို ပြောလည်းသိမှာမဟုတ်တဲ့အပြင် အခန်းအတော်များများ
ကျော်ပစ်ခံထိမှာမို့ မပြောတော့ဘူး။ ပြောချင်တာက အနှီ ဒိုင်ယာလော့ခ် အကြောင်းပါ။
ခနတိုင်းလုပ်နေဖြစ်တဲ့ ဆုံးဖြတ်ချက်တိုင်း ရဲ့ ရလာဒ်က မှန်မမှန်ဆိုတာ နောင်တချိန်ကျမှ သိရတတ်တာမျိုး မဟုတ်လား။

အိပ်မပျော်တာရော စောနိုး နေတာပါ ပေါင်းပြီး ရေးမိရေးရာ ရေးတင်လိုက်ပါတယ်။
သည်မနက်အတွက် ပေါက်ဆီ ကောင်းမလား မုန့်ဟင်းငါး စားရမလား လက်ဖေ့ယီဆိုင် ထိုင်သင့်လားတော့… မရွေးရသေး။
ရွေးဖြစ်ပြီးရင်လည်း ချက်ခြင်းတော့ မှန်မမှန်ပြောဖို့ခက်မယ်။ အနည်းဆုံး အိမ်သာတခါသွားပြီးခါမှပေါ့…။
အဲ့သည်လို…။
တော်သေးပြီ။

17 comments

  • ခင်ဇော်

    May 27, 2015 at 9:52 am

    Batman – The Dark Knight ရုပ်ရှင်များလား?? 🙄

  • ကြည်ဆောင်း

    May 27, 2015 at 10:33 am

    “ခနတိုင်းလုပ်နေဖြစ်တဲ့ ဆုံးဖြတ်ချက်တိုင်း ရဲ့ ရလာဒ်က မှန်မမှန်ဆိုတာ နောင်တချိန်ကျမှ သိရတတ်တာမျိုး မဟုတ်လား။’
    နောင်မှသိရပေမဲ့စောစောသိရရင်တော့ပိုကောင်းမှာ . . .
    တစ်ဘဝ စာလုံးနောက်ကျပြီးမှ သိရရင်တော့သေရော

  • Mike

    May 27, 2015 at 11:33 am

    .“သေချာတာက ခေတ် က စနစ် က အခြေအနေ တိုင်းက ငါတို့ကို ရွေးချယ်လို့ ငါတို့ နိုင်ခဲ့တယ် .ဆိုတာပါပဲတဲ့။”

  • မြစပဲရိုး

    May 27, 2015 at 1:38 pm

    {{{
    “ ကျွန်မတို့ ရွေးကောက်ပွဲ နိူင်ချင်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနိူင်တာကို ရွေးမလား? တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလား? ဆိုရင်
    ကျွန်မတို့ တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမယ်။

    ရွေးကောက်ပွဲ နိူင်ခြင်း- ရှုံးခြင်းသည် တစ်ခဏပဲ။ တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင် နိူင်ငံရဲ့ အနာဂတ် အင်မတန်မှ နာသွားမယ်။ အဲဒီတော့ ကျွန်မတို့ ရွေးကောက်ပွဲ နိူင်ချင်တယ်။ နိူင်အောင်လည်း ကြိုးစားမယ်။

    ဒါပေမယ့် ဘာလုပ်လုပ် နိူင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ကျွန်မတို့ မလုပ်ဘူး´´။

    ဒေါ်အောင်ဆန်းစုကြည်
    }}}

    decade ၁ဝခု ရဲ့ လေးပုံ တစ်ပုံ ကျော်ကျော် တုန်း က “ဒီမိန်းမ က ဘယ်လောက်လုပ်နိုင်မှာမို့လဲ၊ ယုံစရာလား” ဆိုတဲ့ အတွေး ကို အကြွင်းမဲ့ ယုံစရာ လို့ အမြင်ပြောင်းပြီး။
    လူကြမ်းများကလဲ အားပါးတရ တာဝန်ကျေသကိုးကွယ်။

    ဒီတော့
    ကျွန်မ က နောက်လူပါ မောင် (MG – Myanmar Gazette)။ မြည်းပြီးချိန် သူမ အင်မတန် ချို ကြောင်း သိခဲ့ပါတယ်။

    အာ့လေး အမြန်ဝင်ပြောသွားတာ။ နောက်မှ ဆက်ပြောတာပေါ့။ lol:-))))

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 27, 2015 at 6:52 pm

      ကြားဖူးတဲ့ ရုရှား ဟာသ (ပြန်ပြင်ရေးတာ) ပါ….

      သွား ၄ဝ နဲ့ ခြေ ၄ ချောင်း = မိချောင်း
      သွား ၄ ချောင်း နဲ့ ခြေ အချောင်း ၄ဝ = ဘွားတော့်ဖါထီ

      အားးဟိ

      • မြစပဲရိုး

        May 27, 2015 at 9:37 pm

        OK. I agree.
        BUT
        တစ်ချို့က အသက် ကြီးလေ ပို အသိဉာဏ်မြင့်လာလေ ပို ရင့်ကျက်လာလေ အများကောင်းဖို့ ပိုလုပ်လာလေ မို့ သူတို့ ရဲ့ အား တွေကို နောက်လူ တွေ ဆက်ပြီး ယူသင့်တယ်။
        တစ်ချို့က အသက်ကြီးလေ ပို အသိဉာဏ်နိမ့်လာလေ ပို လောဘတက်လာလေ ကိုယ့်မိသားစု အတွက် ပိုလုပ်လာလေ မို့ ရောဂါတွေ နောက်မျိုးဆက်တွေ ဆီမကူးအောင် သူတို့ ကို ဖယ်ကို ဖယ်ထုတ် သင့်တယ်။
        Do you know that who are they?

        • kai

          May 28, 2015 at 2:12 am

          ငါအသက်ကြီးပြီ.. ငါ့အတွက်ငါလုပ်ရမယ်ဆိုပြီး.. ပုတီးချည်းလှိမ့်စိတ်.. ရိပ်သာချည်းဝင်နေခဲ့တဲ့..ဘိုးဘွားတွေကို..သတိရမိ…။
          ယူအက်စ်မှာ..ဂျပန်မှာ.. အဘိုးအဘွားတွေများ… လမ်းဘေးထွက်အမှိုက်ကောက်..။ ကလေးကျောင်းသွား/လာ..ဗော်လန်တီယာလုပ်ကားတားပေး..
          တသက်လုံးရှာခဲ့တဲ့ငွေတွေထဲကနေ…ခရီးတွေထွက်… အလုပ်အကိုင်အခွင့်အလန်းတွေဖြစ်..။

          တကယ်ကတော့.. ဘာလုပ်လုပ်သေမဲ့သူချည်း..။
          မသေခင်.. တခြားဘိုးဘွား(အစိမ်း/အဝါခေါင်းဆောင်)တယောက်ဆီ ကျွန်ခံရင်းသေမလား..။
          လူသားတွေအတွက်ကောင်းတာ ကျန်တာလုပ်ပေးခဲ့ပြီး.. ကိုယ့်သမိုင်းရေးသေမလားပါပဲ..
          အနိစ္စ…။

  • kai

    May 27, 2015 at 2:53 pm

    ကျွန်စုပ်တဲ့သရက်စေ့…တဲ့..
    အမြည်းရယ်မှ…ဘာမကျန်..။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 27, 2015 at 7:11 pm

      強ければ生き、弱ければ死ぬ

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 28, 2015 at 3:32 am

    ဘယ်ပျောက်နေသတုံး သဂျီး ရဲ့
    မတွေ့တာ ကြာပေါ့…
    ပိုစ့် ပါအကြောင်းအရာက ကာတွန်းဇာတ်ကောင်တကောင်က ပြောခဲ့တာဗျ..
    မပြောချင်ပေမယ့် ပြောလက်စမို့ ပြောလိုက်ပါတော့မယ်…
    ရှင်ဇို အာဘေး ပထမတခေါက် အာဏာရတော့ ဝေဖန်ခံရတယ်
    မိန့်ခွန်းမှာ ခန်းဂျိမှားလို့ .. သူရှင်းမှ ပိုရှုပ်ကုန်တယ်…
    သူက ကာတွန်း ဖတ်တဲ့ (အိုတာခု) ပါတဲ့. ….
    ထားပါတော့လေ…
    ကာတွန်းဇာတ်ကောင်တကောင်ကို စိတ်နေစိတ်ထားအပြင် ကြိုက်နှစ်သက်တဲ့ အစားအစာ အရောင်
    အဝတ်အထည် နိုင်ငံရေးခံယူချက် စတာတွေအထိ လူတယောက်ကဲ့သို့ အသေးစိတ် ပုံဖော် ထားတာမျိုး
    တခြားမှာ သိပ်များများစားစား မမြင်ရဘူး မှတ်တယ်…

    ခေါင်းစဉ်နဲ့ ပါတ်သတ်လို့ပေါ့ယယယ
    အဲ့ဒါတွေးတိုင်း ထိပ်ဆုံး မြင်မိတာ ဘရုစ့် ဝီလီစ့် ကြီးပဲ..
    လွန်ခဲ့တဲ့ ၄-၅နှစ်က ဖတ်ခဲ့ဖူးတဲ့ ရုပ်ရှင်ဆောင်းပါး တပုဒ်ပေါ့…
    ဒီ ကတုံးကြီး ဒီအရွယ် ဒီရုပ်နဲ့ ခုထက်ထိ ခေါင်းဆောင်မင်းသားလုပ်ပြီး ရိုက်တုန်း ဆိုပြီး
    ဇာတ်ကားမှ မကြည့်ရသေး အစောပိုင်းကတင် အနှုတ်နဲ့ ဝေဖန်ထားတဲ့ စာသား…
    (မြန်မာလို ဖတ်ခဲ့ရပေမယ့် သေချာပါတယ် ဒါ ဘာသာပြန် ဆောင်းပါးဆိုတာ)

    ဟောလိဝုဒ်က မာကတ္တာတွေ သိပ်တော်တယ်… အဲ့သည့်နောက်ပိုင်း
    ထွက်သမျှ ဘိုးတော် ရုပ်ရှင်တိုင်းမယ် ဈေးကွက် ဆွဲဆောင်ဖို့ မင်းသားအငယ်
    တလက်မဟုတ်တလက် ပါနေလေ့ရှိတယ်..
    (ဒိုင်းဟတ်ဖိုး နဲ့ ရက်ဒ် တူး ကို ကြည့်ပါကုန်)

    အကောင်းဆုံး ဆိုတဲ့ စကား သည်နေရာမှာ တဖန်ပြန် ပြောစရာဖြစ်လာငဲ့..
    သူ့ အကောင်းဆုံး အချိန်မှာတော့ ဘယ်သူမှ မမီအောင် ကောင်းခဲ့လိမ့်မယ်..
    သို့သော် လက်ရှိမတော့ အသင့်တော်ဆုံး အလုပ်နိုင်ဆုံး ကသာ ကိုယ်ရေ အစစ်ဆုံး ဖြစ်မယ်ထင်မိတာပဲ…

    ဒါမျိုး ဗမာဘောလုံးလောကမှာ မကြာခန ဖြစ်လေ့ရှိရဲ့…။
    လူဟောင်းကြီးတွေ မနားတနား အချိန် လူသစ်တွေနဲ့ ရုန်းလိုက်လို့ …
    အခြေအနေလေး မဆိုး ဖြစ်လာရင် … ဘယ်နှပွင့်ဆိုင်တွေ ခေါ်ကန် လက်ရွေးစဉ်ပြန်ရွေး နဲ့…
    နောက်ဆုံး လူဟောင်းတဝက် လူသစ်တဝက်နဲ့ ပွဲဝင်လေ့ ရှိတတ်တာမျိုး..
    လူဟောင်းတွေက ဆိုင်ရာ ခေတ်မှာ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ခုချိန်က ကျလူ
    လူသစ်တွေက မပြည့်ဝသေး … ဆိုတော့ အစပ်အဟပ်မတည့် ဟာမိုနီမဖြစ်…
    လူသစ်ရော လူဟောင်း ဘယ်သူ့ကို အပြစ်ပုံချချ နောက်ဆုံးတော့
    နိုင်ငံ့လက်ရွေးစဉ် အသင်း ဂွမ်းတာ သာ အဖတ်တင်ခဲ့…။

    ကမာ္ဘ့ဘော်လုံး ပြန်ကြည့်မိတော့လည်း အလားတူ ပြန်တွေ့…
    မော်ဒန်ဘောလုံးကမာ္ဘမှာ သမိုင်းတလျောက် အကောင်းဆုံးတွေပါရယ်လို့
    ပြောခံရဖူးတဲ့ …

    ပီလီ ၈ဝ တန်း
    ပလာတီနီ ၆ဝ တန်း
    ဇီဒန်း ၄ဝ တန်း
    ဆိုင်ရာ နိုင်ငံအသင်းတွေ ဝင်ကန်ခိုင်းကြည့်ပါလား..
    (ဟုတ်တယ်လေ နောက်ပေါက်တွေ တယောက်မှ သူတို့ ခြေ မှီမှမမီဘဲ)

    မဖြစ်နိုင်ဘူးမလား.. သူတို့ ခြေ မမီတဲ့ နောက်ပေါက်တွေရဲ့ အသန်စွမ်းဆုံး အချိန် ရယ်
    သူတို့ကိုယ်တိုင် ဝင်မကန်ပေမယ့် သူတို့ လုပ်နိုင်စွမ်းတဲ့ ဘေးက ဒါမှမဟုတ် နောက်က ပံ့ပိုးမှုရယ် ဆိုတာက စကားပြောသဗျ..
    ဒါကြောင့်လည်း သူတို့တွေ …
    အားကစား ဝန်ကြီး လုပ်သူလုပ်
    ဘောလုံးဥက္ကဌ လုပ်သူလုပ်
    ဒါမှမဟုတ်လည်း နည်းပြသော်လည်းကောင်းပေါ့…

    မင်းသားကြီး နဲ့ ပတ်မ ကိစ္စ ခနမေ့လို့ …
    ရည်ရွယ်ရာ ပန်းတိုင်တူသူချင်း လက်ဆင့်ကမ်းပြေးပွဲလိုပဲလို့ မြင်မိရဲ့…။
    အဲ့ဒါက ထာဝရ အကျိုးစီးပွားအတွက် ဖြစ်ပါလိမ့်မယ်…။

    မနက်ကပဲ အမေနဲ့ သတင်းဖတ်ရင်းပြောဖြစ်တယ်…
    အချုပ်ကတော့ ကျုပ်တို့ အိမ်နီးချင်း တိုင်းပြည်တွေတိုင်း ဆိုးတယ် ဗိုလ်ကျတယ်ပေါ့…
    ပြန်တွေးမိတော့ မဟုတ်ဘူးရယ်… ဆိုးလို့ရလို့ အနိုင်ကျင့်လို့ရလို့ အနိုင်ကျင့်နေတာ
    အတိုပြောရင် အဆိုးမရ ၆၃မကျလို့ပေါ့ ကိုယ်ခံအားကောင်းဖို့လိုပါတယ်…။
    ၆၃ကျဖို့က အားလုံးစီမှာ တာဝန်ရှိတယ်။
    အရီးပြောတဲ့ အသက်ကြီးလာတိုင်း ဘယ်သူက ဘာဖြစ် ဘယ်ဝါက ဘယ်လို ဆိုတာ ကို ခနထားပြီး
    တွေးမိတာလေး တခု ပြောပါရဇီ။

    ကမာ္ဘမှာ အရင်ထက်စာရင် ပိုစွမ်းတဲ့ လက်နှက်တွေပေါလာတယ်
    (ပစ္စည်းသက်သက်လော ဆိုတော့ မဟုတ်ပြန်ဘူး)

    ဘောက်မဲ့ကြောင့်များ အရင်ခေတ်တွေလို သွေးချောင်းစီး စစ်တိုက်တမ်းမကစားကြသလဲဆိုရင်တော့
    အပြန်အလှန်ထိန်းကျောင်းကြလို့ လို့ပဲ မြင်မိတယ်….။
    လိုနေတာ အပြန်အလှန် ထိန်းကျောင်းဖို့ပါ…။

    ဘယ်သူ့ကိုမှ မပစ် ဘယ်သူ့ကိုမှ မချစ် အပြန်အလှန် ထိန်းချုပ် ဝေဖန် ကိုအော်ဒီနိတ်လုပ်ရင်း သွားရမယ်လို့မြင်တယ်။
    သည်နေရာမှာ ဘယ်သူမင်းသား/မင်းသမီး ဆိုတာ အတော်လေး စကားမပြောတော့ဘူးရယ်….။
    ဇာတ်အိမ်ဘယ်လိုခိုင်သလဲ ဆိုတာကပဲ အဓိက…။

    ဟိုဘက်မှာ ဂလို အရည်ချင်း ပြည့်သူရှိလား သည်ဘက်မှာ သည်လို ဇာရိတ္တကောင်းသူ ရှိလား ဆိုတာတော့ စောကျောဖို့ စောလိမ့်မယ်
    ငယ်ငယ်က စာရေးဆြာ တျောက် ဆုံးမတဲ့ စကား ၂ခွန်း သွားသတိရမိတယ်…။ (သူက စာရေးအရမ်းညက်ပေမယ့် သူ့ စကားတချို့ကတော့
    အမှန်တရားဘက် ချဉ်းပြီး အတော် ဒဲ့ထိကာ ကြမ်းသဗျ… အဲ့အတိုင်းရေးရရင်ဖြင့်)

    ၁). ဟေ့ရောင် သားဂျီး … မင်း ဟိုနေရာရောက် ရင် ဟို မွေနိုး နဲ့ တွေ့မယ် ဒီ နေရာရောက်ရင် ဒီ မွေနိုးနဲ့တွေ့မယ် … တဲ့..
    နိုးဘာဒီ အစ်စ် ပါဖက်ခ် ကို သူ့ ဂရုနာ ဒေါသော ဆိုပါတော့…။
    ၂). အဖြောင့် က တယောက်မှ မရှိဘူးကွ…။ ဝါးလုံးတွေပဲ သုံးနေရတာပဲ…။
    ဘယ်လို ဘယ်လောက် ကောက်တဲ့ လူဆို ဘယ်လောက် ရှန်တိန် ယူပြီး သုံးရတယ် ဆိုတာကို ပြောခဲ့တာပါ…။

    အချုပ်ပြောရရင်တော့… သူပြောတာ ဆုံးမတာလည်း ကျုပ် အမှန်မယူဘူးဗျ….။
    ကျုပ် အမှန်ယူတာ best ဆိုတာ မရှိဘူး .. best-fit ပဲ ရှိတယ်…။
    ဒါတော့ ဘာအစွဲမှ မပါဘဲ ပြောနိုင်တဲ့ စကားပါ…..။

    • မြစပဲရိုး

      May 28, 2015 at 4:27 am

      သိပ်ပြီး သိုင်းဝိုင်းမနေပါနဲ့ မောင်မောင်ဂီ ရယ်။
      . သူတစ်လူ ငါတစ်မင်း ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး ထဲ ပလန်ချ ပြီး အကွက်ဖော် ကြည့် မနေပါနဲ့။
      တကယ် စွမ်း သူ ရှိရင် ငြိမ်မနေပါဘူး။ ဖိထားလို့လဲ မရပါဘူး။
      မရှိလို့ (သို့) ထွက်ဖို့ အချိန်စောင့်နေလို့ တစ်ခုခု နေမှာပါ။
      . ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကား တွေ ကို မင်းရော နားထောင်ဘူးလား။
      ကိုယ်လဲ အတွင်းလူမဟုတ်တော့ အထဲ ဘာရှိတယ် မမြင်နိုင်ဘူး။
      အထဲ မှာ တော့ ဘွားတော်က အသစ် တွေပွဲ ထုတ်တိုင်း ကလန့်ခံတတ်တဲ့ သူတွေ ရှိတယ်လို့ ကြားမိတာဘဲ။
      အခုလဲ ထွက်တော့နေသားဘဲ။ နောက်ကြောင်းမကောင်း တာတွေ သိပ်မဟန်တာတွေ ထွက်ထွက်နေတာတော့လဲ မတတ်နိုင်ဘူး။
      အဲဒီထဲ မှာလဲ လူတွေ ရဲ့ စိတ်ဓာတ်ပေါင်းမျိုး မှာ အားလုံးကောင်းမယ်မထင်ပါလေ။

      ဒီလို အတွင်းက မညီ တဲ့ ကလေးစိတ် တွေ က တစ်မျိုး၊ အပြင်က ဟာကွက်စောင့်ပြီး ကိုက်ချင် နေတဲ့ အရူးစိတ် များက တစ်ဖုံ တွေကြားထဲ ကနေ သူ့ကို ခေါ်ထုတ်ပလိုက်ချင်စိတ်ပေါက်တယ်။
      ဒါဆို ကျုပ်လဲ ဒီမှာ အာရုံခံ အချိန်ကုန် အရှုပ်လုပ် နေစရာမလိုတော့ဘူး။
      သူ့ခေါ်ထုတ်ပြီး မြောက်ဝင်ရိုးစွန်း မှာ တိုင်းပြည်တည်ပြလိုက်ချင်တယ်။
      . နောက်မှ လိုက်မလာကြနဲ့။

      လောလောဆယ် မလဲ ဖွတ်တွေ တဖြေးဖြေး ပိုပိုဆိုး ပြီး သွေးရူးသွေးတန်း ဖြစ်နေတာ ကြားရတာလဲ စိတ်ပိန်လှပြီ။

      အရီး နားလည်ပြီး ပြောနေတာ က မင်း ပြောနေတာ မဟုတ်ဘဲ တစ်လွဲ တွေ ဖြစ်နေမစိုးလို့။
      {သွား ၄ ချောင်း နဲ့ ခြေ အချောင်း ၄ဝ } ဆိုတာ ရုရှားကွန်မြူနစ် ပါတီထဲ အိုကြီးအိုမ တွေ ဘဲ ရှိတာ ကို လှောင်တာလို့ နားလည်လို့။

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        May 28, 2015 at 4:37 am

        ဟုတ်ကဲ့…
        အနည်းဆုံး သွား ၂၈ချောင်းပြည့်ပြီးတဲ့ လူတွေ ဖူးပါရစေခင်ဗျား….
        ဇာတ်ညွှန်းတပုဒ်ဖြစ်အုံးတော့…..
        ဒါက မင်းသား ဇာတ် မင်းသမီး ဇာတ်မှမဟုတ်တာရယ်..
        ..

    • kai

      May 28, 2015 at 8:27 am

      ဒီမှာ.. မီမိုရီရယ်ဒေးနဲ့ ၃ရက်ပိတ်တယ်လေ…
      ခရီးသွားနေသပေါ့…။

      ဆိုတော့…
      ဗမာပြည်ပြဿနာဟာ.. စနစ်ကြောင့်မဟုတ်ရယ်လို့ပဲ.. ပြောချင်မိ..။
      ဒေါ်စုတက်လာတော့ရော…။ ဒီထေရာဝါဒဘာသာရေးကို.. သွားမထိနိုင်သမျှ…။
      ဒီမိုး…ဒီလေ…ဒီလူတွေနဲ့…”ဟဲ..ဟဲ..ရယ်လို့…အော်…” လောင်းကြေးထပ်ချင်..။ :k:

  • Ma Ma

    May 28, 2015 at 8:18 am

    ယူတတ်ရင် ပညာပဲပေ့ါ။ 🙂

    တစ်နေ့သေကြရမည်။
    မသေခင် လုပ်ချင်တာ လုပ်ကြ။
    သို့သော် ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည်။ :k:

  • pooch

    May 28, 2015 at 4:39 pm

    လုပ်ငန်းခွင်မှာ လည်း ရှိတယ် ရှေ့လူ နောက်လူ
    တချို့ကျလည်းတွေးတာပေါ့ ရှိပြီးသား လုုပ်ငန်းကျွမ်းကျင်ပြီးသား လူဟောင်းကို ရာထူးတိုးပေးရင် ပိုအဆင်ပြေတယ်လို့
    နောက်မှရောက်လာတဲ့ လူသစ်တွေကို ကြည့်မရဘူး
    ဒါပေမဲ့ အဲ့လူမှာလည်း အိုင်ဒီယာအသစ်တွေ အမြင်သစ်တွေ ဆောင်ကျဉ်းပေးလာနိုင်တယ်ဆိုတာကို မေ့နေတာ
    နယ်ပယ်တခု တိုးတက်ချင်ရင် ပြောင်းလဲချင်ရင် အဲ့ဒိနေရာမှာ အဟောင်းတင်မဟုတ် အသစ်ကိုပါ တွဲတင်ရတယ်ဆိုတာကိုတော့ ကိုယ်တွေ့ရှိတာမို့ လက်ခံချင်တယ်

    တခုတော့ ရှိတယ် အဲ့အသစ်ကလည်း အရည်ချင်းရှိဖို့ တော့ လိုတာပေါ့လေ

    ဒါပေမဲ့ ဒါက နေရာတိုင်းတော့ လက်ခံလို့ မရဘူး

    အဟောင်းဆိုင်မှာ ရောင်းတဲ့ရှေးဟောင်းပစ္စည်းရှေးဟောင်းပန်းချီကားတွေကို အသစ်သစ်သော ပစ္စည်းတွေနဲ့ အစားထိုးလို့ မရတဲ့နေရာတွေလည်း ရှိတာပဲလေ

    ဒါကြောင့်မို့ အကြောင်းရာတခု မှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်ဖို့ ခုနောက်ပိုင်း အသက်ကလေးရလာလေ ပိုခက်လာလေပဲ
    ဘာကိုမှ ပုံသေပြောလို့ မရတော့ဘူး

Leave a Reply