Photographyကုသိုလ်အမျှရကြပါစေသော်… aye.kkJune 2, 20153min44316တနင်္ဂနွေနေ့တန်းဆွမ်းကြွ ရောက်သော ရဟန်းသံဃာများနှင့် ကိုရင်များအား၊ ကြည်နှူးချမ်းမြေ့ဖွယ်ဖူးမျှော်တွေ့ရစဉ်။ တနင်္ဂနွေနေ့တိုင်း၊အပါတ်စဉ် တန်းဆွမ်းအလှူခံ ထွက်ကြသည့်ရဟန်းသံဃာများနှင့်ကိုရင်များ(ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်) (ဆရာတော်ဘဒ္ဒန္တဝိရောစန-ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်)၊ကျောင်းထိုင်ဆရာတော်ဘုရားကြီး။ ကုသိုလ်ယူရတာ ကြည်နှူးချမ်းမြေ့ ဝမ်းမြောက်မိပါတယ်။ သားရဟန်းပါ၊ပါလာတယ်။ လှပစွာဖူးပွင့်နေသည့်ဂမုန်းပန်း။ သဒ္ဓါထက်သန်စွာဖြင့် ရဟန်းသံဃာများအား လောင်းလှူရန်အသင့်စောင့်ဆိုင်း နေ ကြသော ယောဂီ၊သီလရှင်အပါဝင်ဒကာ,ဒကါမများ။ လှပစွာပွင့်နေသည့်သစ်ခွ။ လှပစွာပွင့်နေသည့်ပဒုမ္မာကြာပန်း။ အတူတူအားထုတ်ခဲ့ဘူးသည်၊သီလရှင်နှင့်အတူ အမှတ်တရ။ Post Views: 443
မြစပဲရိုးJune 2, 2015 at 1:33 am အစ်မအေး . ချောလိုက်တာ။ မျက်နှာလေး အေးချမ်းပြီး ကျက်သရေလဲရှိတယ်။ သားရဟန်းကလဲ တည်တည်ငြိမ်ငြိမ် နဲ့ ကြည့်လို့ကောင်းတယ်။ တို့ အစ်မတော့ သားမျက်နှာ နဲ့ မျက်နှာပွင့်ပုံရမယ်။ အစ်မ ပေးဝေတဲ့ ကုသိုလ်ဒါန ကို သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။ ဆထက်တန်ပိုး တိုးပြီး လှူဒါန်းနိုင်ပါစေ။ အစ်မ ရဲ့ ပဒုမ္မာကြာပန်း က ကြာခွက်တွေ နဲ့ တင့်တယ်လှပါတယ်။ ဂမုန်းပန်း ကိုတော့ မမြင်ဖူးဘူး။ ပီတိ ဖြစ်စရာ အလှူအတွက် အမျှပေးတာကိုရော၊ စိတ်အေးချမ်းစရာ ပန်းလေးတွေကို မျှ တဲ့အတွက်ပါ ကျေးဇူးပါရှင့်။ ဒါထက် အဲဒါဘယ်မှာလုပ်တဲ့ ပွဲလဲ အစ်မ။ Log in to Reply
aye.kkJune 2, 2015 at 6:26 am မလတ်ရဲ ့ သာဓုခေါ်ဆိုမှုအတွက်၊ကြည်နှူးဝမ်းမြောက်မိရပါတယ်၊ကျေးဇူးပါနော်။ မလတ်ပေးတဲ့ဆုနဲ ့လည်းပြည့်ပါရစေလို့ဆုတောင်းပါတယ်။ တချီလိတ်၊ပုန်းထွန်ရပ်ကွက်မှာရှိတဲ့၊ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှာပြုလုပ်တဲ့ပွဲပါ။ သားကိုသင်္ကြန်မတိုင်ခင်ကတည်းကပဲ၊ယောဂီဘဝနဲ ့ရိပ်သာဝင်စေခဲ့ပြီး၊ တရားကေါင်းစွာအားထုတ်တဲ့အတွက်၊ရဟန်းဝတ်ပေးပြီး၊ဆရာတော်ရဲ ့အဆုံးအမနာခံယူစေခဲ့ပြီး သာသနာ့ဘောင်ကိုဝင်ရောက်စေခဲ့ပါတယ်။ ကျောင်းတိုက်မှာ၊အလှစိုက်ထားတဲ့ပန်းတွေကို၊အမှတ်တရတင်ပေးလိုက်တာပါ။ Log in to Reply
Alinsett @ Maung ThuraJune 2, 2015 at 7:16 am ကြည်နူးစရာာာာာာ သာဓု အခါခါ ခေါ်ဆိုလျှက်ပါဗျာာာာ Log in to Reply
aye.kkJune 2, 2015 at 10:42 am Alinsett @ Maung Thura သာဓုအခါခါခေါ်ဆိုမှုအတွက် အန်တီလှိုက်လှဲစွာဖြင့်ကြည်နှူးချမ်းမြေ့ဝမ်းမြောက်ပါကြောင်း…ပြောပြပါရစေ။ Log in to Reply
Ma MaJune 2, 2015 at 9:32 am သာဓု သာဓု သာဓု ပါ မအေးရေ။ ဆရာတော်ရဲ့ မျက်နှာဖူးရတာ စိတ်ချမ်းသာလိုက်တာ။ မအေးနဲ့ သီလရှင်ဆရာလေးတို့လည်း မျက်နှာ ကြည်လင်နေတာပဲ။ ငွေတောင်ဦးကမ္မဌာန်းရိပ်သာအကြောင်းကို မအေးတင်ပေးလို့ မြင်နေကြားနေရတာ တကယ်အေးချမ်းတယ်။ 🙂 Log in to Reply
ကိုပေါက်(မန္တလေး)June 2, 2015 at 9:32 am အမအေးရေ အမည်နဲ့လိုက်ဖက်အောင် အေးချမ်းသောနေရာလေးကို တစ်ခေါက်ရောက်နေပြန်ပြီထင်ပါတယ် Log in to Reply
Ma EiJune 2, 2015 at 9:33 am အမအေး ပေးဝေသောအမျှကုသိုလ်များကို ရရှိ၍စိတ်အေးချမ်းရပါတယ်… ကျောင်းထိုင် ဆရာတော်ဘုရားကလဲ ကြည်ညိုဖွယ်ရာကောင်းလိုက်တာ… လှပစွာဖူးပွင့်နေသည့်ဂမုန်းပန်း။ ဆိုတာလေးက နေဝန်းဂမုန်းပါ…နေဝန်း လဝန်း ဂမုန်း၂ မျိုးရှိတယ်..လဝန်းဂမုန်းက ပွင့်ဖတ်ဝိုင်းပါတယ်…အိမ်မှာလဲရှိပါတယ်… သစ်ခွပန်းလေး၊ကြာပန်းတွေရော အမအေးရော လှနေတယ်… Log in to Reply
aye.kkJune 2, 2015 at 10:36 am Ma Ma ကျေးဇူးပါ။ မမရဲ ့သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။ မမလည်းအခါအခွင့်သင့်တဲ့အခါ၊အလည်သဘောမျိုးနဲ့လာရောက်ခဲ့စေချင်မိပါတယ်။ ကိုပေါက် ကျေးဇူးပါ။ တစ်ခေါက်ပြန်ရောက်ဖို့ကြိုးစားနေမိပါတယ်။ Ma Ei ကျေးဇူးပါ။ ဆရာတော်ဘုရားကြည်ညိုဖွယ်ရာကေါင်းလှတာ၊အမှန်ပါ။ မအိပြောပြလို့ဂမုန်းပန်းအမည်လေးတွေသိရလို့ဝမ်းသာမိပါတယ်။ မအိလည်းဒီဘက်ဒေသရောက်ခဲ့ရင်၊ဝင်လည်ဖို့အတွက်ဖိတ်ခေါ်ပါရစေ။ Log in to Reply
lu luJune 2, 2015 at 11:34 am ကုသိုလ်မျှပေးတဲ့အတွက် သာဓု အကြိမ်ကြိမ် ခေါ်သွားပါကြောင်းးး 🙂 Log in to Reply
aye.kkJune 2, 2015 at 12:51 pm အောင်မိုးသူ,lu lu,ခင်ဇော်တို့အားလုံး ကျေးဇူးပါ။ အသီးသီးသာဓုခေါ်ဆိုကြလို့၊အန်တီရင်ထဲကြည်နှူးဝမ်းမြောက်မိပါကြောင်း၊ပြောကြားလိုက်ပါရစေ။ Log in to Reply
padonmarJune 2, 2015 at 10:30 pm သာဓုသာဓု သာဓုပါ. ငွေတောင်ဦးကျောင်းက ချမ်းမြေ့ဆရာတော်ကြီးနဲ့ အဆက်အစပ်ရှိမယ်ထင်တယ်။ ကြာပန်းကို ပင့်ရိုက်ထားတာ လှလိုက်တာ။ Log in to Reply
ဒေါ် လေးJune 2, 2015 at 10:42 pm သာဓု _/\_သာဓု_/\_သာဓု_/\_ပါ အန်တီအေးက ဖူးစာ ထဲမှာတော့ ကိုယ့်ကိုကိုယ် လှတဲ့အထဲ မပါတဲ့ လှတာမလှထက် ကျက်သရေ ရှိပြီး အေးချမ် တဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူပါ Log in to Reply
aye.kkJune 3, 2015 at 8:55 am padonmar ကျေးဇူးပါ။ သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်၊ ချမ်းမြေ့ဆရာတော်ကြီးနဲ ့အဆက်စပ်ရှိတာအမှန်ပါ။ ငွေတောင်ဦးကျောင်းကဆရာတော်ကချမ်းမြေ့ကျောင်းမှာအရင်ကနေခဲ့ပါတယ်။ ကြာပန်းမြင်ရင် ဒေါက်တာပဒုမ္မာကို ကိုသတိရမိတယ်။။ ဒေါ်လေး ကျေးဇူးပါ။ သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။ ဒေါ်လေးကိုလည်းမြင်ဘူးချင်မိပါတယ်။ Log in to Reply
kaiJune 3, 2015 at 3:43 pm ယပ်တောင်တွေမှာ.. ဘာစာမှမပါတာမို့..အံဩမိ.. မျက်နှာများအေးချမ်းလှပါ၏..။ ။ Log in to Reply
16 comments
မြစပဲရိုး
June 2, 2015 at 1:33 am
အစ်မအေး
. ချောလိုက်တာ။ မျက်နှာလေး အေးချမ်းပြီး ကျက်သရေလဲရှိတယ်။
သားရဟန်းကလဲ တည်တည်ငြိမ်ငြိမ် နဲ့ ကြည့်လို့ကောင်းတယ်။
တို့ အစ်မတော့ သားမျက်နှာ နဲ့ မျက်နှာပွင့်ပုံရမယ်။
အစ်မ ပေးဝေတဲ့ ကုသိုလ်ဒါန ကို သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။
ဆထက်တန်ပိုး တိုးပြီး လှူဒါန်းနိုင်ပါစေ။
အစ်မ ရဲ့ ပဒုမ္မာကြာပန်း က ကြာခွက်တွေ နဲ့ တင့်တယ်လှပါတယ်။
ဂမုန်းပန်း ကိုတော့ မမြင်ဖူးဘူး။
ပီတိ ဖြစ်စရာ အလှူအတွက် အမျှပေးတာကိုရော၊ စိတ်အေးချမ်းစရာ ပန်းလေးတွေကို မျှ တဲ့အတွက်ပါ ကျေးဇူးပါရှင့်။
ဒါထက် အဲဒါဘယ်မှာလုပ်တဲ့ ပွဲလဲ အစ်မ။
aye.kk
June 2, 2015 at 6:26 am
မလတ်ရဲ ့
သာဓုခေါ်ဆိုမှုအတွက်၊ကြည်နှူးဝမ်းမြောက်မိရပါတယ်၊ကျေးဇူးပါနော်။
မလတ်ပေးတဲ့ဆုနဲ ့လည်းပြည့်ပါရစေလို့ဆုတောင်းပါတယ်။
တချီလိတ်၊ပုန်းထွန်ရပ်ကွက်မှာရှိတဲ့၊ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှာပြုလုပ်တဲ့ပွဲပါ။
သားကိုသင်္ကြန်မတိုင်ခင်ကတည်းကပဲ၊ယောဂီဘဝနဲ ့ရိပ်သာဝင်စေခဲ့ပြီး၊
တရားကေါင်းစွာအားထုတ်တဲ့အတွက်၊ရဟန်းဝတ်ပေးပြီး၊ဆရာတော်ရဲ ့အဆုံးအမနာခံယူစေခဲ့ပြီး
သာသနာ့ဘောင်ကိုဝင်ရောက်စေခဲ့ပါတယ်။
ကျောင်းတိုက်မှာ၊အလှစိုက်ထားတဲ့ပန်းတွေကို၊အမှတ်တရတင်ပေးလိုက်တာပါ။
Alinsett @ Maung Thura
June 2, 2015 at 7:16 am
ကြည်နူးစရာာာာာာ
သာဓု အခါခါ ခေါ်ဆိုလျှက်ပါဗျာာာာ
aye.kk
June 2, 2015 at 10:42 am
Alinsett @ Maung Thura
သာဓုအခါခါခေါ်ဆိုမှုအတွက်
အန်တီလှိုက်လှဲစွာဖြင့်ကြည်နှူးချမ်းမြေ့ဝမ်းမြောက်ပါကြောင်း…ပြောပြပါရစေ။
Ma Ma
June 2, 2015 at 9:32 am
သာဓု သာဓု သာဓု ပါ မအေးရေ။
ဆရာတော်ရဲ့ မျက်နှာဖူးရတာ စိတ်ချမ်းသာလိုက်တာ။
မအေးနဲ့ သီလရှင်ဆရာလေးတို့လည်း မျက်နှာ ကြည်လင်နေတာပဲ။
ငွေတောင်ဦးကမ္မဌာန်းရိပ်သာအကြောင်းကို မအေးတင်ပေးလို့ မြင်နေကြားနေရတာ တကယ်အေးချမ်းတယ်။ 🙂
ကိုပေါက်(မန္တလေး)
June 2, 2015 at 9:32 am
အမအေးရေ
အမည်နဲ့လိုက်ဖက်အောင်
အေးချမ်းသောနေရာလေးကို
တစ်ခေါက်ရောက်နေပြန်ပြီထင်ပါတယ်
Ma Ei
June 2, 2015 at 9:33 am
အမအေး ပေးဝေသောအမျှကုသိုလ်များကို ရရှိ၍စိတ်အေးချမ်းရပါတယ်…
ကျောင်းထိုင် ဆရာတော်ဘုရားကလဲ ကြည်ညိုဖွယ်ရာကောင်းလိုက်တာ…
လှပစွာဖူးပွင့်နေသည့်ဂမုန်းပန်း။ ဆိုတာလေးက နေဝန်းဂမုန်းပါ…နေဝန်း လဝန်း ဂမုန်း၂ မျိုးရှိတယ်..လဝန်းဂမုန်းက ပွင့်ဖတ်ဝိုင်းပါတယ်…အိမ်မှာလဲရှိပါတယ်…
သစ်ခွပန်းလေး၊ကြာပန်းတွေရော အမအေးရော လှနေတယ်…
aye.kk
June 2, 2015 at 10:36 am
Ma Ma
ကျေးဇူးပါ။
မမရဲ ့သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။
မမလည်းအခါအခွင့်သင့်တဲ့အခါ၊အလည်သဘောမျိုးနဲ့လာရောက်ခဲ့စေချင်မိပါတယ်။
ကိုပေါက်
ကျေးဇူးပါ။
တစ်ခေါက်ပြန်ရောက်ဖို့ကြိုးစားနေမိပါတယ်။
Ma Ei
ကျေးဇူးပါ။
ဆရာတော်ဘုရားကြည်ညိုဖွယ်ရာကေါင်းလှတာ၊အမှန်ပါ။
မအိပြောပြလို့ဂမုန်းပန်းအမည်လေးတွေသိရလို့ဝမ်းသာမိပါတယ်။
မအိလည်းဒီဘက်ဒေသရောက်ခဲ့ရင်၊ဝင်လည်ဖို့အတွက်ဖိတ်ခေါ်ပါရစေ။
အောင် မိုးသူ
June 2, 2015 at 11:25 am
သာဓု သာဓု သာဓု
lu lu
June 2, 2015 at 11:34 am
ကုသိုလ်မျှပေးတဲ့အတွက်
သာဓု အကြိမ်ကြိမ် ခေါ်သွားပါကြောင်းးး
🙂
ခင်ဇော်
June 2, 2015 at 11:35 am
သာဓု
သာဓု
သာဓု
aye.kk
June 2, 2015 at 12:51 pm
အောင်မိုးသူ,lu lu,ခင်ဇော်တို့အားလုံး
ကျေးဇူးပါ။
အသီးသီးသာဓုခေါ်ဆိုကြလို့၊အန်တီရင်ထဲကြည်နှူးဝမ်းမြောက်မိပါကြောင်း၊ပြောကြားလိုက်ပါရစေ။
padonmar
June 2, 2015 at 10:30 pm
သာဓုသာဓု သာဓုပါ.
ငွေတောင်ဦးကျောင်းက ချမ်းမြေ့ဆရာတော်ကြီးနဲ့ အဆက်အစပ်ရှိမယ်ထင်တယ်။
ကြာပန်းကို ပင့်ရိုက်ထားတာ လှလိုက်တာ။
ဒေါ် လေး
June 2, 2015 at 10:42 pm
သာဓု _/\_သာဓု_/\_သာဓု_/\_ပါ
အန်တီအေးက ဖူးစာ ထဲမှာတော့ ကိုယ့်ကိုကိုယ်
လှတဲ့အထဲ မပါတဲ့
လှတာမလှထက် ကျက်သရေ ရှိပြီး အေးချမ် တဲ့ မျက်နှာကို
ပိုင်ဆိုင်ထားသူပါ
aye.kk
June 3, 2015 at 8:55 am
padonmar
ကျေးဇူးပါ။
သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်၊
ချမ်းမြေ့ဆရာတော်ကြီးနဲ ့အဆက်စပ်ရှိတာအမှန်ပါ။
ငွေတောင်ဦးကျောင်းကဆရာတော်ကချမ်းမြေ့ကျောင်းမှာအရင်ကနေခဲ့ပါတယ်။
ကြာပန်းမြင်ရင် ဒေါက်တာပဒုမ္မာကို ကိုသတိရမိတယ်။။
ဒေါ်လေး
ကျေးဇူးပါ။
သာဓုခေါ်ဆိုမှုအတွက်ကြည်နှူးဝမ်းမြောက်မိရပါတယ်။
ဒေါ်လေးကိုလည်းမြင်ဘူးချင်မိပါတယ်။
kai
June 3, 2015 at 3:43 pm
ယပ်တောင်တွေမှာ.. ဘာစာမှမပါတာမို့..အံဩမိ..
မျက်နှာများအေးချမ်းလှပါ၏..။ ။