Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Real မော်ဒယ်လ်

. ဒီ ခေါင်းစဉ် တွေ ကို တပ်ပြီး နေရာ ဦးထားခဲ့တာ။
. လေးပုဒ် ဆက် မဖြစ်ဖြစ် အောင် လုပ်ထားတာ သူကြီးမင်း တော့ ရွာထဲ ကင်းလှည့် ပြီး တွေ့သွားပြီ။
ဒီ အရီး တော့ ဘာတွေ စတန့် ထွင်နေလဲ တွေးပြီး ပြန်ထွက်သွားလောက်ပြီ။

ဟုတ်ပါ့။ တမင် လုပ်ထားတာ ပြောချင်တဲ့ အကြောင်းရှိလို့ပါ။
အဲဒါကို မြ ရဲ့ သင်ပုန်း မှာ ပြောမယ်။
အခုတော့ ဟိုနေ့က ရေးမယ်လုပ်ပြီး မရေးဖြစ်လိုက်တဲ့ အကြောင်း ရေးပါ့မယ်။

. သောကြာနေ့က “ကလေး” ရဲ့ ကျောင်းမှာ (မိန်းကလေး ကျောင်း) စာသင်နှစ်တစ်နှစ်ပြီး ပြီ မို့ ဆုပေးပွဲ လုပ်တယ်။
ဆုပေးတဲ့ လူ က ကျောင်းအုပ်ဆရာမကြီး လဲ မဟုတ်။ ကျောင်း မိကျောင်းဖ ဂုဏ်သရေရှိသူများလဲ မဟုတ်။
အဲဒီကျောင်းက ကျောင်းပြီးလို့ လုပ်ငန်းခွင် တစ်ခုခု ထဲ မှာ အောင်မြင် နေတဲ့ ကျောင်းသူဟောင်း တစ်ယောက် ပါ။
တစ်နှစ် တစ်ခါ လူရွေးပြီး ဆုပေးဖို့ ဖိတ်ပါတယ်။
သဘောကတော့ လက်ရှိကျောင်းတက်နေတဲ့ မိန်းကလေး တွေ အားကျ အတုယူနိုင်ဖို့ Role Model အဖြစ် ပွဲ ထုတ်ပြ တဲ့ သဘောပါဘဲ။
ပထမ ကျောင်းနာယက ကြီး တစ်ယောက် က အဖွင့်ပြော၊ နောက် ကျောင်းအုပ်ဆရာမကြီး က ကျောင်းရဲ့ တစ်နှစ်စာ လုပ်ဆောင်ချက်များ ပြော၊ နောက် ဆုပေးပါတယ်။
ဆုပေးပြီးချိန်မှာ အဲဒီ ဆုပေးတဲ့ မိန်းကလေး က သူ့ရဲ့ ဘဝ ထဲ ကြိုးစားခဲ့ရပုံတွေ၊ ကျရှုံးမှု တစ်ချို့ တွေ၊ အောင်မြင်မှု များ တွေ နဲ့ လက်ရှိတက်ဆဲ ကျောင်းသူလေးများ ကို စိတ်ဓာတ်ခွန်အား ပေးတဲ့ မိန့်ခွန်း ပြောပါတယ်။
ဒီ နှစ် ပြောတဲ့ မိန်းကလေး က ဒီကျောင်း က နေ ကိန်းဘရစ်ချ်တက္ကသိုလ် မှာ ဥပဒေပညာရပ် ဆည်းပူး ခဲ့ပြီး လက်ရှိ ရှေ့နေ လုပ်နေသူပါ။
သူလိုက်ခဲ့ တဲ့ အမှု တစ်ချို့ အကြောင်း ကိုလဲ ဟာသလုပ် ပြောပြပါတယ်။
အခုချိန်ထဲ လဲ စာကျက်နေရတုန်းအပြင် အလုပ်အရေးကြီးချိန် စာအုပ်ပုံကြီးထဲ ညလုံးပေါက်နစ် နေရတဲ့ အကြောင်းလဲ ပြောတယ်။
တစ်ရက် အိပ်ရာထ နောက်ကျလို့ အဝတ်တောင် မလဲ နိုင်တော့ဘဲ ညဝတ်အကျီင်္ ကြီး နဲ့ အပြေးရုံး ကို အမှီ သွားရတာလဲ ပြောပြသေးတယ်။
တော်သေးတာပေါ့။ တရားရုံးမှာ ဝတ်ရုံ အမဲကြီးခြုံ ၊ ရုပ်ရှင်တွေထဲ တွေ့ဖူးတဲ့ ခွေလိပ်လိပ် ဆံပင် အတုကြီးစွပ် လိုက်ရတာမို့ ညဝတ် ပဂျားမား ရော၊ ဆံပင်စုတ်ဖွားပါ လူတွေ မမြင်တော့ဘူးပေါ့ တဲ့။

အဲဒီ မိန်းကလေး က ပညာတော်ရုံ တင်မက ချောလဲ အတော်ချောတယ် ခေါ်မယ်။
ဒါပေမဲ့ ကိုယ့်ရုပ်အဆင်း ကို ပြစားဖို့ ထက် ပညာနဲ့ ဝင့်ကြွားနိုင်ဖို့ ကို ကြိုးစားခဲ့တယ်။
သူ့ရဲ့ Speech ထဲ မှာ မှတ်မှတ်ရရ စွဲကျန် ခဲ့ တဲ့ စကားလုံး လေး က “Real Model” ဆိုတာပါဘဲ။

ဒါနဲ့ အိမ်ရောက်တော့ Role Model နဲ့ Real Model ဘာကွာလဲ ဟိုဟိုဒီဒီ ဖတ်ကြည့်ပြီး အဲဒီ စာတွေထဲ က ဆောင်းပါးလေး တစ်ပုဒ် ကို သဘောကျလို့ မျှပါရစေ။

အဲဒီ ဆောင်းပါးက မိန်းကလေးတွေ ကို ထက်ထက်မြက်မြက် နဲ့ ထိပ်တန်းရောက်စေနိုင်ဖို့ အားပေးထားတာပါ။
မိန်းမ တွေရဲ့ သဘာဝ က အလုပ်တွေထဲ မှာ ကိုယ်လုပ်နိုင်တာ ထက် နှိမ့်ပြီးနေတတ်ချိန် တစ်ဖက်က ယောကျာင်္းတွေက ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နိုင်သယောင် ဟန်လုပ်ထားနိုင်တယ်တယ်။
ဒါကြောင့်ဘဲ ယောကျာင်္းတွေ က ရှေ့ကို ပိုပိုပြီး ရောက်နေတာ မဆန်းဘူးပေါ့။
အဲဒီ ထဲမှာ စိတ်ဝင်စားစရာကောင်း တဲ့ Study လေးတစ်ခု အကြောင်းလဲ ပါတယ်။
အဲဒီ Study မှာ ဆွစ်ဇာလန် က ကျောင်းသား ၆၈ ယောက် နဲ့ ကျောင်းသူ ၈၁ယောက် ပါခဲ့တယ်။
အခန်းကျယ်ကြီး ထဲ က ပရိတ်သတ် အများကြီးရှေ့မှာ သူတို့ တစ်ယောက်ချင်းဆီ ထွက်ပြီး ကျောင်းလခ တွေ မြင့်လာတာ ကို ကန့်ကွက်ဆန့်ကျင်တဲ့ အကြောင်းပြောခိုင်းတယ်။
တစ်ချို့ မိန်းကလေး ပြောချိန်မှာ ပရိတ်သတ်ရဲ့ နောက် က နံရံ ပေါ်မှာ ဟီလာရီကလင်တန် ပုံတို့၊ ဂျာမဏီ ဝန်ကြီးချုပ် အန်ဂျယ်လာ ပုံတို့ ကို ပိုစတာ လို ထိုးပြီး ပြတယ်။
ဒီလိုဘဲ တစ်ချို့  ယောကျာင်္းလေး တွေ ပြောချိန်  ဘီလ်ကလင်တန် ပုံထိုးပြခဲ့တယ်။
. ပြောတဲ့ လူ က အဲဒီ ပုံ ကို မြင်ပေမဲ့ ပရိတ်သတ် ကတော့ မမြင်ဘူးပေါ့။
သူတို့ အားလုံးပြောပြီး ချိန် ပရိတ်သတ်ဆီက မှတ်ချက်တွေ ယူလိုက်တော့ ပိုစတာ ထိုးပြခံ ရတဲ့ မိန်းကလေး တွေ က ဘာမှ ထိုးမပြ တဲ့ မိန်းကလေး တွေထက် ပိုပြီး စကားကြာကြာ နဲ့  ချက်ကျလက်ကျ ပိုပြောနိုင်သတဲ့။
ယောကျာင်္းလေး တွေ ကျတော့ ပိုစတာ ထိုးပြပြ ထိုးမပြပြ ဘာမှ မထူး အားလုံး အတူတူ နည်းပါးဘဲတဲ့။
အဲဒီ Study ကနေ ကောက်ချက်ချလိုက်တာကတော့ မိန်းကလေး တွေ ဟာ သူတို့ ရှေ့မှာ Role Model တွေ ရှိနေ မြင်နေရရင် ပိုပြီး စိတ်အားတက်ကြွ ပြီး အစွမ်းပိုလာစေနိုင်တယ် ပေါ့။
ဒါပေမဲ့ ပြသနာ က ကမ္ဘာမှာ ရှေ့တန်း ထိပ်တန်းမှာ ရှိနေတဲ့ မိန်းမ နိုင်ငံ့ခေါင်းဆောင် တွေ၊ မိန်းမ စီးပွါးရေး လုပ်ငန်းရှင်ကြီး တွေ ရှားပါးမှုပါဘဲ။
အဲလို ရှားပါးမှုကြောင့် မိန်းကလေးတွေ နောက်ကျန်မနေရအောင် အတွက် နမူနာယူစရာ ဒိတ်ဒိတ်ကြဲ စံပြ Role Model  တွေ အစား   တွေ ကို လက်တွေ့မှာ စံပြု  Real Model တွေ ထားပြီး ကြည့်ကြပါ လို့ ဆောင်းပါးက တိုက်တွန်းထားတာပါ။
Real Model ဆိုတာ ဒိတ်ဒိတ်ကြဲ ထိပ်တန်း မတော်ပေမဲ့ သူ့နေရာ သူ့ အဖွဲ့အစည်း လေးမှာ စိတ်ဓာတ်ရေးရာ  မှာ ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်ရာမှာ ဖြစ်စေ တစ်နိုင်တစ်ပိုင် ကြိုးစားပြ နေသူ ကို ခေါ်တာပါတဲ့။
အနည်းဆုံး အိမ်က အမေ တောင် ပညာတတ် မဟုတ်ရင်နေမယ်။ စိတ်ထားဖြောင့်မတ် မှန်ကန် ပြီး ဘက်မလိုက်ဘဲ အိမ်မှုကိစ္စ နိုင်နင်း ရင်ကို သမီး တွေ ရဲ့  Real Model  ပေါ့။

ကဲ …..
လိုရင်း ကို ချုပ်ပါပြီ။
ဒီ ရွာထဲ မှာလဲ   အမျိုးသမီး တွေ အများကြီးပါ။
ကိုယ့်အိမ်၊ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့် အလုပ်နေရာ ထဲ မှာ
တစ်ခြားသူများ စံပြု ရမဲ့
စိတ်ထားမှန်ကန် မြင့်မြတ်သူ တွေ၊ ကိုယ်ကျင့်တရား လေးစားသူတွေ၊ အလုပ်တာဝန်ကျေသူတွေ၊ အကောင်းမြင်စိတ်ထား တတ်သူတွေ၊ ပညာ ကို စဉ်ဆက်မပြတ်ဆည်းပူး နေသူ တွေ၊
အဖြစ် နေပြ နိုင်မယ် ဆိုရင် ဒီလိုဘဲ တစ်ဆင့်စီ လက်ဆင့်ကမ်း ရင်း မြန်မာပြည်ထဲ က (ဒါမှမဟုတ် ကမ္ဘာ က) မိန်းကလေးများ အားကျ အတုခိုး နိုင်တဲ့ Real Model  အဖြစ် ရပ်တည် ပေးကြပါလို့ စ် …
ဒါမှသာ မျိုးဆက်သစ် မိန်းကလေး တွေ လမ်းမှား ကို အလွယ် နဲ့ အတုခိုး မမှားနိုင်အောင် ကာကွယ်ပေးပြီး ဖြစ်ပါမယ် လို့စ် …
တိုက်တွန်းရင်း နိဂျုန်းခုပ် လိုက်ပါရစေ။

ပုံ
. မြစာကလေး
ရီးရဲလ် မော်ဒယ် ရှေ့တန်းတိုက်စစ်မှူးဂျီး  😉

မှတ်ချက် – မိမိ တို့ မြန်မာမိန်းကလေး များ ကို တိုးတက် မြင့်မား စေလို သူတိုင်း ကမ္ဘာကတောင် စံပြထားတဲ့ “ဒေါ်အောင်ဆန်းစုကြည်” ကို အားပေးကြပါ။ ပံ့ပိုးကြပါ။ :-))))

15 comments

  • မြစပဲရိုး

    July 8, 2015 at 3:24 am

    . မြ ပြန်လာပြီး စာဖြည့် ပြီး။ :-)))

    • တောင်ပေါ်သား

      July 8, 2015 at 4:06 pm

      ၂၀၁၅ရွေးကောက်ပွဲကိုလာမဲ ့ နိုဝင်ဘာလ၈ရက် နေ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ် အသေးစိတ် ကိုနိုင်ငံပိုင်မီဒီယာတွေ ကနေ ဒီနေ့ညနေ ထုတ်ပြန်ဖို့ရှိပါတယ်။
      http://www.thithtoolwin.com/2015/07/blog-post_791.html

      • မြစပဲရိုး

        July 9, 2015 at 4:16 am

        Thanks Ko Myo. :-))

  • @QUIL@

    July 8, 2015 at 4:31 am

    အလယ်နားက Study ဆိုတာကြီးကိုပဲ ပြောပါ့မယ်။
    (ကျန်တာလည်း ကိုယ်နဲ့မှ မဆိုင်တာပဲ ကိုးး)

    အတော် ရိုးသားမှု မရှိတဲ့ Case Study ကြီးပါပဲ။
    တဖက် က ဒိတ်ဒိတ်ကျဲ ထိပ်တန်း ခေါင်းဆောင်ကောင်းတွေ ထုတ်ပြချိန်မှာ
    သည်ဘက်မှာ ထုတ်ပြစရာရှားလို့ …

    ဘောင်းဘီဇစ်ကို ပိတ်မထားနိုင်တဲ့ အမေရိကန် သမ္မတ အဖြစ် သမိုင်းတွင်မယ့်

    ဘီလ်ကလင်တန် ပုံများ ထုတ်ပြရတယ်တဲ့။
    ရလဒ်တွေ ကောက်ချက်တွေက မှန်အုံးမယ်.. မှန်အုံးမယ်… အားဂျီးဂျီး။

    P.S အဲ့စကားက ဆား ပြောတာမဟုတ်။ သူ့မိန်းမကိုယ်တိုင် တခါက မှတ်ချက်ပေးဖူးတာ။

    • မြစပဲရိုး

      July 8, 2015 at 4:39 am

      http://www.theguardian.com/women-in-leadership/2013/may/13/real-models-not-role-models

      သူတို့ ပြောချင်တာက မိန်းကလေး တွေ က Role Model နောက်ကို လိုက်တတ်ကြပြီး ယောကျာင်္း တွေ က Role Model ကို ဂရုမစိုက်တဲ့ ရလာဒ် လေ။
      မှန်ချင်မှလဲ မှန်မှာပါ။ ဒါပေမဲ့ ကိုယ် သိသလောက် ဆိုရင်လဲ ကျား တွေ မှာ Role model ထားတာ ရှားပါတယ်။ တကယ်လဲ မိန်းကလေး တွေ က များတာ။

      ကဲ ပြောကွယ်။ မင်းမှာ ရော Role Model ရှိဖူးလား။ ???? :-)))

  • ဇီဇီခင်ဇော်

    July 8, 2015 at 7:16 am

    ရှိတယ်။
    ရိုးမော်ဒယ်(လ) ရော
    ရီးရဲ မော်ဒယ်(လ) ရော။
    ပတနာက အများကြီးဖြစ်နေတာ။
    ခိခိ

    :mrgreenn:

  • kai

    July 8, 2015 at 7:34 am

    အဲလိုစံပြကနေ… ဆွဲတင်နည်းက ပိုအလုပ်ဖြစ်မှန်းသိလို့.. ရွာထဲ.. ထူးချွန်ဆုပေးပြီး… စလုပ်ကြည့်တာပေါ့..
    ဒါပေမယ့်.. ဆက်သွယ်ရေးလမ်းကြောင်းခက်ခဲသမို့.. မူလရည်ရွယ်ချက်နဲ့သိပ်မကိုက်ဖြစ်လိုက်ပဲ.. ဆုပေးပွဲလေးသာဖြစ်သွားပုံပေါ်ပါတယ်..။

  • nozomi

    July 8, 2015 at 8:18 am

    လူတွေက သူတို့ သဘောကျ အထင်ကြီး တဲ့ လူ ဆီ က အပြု အမှု လေး တွေကို ( တစ်ခါတစ်လေ မသိစိတ်က ) အားကျ အတုခိုးတတ်ကြတယ်

    မြန်မာစကား ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုတာလဲ နဲ့ ဆက်စပ်ရရင် သူ့ကိုလဲ ချစ်ခင် တဲ့သူတွေ အားကျ အထင်ကြီး တဲ့ လူတွေ လုပ်တာကို (အထူးသဖြင့်) လူငယ်တွေက လိုက်အတုခိုးကြတယ်
    ကောင်းတာအတုယူမိရင် ကောင်းတာတွေ ဖြစ်လာနိုင်ပေမဲ့ မကောင်းတဲ့ အပြုအမူတွေကျ အန္တရာယ်ပါရှိလာရော

    ဝန်ခံရရင် ကျနော်တောင် အရီးရဲ့ စေ့စပ်ညှိနှိုင်းခြင်း အနုပညာလေးကို အားကျအတုခိုးနေတာ
    အခုုထိတော့ အရီးခြေဖျားတောင် မမှီသေးပါဘူး

  • တောင်ပေါ်သား

    July 8, 2015 at 8:30 am

    အရီး အနော့်ရီးရဲလ်မော်ဒယ်က ဆရာငြိမ်းကျော် နဲ့ ဆရာကြီးမြသန်းတင့် ပြီးတော့ ကျနော့်အမေ

    သူတို့အရေးအသား သူတို့အားထုတ်မှု ၊

    ဒါပေမယ့် ခြေဖျားလေးနားတောင် မရောက်သေး

  • ဂျက်စပဲရိုး

    July 8, 2015 at 9:05 am

    role model, real model တွေ ရှိတော့ ရှိတယ်။
    တကယ် ရှိတဲ့ လူတွေရော စာအုပ်တွေထဲက ဇာတ်ကောင်တွေရောပေါ့။

    ခက်တာက အဲ့ဒီ မော်ဒယ်တွေဆီက မကောင်းတဲ့ အကျင့် ဘုကျတဲ့ အကျင့်တွေကြီးပဲ ကူးမိနေတာက ခက်နေတာ။

    ဗိုလ်ချုပ်အောင်ဆန်း တို့ ဆရာကြီး ရွှေဥဒေါင်းတို့ (စာအုပ်တွေထဲကဆို ဦးစံရှား တို့ သူတော်စိန် တို့ ဇော်ဟိတ် တို့ ပေါ့)
    အဲဒီလို လူတွေဆီကနေပြီးတော့ ဘုကျတာတွေ စကားကို ဘွင်းဘွင်းကြီး ပြောတာတွေ ကိုယ်မှန်တယ် ထင် ကျန်တာ ဂရုမစိုက်တာတွေ အဲ့ဒါတွေကို အတုလိုက်လိုက် ခိုးနေမိတော့

    ကိုယ်ကိုယ်တိုင်က သူတို့လောက် မတော်ဘဲ သူတို့လို လူ့ဂွစာ ကြီး ဖြစ်လာပါကရောလား… 😛 😛 😛

  • Ma Ma

    July 8, 2015 at 5:18 pm

    အထက်တန်းကျောင်းတက်တုန်းက ကိုယ့်အတွက် Role Model က ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ။
    တကယ့်လက်တွေ့ဘဝထဲဝင်တော့ Role Model က အဖေနဲ့ အကိုကြီး။
    ဒါပေမယ့် တကယ်လုပ်နိုင်လုပ်ဖြစ်တာက TTMY။ :k:

  • မြစပဲရိုး

    July 9, 2015 at 3:52 am

    ဇီကလေး
    အရီး မှာ Real Model အမျိုးသမီး ကြီး တစ်ယောက် ရှိတယ်။
    အရီး ရဲ့ သီးစစ် External Eaminer ပါ။
    . ဒေါ်ခင်သန်းတင် – အဲဒီတုန်း က ဒီဂျီ ခေါ်မှာပေါ့။ စာရင်းစစ်ချုပ်ရုံးက။ အပျိုကြီး။
    ရုပ်ရော ကိုယ်လုံးရော ခေသူမဟုတ်။
    ထက်သလားမမေးနဲ့။ တော်လဲတော်၊ မှန်လဲ မှန်၊ အလုပ်ကိုလဲ စေတနာရှိတယ်။
    ဒီလို မိန်းမမျိုး တွေ ဒီအချိန် လွှတ်တော်ထဲ ဝင်နေရမှာ။ အခု ဘာလုပ်ပြီး ဘယ်ရောက်နေတယ် မသိ။

    သူကြီး – ကျွန်မတို့ ပေးတာကလဲ ဆုလောက်သဘောဘဲ ဖြစ်နေတာ မဟုတ်လားလို့။

    ကိုနို – သများ ကို ချီးကျွေး ထားတာ ကျေးဇူးပါ။ ဟိ။ ဒါဟာတော့ အကြောင်းက နေ အကျိုး ဖြစ်လာတဲ့ သဘော။
    တကဲ့ ဇော် ပေါင်းများစွာ နဲ့ အလုပ်လုပ်ရတာများတော့ အလုပ်က သင်သွားတာ ထင်ရဲ့။
    . နောက် တစ်ချက် ကတော့ မိန်းမတွေ က ကျား တွေ ထက် ပိုပြီး စေ့စပ်ညှိနှိုင်းခြင်းကို လုပ်တတ်ကြတယ်။ မိခင်ဗီဇ ကြောင့်ထင်ရဲ့။
    ဒါကြောင့် အလုပ် တွေမှာ အသေးစိတ် Technical ပိုင်း တွေ ကို လုပ်တဲ့ ကျား တွေ ရဲ့ အပေါ်မှာ အုပ်ချုပ်သူ က မိန်းမ ဖြစ်ရင် ပိုကောင်းတယ်လို့ Study ရှိထားတယ် မှတ်တာဘဲ။

    ကိုမျိုး – နဲနဲ အရှိန်လေးပိုယူလိုက်ရင် မှီသွားမှာပါလေ။ ကိုမျိုးလဲ အရေးအသား ခေသူမှ မဟုတ်တာ။

    မောင်ဂျက် – စာများများ ဖတ်သူ ဆိုရင်တော့ ကြာရင် အဆိုးအကောင်း ခွဲလာနိုင်မှာပါ။ ဆိုးရင်တောင် တမင် ဆိုးချင်လို့ ကို ဆိုးတာ နေမှာ။
    ကိုယ်မှန်တာ ကို မဆုတ်ဘဲ ခေါင်းမာ မှလဲ တစ်ချို့နေရာ တွေ က အောင်မြင်ပါတယ်။
    ဒီတော့ မှန်တယ်ထင်ရင် ဒူးသာဒူးပါလေ။ မမှားလောက်ပါဘူး။

    ချစ်မမ – ရွာထဲ ဝင်လာဖို့ သများ ရဲ့ Real Model က မမ နဲ့ ဝေဝေ ပါ။ ဆူး နဲ့ တုံတုံ လဲ ပါပါတယ်။ အဲဒီ တုန်းက အစ်မဒုံ ကိုတောင် မသိသေး။

    ကပေါက်ကြီး – ဒါကြောင့် ဂန္တဝင်စာ တွေ ထွက်လာတာပေါ့။

  • Alinsett @ Maung Thura

    July 9, 2015 at 7:56 am

    .မော်ဒယ်ဆိုတာ ကိုယ်ဟန်ပြမယ်
    ကိုယ်ဟန်ပြသူဆိုပေမယ့်
    .ကောင်းသော တော်သော အရည်အချင်းရှိသော ကိုယ်ဟန်ကို
    အများကြည့်ရှုသူတွေအတွက် စံ နမူနာဖြစ်အောင် ပြသနိုင်သူလ်ို့ ယူဆနိုင်တာပေါ့နော်။

    အမေစုကတော့ တကယ့်မော်ဒယ်ပါပဲ။
    အမေစုလို မော်ဒယ်တွေ အများကြီး ရှေု့တန်း ထွက်ပေါ်လာစေချင်ပါတယ်။

  • Mike

    July 9, 2015 at 1:17 pm

    .က ျုပ်မတော့..ဘာ Model မှမရှိခဲ့ဘူးထင်တာပဲ..စဉ်းစားလို့မရ
    .ဒါကြောင့်လည်း ဘာမှဟုတ်တိပတ်တိဘဝမှာမပြောင်မြောက်ခဲ့…သာမန်ပဲ

Leave a Reply