. မြ ရဲ့ သင်ပုန်း ဝ၈-၀၇-၂၀၁၅
. မြ အမြန် ရေးရမည်။
မဟုတ်ရင် အိပ်ငိုက် တော့မည်။
ကိုယ့်အတတ်ကိုယ်စူး။ ကိုယ် စလိုက်တဲ့ ဇာတ်ကွကိုယ် သိမ်းရမည်။
မဟုတ်လို့ ဘာမှမရေးဘဲ ညဖက် မှာ ခေါင်းစဉ် တန်းလန်းထားခဲ့ လိုက်ရင်
ကိုယ်အိပ် နေချိန် မြ တစ်ယောက် စိတ်ဖောက် သွားပြီလားဟု
ရွာထဲ က လူများ စိုးရိမ်ကြတော့မည်။
. မြ သည် စည်းကမ်း ကို ပါပါးလေး ဖောက်ခြင်း အကြောင်း သက်သေပြရန် အကြံ ဖြစ်သည် မှာ ကြာပြီ။
အကြံဖြစ်ပြီး အကောင်အထည် မဖြစ်တာ တွေ လဲ ဆင့်ပြီး များလာသည်။
. မြန်မာစာ font မရှိ ပါက ပေါ်နေသည့် လေးထောင့်တုံး များ မပေါ်ဘဲ မူရင်းအတိုင်း ဖြစ်ရန် နမူနာပြ ပို့စ် ရေးပြရ မည့် အကြွေးလဲ ရှိသေးသည်။
. မြ သည် အဖွားကြီး ဖြစ်သော်လည်း အကြွေးများ ကို တော့ မမေ့တတ်ပါလေ။
ကဲ အခု တော့ စည်းဖောက်ခြင်း က အရင် ပထမပေါ့။
သူကြီးမင်း၏ မြောက်များစွာချထားပြီး သူ့ဟာသူ မေ့နေသော စည်းကမ်း များစွာ ရွာ ထိပ် တွင် ကပ်ထားသည်။
ဤ အထဲ တွင် မန်ဘာ အသစ် ကလေးများ မှ လွဲ၍ သိုးမဲလူဟောင်းကြီး တိုင်းနီးပါး သိသော အကြောင်းမှာ “တစ်နေ့ နှစ်ပုဒ်” ထက် ပိုမတင် ရဖြစ်သည်။
အားလုံး စည်းကမ်းလိုက်နာ ကြသည်။
ပိုတင်မိလဲ မော်မော်များ သတိပေး က Schedule ပြန် ထား သည်။
ဟုတ်ပြီ။
ဒီနေ့ (07-07-2015) တွင် တစ်နေ့ထဲ လေးပုဒ် ဆက်တိုက် တင်လိုက်သည်။
ဤ သည်မှာ စည်းကမ်းဖောက်ဖျက်ခြင်း လေလား။
မဖောက်ပါ။ နဲနဲ လေး မှ မဖောက်ပါ။
ဘာကြောင့် လဲ လူတိုင်း သိပေသည်။
. ရွာ ၏ စံချိန်သည် မြန်မာပြည် စံတော်ချိန် ဖြစ်သည်။
. မြ တို့ ရဲ့ ညနေပိုင်းရှိသေး။ မြန်မာပြည် စံတော်ချိန် နောက်တစ်ရက် ပြောင်းသည်။
ထို့ကြောင့် အကြီးကျံ သော မြသည် ဤသည် ကို အခွင့်ယူရန် ချောင်း လေတော့သည်။
မနေ့က စလို့ ကလေးကျောင်းပိတ်ပြီမို့ ညနေ ကျောင်းကြို ရန် မလိုပြီမို့ အိမ်စောပြန်နိုင်သည်။
အိမ်ရောက်တော့ မြန်မာပြည် သန်းခေါင် မတိုင် မှီ တွင် ပို့စ် ၂ပုဒ် တင်လိုက်သည်။
ပြီးပါက ညစာ စားမည်။ ထို့နောက် နောက် နှစ်ပုဒ် ထပ်တင်မည် ဟု စိတ်ကူးသည်။
သို့ရာတွင် ပထမ ပို့စ် ကို တင်ပြီး ဒုတိယ အပုဒ်ရေးဆဲ မောင်မောင်ကြောင် ရွာထဲ ဝင်လာသည်။
တစ်ချို့ ကို ရန်စ၊ တစ်ချို့ ကို ဗူးကျ လုပ်နေခဲ့သည်။
။တော်ကြာ သူ့ရဲ့ ဆဲဗင်း ဆဲဗင်း ရင်ခုံ သံ တွေ လာချ ပြရင် မြ ရဲ့ လေးပုဒ် ဆက် တင်ရေး စီမံကိန်း ပျက်တော့မည်။
ထို့ကြောင့် ခေါင်းစဉ် များ ကို သာ အရင် အပြေးအလွှား တင်လိုက်ရသည်။
ဆက်ရေးနေလို့ လဲ မဖြစ်။
ညနေစာ မချက် ဘဲ ကွန်ပျူတာရှေ့ ထိုင်နေတာ တွေ့ရင် အိမ်ပေါ်က ကန်ချ မှာလဲ ကြောက်ရသေးသည်။
ဘိုက်ဆာချိန် အချစ်ဆိုတာ မကပ်နိုင်မှန်း မြ တစ်ယောက် ကောင်းကောင်း သဘောပေါက်သည်။
ဒါတောင် ထမင်းတစ်အိုးတည် ပြီး သကာလ တစ်နေ့က ကျန်နေသော ငါးဟင်း ကို နွေးကျွေး တာ ဖြစ်သည်။
ဆယ်လမွန်ငါးဗူး က ငါးသလောက် အရသာ ပေါ်၍ ထမင်းရှင် သဘောကျ တာမို့ တော်ပေသေးသည်။
အမှန်တော့ သူသည် သူ့အမေ အိမ်တုန်းက မနက်ဟင်း ကို ပင် ညနေ မစားသူ ဖြစ်သည်။
ကိုယ့်လက်ထဲ ကျ မှ ပုံစံ မှန်ပေတော့သည်။
. ဘာဘဲ ဖြစ်ဖြစ် နောက်ဆုံးတော့ တစ်ရက် အတွင်း လေးပုဒ် တင်ရေး အစီအစဉ်ကြီး အောင်မြင်စွာ ပြီး ဆုံး လေသည်။
သူကြီး မင်း ၏ ရွာ့စည်း ပါးပါးလေး ဖောက်လိုက်နိုင်ပြီ။
. မြ တစ်ယောက်လဲ ညနေစာ ငါးသားလောက် အတု စားပြီး ငါးသားလောက်ပြုံးလေးပြုံး နေလေ၏။
6 comments
ဇီဇီခင်ဇော်
July 8, 2015 at 6:48 am
မြ ရယ်
မြ က ၄ ပုဒ် ၂ ရက် တင်တာ
ဇီ ဒီနေ့ ရုုံး နောက်ကျ သကွယ်…
မနက် က ပြီးးအောင် လိုက်ဖတ်နေလို့…
:mrgreenn:
တောင်ပေါ်သား
July 8, 2015 at 8:38 am
အဟင့် ရန်ကုန်မှာ ငါးသလောက် ရှားသွားပြီ အရီးရယ် ၊
ရှိလည်း ခပ်သေးသေးကွေးကွေးတွေ ၊
ငါးကြင်းလေး ငါးနုသန်းလေး ငါးဘဲအိုးကပ်လေးတွေနဲ့ပဲ . . . . . ၊
ငါးခူကလည်း မွေးမြူရေးငါးခူ ဗိုက်ဖြူဖြူမို့ ငါးခူပြုံးတောင် မပြုံးနိူင် ၊ 🙁
လုံမလေးမွန်မွန်
July 8, 2015 at 11:37 am
၄ ပုဒ်ကို တစ်ရက်တည်း ဘိုရေးလဲဟင်.. ဒီမှာ တစ်လတစ်ပုဒ်တောင် စဉ်းစားမရ.. 🙂
ကိုပေါက်(မန္တလေး)
July 9, 2015 at 12:13 am
ကျနော်က တော့ ရွာထဲကို အခုရက် ညပိုင်းမှ ဘဲဝင်နိုင်တယ်
နေ့ဆိုရင်ဖုန်းနဲ့ဝင်ရ တာ တင်ရတာအဆင်မပြေ
ညဆိုရင် ကွန်ပြူတာနဲ့ဝင်လု့ ရတယ်
အဲတော့ ညမှဘဲ တင်တော့ တယ်
အရင်လို တစ်ရက် နှစ်ပုဒ်လဲ မတင်ချင်တော့ဘူး
ရေးလက်စ ရေးပြိးသား က အပိုင်းခွဲလိုက်ရင် ဆယ်ပုဒ်စာလောက်ရှိမယ်
ဒါပေမယ့် အစ အဆုံးပြီးအောင်ရေးပြီးမှာဘဲ တောက်လျောက်တင်တော့မယ်
မြစပဲရိုး
July 9, 2015 at 3:25 am
ဇီရေ့
နိုဝင်ဘာ မတိုင်ခင် နာမည် စာရင်းထဲ က ပျောက်မှ ဖြစ်မယ်။
မဟုတ်လို့ နောက်လှည့် သွားရင် ဒွတ်ခ။ (ခွက်ဒစ် – ညီမသဲ)
ဒီ ဆိုက် ကြီး လဲ ဘလက်လစ် သွားနိုင်လယ်။ သိဝူလား။ 😉
ကိုမျိုး
ငါးကြင်းလေး ငါးနုသန်းလေး ငါးဘဲအိုးကပ်လေးတွေ ကို ပိုကြိုက် တာ။
အရင်တုန်း ကလဲ ငါးသလောက် သိပ်မကြိုက်ဘူး။
ဒီမှာတော့ ရေချိုငါး မစားရပါ။
လုံမ
. ရေးချင်စိတ်ရှိ ရင် ရေးစရာ တွေ ခေါင်းထဲ အလိုလို ရောက်လာတာကော။
အဲဒါတွေ ဥ ဥ ထားရတာ ဆိုးတယ်။
လက်မသွက် တော့ စာရတာ အချိန်ကုန် လှ တယ်။
. မောင်အံ အတွက် အရီး ပြောခဲ့တဲ့ နည်း သုံးပါဆိုတာကို။
ကပေါက်ကြီး
သများ တော့ အရှည်ကြီး မရေးနိုင်။
စာရိုက်တာ နှေးတာကို စိတ်ပျက်တယ်။
. နောက်ဆို အသံသွင်းပြီး တင်လို့ ရရင်ကောင်းမယ်။
:-)))
Mike
July 9, 2015 at 11:49 am
.ဆွဲ…ဆရာရေ…အဲ…ဆရာမရေ
.စာရေးချင်စိတ် ကိုမပေါ်လာလို့ ကွန်မန့်ပဲလိုက်ပေးနေရတယ်…တခါတခါတော့
.နာလဲ..“ကြီးမိုက် သင်းပုန်း” ထလုပ်ရင်ကောင်းမားလို့.. :))