ဘိတ်သိတ်
ကျေးဇူးပြု၍ ဘိတ်သိတ် ပန်းဟု ခေါ်ပါ။
တနေ့က ဝါဆိုသင်္ကန်း ကပ်တယ် … အမေ ဈေးက ပန်းဝယ်လာတယ်။
မနေ့က ပွင့်တယ်။ ထိပ်ဆုံးပွင့်တဲ့ အပွင့်ကို စင်ပေါ်ကချ
ဆက်တင်ချိန်လို့ ရိုက်ရင်း နှက်ရင်း အောက်က ပုံတွေ ထွက်လာကြောင်းရယ်။










ဆက်တင် အကြမ်းဖျဉ်း ကတော့
၁၊ စာကြည့် မီးအုပ်ဆောင်း
၂၊ ဟန်းဖုန်း
၃၊ လက်နှိပ်ဓာတ်မီး
၄၊ ရီဖလက်တာပြား
၅၊ တီဗီ စခရင်
၆၊ ခရစ်စမတ်မီး
၇၊ ထရိုင်ပေါ့
စတာတွေကို သင့်သလို သုံးပြီး ရိုက်ခဲ့ပါတယ်။
အဲ့သည်လောက်ပါပဲ….။
P.S ယနေ့ သည်အခက် မှာ ၄ဖူးရှိတဲ့အနက် ၃ပွင့် ပွင့်သွားပြီ
အရောင်မတူသော နောက်ထပ် ၂ခက် ကျန်သေးတာမို့… နောက်နေ့တွေ
နောက် ၂ခက်က ပွင့်လတ္တံ့သော အပွင့်များ ထပ်မံ ရိုက်ပြီး တင်ပါဦးမည် ဖြစ်ကြောင်း။
9 comments
ဇီဇီခင်ဇော်
July 8, 2015 at 8:49 am
ဒါ နာ့ ရဲ့ လီလီတွေ ကို သက်သက် နှိမ်တာ။
😥
တူ့ လီလီတွေက ပိုလှတယ်လို့ ကြွားတာ။
😥
@QUIL@
July 8, 2015 at 12:57 pm
နီညိုရောင်တွေ ရှိသေးသဗျ….
ခူးပြီးသားထက် ပန်းခင်းထဲ သွားရိုက်ချင်တာ …
တနေ့နေ့ပေါ့….
မရိုက်ရတာကြာတဲ့အထဲ Natural Fog ပါတဲ့ ပုံမျိုး ဆိုပါတော့..
Shwe Ei
July 8, 2015 at 10:17 am
-နှင်းဆီပန်း အမိုက်ဆုံး..
-ပန်းထိမ်ငိုလဲ သဘောကျတယ်..
-ဒီတစ်ခုကတော့ ပန်းကိုက ဆက်စီ မဖစ်တာ 😛
မြစပဲရိုး
July 9, 2015 at 4:00 am
ဘိသိတ်ပန်း မို့ ဆက်မစီ နိုင်ဘဲ ခန့်ခန့်ကြီး နေနေရတာ နေမှာ ချွေ၏ ရဲ့။ lol:-)))
တောင်ပေါ်သား
July 8, 2015 at 1:00 pm
လှသဗျာ ၊ ကျုပ်တော့ ရိုက်တတ်ဘူး ၊
Ma Ma
July 8, 2015 at 6:20 pm
လှပ့ါ။
ပန်းကလည်း လှ၊ ဒါ့ပုံကလည်း လှ။
နာမည်ကြီးသလောက် မွှေးသလားတော့ မသိဘူး။
ဒီက မျိုးရင်းမဟုတ်ပဲ ဒီမှာစိုက်လို့ရတာတောင် မကြာသေးဘူးထင်တယ်။
aye.kk
July 8, 2015 at 9:34 pm
လှတယ်
ဘိတ်သိတ်ပန်းရဲ ့အလှကို၊ဝတ်ဆံတွေကအစ
ပွင့်ချပ်လွှာတွေတခုခြင်းစီကိုလှအောင်ရိုက်ပြထားနိုင်တော့ပိုလို့
ဘိတ်သိတ်ခေါ်လို့ရအောင်ပန်းကပိုလို့အသက်ဝင်သွားသလိုပါပဲ။။
@QUIL@
July 8, 2015 at 9:54 pm
သည်ပန်းတွေက လှတယ်ဆိုတာထက် မွှေးတယ်ဗျ….
သူ့အနံ့က စံပယ်ပန်းလိုမျိုး သင်းသင်းလေး..
နှင်းဆီပန်းအနံ့ကမှ ကြာလာရင် အီလည်လည် ဖြစ်လာသေးတယ်
ဘုရားစင်ဘေး ပီစီထားသုံးတာဆိုတော့ အနံ့သင်းသင်းနဲ့ အတော် နေလို့ထိုင်လို့ အဆင်ပြေတယ်ဗျ
အသစ်ထပ်ပွင့်လာတဲ့ နောက်အခက်တွေ (အဖြူတွေ) ပွင့်လွှာတွေက သည်ထက် ပိုပိန်ပြီး ရှည်တယ် အနံ့ သိပ်မရှိဘူး…..
ရိုက်ရတဲ့အခက်အခဲ ကတော့ တပွင့်တပွင့်ကို လူမျက်နှာလောက် ရှိတာမို့…
တပွင့်ခြင်းစီ သီးခြား ရှင်းထုတ်ပြီး ရိုက်ရတာမှာ နေရာကျယ်ကျယ် ပိုလိုတာပါပဲ။
နောက်ထပ်ထူးခြားတာတခုက သူက ပွင့်ပြီး တပါတ်လောက် နေရင် မညှိုးခင် ပွင့်လွှာတွေ အချပ်လိုက် အချပ်လိုက် ကြွေကျတာပါပဲ။
Mike
July 9, 2015 at 11:40 am
.မွှေးသောပန်းဘိတ်သိတ်ပေါ့