Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလင်းခြုံတဲ့ သတင်း Zone – 45

alinsettJuly 9, 20152min5293

 

 

အခုတစ်ပါတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ …တင်ပြပေးမယ့် သတင်းတွေကတော့ …

  • အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျ သတ်မှတ်လိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရ သတင်းများ ၊

  • လွှတ်တော်အတွင်းအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သတင်းများ ၊

  • ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယစစ်တပ်အကြီးအကဲတို့ရဲ့ သတင်း၊

  • အငြင်းပွါးဖွယ်ရာ ဖြစ်နေတဲ့ ရွှေတိဂုံစေတီ အနီးက ဒဂုံ စီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက်သတင်း၊

  • 7 July အထိမ်းအမှတ် အခမ်းအနားကြီးကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပကြတဲ့သတင်းနဲ့..ကျောင်းသားများရဲ့ နိုင်ငံအရေး ပညာအရေး တက်ကြွလှုပ်ရှားမှုသတင်းများ၊

  • အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးဆုံး ရေကာတာ စီမံကိန်းတစ်ခု ဖြစ်လာမယ့်  မိုင်းတုံရေကာတာ စီမံကိန်းနဲ့ သံလွင် ရေကာတာ စီမံကိန်းများနဲ့ ဒေသခံတို့ရဲ့ အခြေအနေသတင်း၊

  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)တို့ တွေ့ဆုံပြီး နိုင်ငံအရေး ဆွေးနွေးကြတဲ့ သတင်းများ၊

  • ဝေဖန်မှုများ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့သတင်း၊

  • မြန်မာပြည်ရဲ့ ကျေးလက် ဒေသများ ဖွံ့ဖြိုးရေး-အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ကူညီမယ်ဆိုတဲ့ သတင်း၊

  • ထားဝယ် အထူး စီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်း လှုပ်ရှားမှု သတင်းများ…

  • US မှာ ပြုလုပ်မယ့် မြန်မာတို့ရဲ့ ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများအပါအဝင်…

  • ထူးခြား သိမှတ်ဖွယ်ရာ သတင်းများကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇူလိုင် ၉ ။

ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တုို့အရ ၁၃၃ရ ခုုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၅ ခုုနှစ် နုိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုုံဒီမုိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုုပ်မည်ဖြစ်ကြောင်း မြန်မာအစိုးရက မီဒီယာတွေကနေ သတ်မှတ်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး ရက်အတိအကျ သတ်မှတ်ကြေညာပေးလိုက်တဲ့အပေါ် US အနေနဲ့ ကြိုဆိုကြောင်း US နိုင်ငံခြားရေး ဌာက တုန့်ပြန်စကား ဆိုပါတယ်။

US အနေနဲ့ မြန်မာပြည် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှု အကူအညီတချို့ ပေးနေကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းများကို ထောက်ပံ့ကူညီတဲ့ အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေကို US အစိုးရက ပံ့ပိုးပေးနေပြီး ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီနောက် မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Carter Center ကလည်း မြန်မာနိုင်ငံတွင်းမှာ Carter Center ရဲ့ လုပ်ငန်းစဉ်တွေကို ဩဂုတ်လ (၁) ရက်နေ့မှာ တရားဝင် စတင်လုပ်ဆောင်တော့မယ်လို့လည်း သိရပါတယ်။

Carter Center ရဲ့ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကို ဩဂုတ်လ (၁)ရက်နေ့မှာ စတင်ရာမှာ US ၊ ဥရောပ၊ အာဖရိက စတဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူ အယောက် (၅၀) လောက် ပါဝင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကိုတော့ ဇူလိုင်လ (၂၀) ရက်နေ့ကနေ စတင် တင်သွင်းရမှာ ဖြစ်ပြီး ဩဂုတ်လ (၈) ရက်နေ့ထိ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မဲဆွယ်စည်းရုံးမှု ကာလကိုတော့ ရက်ပေါင်း ၆ဝ အထိ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၈ ။

လွှတ်တော်အတွင်းအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အချက်တွေထဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အခွန်ကောက်ခံခွင့်တွေကလွဲပြီး ကျန်တဲ့ ဝန်ကြီးချုပ်ခန့်အပ်ခွင့် ဥပဒေ… ကိုယ်စားလှယ် ရုပ်သိမ်းခွင့်နဲ့ နိုင်ငံတော်သမ္မတ ဖြစ်ခွင့် စတာတွေ ရှုံးနိမ့်သွားကြောင်း သိရပါတယ်။

အဆိုပါ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ ကန့်ကွက်သူ ကိုယ်စားလှယ်တွေက များခဲ့တာကြောင့် အဓိကပြင်ဆင်ဖို့ ဆွေးနွေးတာတွေ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်ပေါင်း ၆၃၃ ယောက် ရှိတဲ့အနက် ကိုယ်စားလှယ် ၄၀ဝ နီးပါးကသာ အဆိုပါ ပြင်ဆင်ချက်တွေကို ထောက်ခံကြပြီး ၄၇၅ မဲ ရရှိမှသာ ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။

အခုလို ဥပဒေ ပြင်ဆင်ချက်အားလုံးနီးပါး ရှုံးနိမ့်သွားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အရင်ပြဌာန်းချက်တွေအတိုင်းပဲ ဆက်လက် အသက်ဝင်နေတော့မှာဖြစ်ကြောင်း သိရှိလိုက်ရတဲ့နောက်မှာ နိုင်ငံအရေး စိတ်ဝင်စားသူ မြန်မာပြည်သူများရဲ့ ဝေဖန်ပြောဆိုမှုတွေ များစွာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၈။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယစစ်တပ်အကြီးအကဲ Dalbir Singh ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်လည်ပတ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ နှစ်နိုင်ငံ နယ်နိမိတ် – နယ်စပ်ဒေသရှိ သောင်းကျန်းသူများအရေး အပါအဝင် နှစ်နိုင်ငံ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ် Narendra Modi နဲ့ ကာကွယ်ရေးဝန်ကြီး Manohar Parrikar အပါအဝင် အဆင့်မြင့် အိန္ဒိယအစိုးရအရာရှိများနဲ့ တွေ့ဆုံဖို့ရှိကြောင်းလည်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၈။

အငြင်းပွါးဖွယ်ရာ ဖြစ်နေတဲ့ ရွှေတိဂုံစေတီ အနီးက ဒဂုံ စီးတီး အိမ်ရာ စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အစိုးရဘက်က တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ အထင်ကရ ပုံရိပ် ဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး ထိခိုက်မှာကို ရဟန်းရှင်လူ ပြည်သူတွေ စိုးရိမ်နေကြပြီး၊ ဗိသုကာ ပညာရှင်တွေရဲ့ ယူဆချက်အရ ဒီစီမံကိန်းကြီး အကောင်အထည်ဖော်တာနဲ့ ထိခိုက်လာမှာတွေကို ထောက်ပြတဲ့ အကြံပြုချက်များကို အခြေခံပြီး ၊                     တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကပါ အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ တောင်းဆို လာတဲ့အတွက် ဖျက်သိမ်းပေးဖို့ ကြေညာလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

အခုလို ကြေညာလိုက်တာဟာ အပြီးသတ် ရပ်စဲလိုက်တာ ဖြစ်တဲ့အတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေရဲ့ နစ်နာမှုကိုတော့ ညှိနှိုင်းဆောင်ရွက်နေဆဲလို့ သိရပါတယ်။

ရွှေတိဂုံ စေတီကို ထိခိုက်နို်င်တယ် ဆိုတဲ့ မြေကြော သက်ရောက်မှု ယူဆချက်တွေဟာ             သင်ခန်းစာယူစရာ ဖြစ်တဲ့အတွက် နောက်ထပ် ပြုလုပ်လာမယ့် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာတော့ ဒီအချက်တွေကို ထည့်သွင်း စဉ်းစားသွားမယ်လို့လည်း အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ရ ။

စစ်အစိုးရလက်ထက်က တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး             ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ 7 July အထိမ်းအမှတ် အခမ်းအနားကြီးကို ဇူလိုင်လ ရ ရက်နေ့က ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းမှာ ကျောင်းသားတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

ဒီလ ဇူလိုင် ရ ရက်နေ့မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် 7 July အခမ်းအနားကို                ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းက သမဂ္ဂအဆောက်အအုံနေရာမှာ ပြုလုပ်ရာ ခွင့်ပြုချက်တစုံတရာ ကြိုတင် မယူထားတဲ့အတွက်ဆိုပြီး ရဲတပ်ဖွဲ့က သတိပေးခဲ့ပေမဲ့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မြေနေရာရှေ့ထိ ချီတက်သွားခဲ့ပါတယ်။

ကျောင်းသားတွေဟာ ချီတက်နေစဉ်မှာ ‘ ‘ ဒီမိုကရေစီပညာရေး သပိတ်လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများ ပြန်လွှတ်ပေးရေးနဲ့                                                    လွှတ်တော်တွင်းမှာ နေရာယူထားတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်း အမြန်ဆုံး ဖယ်ရှားပေးရေးတွေကို ကျောင်းသားတွေက ထပ်မံတောင်းဆို လိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှေ့မှာ အခုလို ဆန္ဒထုတ်ဖော် စုဝေးခဲ့ကြတဲ့ ကျောင်းသားတွေဟာ ခွင့်ပြုချက် ကြိုတင်တောင်းခံထားခြင်း မရှိတာကြောင့် ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့ ရှိကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ထံက ပြောဆိုကြေညာလိုက်ပါတယ်။

အဲ့ဒီနောက် ဇူလိုင် ရ ရက် အခမ်းအနား အပြီးမှာပဲ တကသခေါင်းဆောင် ကိုဇေယျာ အပါအဝင် ကျောင်းသား ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဆီးသွားပြီ ဖြစ်ကြောင်း ကျောင်းသား သမဂ္ဂဘက်က သတင်းထုတ်ပြန်ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ရ ရက်နေ့မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် 7 July အမှတ်တရနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပြင် မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ မြို့အသီးသီးမှာလည်း အနှံ့ အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ရ ။

အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးဆုံး ရေကာတာ စီမံကိန်းတစ်ခု ဖြစ်လာမယ့်                    မိုင်းတုံရေကာတာ စီမံကိန်းနဲ့ သံလွင် ရေကာတာ စီမံကိန်းတွေဟာ ပဋိပက္ခဖြစ်ပွားရာဒေသများအတွင်းမှာ တည်ရှိနေတာကြောင့်ဆိုပြီး စီမံကိန်းတွေ အကောင်အထည်ဖော်မှာကို အရပ်ဘက်လူမှု အဖွဲ့စည်းတွေက ကြေငြာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

မြန်မာပြည်တွင်းက ပဋိပက္ခဖြစ်ပွားနေရာ ဒေသများအတွင်း တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ အဆိုပါ စီမံကိန်းများဟာ ဒေသလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုများ ဖြစ်ကြောင်း သံလွင်ထိန်းသိမ်း ကာကွယ်ရေး ကွန်ယက်၏ ကြေငြာချက်အတွင်းမှာ အရပ်ဘက် လူမှုအဖွဲ့စည်းပေါင်း ၁၂ဝ ကျော် ပါဝင်ထောက်ခံလိုက်တာ ဖြစ်ပါတယ်။

သံလွင်မြစ်ပေါ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းတွေထဲမှာ မိုင်းတုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး EIA ၊ SIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနဲ့ လူမှုအကျိုးစီးပွားသက်ရောက်မှုတွေကို ဆန်းစစ်လေ့လာမှုများ မပြုလုပ်သေးရသေးဘဲနဲ့ တည်ဆောက်ရေး ပြင်ဆင်မှုတချို့ စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စီမံကိန်းနဲ့ ပတ်သက်ပြီး လူမှုအခြေပြုအဖွဲ့စည်းများရဲ့ ခန့်မှန်းချက်အရ စီမံကိန်းတွေ အကောင်အထည်ဖော်တာနဲ့ သောင်းနဲ့ ချီတဲ့ ဒေသခံတွေဟာ နေရပ်ပြောင်းရွှေ့မှုများ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။

မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းဟာ တောင်ကြီးမြို့မှ အရှေ့ဘက် ၁၉၅ မိုင်ခန့်အကွာ မိုင်းပန်မြို့နယ်နဲ့ မိုင်းတုံမြို့နယ်အကြားမှာ တည်ရှိပြီး ထိုင်းနိုင်ငံမှ EGAT Co., ltd ၊              တရုတ်နိုင်ငံမှ China Three Gorges Corporation တို့ ရင်းနီးမြှုပ်နှံမှုများ ပြုလုပ်ထားတဲ့အပြင် မြန်မာကုမ္ပဏီဖြစ်တဲ့ UGE ကုမ္ပဏီနဲ့လည်း ပူးပေါင်းထားကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ စီမံကိန်းကနေ ရေအားလျှပ်စစ်မီဂါဝပ် ၇၀၀ဝ ထွက်ရှိမှာ ဖြစ်ပြီး ရရှိလာမယ့် လျှပ်စစ်ဓါတ်အား ၉ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံဆီ တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။

သံလွင်မြစ်အတွင်းမှာ ရေကာတာ စီမံကိန်းများ အဆက်မပြတ် အကောင်ထည်ဖော်လာခြင်းနဲ့ တပြိုင်နက် သံလွင်မြစ်အောက်ပိုင်း မြစ်ဝှမ်းတလျှောက်မှာ နေထိုင်လျက် ရှိတဲ့ မွန်တိုင်းရင်းသားများရဲ့ လူနေမှု ဘဝတွေဟာ မြစ်ကြောင်း ပြောင်းလဲတာနဲ့အမျှ ထိခိုက်မှုများ ရှိလာနိုင်တာကြောင့် ဒေသခံများ စုစည်းပြီး ရေကာတာ စီမံကိန်းတွေကို ကန့်ကွက်သွားမယ်လို့ သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ရ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုမင်းကိုနိုင် အပါအဝင်                ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)နဲ့ တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးများ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိပေမဲ့ ဒါဟာ အရေးပါတဲ့ တွေ့ဆုံမှု ဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ ထုတ်ဖော်ပြောဆိုပါတယ်။

ဆွေးနွေးမှုတွေအပြီးမှာ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ ဆိုတာဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောဆန္ဒ ပေါ်မှာ မူတည်နေတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် ပြည်သူလူထုရဲ့ သဘောဆန္ဒ ကို ဖြည့်ဆည်းပေးမယ့် ဦးစီးချုပ် တစ်ယောက် လိုအပ် နေကြောင်း ပြောဆိုမှုတွေ ရှိလာပါတယ်။

NLD အနေနဲ့ အခုလာမယ့် ရွေးကောက်ပွဲကို ဝင်မယ် မဝင်ဘူးဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး   တိတိကျကျ ကြေညာပြီးတဲ့အခါမှာ ရွေးကောက်ပွဲအတွင်း NLD နဲ့ ၈၈ မျိုးဆက် ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ အချက်အလက်တွေ ထုတ်ဖော် ပြောဆိုဖို့ ရှိကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ရ ။

မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိဖို့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေမှာပါ တာဝန်ရှိကြောင်း                                       ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်တဲ့ မဲစာရင်းတွေဟာ တနိုင်ငံလုံးအနှံ့မှာ ၇၀% ကျော်ထိ မှားယွင်းမှုတွေ ဖြစ်နေပါတယ်။

မြန်မာပြည်မှာ မကြာခင်လပိုင်းကပဲ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးခဲ့ပေမဲ့                                     အခုလို အခြေခံမဲစာရင်းတွေ စတင်ထုတ်ပြန်ရာမှာတော့ မဲဆန္ဒရှင် အမည်ကျန်ခြင်းများ၊               နာမည်၊ မိဘနာမည် မှားယွင်း လွဲချော်ခြင်းများ၊ မွေးနေ့ရက်စွဲများ မှားယွင်းမှု ၊ နိုင်ငံသားစိစစ်ရေးကဒ် နံပါတ် မှားယွင်းမှု ၊ သေဆုံးပြီးသူတွေ ပါလာပြီး သက်ရှိထင်ရှားတွေ မပါဝင်မှု၊ ထောင်ကျနေသူများနဲ့ တိုင်းတပါးသားခံယူသွားသူများ ပါဝင်နေမှု… စတဲ့ မှားယွင်းမှုတွေ အကြီးအကျယ်ဖြစ်နေတာကြောင့် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတဲ့အပြင် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

အဲဒီနောက် မဲဆန္ဒစာရင်း မှားယွင်းမှုတွေဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ပြင်ဆင်တာတွေ လုပ်ဆောင်ဖို့                                      အစိုးရ အတိုက်အခံပါတီ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။

NLD ပါတီဘက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး   မဲစာရင်း- စိစစ်စစ်ဆေးမှုတွေ လုပ်နေတဲ့အပြင် …..       မဲဆန္ဒရှင်စာရင်း မှားယွင်းလွဲချော်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ NLD ပါတီ ခေါင်းဆောင်များဟာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

မဲဆန္ဒရှင် စာရင်း အမှားအယွင်းတွေကို ရွေးကောက်ပွဲ မကျင်းပမီ နောက်ဆုံး အတည်ပြု ထုတ်ပြန် ချိန်ထိ ပြင်ဆင် စိစစ်ရေးများ လုပ်ဆောင်သွားမယ်လို့ NLD ပါတီက ဆိုပါတယ်။

NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ အမှားပြင်ဆင်ချက်တွေကို အချိန် တိုးမြင့် ဆောင်ရွက်ပေးမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က သဘောတူခဲ့ကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ရ ။

မြန်မာပြည်သူ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း ဝေဖန်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဇူလိုင်လ ရ ရက်နေ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများနဲ့ အခြားသာသာဝင် ယောက်ျားများ လက်ထပ်တဲ့အခါ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများကို အကာအကွယ်ပေးနိုင်ဖို့အတွက် အဆိုပါ ဥပဒေကို ပြဌာန်းတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ဥပဒေအတွင်း မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်တဲ့ ယောက်ျားတို့ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေဆက်ဆံခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သားသမီးထိန်းသိမ်းခြင်း စတဲ့ အခွင့်အရေးများကို မျှတစွာ ရရှိခံစားနိုင်ရေးအတွက် ထိရောက်တဲ့ကာကွယ်မှုများ ပေးနိုင်ရေးကို ရည်ရွယ်ပြီး ပြဌာန်းရတာလို့ ဆိုပါတယ်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုထဲက                                       ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို မကြာခင်က အတည်ပြုပြဌာန်းခဲ့ပြီး ၊              အခုတစ်ခါ မြန်မာဗုဒ္ဒဘာသာမိန်းများ ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၅ ။

မြန်မာပြည်ရဲ့ ကျေးလက် ဒေသများ ဖွံ့ဖြိုးရေးအတွက် အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ US သန်း ၄၀ဝ ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။

မြန်မာပြည်အတွင်းက မြို့နယ်ပေါင်း ၆၂ ခုထဲက လူဦးရေ ရ သန်း အတွက် မရှိမဖြစ် လိုအပ်နေတဲ့ အခြေခံ အဆောက်အဦများနဲ့ လူမှုရေး ဝန်ဆောင်မှုများကို ဖြည်းဆည်း ပေးစေချင်တဲ့အတွက် အခုလို ကူညီမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ဖော် ပြောဆိုပါတယ်။

အဆိုပါ ထောက်ပံ့မှု အစီအစဉ်အရ ငွေကြေး ရံပုံငွေ ရရှိ ကြမယ့် မြို့နယ် ၊ ကျေးရွာ အုပ်စု အသီးသီးရှိ ဒေသခံများ ကိုယ်တိုင်ကလည်း ကိုယ့်ရပ်ရွာအလိုက် ပညာရေး၊ လမ်းတံတား၊ သောက်သုံးရေ စတဲ့ ဒေသတွင်း လိုအပ်ချက်တွေကို ကိုယ်တိုယ် ဖော်ထုတ်ပြီး ငွေကြေးကို ကိုင်တွယ် အသုံးပြုရမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံတွေက ဆိုပါတယ်။

အခုလို ထောက်ပံ့လိုက်တဲ့ ငွေတွေဟာ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တဆင့် အောက်ခြေ ကျေးရွာတွေဆီ ရောက်လာလိမ့်မယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်တွေဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁ရ အထိ –                           ၃ နှစ် စီမံကိန်း ဖြစ်ပြီး ၃ နှစ် အတွင်း ရရှိလာမယ့် အကူအညီတွေကို ‘ ‘ပေးကားပေး၏ မရ’’ ဆိုတာလို မဖြစ်ရလေအောင် မြန်မာ အစိုးရ အာဏာ ပိုင်အဆင့်ဆင့် အနေနဲ့ ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ လို့ မေးခွန်း ထုတ်နေကြပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၅ ။

ထားဝယ် အထူး စီးပွားရေးဇုန်အတွင်း ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းပြီး ရင်းနှီး မြှုပ်နှံမှုတွေ အညီအမျှ ထည့်ဝင် လုပ်ဆောင်သွားမယ့်အရေး သုံးနိုင်ငံ သဘောတူ လက်မှတ်ရေးထိုးမှုကို တိုကျိုမြို့မှာ ပြုလုပ်လိုက်ကြောင်း သိရပါတယ်။

တပြိုင်နက်ထဲမှာပဲ ထားဝယ် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက်နဲ့                မြန်မာပြည်ရဲ့ စီးပွားရေး အခြေခံ အဆောက်အဦးများ အဆင့်မြှင့်တင်ရာမှာ သုံးစွဲဖို့                       အတိုးနည်း ချေးငွေ (US ဒေါ်လာနဲ့ဆို ၈၁၂ သန်း ကျော်နဲ့ ညီမျှတဲ့) ဂျပန် ယန်း – ဘီလျံ ၁၀ဝ နီးပါး ကိုလည်း ထုတ်ချေးဖို့ ဂျပန်အစိုးရ က ကတိပြုလိုက်ပါတယ်။

အဆိုပါ ချေးငွေထဲက ဒေါ်လာ ၃၃၄ သန်းခွဲကို စွမ်းအင် ထုတ်လွှတ်မှု ကဏ္ဍ အဆင့် မြှင့်တင်ရေးမှာ သုံးမယ်လို့ သိရပြီး ရန်ကုန်မြို့ရှိ မီးရထားလမ်းများ အဆင့်မြှင့်တင်ရာမှာ လည်း ဒေါ်လာ သန်း ၂၀ဝ ကျော် အသုံး ပြုမယ်လို့ ဆိုပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သာသနာ့ရောင်ခြည်ကျောင်းတိုက် တည်ရှိရာ 11844 Cherrylee Dr., Ei Monte CA 91732 မှာ ဇူလိုင်လ ၁၂ ရက် မနက် ၁ဝ နာရီတွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ ကျင်းပမှာ ဖြစ်ပြီး ဇူလိုင်လမွေးနေ့ရှင်များရဲ့ စုပေါင်း အလှူပွဲလည်း ကျင်းမယ်လို့ သိရပါတယ်။

မြန်မာမိတ်ဆွေများ ကြရောက်ပါဝင် ကုသိုလ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – (626) 454-4203 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့၊ ရတနာ့ဗိမာန်ကျောင်း ၊ 4415 Union Church Road, McDonough,GA 30252 မှာ ဝါဆိုသင်္ကန်းကပ်လှုပူဇော်ပွဲ၊ ရဟန်းခံ ရှင်ပြုအလှူတော်နဲ့ ဘုရားအနေကဇာတင်ပွဲတို့ကို ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

အဆိုပါ ကုသိုလ်တော်ပွဲကို ဇူလိုင်လ ၁၂ ရက် မနက် ၁၁ နာရီမှာ စတင် ကျင်းပမှာ ဖြစ်တာကြောင့် ဓမ္မမိတ်ဆွေ မြန်မာမိသားစုများအနေနဲ့ ကြွရောက်ပါဝင် ကုစိုလ်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

အသေးစိတ် သိရှိလိုသူများအတွက် ဖုန်း – 770 – 676- 7169 ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟေးဝပ်ဒ်မြို့ရှိ မုဒိတာရွှေကျောင်း တည်ရှိရာ 27695 Leidig Ct, Hayward, CA 94544 မှာ ရွှေသိမ်တော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပမယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ စတင်ကျင်းပမယ့် အဆိုပါ သိမ်တော် ရေစက်ချပွဲကိုလည်း မြန်မာမိတ်ဆွေများ ကြွရောက်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ မြန်မာဗုဒ္ဓဘာသာကျောင်းတိုက်၊ 6612, Brass Rd, Jamestown, NC 27282 မှာ

ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်မှုနဲ့အတူ ဒုလ္လဘ ရဟန်းခံ အလှူတော်ကို ဇူလိုင်လ ၂၅ ရက် စနေနေ့ မနက် ၁၁ နာရီမှာ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာမိသားစု ဓမ္မမိတ်ဆွေအပေါင်း ကြွရောက် ပါဝင် ကုသိုလ်ယူနိုင်ပါကြောင်း ဖိတ်ခေါ်ထားတဲ့အတွက် ဖုန်း (336)882-5012 / 847-4462 ကို အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

Untitled-1

 

 

 

 

 

 

 

 

 

 

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားဆင်နိုင်ပါကြောင်းးးး

 

 

 

3 comments

  • ဇီဇီခင်ဇော်

    July 9, 2015 at 1:47 pm

    ဒီနေ့ပဲ ယပ်တောင် ကြိုက်တဲ့ လူဂျီးက
    ဟို သွားလေသူကြီးကို လွမ်းလို့ သူတက်ခဲ့တဲ့ Singapore ဆေးရုံက တစ်ဆင့် လိုက်တော့မဲ့ သတင်းလေး ရော တင်ပေးပါအူးးး
    :mrgreenn:

  • မြစပဲရိုး

    July 10, 2015 at 12:40 pm

    ဆက်ဆက်
    တက်ကဆီ ဆွဲ နေလို့ လား။ ငြိမ်နေရတဲ့ အကြောင်း သတင်း ရေးပါဦး။

    • Alinsett @ Maung Thura

      July 10, 2015 at 5:17 pm

      ဟုတ်ပါ့ဗျားးးး။
      ည Taxi မောင်း
      နေ့ဘက်မှာ လက်ခံထားပြီးသား သတင်း အလုပ်တွေလုပ်
      အိပ်ချိန်က နေ့လည် ၁၂ လောက်ကနေ ၃ ခွဲလောက်အထိပဲ လို့ ပြောရမလို ဖြစ်နေပြီ။
      စာရေး စာဖတ်ဖို့ အချိန် လူမှုရေးရာ အချိန် မရှိသလောက် ရေးချ မရှိသလောက်

      😥

Leave a Reply