Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပန်းခြံထဲက အသီး (ဓါတ်ပုံပိုစ်)

ပန်းခြံထဲက အသီး (ဓါတ်ပုံပိုစ်)

ပြီးခဲ့တဲ့သင်္ကြန်မှာ အဲပန်းခြံထဲရောက်တော့

 

အပင်စိမ်းစိမ်းလေးမှာအသီးနီနီလေးတွေမြင်တော့ စတော်ဘယ်ရီသီးမှတ်နေပါတယ်။

အနားကပ်ကြည့်မှာ စတော်ဘယ်ရီမဟုတ်။

မေးကြည့်တော့ ပိုးစာသီး လို့ ပြောပါတယ်။

စားလို့ရပါသတဲ့။

1 အသီးနီနီ
1 အသီးနီနီ

2IMG_3717 [1024x768]

2 တစ်ချို့ကခြောက်သွားပြီ

3 ရွက်ဝါနဲ့အတူ
3 ရွက်ဝါနဲ့အတူ
4ပြွတ်နေအောင်သီးတာပါ
4ပြွတ်နေအောင်သီးတာပါ
6 ပို်းစာတော
6 ပို်းစာတော

 

ပြီးခဲ့တဲ့ရက်က အဲ့ဒီပန်းခြံကိုနောက်တစ်ခေါက်ရောက်တော့

ကလေးလေးတွေလက်ထဲမှာအသီးလေးတွေကိုင်ထားတာတွေ့ရပါတယ်။

အောက်မှာလဲအသီးကြွေတွေအများကြီး။

သစ်ပင်ပေါ်မော့ကြည့်လိုက်တော့လဲအများကြီး။

စားရတယ်လို့သိလိုက်ပေမယ့် ဘာသီးမှန်းတော့ မသိခဲ့ရဘူး၊

6မြေခကြွေ
6မြေခကြွေ
7 အကုန်လုံးကြွေကျ
7 အကုန်လုံးကြွေကျ
8 ကောက်သူမရှိ
8 ကောက်သူမရှိ
9နှစ်ကိုယ်ယှဉ်တွဲ
9နှစ်ကိုယ်ယှဉ်တွဲ
10 ရဲသုံးဖော်
10 ရဲသုံးဖော်
11 စုံ
11 စုံ
12 ဇွတ်
12 ဇွတ်

 

ကဲ …………………

 

ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ

 

12-7-+20015

17 comments

  • မြစပဲရိုး

    July 13, 2015 at 5:06 am

    ကပေါက်ကြီး “6မြေခကြွေ” တွေက နှင်းသီး ဆိုပြီး ရန်ကုန် မှာ ရောင်း တယ် လို့ ထင်တယ်။
    .ကြွေကျနေတာ နှမြောစရာ။
    သူငယ်ချင်း အိမ်မှာတောင် အပင်ရှိလို့ ကျွန်မတို့ ခူးစားနေကျ။

    ပိုးဇာသီး ကတော့ ဒီမှာ Raspberry ဆိုတဲ့ ဘယ်ရီသီး နဲ့ ဆင်ဆင်ဘဲ။ တူတော့ မတူဘူးထင်ရဲ့။ အရွက် က သိပ်မတူလို့။

    • အဲဒီနေရာက နှင်းသီးပင်တွေချည်းဘဲ

      ကလေးတွေကတော့ ကောက်စားကြတယ်

      ကျနော်လဲ ကောက်းစားကြည့်တယ် နည်းနည်း ဖန်သလိုဘဲ

      • မြစပဲရိုး

        July 13, 2015 at 9:23 pm

        ဟုတ်တယ် ကပေါက်ကြီး။ နဲနဲဖန် တယ်။ တော်တော်လေး ပန်းရောင်ရင့် မှ ချို တော့ တာ။

  • Alinsett @ Maung Thura

    July 13, 2015 at 8:45 am

    နှင်းသီးတော့ ကြိုက်တယ်။ အနံ့ရော အရသာပါ… စားကောင်းတယ်ထင့်…
    တစ်ခု သတိရသွားတာက… နှင်းသီး သိပ်ကြိုက်တဲ့ အိမ်မွေး အလှ ခွေးကြီးတစ်ကောင်အကြောင်း…
    အရင် အလုပ်ရှင် မွေးထားတာ….
    နာမည်က Rain လို့ ခေါ်ကြတာ…
    ကျနော်တို့ ခြံထဲက နှင်းသီး ခူးရင်..သူက လုစားဖို့ ချောင်းနေပြီ…
    ခူးပြီးသားတွေ အောက်နားမှ ပုံထားတာ…. လာလာ လုစားတာ..
    သူက နှင်းသီးမှ မဟုတ်…လိမ်မော်သီး ဖရဲသီး…ကအစ…. သစ်သီးတွေ တော်တော်များများကို မြိန်ရေရှက်ရေစားတတ်တာ…
    အဲ.. သကြားလုံးတောင်..ပလပ်ပလပ်နဲ့ စားသေး…

    • တိရိစာ္ဆန်ထဲမှာ ခွေးကလ ူနဲ့ အယဉ်ပါးဆုံး ထင်ပါတယ်

      လူစားသမျှ အကုန်လိုက်စားတတ်လို့ပါ အလင်းဆက်ရေ

  • Mike

    July 13, 2015 at 1:11 pm

    .ပိုးစာသီးက အဝါရောင်လည်းရှိတယ်မှတ်တာပဲ..
    .နှင်းသီးတွေကြွေနေတာအများကြီးပါလား..နှမြောစရာ..အဲ့မှာရောင်းမရဘူးလားမသိ

  • Ma Ei

    July 13, 2015 at 2:08 pm

    ပိုးစာသီးတွေ နှင်းသီးတွေ ခူးမယ့်သူ မရှိကြလားမသိ
    အများကြီးကြွေနေတာ မွှေးနေမှာဘဲနော်
    နှင်းသီးပင် စိုက်ချင်လို့ ဝေဝေ ဆီကနေ ကိုင်းတောင်းစိုက်သေးတာ
    အဖူးလေးတွေထွက်ပီးမှ သေသွားလို့ နှမျောနေတာ
    အဲ့လိုခြံလိုချင်လိုက်တာ

    • မ အိ ရေ

      ဒီပန်းခြံထဲမှာ အသီးတွေက အပင်ပေါ်မှာ ပြွတ်နေတာဘဲ

      ခူးသူမတွေ့

      လမ်းဘေးမှာပေါက်နေတဲ့ ပိန္နဲသီးကတော့ နည်းနည်းကြီးတာနဲ့ မရှိတော့

      အခု ရက် လမ်းဘေးအပင်မှာ သကြားသီး တွေ သီးနေပြီ

      မမှည့်သေးတော့ ခူးမယ့်လူ မရှိ

  • နှင်းသီးအနီက ပိုစားကောင်းတယ်… ရုံးမှာက အဖြူပင်ရှိတယ်.. ကြွေကျနေတာ နှမြောစရာကြီး…

  • လုံမလေးရေ

    အဲအပင်ကို အခု မှ မြင်ဘူးတာ

    အနီသီးပင်တွေဖြစ်ဘို့များတယ်

    အပင်ပေါ်မှာလဲ အများကြီး

  • sorrow

    July 17, 2015 at 2:23 pm

    ..ပိုးစာပင်က ပြင်ဦးလွင်မှာ အတော်များတယ်ခင်ဗျ ။ အရွက်နုလေးတွေက ပိုးချဉ်ထုတ်တဲ့ ပိုးကောင်ရဲ့ အဓိကအစားအစာ ဖြစ်နေတော့ နေရာအတော်များများမှာ စိုက်ပါတယ်ခင်ဗျ ။ ပိုးစာသီးက အနီအပြင် အနက်ရောင် အသီးပါရှိတယ် ဦးဦးပေါက်ရဲ့ ။ အနက်ရောင်အသီးက ပိုချိုတယ်ခင်ဗျ ။ အသီးဖျော်စက်ထဲ နွားနို့လေးထည့်သောက်ရင် အလွန်လတ်ဆတ်တဲ့ ထူးခြားတဲ့အရသာမျိုးရှိပါကြောင်း ။

    • စိုင်းရေ

      ပိုးစာသီးအနက်ဆိုတာ မှင်သီးလို့ခေါ်တဲ့ အသီးနဲ့တူလားမသိဘူး။

      အရသာချိုတယ်လေ

      ဟုတ်တယ်ဟုတ်

      • sorrow

        July 19, 2015 at 3:23 pm

        ဟုတ်ပါ့ ဦးဦးပေါက်ရေ .. စားပြီးရင် လျှာကအတော်ကြာအောင်မည်းနေတတ်တာမျိုး …

  • YE YINT HLAING

    July 17, 2015 at 2:49 pm

    ဦးပေါက် စတော်ဘယ်ရီပင်က နိမ့်နိမ့်လေးမလား?

  • ကိုရဲရင့်နိုင်ရေ
    စတော်ဘယ်ရီသီးက မြေကပ်ပေါက်တဲ့ အပင်ပါ

    ဟိုးအရင်ခေတ်က စာရေးဆရာတစ်ယောက်က ချစ်သူနှစ်ဦး စတော်ဘယ်ရီပင်အောက်မှာ

    ထိုင်ပြီးစကားပြောကြတယ်လို့ ရေးဘူးလို့ ဟာသ ဖြစ်ခဲ့ဘူးပါတယ်

  • Shar Thet Man

    November 23, 2018 at 1:15 pm

    ပုံလေးတွေမြင်ရဘူး

Leave a Reply