. မြ ရဲ့ သင်ပုန်း ၁၂-၀၇-၂၀၁၅
ဒီနေ့ လဲ မြ သင်ပုန်း ရေးဖို့ ချော်ပြန်ပြီ။
မှင်စာကောင်လေး ရဲ့ ဆွဲထုတ်လိုက် တဲ့ “သဂျီး နှင့် သူ၏ ဗြုတ်စဗျင်းတောင်းများ” များ ထဲ က တစ်မျှင် ကို လိုက်ဆွဲဖို့ ဖြစ်သည်။
သူ ရည်ရွယ်ပြောသော အကြောင်းထဲ က မဟုတ်သည်က တစ်ကြောင်း၊ တစ်ရာ ရှာနေသော မြသည် နှစ်ခါရရန် အကြံဖြစ်သည် က တစ်ကြောင်း ဤ သင်ပုန်း ကို ကြားဖြတ် ရေးလိုက်ပေသည်။
. မြသည် disturb လုပ်ရန် အလွန်လွယ်၏။
{ ဒီအကြောင်းကတော့ … ဘားမန်းပြည် ဒမိုခွေစီ ရမှ ဖြစ်စေ ကျုပ်တို့တွေ စီဂျေ ကတ်တွေ ရပြီ ဆိုတော့မှ ဆက်ပြောတာပေါ့ဗျာ။} တဲ့။
ခုဆို ချက်ခြင်း ရမှ ဟူ၍ သိပ်စိတ်မရှည်သော မြ သည် ပြောရန် အကွက် ပေါ်ပြီ။
တကယ် တော့ ပြောမည်၊ ပြောမည် ကြံတာ ကြာပြီ။
အာရုံ သိပ်မရ ၍ဖြစ်သည်။
အခု တော့ အာရုံ မပေါ်၍ မဖြစ်တော့။
{တိုးတာတွေကတော့ ခုရှိတဲ့ရေးအားနဲ့ဆို.. လိုပါ့မလား..တွေးနေမိ…။} တဲ့။
ဒါက သူကြီးမင်း ရဲ့ ဝန်ခံချက် ဖြစ်သည်။
ရွာထဲ ခြောက် ခြောက်နေတာ၊ ပုံမှန် ရေးအား နည်းလာတာ အားလုံး သိသည်။
ဘာကြောင့် လဲ။
. ရွှေပြည်ကြီး ၏ ကိုးနက်ရှင် နှိပ်စက် ၍ လည်း ဖြစ်သည်။
သူကြီးမင်း ရွာ ကို ဂရုမစိုက် ၍ လည်း ဖြစ်သည်။
ရွာ ကို ဂရုမစိုက် ဟု ပြောသည် မှာ ရွာထဲ စာရေးသူများ ကို ဂရုမစိုက်ဟု ဆိုလိုရင်းဖြစ်သည်။
အပြင်မှ ကိုးနက်ရှင် ကောင်းရသူများ အတွက် စရိတ် က မထောင်းသာ။
အထဲ မှ ဝင်ရန် ခက်သည်။
ခက်ခက် ကို လိုချင်လွန်းလို့ ဝင်တာ ၂၀ဝကျပ် ထက် ပို၍ ကုန်နိုင်သည်။
ထို အတွက် အသိအမှတ်ပြုမှု တစ်ခု တော့ လုပ်ပေးသင့်သည်။
အိမ်တွင် ရွှေအမျိုး များ၏ ကြွားလုံး များ ကို တစ်ခါတစ်ရံ စိတ်တိုပြီး ဝေဖန် ကဲ့ရဲ့ လွန်း ၍ အနီးကပ်လူ မှ “ပစ္စည်းမဲ့” ဒေါသဟူ၍ ပြောခံရဖူးသည်။
လူ ကို ကွန်မြူနစ်နီးပါး စွပ်စွဲခံရခြင်းဖြစ်သည်။
ဒါကို မခံနိုင်၍ ကွကိုယ် အတင်း မွှန်းပြခဲ့ ရဖူးသည်။
၁၆ နှစ် ၁ဝတန်း အောင်တော့ အဖွား ဆီက စိန် နားကပ် ရတာကို မပန် ခဲ့ ဘဲ စကော့ဈေးထဲ က အတု ဖန်စီလေးတွေ ကို ပို မြတ်နိုးတာ မရှိ လို့ မဟုတ်ကြောင်း။
. ယောကျာင်္း မှီပြီး LV တွေ ကို ထည်လဲ ကိုင် တာထက် ပညာ တတ်ပြီး ကိုယ့် ခြေထောက်ပေါ်ရပ် နေ နိုင်တာ ပို ဂုဏ်ယူကြောင်း စသဖြင့် cat cat လန် (cd – cat) ပြန်ပြောမှ ပါးစပ်ပိတ်သွားသည်။
ဤ အကြောင်းပြောသည်မှာ ကြွားဖို့ မဟုတ်။
သူများချမ်းသာ နေတာ ကို မနာလို လို့ လဲ မဟုတ်။
အလုပ် မလုပ်၊ ပညာမရှိဘဲ ချမ်းသာ ကာ စိတ်ဓာတ် အောက်တန်းကျ အောက်ခြေလွတ် နေသူ များ ကို ကြည့်မရ၍ ဖြစ်သည်။
လူတန်းစားညီ ဖို့ လူတွေ ရဲ့ ချမ်းတာ ဆင်းရဲ ကို အတင်း လိုက်ညှိ လိုသည့် စိတ်ဓာတ် မရှိ တာတော့ သေချာသည်။
ကိုယ့် အရည်အချင်း ရှိပြီး ပညာရှိသူ အလုပ်ကြိုးစား သူ ချမ်းသာ တာ ဘယ်လောက် ချမ်းသာ ချမ်းသာ လက်ခံသည်။
ထိုသို့ ချမ်းသာ စေရန် အားပေးဖို့ လိုသည် ကို ထောက်ခံသည်။
အလုပ် မလုပ် လို့ ဆင်းရဲ တာ ကို ဝေဖန်ပြီး အလုပ်လုပ်ကြရန် လဲ ပံ့ပိုးပေးရန်လိုသည်။
သို့သော် အလုပ်လုပ်ပြီး ချမ်းသာ သူ နှင့် အလုပ်မလုပ် ဘဲ ဆင်းရဲ သူ တစ်ပြေးညီ ရှိနေသင့် သည် ဆိုသည်မှာ မှားယွင်း သည် ဟု ထင်သည်။
အရင်းရှင် ဆန် သည် ဟု ပြောရင်လဲ လက်ခံမည်။
ဤ တွင် လိုရင်း ရောက်၍ ပြောမည်။
ရွာထဲတွင် မန်ဘာပေါင်း သောင်းချီ ရှိသည် ဟု သူကြီး မင်း ဝင့်ဝင့်ကြီး နှုတ်ခမ်းမွှေး သပ် ပြောလေ့ ရှိသည်။
ထိုကြောင့် ထို လူသောင်းပေါင်း ကို စီဂျေကဒ် ထုတ်ပေးဖို့ အတွက် တွန့်ဆုတ် နေခြင်း ဖြစ်နိုင်သည်။
ဤ နေရာတွင် မြ ၏ ယုံကြည်မှုစနစ် ကို ရှေ့တန်းထား ပြောမည်။
ရွာထဲ အမြဲတမ်း တာဝန်ယူ ၍ စည်အောင်ကြိုးစားနေသော သူများ ကို သတ်မှတ် ရွေးထုတ်ပြီး သာ စီဂျေကဒ် ထုတ်ပေးသင့်သည်။
ထိုကဒ် ၏ နောက်တွင် တာဝန်များ၊ ရပိုင်ခွင့်များ တွဲ ပါစေရမည်။
စီဂျေ ဖြစ်သူသည်လည်း တာဝန် ယူနိုင်မှ သာ အခွင့်အရေး ယူရမည်။
မဟုတ်ဘဲ မယူရ။
ထိုကိစ္စ ကို “ဘားမန်းပြည် ဒမိုခွေစီ” မရခင် တွင်ပင် “တာဝန်များ၊ ရပိုင်ခွင့်များ” အများ စုပေါင်း ဆွေးနွေးပြီး အကောင်အထည် ဖော်နိုင်သည်။
အကယ်၍ မည်သူမျှ စိတ်မဝင်စားပါကလည်း “မြ” သည် တစ်ကိုယ်တော် စီဂျေ တာဝန်ယူမည်။
Supply & Demand အရ တစ်ပုဒ် ကို ပွိုင့် တစ်ထောင် ပေးရမည်။
. မြ ကို “ချစ်တီး” ဟု သတ်မှတ် သူ သည် မြ ၏ ရန်သူ ဖြစ်ပေလိမ့်မည်။ lol:-))))
8 comments
ဒေါ် လေး
July 12, 2015 at 10:47 pm
ရွာထဲမှာ ခြောက်ကပ်နေသည်မှာ အမှန်ပင်ဖြစ်သည်
ရှိပြီးသား သံယောဇဉ်ဖြင့် အဝိုင်းလေး လည်နေသည်ကို
စိတ်ရှည် သီးခံရပေါင်းများလှပြီ ဖြစ်သည်
သဂျီး ပေးသည့် ပွိုင့် များကို စိတ်မဝင်စား စာပေ ဗဟုသုတ များကို
ဖတ်ရ ရေးသည် အရေးကြီး၏ စာရေးတတ်သူများ
ရွာထဲ စာလာရေး ရန် မဲဆွယ်စည်းရုံး ရမည်မှာ သဂျီး တာဝန်ဖြစ်သည်
ဟီဟီး
ကိုပေါက်(မန္တလေး)
July 12, 2015 at 10:57 pm
ကိုလတ်ကြီး
နေ့စဉ် နေ့ တိုင်း ဒီလို တစ်ရက် 2ပုဒ် တင်ဘို့ မျော်လင့်နေပါတယ်
@QUIL@
July 12, 2015 at 11:14 pm
သဂျီးဆိုက် ပရုတ်လုံးလို လုံးပါးပါးနေတာ ကြာပေါ့..
ပုံမှန်ရေးနေသူတွေက ကော်နက်ရှင် မကောင်းလို့ ဝင်ရခက်
ဝင်ရခက်တော့ အရေးနည်း အရေးနည်းတော့ ကဏ္ဍမစုံ ။ ကဏ္ဍမစုံတော့
အဲသည်မှာ ဖတ်သူတွေ မန့်သူတွေ အဝင်ကျဲ… အဲ့သည်ကနေ negative loop စတင်လည်ပတ်
…
ဆိုတော့… သည်ကနေ့ခေတ်ထက် ကွန်နက်ရှင် အဆပေါင်းများစွာ ဆိုးတုန်း
စမတ်ဖုန်းတွေ ရှားတုန်းကတောင် စည်ပင်ဝပြောခဲ့သေးတာ…
ယခုလောက် ကော်နက်ရှင်က ဆိုးပေမင့် ရှေးက အနေအထားနဲ့ ယှဉ်ရင် လေးဘီးကားနဲ့ မာစီးဒီး…
အဲသည်တော့ ကောက်ချက်ချ… သဂျီး ရွာကို ပြစ်ထားတာကပဲ အကြောင်းရင်းခံ။
…
သဂျီးက ရွာကို ပြစ်ထားဆို…သူ့ မော့ဒ် တွေကလည်း တုတ်တုတ် မလှုပ်…။ ရှောကုန်ပြီလားမသိ။
ဒီအချက်က ကော်နက်ရှင် ဆိုးတဲ့အချက် နဲ့ သွယ်ဝိုက် ပတ်သတ်နေတယ်။
ဆင်နာရီယို တခုပြောရရင် မန်မာတယောက်က ရတဲ့ ကော်နက်ရှင်နဲ့ ကုတ်ကပ်ပြီး တက်လာတယ်။
ပိုစ့်ရေးတယ် ..ရေးတုန်း Lost connection ဆိုပြီး ဘယ်မှ ဆက်သွားမရဘူး။ အဝိုင်းလည်တယ် ။
သည်တော့ ကော်နက်ရှင်ကောင်းတဲ့အချိန်မှာ new post ထပ်ယူပြီး ပြန်ရေးရတယ်။
(စာကြမ်း ရှိသူတွေ copy/paste ရပေမယ့် တချို့ကျ အစဆုံး ပြန်ရေးရတယ်)
WordPress Plug-in တခုက new post ယူထားပြီး အချိန်တခုကြာရင်(၅မိနစ် ၁ဝမိနစ် စသည်)
auto save လုပ်သွားတယ်။ စာရေးတဲ့လူက သိချင်မှသိတယ်။ အပေါ်ကလို ကော်နက်ရှင်နှောက်ယှက်တဲ့ ကေ့စ်မျိုးမှာ
Draft ထဲမှာ ၁ပိုစ့် တကယ် Publish လုပ်တာ ၁ပိုစ့် နဲ့ ရှုပ်ကုန်ရော။
တချို့လည်း ဝင်ရ ရေးရခက်တယ် ဆိုပြီး ပိုစ့်မတင်ဖြစ်တော့ဘဲ အားလျော့ကုန်ကြရော..။
အနှီ ကိစ္စရပ်တွေ ဘယ်မောဒ့်မှ ရှင်းပြ အကြံပေးခြင်း မရှိ… မရှိ။ ကျန်သေးတယ်…လူရောင်ဆောင်ပြီး
ပိုစ့်အတုရေးတဲ့ Spam တွေ… အဲ့ဒါတွေလည်း ရှင်းမယ့်လူမရှိ။ တချို့များ ထိပ်ဆုံး စာမျက်နှာ တက်ပြီးကို ပေါ်နေတာ။
ခေါင်းစဉ်လေးတွေကလည်း စိတ်ဝင်စားစရာ…. လိုကယ် ဆက်စ် ချက်တင် တို့ ဘာတို့ …
အော်… မော့တွေ တေဘီ ဆိုတော့လည်း ကျိမယ့်လူ မရှိလို့ ဖြစ်မှာပါလေ….။
အဲ… အကုန်လုံး ဖေ့စဘုတ်ပေါ် ရောက်ကုန်လို့ ဆိုပြီး သဂျီးပြောမှာ မြင်ယောင်မိငဲ့။
ဟုတ်သင့်သလောက်ဟုတ်တယ် လို့ အတော်များများ ထင်မယ်။ တကယ်က မဟုတ်ဘူး။
ဘာကြောင့်တုန်းဆိုတော့ ပလက်ဖောင်း မတူဘူး။ ဖေ့စဘုတ်လည်း နေ့ချင်းညချင်း ပေါက်ထွက်လာတာမဟုတ်။
သူအားကောင်းမောင်းသန် နေခဲ့ နေဆဲ ကာလတွေတောင် ရွာထဲ စည်သေးတယ်။
အမာခံမန်ဘာ အများစုက ပီစီဖွင့်တာနဲ့ FB နဲ့ MG ကို အတွဲလိုက် ဖွင့်ကြတာများတယ်။
FB က သတင်းတွေကို ကိုယ်ပိုင် အပီနီယံနဲ့ ရွာထဲ လာရေးကြသလို ရွာထဲက အသစ် သိလိုက်ရတဲ့ တစုံတရာကိုလည်း
FB ပေါ်ပြန်ရှဲပြီး အပြန်အလှန် ပေါင်းကူးပြီး သုံးကြလေ့ ရှိကြတယ်။
ရွာက အဝင်အထွက်ကခက်။ လူကနည်းလာလေတော့ အင်တာနက်သုံးချိန် အများစုကို FB ပေါ်မှာပဲ ကုန်ဆုံးလေ့ရှိကြတယ်။
အဖြေက FB ကြီးကောင်းလွန်းလို့ MG မလာတာမဟုတ်ဘဲ .. .MG အဆင်မပြေလို့ သုံးလို့ရတဲ့အချိန်ကို မြန်တဲ့ စုံတဲ့ FB
ပေါ်မှာပဲ ကုန်ဆုံးလိုက်ကြတာ။
စီဂျေ ကိစ္စက သိပ် ဆက်ဆီ မဖြစ်ပါဝူးဗျာ….။
အဲ့ဘဲဂျီး ပြောတုန်းက အားပါးတရ ပြောပြီး အချိန်တန်ရင် ရူးချင်ယောင်ဆောင်နေလို့ အကွက်ဝင်တိုင်း လာလာရိနေတာပါ…။
အားးဟိ။
Alinsett @ Maung Thura
July 13, 2015 at 2:22 am
.မော့တွေကို သပ်ပျစ်သင့်ဒယ်
.မော့ဆိုတာ သေပီးသားရီးဟာကို ဟာပဲဟာကို
:k:
မြစပဲရိုး
July 13, 2015 at 5:15 am
. ကျေးဇူးပါ ဒေါ်လေး၊ ကပေါက်ကြီး၊ မောင်ဂီ နဲ့ ဆက်ဆက်။
. မော့ တွေ ကို ကျိန်း ထား၍ စိမ်းထားသည် မှင်စာလေး။
စုံးမ နှင့် မှင်စာ ရဲ့ ပွက်ပွက်ထ မှော်အိုး ကြီး တန်ခိုး နဲ့ ပယောဂ မှန်လျှင် တုံဆင်းလာကြစေကုန်သတည်း။
lol:-))))
ဇီဇီခင်ဇော်
July 13, 2015 at 9:12 am
၁) အပြင်က စာဖတ်နေသူတွေ တကယ်ရှိပါတယ်။ မန်ဘာအုန်းသီး မဟုတ်တဲ့ တကယ် အကျိုးဖြစ်တဲ့ ပို့(စ) တွေမှာ ရာချီအောင် ရှယ်တဲ့ စာဖတ်သူတွေတကယ်ရှိပါတယ်။
၂) ဒရပ်(ဖ) ကိစ္စက တဂျီး ကိုယ်တိုင် ဖျက်ချင်ဖျက်။ မဟုတ်ရင် မော့(ဒ) တစ်ယောက်ကို ဖျက်ခွင့်ပေးလိုက်ရင် ရပါတယ်။ ဒါမှမဟုတ် ပြည်ပက တင်နိုင်သူတွေက ဒရပ် ကို ယူသုံး ပေါ့။ ကျနော် ယူသုံးပေမဲ့လည်း ကျနော့ ရေးအားနဲ့ သုံးမကုန်ဘူးးး
၃) မဟုတ်တဲ့ ပို့(စ) တွေပါ ဖျက်ခွင့် ကို တစ်ယောက်ကိုတော့ ပေးလိုက်ပါ။ နို့မို့ ဆိုက် က ရုပ်ပျက်တယ်။ အပုပ်ချချင်သူတွေ ဝိုင်းနေချိန်မှာ တဂျီး ဒါကိုတော့ ဂရုစိုက်သင့်တယ်။
၄) ဘယ်ဘက်မှ မလိုက်ပဲ ပြောရင် အက်တစ် မဖြစ်တဲ့ မော့(ဒ) တွေ အများကြီးပဲ။
၅) ကက်တဂိုရီ က ချုံ့ရင် ပိုကောင်းတာပေါ့။ ဘာလို့ဆို ကက်တဂိုရီ အများကြီး မြင်ရတာ ဘယ်ရှာရမှန်းမသိဘူးးး။ ချုံ့လိုက်ဖို့ကတော့ ခေါင်းစဉ် ထပ်စဉ်းစား (အချောသတ်) ရမှာပဲ။
၆) နောက်ပြီး အောက်ဘက်က စာလုံးကြီးနဲ့ လင့်(ခ) တွေထဲက အပ်ဒိတ် မဖြစ်တာတွေ/ (ရသ/သုတ ပိုင်းဆိုင်ရာ) အကျိုးမဖြစ်တာတွေ အကုန်ဖြုတ်ပစ် သင့်ပြီ။ (အမုန်းခံပြီး ပြောနေတာနော်)
၇) စည်းကမ်းချက်ထဲက အပလီကေးဘယ် မဖြစ်တာတွေ ကို ပါ ဖြုတ်ပစ်လိုက်တော့ လိုက်နာရမဲ့ စည်းကမ်းတွေ တိတိကျကျ မြင်ရတာပေါ့။
ဆိုတော့ အလုပ်လုပ် ပါ တဂျီးးး နဲ့ မော်မော်များ
ခိခိ
:mrgreenn:
ငါ ကွ ခင်ဇော်
(ခွက်ဒစ် ကိုကိုကြောင်)
မင်း ခန့် ကျော်
July 13, 2015 at 9:18 am
အလုပ်သမားတွေတောင် တရက်လုပ်ခ ၄၀၀၀/-ကျပ်
ရအောင်တောင်းဆိုနေကြပါပြီ။
အရီးတောင်တာမလွန်။
မြန်မာပြည်က လူတွေဆိုရင်
အရီးတောင်းသလောက်ရဲ့နှစ်ဆ ပေးသင့်ပါတယ်။
သဂျီးတို့ဆီမှာလဲ အပေါင်ဆိုင်ရှိတယ်မို့လားးး
Mike
July 13, 2015 at 1:21 pm
.သူများတွေများ ပို့စ်တွေတင်နေတာတစ်နေ့နှစ်ပုဒ်..က ျုပ်မှာတော့ဘာရေးရမယ်အစရှာမြဘူး
:mrgreenn:
ငါ ကွ ကြီးမိုက်
(ခွက်ဒစ် အောင်ကြူ း)