ခင်ဗျားသာ…သေရင်…
အခု ကျနော် ကဗျာနှစ်ပုဒ်နဲ့ သီချင်းတစ်ပုဒ်ကို တို့ထိ ခံစားပြထားပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
နာမည် ကျန်နေရစ်မယ် – ဖြူဖြူကျော်သိန်း
===============================
သိုးတစ်ကောင် သေသွားခဲ့ရင် အကောင်းဆုံးအနွေးထည်နဲ့ ဟင်းတစ်ခွက်ပဲ…
သစ်တစ်ပင်သေသွားခဲ့ရင် ပရိဘောဂများနဲ့ ထင်း အသုံးဝင်ဆဲ…
လူတစ်ယောက်သာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ…
ခင်ဗျားသာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ…စပါးကြီးမွေ သေသွားခဲ့ရင် အကောင်းဆုံး ခါးပတ် ၊ ဖိနပ် ဆေးတစ်ခွက်ချန်ခဲ့ …
နွားတစ်ကောင်သေသွားခဲ့ရင် သားရေပြားချပ်များနဲ့ အသား အသုံးဝင်ဆဲ…
လူတစ်ယောက်သာ သေရင် ….
ဘာတွေ ကျန်နေရစ်မလဲ …
ခင်ဗျားသာ သေရင်… ဘာတွေ ကျန်နေရစ်မလဲ…
ခင်ဗျားတို့ ကျုပ်တို့ ခေါင်းချ သွားရင် ကောင်းကျိုး ဘယ်လောက်ထိ ပြုခဲ့သလဲ…
ဆိုးကျိုး ဘယ်လောက်ထိ မိုက်မဲသလဲ…
နာမည် ကျန်နေရစ်မယ်…
ဘယ်လောက်ထိ လောက အကျိုး သယ်ပိုးသလဲ…
ဘယ်သူ့အတွက် လောဘကြီးခဲ့သလဲ…
ကမ္ဘာအား ဘယ်လောက် ဒုက္ခပေးသလဲ…
နာမည် ကျန်နေရစ်မယ်…
နာမည် ကျန်နေရစ်မယ်…
နာမည်ကျန်နေရစ်မယ်…
.ဝေဖန်ခံရမှုတွေကြားထဲက ပန်းတစ်ပွင့်… ဖြူဖြူကျော်သိန်း …
သူမ သီဆိုထားတဲ့ သီချင်းတွေထဲကမှ မကြာသေးခင်က ထွက်ခဲ့တဲ့ သီချင်းခွေသစ် “နာမည် ကျန်နေရစ်မယ်”ဆိုတဲ့ စီးရီး..
အဲဒီ စီးရီးထဲကမှ Title သီချင်းဖြစ်တဲ့ ”နာမည် ကျန်နေရစ်မယ်”ဆိုတဲ့ သီချင်း ။
မိုးအေးအေးနဲ့ အဲဒီ သီချင်းလေး နားထောင်ဖြစ်တယ်ဆိုပါတော့ ။
သီချင်းရဲ့ သံစဉ်အသွားအလာနဲ့ အမျိုးအစား၊ ဆိုပုံဆိုပေါက်…စတာတွေကို ကျနော် သဘော အကျကြီး မဖြစ်မိ။
တနည်းပြောရရင်…
အဲဒီသီချင်းကို အသံအဖြစ် ကြားရခြင်းဟာ …. ကျနော့် ရင်ထဲ ထိ မသွားပါဘူး။
ဒါပေမဲ့ အဲဒီသီချင်းကို တစ်ခေါက် နားထောင်အပြီးမှာပဲ … ကျနော့် စိတ်ထဲ စွဲသွားတာက… သီချင်းရဲ့ စာသားတွေပါ။
ဒါနဲ့ပဲ … အဲဒီ သီချင်းကို ဖုန်းထဲကနေ နားကြပ်နဲ့ နားထောင်ပြီး ချရေးကြည့်မိတယ်ဆိုပါတော့ … ။
ချရေးပြီးတော့ အဲဒီ စာသားတွေကို ရွတ်ကြည့် ခံစားကြည့်ရင်းနဲ့… အော်…. မဆိုးဘူးပဲ…လို့ တွေးမိတယ်။
စာသားထဲက တစ်ခုခု (ကောင်းကျိုး) ”ရ”မယ်ဆိုရင် …အဲဒီ စာသားတွေကို ကျနော် ချစ်ပါတယ်။
ဒီ သီချင်းစာသားကို ခံစားမိပြီးကတည်းက…. ကျနော်သာ သေသွားခဲ့ရင်… သေပြီးတဲ့နောက်…
နာမည် ကျန်နေရစ်မယ် ဆိုရင်ပေါ့…..ကောင်းသော နာမည် ကျန်နေရစ်ဖို့ ကြိုးစားရဦးမယ်လို့…
လူတစ်ယောက်ရဲ့ နေခြင်းနဲ့ သေခြင်းဟာ သိုးတစ်ကောင်ရဲ့ သေခြင်းထက်…
နွားတစ်ကောင်ရဲ့ သေခြင်းထက်… ပို အသုံးဝင်တဲ့ သေခြင်း ဖြစ်ဖို့ လိုတယ် မဟုတ်လား။
ကိုယ့် ခန္ဓာအပုပ်အပွကြီးက လူ့လောကအတွက် ဘာမှ အသုံးမဝင်တော့ဘူးဆိုရင်တောင် ကိုယ့်နာမည်နဲ့ ကိုယ်စိုက်ပျိုးခဲ့တဲ့
အသီးအပွင့်တွေက နောက်လူတွေအတွက် အသုံးဝင်နေရစ်ရမှာပေါ့… ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီစာသားတွေကို မြင်/သိ/ခံစား အပြီးမှာ ကျနော့် စိတ်ထဲ ထပ်ဝင်လာတဲ့ စာသားတွေကတော့ …
.ဪ… လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။သင်၏မျိုးသား၊ စာစကားလည်း
.ကြီးပွါးတက်မြင့် ၊ ကျန်ကောင်းသင့်၏။သင်ဦးချ၍ ၊ အမျှဝေရာ
.စေတီသာနှင့် ၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း ..ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
(ဆရာ ဇော်ဂျီ)
ကိုလိုနီခေတ်တုန်းဆီက ဆရာဇော်ဂျီ ရေးစပ် သီကုံး ထားရစ်ခဲ့တဲ့
”သင်သေသွားသော်”ဆိုတဲ့ ကဗျာမှန်း စာပေမိတ်ဆွေအားလုံး
သိပြီးသား မဟုတ်ပါလား။
အဲဒီ ကဗျာထဲက စာသားတွေကိုလည်း ဆက်စပ်တွေးတောမိခဲ့တယ်ဆိုပါတော့… ။
ဆရာဇော်ဂျီကတော့ ဖြူဖြူကျော်သိန်းရဲ့ သီချင်းစားသားတွေထဲကထက် အမျှော်အမြင်တွေ ပို ထည့်ပြထားတယ်။
ဆရာဇော်ဂျီရဲ့ သင်သေသွားသော် – စာသားတွေက လောကီ ၊ လောကုတ္တရာဆီထိ နှစ်ဖြာအဆင်းလှစေတယ်ထင်ရဲ့။
.ဖြူဖြူကျော်သိန်းရဲ့ ထိုစာသားတွေရော…. ဆရာဇော်ဂျီရဲ့ ဤ စာသားတွေပါ… လူတစ်ယောက် သေသွားပြီးနောက်…
ဘာတွေ ကျန်ခဲ့၊ ချန်ခဲ့မလဲ ဆိုတဲ့ မေးခွန်းနဲ့ ထောက်ပြ သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။
နောက်ထပ် မေးစရာ ရှိတာတစ်ခု ထပ် ထွက်လာပါတယ်။
ဆရာဇော်ဂျီ ဖြတ်သန်းခဲ့တဲ့ ကိုလိုနီခေတ်ကနေ… ဒီနေ့ ဖြူဖြူကျော်သိန်းရဲ့ နာမည်ကျန်နေရစ်စေချင်တဲ့ခေတ်အထိ….
ဘာလို့များ ကျနော်တို့ မသေခင်….လုပ်သင့်တာတွေ …
(သေပြီးနောက် ချန်ခဲ့ ) ကျန်ခဲ့သင့်တာတွေကို… မကြာခဏ သတိပေးနေရပါလိမ့်။
??????????????????????????????????????????????????????????????
???????????????????????????????????????????????????
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘာလို့များ ကျနော်တို့ ကို အဲဒီလို စာသားတွေနဲ့ သတိပေးနေရပါလိမ့်…. ။
နိုးထ ရှင်သန်စေချင်သူတွေဟာ လှုပ်ရှားသက်ဝင်နေသူတွေကို လှုပ်နှိုးနေစရာမလိုပါဘူး။
ဆိုတော့… အိပ်ပျော်နေသူတွေကိုပဲ.. နှိုး ရမှာ…။
ကျနော်တို့ဟာ အချိန်တော်တော်များများမှာ အိပ်ပျော်နေကြပါသလား… ။
ကျနော်တို့ဟာ လှုပ်နှိုးပြီး သတိပေးမယ့် စကားသံတွေမရှိတဲ့အခါ… မနိုးသော အိပ်ခြင်းနဲ့များ အိပ်ပျော် သွားလေမလား… ။
အဲဒီလိုတောင် စိုးရိမ်စရာ ဖြစ်နေပါတယ်။
အဲဒီလို ဆက်တွေးရင်းနဲ့ပဲ…. ကျနော်ဟာ …နောက်ထပ် ကဗျာတစ်ပုဒ်ကို သွား သတိရပါတယ်။
အဲဒီ ကဗျာ စာသားတွေဆီ အတွေးက ဆက်သွားပါတယ်။
ကျနော်တို့ကို လှုပ်နှိုးလိုက်တဲ့ ကဗျာတစ်ပုဒ် ရှိဖူးတယ်လေ… ။
ဆရာဇော်ဂျီပဲ (၁၉၃၅ ခုနှစ်လောက်က) ရေးခဲ့တာ ။
အိပ်နေတဲ့ ကျနော်တို့ကို ထစမ်းပါတော့ကွယ်…ဆိုပြီး (ကျနော်တို့ ဆက်အိပ်နေရင်…
သူတောင်းစားဖြစ်လိမ့်မယ်…တောကြိုအုံကြားကပြိတ္တာဖြစ်လိမ့်မယ်…
ဆိုပြီး… ခပ်ကြမ်းကြမ်းလေး) အော်ကာဟစ်ကာ နှိုးလိုက်တဲ့ ကဗျာ…. ။
ကျနော် ဆက် ခံစားမိတဲ့ စာသားများဟာ ဘယ်ကဗျာထဲကလဲ…
အဲဒါ… ဘယ်ကဗျာဖြစ်မလဲ… သိကြတယ် ဟုတ် ?????
(အဲဒီ ကဗျာဆီ ဆက်သွားပြီး… ဆက်တွေးကြပါ…စာပေမိတ်ဆွေများခင်ဗျား….)
ဒီစာမျက်နှာမှာတော့ အဲ့ကဗျာလားမသိ…ရှိတယ်..။
:kwi:
:kwi:
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
(လောလောဆယ် ကျနော့်မိတ်ဆွေများ ဒီစာကို ဖတ်နေချိန်မှာ ….
ကျနော်ကတော့ ပုတီးမပါပဲ… စိတ်နဲ့ ပုတီးစိတ်နေပါပြီ။ ရွတ်ဆိုမိတာကတော့ ဘုရားဟော ဂါထာတွေ …၊
တရားစာတွေ မဟုတ်ပါဘူး။
”To know and not to do, It’s not yet to know” အဲဒီ စာသားကို တစ်ခါရွတ် = ပုတီးတစ်လုံးချ )
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
စာချစ်သူများအား ချစ်ခင်လေးစားလျက် …
မောင်သူရ @ Alinsett
(Jul 28 , 2015)
11 comments
Alinsett @ Maung Thura
July 28, 2015 at 4:13 pm
https://www.youtube.com/watch?v=CLpceNoQvok
မြစပဲရိုး
July 28, 2015 at 10:53 pm
. ဖြူဖြူ တို့ကတော့ အချိန်ကိုက်ပါလား။ နားထောင်လို့ ကောင်းသားပါ။ ဘ တို့ ကတော့ တရာ ရ မယ် မထင်။ လု ကောင်းတုန်း။ 🙄
ကန့်လန့်တိုက်တာတော့ ဝုတ်ဘူး။
. ရောဂါနဲ့ ကြွသွားတဲ့ သိုးသား နဲ့ နွားသား ကိုတော့ ဟင်းချက် လို့ မဖြစ်ဘူး။
သိုးအမွှေးကလဲ မသေခင် ထဲ က ရနိုင်တယ်။ နွေဆို သိုးတွေ ကို အမွှေးရိတ် ကြလို့ ပြောင်ကုန်တာ တွေ့ဘူးတယ်။ jk :-)))
အရီး ကတော့ ဒီမှာ သေရင် ကလီစာ တွေလဲ လှူထားတယ်။ ဘော်ဒီလဲ ယူနိုင်ရင်/ ယူချင်ရင် ယူ လို့ ဆိုင်ရာမှာ လှူထားတယ်။
ရွာထဲ က လူ တွေ က တော့ ရွာထဲ ရွာထဲ မှာ နာမည်ကျန်မှာတော့ သေချာပြီးသားလေ။
Alinsett @ Maung Thura
July 29, 2015 at 1:46 pm
ကျနော်လည်း အရီးလို ကိုယ့် ခန္ဓာကိုယ်ထဲက သေပြီးနောက် အသုံး ဆက်ပြုလို့ရမှာလေးတွေ
လှူခဲ့ချင်တယ်။
အဲ့ကိစ္စ စုံစမ်းအုန်းမှ
ဇီဇီခင်ဇော်
July 29, 2015 at 6:21 am
အဘ တို့လည်းး နာမည်ကျန်အောင် ကြိုးစားးနေရတာကို နားးလည်ကြဘာာာာ
:k:
Thank you for the song.
🙂
Alinsett @ Maung Thura
July 29, 2015 at 1:39 pm
မမဂျီးတော့ မသိ
ကျနော်တော့ နာမည်ကျန်နေရစ်မယ် တစ်ခွေလုံးထဲက
အဲ့ တစ်ပုဒ်ထဲ သဘောကျပြီး ကျန်တာတွေ နားထောင် ခံစားလို့ မရ ရေးချ မရ
:kwi:
ဂျက်စပဲရိုး
July 29, 2015 at 8:09 am
အဲ့လို သီချင်း မျိုး ကျော်ဟိန်း၊ ပြီးတော့ ကော်နီ၊ ပြီးတော့ ဇော်ပိုင် ဆိုထားခဲ့သေးတယ်ဟုတ်??
မိတ်ဆွေ ဘဝ အဓိပ္ပာယ် ရှိရမယ်ဟေ့ ဆိုပြီးတော့…
သီချင်းနာမည် ကို ပါးစပ်ဖျားမှာတင် မေ့နေတာ…. း)
Alinsett @ Maung Thura
July 29, 2015 at 1:35 pm
.ကော်ကော်နဲ့ဇော်ဇော်ကိုတော့ ထားပါေ့တာ့
ကျနော့် သဘောအရဆိုရင်
ဆိုရင်. . .
.ကျော်ကျော်ကြီးကို အဆိုတော်စာရင်းထဲ မသွင်းရေးချ မသွင်းပါ
:k:
မြစပဲရိုး
July 30, 2015 at 3:57 am
ဟဲ့ ဒီကလေး – မနက်လင်းအားကြီး ကားပေါ်မှာဘဲ ရှိနေလား။
Alinsett @ Maung Thura
July 30, 2015 at 4:33 am
အခုထိကို မအိပ်ရသေးတာပါ အရီးရေ။
အိမ်မှာပါပဲ။
စာရေးလိုက် စာဖတ်လိုက် လုပ်နေရာကနေ
လိုင်းက ဒီအချိန်မှ ကောင်းသမို့ ရွာထဲ ဝင်နေတာ။
အခုဆို ဖုန်း နက်လိုင်းနဲ့ နက်သုံးတာ 50 mb တော့ ရှိသွားပြီ။
:k:
Mike
July 30, 2015 at 3:54 pm
.သင်ဟာသမိုင်းကြောင်းကောင်းဖို့တစ်ခုခုလုပ်ခဲ့သလား♫♪♫
Thint Aye Yeik
January 23, 2017 at 11:30 am
လူတွေ စဉ်းစားကြ…လောကအတွက်…
ဒန့်တန့်တန့်
:k: