ရေခဲမှတ်အောက် ရောက်အောင် အေးနေတဲ့ နယူးရောက် ဆောင်းတွင်းတနေ ့မှာ..လမ်းမတွေ ပေါ် ထူထူထဲထဲ ကျနေတဲ့ နှင်းတွေ ကို ဖိနှင်း၊ နှုတ်ကလဲ မြည်တွန်တောက်တီးပြီး Great Neck စာကြည့်တိုက်ကို လာခဲ့တဲ့ ကျွန်မ…. စာကြည့်တိုက်ထဲရောက်တော့ ရှက်မိပါရဲ ့။ လားလား..အသက် ၂ နှစ်ကနေ ၁ဝ နှစ်ကေ ျာ် အထိ ကလေးတွေ ..မောင်မင်းကြီးသားလေးတွေ၊ မယ်မင်းကြီးမလေး တွေက ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ တောင် စာကြည့်တိုက်ကို အရောက်လာပြီး “ကလေးစာကြည့်ခန်း” မှာ အငြိမ့်သား စာထိုင်ဖတ်နေကြလေရဲ ့။

အသက် ၂နှစ်လောက်ကလေးက စာဖတ်နိုင်ပါ ့မလားဆိုပြီး မေးချင်သူတွေ ရှိကြမှာပဲ။

ဟုတ်ကဲ့..စာမဖတ်တတ်တဲ့ ကလေးတွေ ဖတ်လို ့ရတဲ ့စာအုပ် “Picture books” တွေ ကိုထားပေးတဲ့ အတွက် သူတို ့လေးတွေ အရုပ်ကြည့်ပြီး စာဖတ်ကြပါတယ်။ စာကြည့်တိုက်ထဲမှာ လူကြီးတွေ အတွက် သာမက ကလေးစာဖတ်ခန်း၊ကလေးကွန်ပျူတာခန်း၊ ကလေးအိမ်သာ၊ ကလေး စာအုပ်စင်၊ ကလေး ဆော့စရာ အခန်းဆိုပြီး သီးသန် ့ထားပေးပါတယ်။ အသက် ၂နှစ်အရွယ်ကလေးတွေ ကိုင်မယ့် ကွန်ပျူတာထဲမှာ ကလေးသီချင်းတွေ၊ ဒါမှမဟုတ် ပုံပြင်ပြောပြတဲ့ ပရိုကမ်တွေထည့်ထားပေးသလို၊ သူတို ့သုံးမယ့် ကီးဘုတ်ကိုလဲ အရောင်လေးတွေနဲ ့ လုပ်ထားပေးပါတယ်။ ဒါကြောင့် စာမတတ်သော်လည်း ကလေးတွေ ဟာ ကီးဘုတ်ပေါ်က အရောင်လေးတွေ နဲ ့နှိပ်ပြီး ကွန်ပျူတာ ကို သုံးကြပါတယ်။
စာမဖတ်တတ်သေးတဲ့ ကလေးငယ်လေးတွေ အတွက် ပုံကြည့်ပြီး ဖတ်လို ့ရတဲ့ စာအုပ်တွေကို ဒီလို သီးသန် ့ခွဲထားပါတယ်။

library 1Picture Books for kids (photo: by Su Nyan)

ကလေးတွေအတွက် ရောင်စုံကီးဘုတ်ပါ။ (photo: Su Nyan)

Colorful keyboard for kids

ပြီးတော့.. သူတို ့ စာဖတ်တဲ့ စားပွဲတွေနားမှာ ဖတ်ချင်စရာကောင်းအောင် အရုပ်ပုံလေးတွေ ချိတ်ထားပေးပြီး၊ကလေးတွေ အတွက် ဆိတ်ငြိမ်သာယာတဲ့ ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးထားတဲ့ အတွက် ဒီနိုင်ငံက ကလေးတွေဟာ စာကြည့်တိုက် ကို ငယ်ငယ်ကတည်းက တွယ်တာကြပါတယ်။

စာကြည့်တိုက်ထဲ ရောက်ပြီဆိုတာနဲ ့ သူတို ့တွေ ဟာ စာကြည့်တိုက် စည်းကမ်းကို လိုက်နာပြီး အသံ မမြည်အောင်၊ ဘေးကလူတွေကို အနှောက်မယှက် မဖြစ်အောင် နေတတ်ကြပါသေးတယ်။ ကလေးတွေဟာ စာကြည့်တိုက်ကို လာပြီး သူငယ်ချင်းအသစ်တွေနဲ ့တွေ ့ကြ၊ အတူတူ စာဖတ်ကြ နဲ ့အင်မတန်မှ ချစ်စရာကောင်းတဲ့ ဓလေ့ လေးပါ။

library 3
အသက် ၂နှစ်ကနေ ၅နှစ်လောက် အထိ ကလေးတွေ သုံးဖို ့ကွန်ပျူတာနဲ ့ခုံလေးတွေပါ

မဆီမဆိုင်…

ရှမ်းပြည်မြောက်ပိုင်း ရွာလေးတစ်ရွာရဲ ့လယ်ကွင်းတွေ ထဲမှာ အရွယ်နဲ ့ မလိုက်အောင် နွားကျောင်းနေရတဲ့ ကလေးတွေ ကို သွားမြင်ယောင်မိတယ်။ ကျွန်မ ကြီးပြင်းခဲ့တဲ့ ရွာကလေးမှာ ကလေးတွေ အတွက် မပြောနဲ ့လူကြီးတွေ ဖတ်ဖို ့စာကြည့်တိုက်တောင် မရှိခဲ့ပါဘူး။ ရွာမှာ ရှိတဲ့ တစ်ဆိုင်တည်းသော စာအုပ် အငှားဆိုင်လေးမှာ ကာတွန်းစာအုပ်တွေ ငှားငှားဖတ်ရင် လူကြီးတွေက ဆူတတ်လို ့ ခိုးခိုးပြီးဖတ်ရတာ ကို သွားပြီး သတိရ မိပါသေးတယ်။

ရွာလေးနဲ ့အနီးပတ်ဝန်းကျင်ရွာ က ကလေးအများစုဟာ..တနေ ့တနေ ့ ဝမ်းစာအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ရကြပါတယ်။ တချို ့မိဘတွေ က ကိုယ့်ကလေးတွေ ကို ပညာတတ်ချင်လွန်းလို ့..အခမဲ့ စာသင်ပေးတဲ့ ဘုန်းကြီးကျောင်း မှာ ကလေးတွေ ကို သွားအပ်ပြီး စာသင်စေပေမယ့် စီးပွားရေးအကြပ်တည်းတွေ ကြောင့် ရေရှည်တောင့်မခံနိုင်ကြပါဘူး။

ဒီလိုနဲ ့ပဲ ကလေးတွေဟာ.. ဆင်းရဲလို ့ ပညာသင်ခွင့်မရ၊ ပညာ မတတ် တော့ အသိပညာ ဗဟုသုတပိုင်း မှာ အားနည်းပြီး ..အရွယ်လေးနဲနဲ ရလာတာနဲ ့ အရက်သောက်တတ်၊ ဘိန်းရှူတတ်၊ မိန်းကလေးတွေ ဆိုရင်လဲ စောစောစီးစီးနဲ ့ အိမ်ထောင်ကျ(ဒါမှမဟုတ်) အိမ်နီးချင်းနိုင်ငံတွေ မှာ သွားပြီး အလုပ်လုပ်ကြရင်း ရေတိမ်နစ်ကြ…ဒီလိုနဲ ့ဘဝ ကို စတေးသွားရတဲ့ လူငယ်တွေ ဒုနဲ ့ဒေး။

လက်လှမ်းမီဆုံး လူငယ်တွေ ဖြစ်တဲ့ တူ၊တူမတွေ ကို တောင် စာဖတ်နိုင်အောင်၊ စာဖတ်ချင်စိတ်ဖြစ်လာအောင် မဖန်တီးပေးနိုင်တဲ့အတွက် အပြစ် မကင်းဘူးလို ့ ကျွန်မ ခံစားမိတယ်…

အမေရိကန်ပြည်ထောင်စုမှာ တော့..မိဘတွေ အများစု ဟာ ကလေးတွေ စာဖတ်ချင်လာအောင် နည်းအမျိုးမျိုးနဲ ့ အားပေးကြတာကို မြင်တွေ ့ရပါတယ်။ ဥပမာ..စားသောက်ဆိုင်ထဲ ရောက်လို ့ အစားသောက်တွေ မှာတော့မယ် ဆိုရင်..ကလေးတွေ ကို မီနူးကဒ်ပေါ်မှာ ရေးထားတာတွေ ဖတ်ပြခိုင်းတာမျိုး၊ သတင်းစာ ကို မိသားစုလိုက် အတူဖတ်ကြတာမျိုး၊ သတင်းထဲပါတဲ့ အကြောင်းအရာ တစ်ခုခု ကို ရွေးပြီး အတူ ဆွေးနွေးကြတာမျိုး၊ ညအိပ်ရာဝင်ခါနီးမှာ ပုံပြင်စာအုပ်တွေ နဲ ့ကလေးတွေ ကို အသံထွက်ပြီး စာဖတ်ပြတာမျိုး စသဖြင့် စာပေဘက် ကို စိတ်ဝင်စားမှု ပိုစေဖို ့လမ်းခင်းပေးကြပါတယ်။

အုပ်ချုပ်သူ အစိုးရဘက်ကလည်း ကလေးစာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာမျိုး၊ အထက်တန်းအထိ အခမဲ့ ပညာရေးစနစ် ကို က ျင် ့သုံးပေးတာမ ျိုး စတဲ့ ထောက်ပံ့မှုတွေ နဲ ့ အားပေးကြသလို၊ စာပေလောက ကို ကြည့်ပြန်ရင်လည်း ကလေးဖတ်ဖို ့စာအုပ်မျိုးစုံ ကို တွေ ့နိုင်ပါတယ်။

မြန်မာပြည်တွင်းမှာတော့….

လူကြီးတွေက.. “ငါ့ဘာသာ”…. “ငါ့ပါတီ”… “ငါ့စီးပွားရေး””ငါ့မြေကွက်” ..စသဖြင့် တိုက်ပွဲတွေ ဖြစ်နေဆဲ…..

စာရေးဆရာတွေ ကလည်း.. လူကြီးတွေ ကို ပညာပေးဖို ့ဆုံးမ စာအုပ်တွေ တောင် ရေးလို ့ မဆုံးနိုင်ဖြစ်နေ သေးသမို ့ကလေးတွေ အတွက် စာအုပ် မရေးနိုင်သေးဖြစ်နေဆဲ…

ဒီလိုနဲ ့… လယ်ကွင်းတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ကလေးအလုပ်သမားတွေ မ ျားသထက် မ ျားလာဆဲ…

မီးပွိုင့်တွေနားမှာ ဖိနပ်မပါ ခြေဗလာနဲ ့ပန်းရောင်းနေတဲ့ ကလေးငယ်တွေ တိုးလာနေဆဲ…

စာရေးခြင်း အနုပညာကို တတ်မြောက်တဲ့ စာရေးသူတွေ အနေနဲ ့တိုင်းပြည်ရ  ဲ့ အနာဂတ် ဖြစ်တဲ့ မ ျိုးဆက်သစ် ကလေး ငယ်တွေ အတွက် စာပေတွေ မရေးသားပေးနိုင် သရွေ  ့…”ကလောင်ပီတိ ခ ျို မြိန်၏” လို ့ ပြောဖို ့မသင့်သေးတဲ့ အတွက် ..ကွ ျန်မလဲ ကလောင်တစ် ချောင်းကို ကိုင် ပြ ီး ယောင်တောင်ပေါင်တောင် ဖြစ်နေဆဲ…
flood 3
Photo: facebook (credit to original photographer)

(ကွ ျန်မကို သတိတရ တံခါးလာခေါက်တဲ့ အရီးလတ်အတွက် အသစ်မရေးအားသေးလို ့ မှတ်စုဟောင်းထဲက တစ်ပုဒ်ကို ကမန်းကတန်း ကောက်တင်လိုက်တာပါ။ ရွာသူရွာသားမ ျားအားလုံးကို သတိရကြောင်းပါ)

ခ ျစ်ခင်စွာ

မစုဉာဏ်

 

About မစုဥာဏ်

မစု ဥာဏ် has written 10 post in this Website..