( ခေတ်သစ် သီတာဒေဝီဇာတ်လမ်း )
ဒီမယ်ရာမ
ရာဇဝင်ထဲကလို ဒဿဆိုတဲ့ငါ့ကို
ခပ်လွယ်လွယ်ဖြိုဖို့များ စိတ်ကူးနေသလားကွာ
သီတာဆိုတာ ရာဇဝင်မှာ ငါအရင်တွေ့ဖြစ်
ယနေ့ခေတ်သစ်မှာလည်း ငါအရင်ချစ်ခဲ့သူ
အူတူတူအတွေးနဲ့ လေးတင်ဦးမတဲ့လား
အသာနားပါ ရာမရယ် နုပျိုခြင်းမယ် မင်းအသာရနိူင်ပေမယ့်
ရုပ်ဆိုးတဲ့ ဒဿမှာလည်း ချစ်တတ်တဲ့ အသည်းပါသလို
သိပ်အပိုမပြောချင်
ရာဇဝင်ကို အတိတ်မှာထား ဘယ်နည်းများနဲ့ ပြိုင်မလဲ ?
သွေးနဲရင် နောက်ဆုတ် ညှာမှာမဟုတ်တဲ့ အချစ်လုပွဲ
ပစ်လုဆဲဆဲ သေနတ်ပြောင်းဝ နှောင်းနောင်တ မလာခင်
ပစ်ကွင်းထဲကဖယ်ကွာ လက္ခဏပါခေါ်လာလည်း
ဆောရီးပါပဲ ရာမရယ်
ရာဇဝင်ထဲမယ် ရာမကိုထားလို့
သွားကြစို့ သီတာဒေဝီ
နှစ်ကိုယ်တူညီမယ့် ကိုယ်တို့ရဲ့ အချစ်တိုင်းပြည် ။
16 comments
Alinsett @ Maung Thura
August 20, 2015 at 3:04 pm
ဟိုက် ရှားးးးဘားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဇီဇီခင်ဇော်
August 20, 2015 at 3:06 pm
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး မိုက် (စ) !!!!
မြစပဲရိုး
August 20, 2015 at 3:18 pm
အချစ်ကဗျာ လို့ မမြင်ဘဲ ဒီ နေ့ နိုင်ငံရေး အခင်းအကျင်း ကို ဘဲ မြင်မိနေတာ ကျွန်မ အလွန်လား ကိုမျိုး။
lol:-))) 😉
တောင်ပေါ်သား
August 20, 2015 at 3:29 pm
အရီးနော်
နိူင်ငံရေးပြောရတာ ရန်များလို့
ရိုးရိုးအချစ်ကဗျာလို့ မှတ်ပါနော် 🙂
weiwei
August 20, 2015 at 4:11 pm
မယ်သီတာခိုးတာ ဘယ်သူလဲ 🙂 🙂
မြစပဲရိုး
August 20, 2015 at 4:15 pm
ကိုမျိုး :-)))
ဟေသီ
August 20, 2015 at 4:20 pm
အလန်းစားပဲ…. မိုက်ပါ့
တောင်ပေါ်သား
August 20, 2015 at 4:58 pm
အလင်းဆက် ၊ မမချွိ ၊ အရီး ၊ မဝေ ၊ ဟေသီ
အားလုံးကို ကျေးကျေး
ကိုပေါက်(မန္တလေး)
August 20, 2015 at 10:40 pm
ရာ မ ရ ာမ ဆိုတော့ ဗိုလ်အောင်ဒင် ထဲက ရာမ ကို သတိရသွားပြန်ရော
ဦးကျောက်ခဲ
August 21, 2015 at 9:28 am
ကိုဂျီးမြိုးရဲ့ ဒီကဗျာကို အတော်ကြိုက်တယ်ဗျာ…
အရင် အခြစ်ကဗျာတွေထက်စာရင် စဉ်းစားစရာအပြည့်…
စာသားမှာ နာကြည်းချက်တွေနဲ့ ခွန်အားကို ထင်ထင်ရှားရှား တွေ့ရတယ်…
အင်း… ဒဿ … သင်းမှာ သေနတ်ရှိရင် လေးတင်ပွဲတောင် ဝင်ပြိုင်စရာမလို…
တောင်ပေါ်သား
August 21, 2015 at 12:03 pm
ကျုပ်က ခဏ ခဏ ဒဿဖြစ်နေရသလိုပဲဗျာ
ဒါကြောင့် ပေါက်ကွဲတာ 🙂
ဦးကျောက်ခဲ
August 21, 2015 at 12:20 pm
အချိန်တန်ရင် အဖြေထွက်မှာပါ…
ပေါက်လည်းမကွဲနဲ့… ပေါက်လည်းမခွဲနဲ့… ခိ :k:
kai
August 21, 2015 at 12:39 pm
ရာမဇတ်ထဲ.. သေနတ်ပြောင်းကြီးတထောင်ထောင်…
ကျုပ်တော့.. နိုင်ငံရေးပြေးမြင်..
ဒါလည်းပဲ..အနုပညာထင်ပါ့….။ :k:
aye.kk
August 21, 2015 at 12:40 pm
ကေါင်းလိုက်တဲ့”ကဗျာ”အသားပါပါမို ့
ဖတ်ရသူဘဝင်ထိတယ်ရွှင်အတိပါဘိ။။။
Mike
August 21, 2015 at 1:16 pm
.သေနပ်ရှိသူနိုင်စတမ်းခေတ်မဟုတ်ပါလား
တောင်ပေါ်သား
August 21, 2015 at 1:55 pm
ကိုကျောက်ရေ
ပေါက်ခွဲလိုက်ရင် သောက်စရာမရှိဖြစ်သွားမပေါ့
သဂျီးလည်း အရီးလို ဇွတ်ပဲ ၊
အင်းပါလေ ၊ ကြိုက်သလိုတွေးစေဗျား 🙂
အန်တီအေးရေ
ကျေးကျေးဗျ