အလှည် ့
(photo credit to giantbomb.com)
ဒီရက်ပိုင်း ကွ ျန် မရဲ ့အတွေးတွေ ကို စိုးမိုးနေတာက “သေခြင်းတရား” ဖြစ်သည်။ လူတွေ သေဆုံးနေကြသည် ကို နာရေးကြော်ငြာတွေထဲမှာဖြစ်ဖြစ်၊ တီဗီဖန်သားပြင်ပေါ်မှာ ဖြစ်ဖြစ် နေ ့စဉ် နဲ ့ အမျှ မြင်တွေ ့၊ ကြားသိနေရသည်မို ့ကျွန်မတို ့ အားလုံး သေခြင်းတရား နှင့် မစိမ်းကြ။ သို ့သော် အဆိုပါ သေခြင်းတရားက ကွ ျ န်မ၏ မိတ်ဆွေ နှစ်ဦး(Susan နှင့် Ting) နှင့် ပတ်သက်လာသောအခါ ကွ ျန်မ အတွေးပိုမိသည်။ တိတိက ျ ကျ ဆိုရသော် သေခြင်းတရား၏ လှည့်စားတတ်သည့် သဘောသဘာဝ ကို တွေးနေမိခြင်းပင်ဖြစ်သည်။
Susan သည် အသည်းရောဂါ ကို ခံစားနေရသည့် အသက် ၃ဝ အရွယ် ဝေဒနာရှင်တစ်ဦးဖြစ်သည်။ ရွှေဝါရောင်ဆံပင်ကောက်ကောက်၊ မျက်လုံးပြာပြာ ဖြင့် ရုပ်ရည်ပြေပြစ်လှသည်။ ကျွန်မ လက်တွေ ့ ဆင်းနေသည့် Mt. Sinai ဆေးရုံမှာ မကြာခန ဆေးကုသမှု လာရောက် ခံယူနေခြင်းကြောင့် ကျွန်မတို နှစ်ယောက် မကြာခန စကားပြောဖြစ်သည်။
Susan တစ်ယောက် အသည်း အစားထိုးကုသခံယူ ဖို ့ စာရင်းသွင်းထားသော်လည်း၊ အမေရိကန် ပြည်ထောင်စုမှာ အသည်းအစားထိုး ကုသခံရဖို ့ စောင့်ဆိုင်း နေသူပေါင်း ၁၇၀၀ဝ ကျော ် ရှိနေပြီး၊ လိုအပ်နေသော အသည်း၏ အမျိုးအစားနဲ ့ တူရန်၊ သွေး အမျိုးအစားတူရန် စသဖြင့် လိုအပ်ချက်တွေ က မ ျ ားပြားလွန်းသဖြင့် အစားထိုးကုသခွင့် မရလိုက်ပဲ သေဆုံးသွားသည့် လူနာမ ျ ားလည်း ရှိကြသည်။
ဒါကြောင့် Susan တစ်ယောက် သူ ့ ကိုယ်သူ “သေလူ” ဟု သဘောထားခဲ့ သည်။ ဝမ်းနည်း အားငယ်ခြင်း၊ နာကျင်ခြင်း၊ မယုံကြည်နိုင်ခြင်း စသည့် စိတ်ခံစားမှု အဆင့်ဆင့် ကို အချိန်ကာလ တစ်ခု အထိ ဖြတ်သန်းအပြီးမှာ Susan တယောက် သေမင်း ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည့် အဆင့် ကို ရောက်နေပြီ ဟု ဆိုနိုင်သည်။
“သေရတော့မယ်လို ့ အသေအချာလက်ခံလိုက်တဲ့ အခါ၊ လောကကြီးမှာ နေရဖို ့အချိန် သိပ် မရှိတော့ဘူးလို ့ သိလာရတဲ့ အခါ၊ ကိုယ့်ဘဝ အတွက် အရေးကြီးဆုံး ကိစ္စွ တွေ က ပိုပြီး ထင်ရှား လာတယ်” လို ့ Susan က ဆိုသည်။
သူမသည် လွန်ခဲ့သည့် တစ်နှစ်လောက်က စပြီး အသေးဖွဲ ကိစွ္စ အတွက် အချိန်မပေးတော့။ ဥပမာ..မျက်နှာပေါင်းတင်ဖို ့၊ အိမ်ရှင်းဖို ့ စသည့် လုပ်နေကြ အလုပ်တွေကို အပိုအလုပ်တွေလို ့ မြင်လာပြီး၊(အရင် က သူတန်ဖိုး မထား ခဲ့သည့် ) ဆွေမျိုးများနှင့် တွေ ့ဆုံခြင်း၊ သူစိတ်နာနေသော ဖခင်ဖြစ်သူ နှင့် တယ်လီဖုန်းစကားပြောခြင်း၊ မရောက်ဖူးသေး သော နေရာများကို သွားခြင်း၊ Church မှာ ဆုတောင်းခြင်း စသည့် ကိစ္စ တွေ က သူ ့အတွက် အလေးထား စရာတွေ ဖြစ်လာပါသတဲ့။
သူနဲ ့ နေ ့စဉ် တွေ ့ ကြုံဆက်ဆံရသူတွေ အားလုံးကို နောက်ဆုံး တွေ ့ ဆုံခြင်းပဲလို ့ သဘောထား လိုက်သည့် အခါ၊ ယခင်က သူ ့ကို စိတ်အနှောင့် ယှက်ဖြစ်စေ ခဲ့တဲ့ သူတွေ၏ အပြုအမူတွေ ကလဲ ခွင့်လွတ် နိုင်စရာဖြစ်သွားပြီး၊ လူတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ ့ ပြန်လည် ဆက်ဆံနိုင် ခဲ့သည် ဟုဆိုသည်။
သူ ့အပေါ် အကူအညီပေးခဲ့ဖူးသူများ၊ ကျေးဇူးတင်ထိုက်သူများ ကို စာရင်းလုပ်ပြီး၊ ကျေးဇူးတင် ကဒ်လေးတွေ ပေးပို ခဲ့သည်။ ဒါတင်မက၊ သူသေသွားပြီးတဲ့ အခါ သူ ့အလောင်း ကို ဂူသွင်းတာမျိုးမလုပ်ပဲ၊ အစားထိုးကုသမှု အတွက် လိုအပ်နေတဲ့ နေရာတွေ အတွက် ကို ခွဲဝေ လှူဒါန်းသွားဖို ့ကို တောင် စီစဉ်လိုက် သေးသည်။
အဲ… Susan တစ်ယောက် သေခြင်းတရားကို ရင်ဆိုင်ဖို ့ အဆင်သင့်ပြင်ဆင်ပြီးသည့် အချိန်မှာ၊ သူနဲ ့ အသည်းအမျိုးအစားတူသည့် အလှူတစ်ခုကို ရပြီဖြစ်ကြောင်း ဆေးရုံက သူ ့ကို အကြောင်းကြား လာသည်။
အစားထိုးခွဲစိပ်မှု က အောင်အောင်မြင်မြင်နဲ ့ ပြီးဆုံးခဲ့ပြီး၊ ကျွန်မနှင့် စကား ပြောချိန်မှာ Susan တစ်ယောက် ဆေးရုံမှ အိမ်သို ့ ပြန်ဆင်းရခါနီးဖြစ်လို ့နေပြီ။ “ကျွန်မ ကို သေမင်းက အလို မရှိသေးဘူးနဲ ့ တူပါရဲ ့” လို ့ ရီရီမောမော ပြောနေတဲ့ သူ ့ကို ကြည့်ပြီး ကျွန်မ ဝမ်းသာ ပျော်ရွင် ခဲ့ရသည်။
သေခြင်းတရား ကို အကောင်းဆုံး ရင်ဆိုင်သွားဖို ့ သူ ့ရဲ ့ လက်ခံနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု တွေ ကို ကျွန်မ ချီးကျူးမိသည်။ သူ ့နေရာမှာ ကျွန်မသာ ဆိုလျှှင် သူ ့လောက် တည်တည်ငြိမ်ငြိမ် နေနိုင်မည်မဟုတ်သည်ကား သေချာသည်။
***********************************************************************
နောက်တနေ ့မနက် အလုပ်ရောက်တော့ ကျွန်မသူငယ်ချင်း Ting ဆိုသည့် နပ်စ့်မလေး လူနာတွေ ကို အိမ်တိုင်ရာရောက် ဆေးလိုက်ကုသရင်း ပျောက်ဆုံးသွားကြောင်း၊ ရဲက ရှာဖွေတော့မှ Brooklyn နားက မြစ်ထဲမှာ သူ ့ အလောင်းကို တွေ ့ရသည့် အကြောင်း အီးမေလ်းဝင်လာသည်။ အီးမေလ်းကို ဖတ်ပြီး အံ့ဩစိတ်၊ မယုံနိုင်စိတ်တွေဖြင့် ကျွန်မ အလုပ်တောင် မလုပ်နိုင်ခဲ့။ လူမှားသာပဲ ဖြစ်ပါစေဟု ကျိတ်ပြီး ဆုတောင်းသော်လည်း မပြည့်ခဲ့။
Ting သည် အသက် ၂၆ နှစ်သာ ရှိသေးပြီး၊ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သူနာပြုဘွဲ ့ကို ရရှိခဲ့သူဖြစ်သည်။ တရုတ်နိုင်ငံမှ တဆင့် အမေရိကန် ပြည်ထောင်စု ကို ပြောင်းရွှေ ့လာပြီး၊ စာအလွန်ဖတ်ရသည့် သူနာပြု ဘာသာရပ် ကြောင့်၊ ရွယ်တူ သူငယ်ချင်းတွေလို ပျော်ပါးချိန်မရပဲ၊ အချိန်ပိုင်းအလုပ်လုပ်၊ ကျောင်းသွား၊ စာကျက်ဖြင့် နေ ့ ရက်တွေ ကို ကုန်ဆုံးစေခဲ့သူဖြစ်သည်။
သူနှင့် ကျွန်မ စတွေ ့စဉ်က ၂၀၁ဝခုနှစ်၊ နွေရာသီ internship အစီအစဉ် တစ်ခု မှာဖြစ် သည်။ ကျောင်းမတူ၊ ဘာသာရပ်မတူသော်လည်း၊ ဆေးပညာနှင့် ဆိုင်သည့် ကျောင်းသူ၊ ကျောင်းသားများ ကိုရွေးချယ်ပြီး လူနာများကို အိမ်တိုင် ရာရောက်ဆေး လိုက်ကုသည့်အေဂျင်စီတစ်ခုက ပေးသည့် သင်တန်း တစ်ရပ်တွင်ဖြစ်သည်။
သင်တန်းထဲမှာ အာရှသူဆိုလို ့ ကျွန်မတို ့ နှစ်ယောက်ပဲ ရှိတာကြောင့် က တပိုင်း၊ အဖွဲ ့ငယ်တွေ ခွဲလိုက်သည့် အခါ ကျွန်မတို ့ နှစ်ယောက်က တစ်ဖွဲ ့တည်းကျ တဲ့ အတွက် ကြောင့် ကျွန်မတို ့ ပိုပြီးရင်းနှီးခဲ့ကြသည်။ အဖွဲ ့လိုက် Presentation တွေ လုပ်ဖို ့၊ ကျွန်မရဲ ့အခန်းမှာ ဆုံကြ၊ စားသောက်ရင်း စာလုပ်ကြနှင့်ဆုံဖြစ်ခဲ့ကြသည်။
ကျောင်းပြီးသွားတော့၊ ငွေကြေးအဆင်ပြေသူတွေက ဆေးရုံကောင်းကောင်း၊ နေရာကောင်းကောင်း ကို စိတ်ကြိုက်ရွေးချယ် ဖို ့ အချိန်ယူကာ အလုပ်ရှာနိုင်ကြသော်လည်း၊ ငွေကြေး လိုအပ်နေသူများက တော့ ရရာ၊ လစ်လပ်နေရာ ရှိရာမှာ ချက်ခြင်း အလုပ်ဝင်လုပ်ကြရသည်။ Ting တစ်ယောက် လူနာတွေ ကို အိမ်တိုင် ရာရောက် ဆေးကုသမှုပေးသည့် အေဂျင်စီတစ်ခု မှာ အလုပ်ရသွားသည်။
အဆိုပါ အလုပ်မှာ မွန်မြတ် သော်လည်း အန္တရာယ်များလှ၏။ လူနေထူထပ် သည့် မြို ့လယ်ကောင် လို နေရာမှာ ဆေးကုသွားရလျှင် စိုးရိမ်စရာ မရှိသော်လည်း၊ နယူးယောက်မြို ့ ၏ အချို ့ရပ်ကွက်များ က ပြစ်မှု ထူထပ်သည့် နေရာများဖြစ်သည်။ ဆေးစွဲနေသူ၊ စိတ်ရောဂါခံစားနေရသူ လူနာများ၏ အိမ်တွင် တစ်ယောက်တည်း သွားပြီး ဆေးဝါးကုသမှုပေးဖို ့ မလုံခြုံလှသော နေရာများရှိသည်။
ဒါ့အပြင် ကုသမှုပိုင်းဆိုင်ရာမှာ တစ်ခုခု မှားယွင်းပါက လူနာက တရားစွဲဖို ့အဆင်သင့်။ ကုသမှုပေးသည့် ဆေးဝန်ထမ်းများ မမှားလျှင်တောင်မှ လျော်ကြေးငွေလိုချင်သည့် အတွက် ကြံဖန်ပြီး တရားစွဲနေသည့် လူနာတွေ က လည်း မနည်း။ ဆေးရုံမှာက တခြားမျက်မြင်သက်သေတွေ ရှိနိုင်သေးသည်။ လူနာအိမ်မှာ တခုခုဖြစ်က ကိုယ့်ဘက်မှာ သက်သေမရှိ။ ဒါကြောင့် ကျောင်းပြီးကာစ ဆေးဝန်ထမ်းများ က ဆေးရုံမှာပိုလုပ်လိုကြသည်။
Ting ရောက်လာရမည့် အချိန်တွင် ရောက်မလာသည့်အတွက် သူ ့ လူနာ က အေဂျင်စီကို ဖုန်းဆက်တော့မှ၊ သူပျောက်နေမှန်း သိပြီး လိုက်ရှာကြရာက နောက်တနေ ့မနက်မှာ သူ ့အလောင်း ကို Brooklyn မြစ်နားက ချုံပုတ်ကလေးမှာ တွေ ့ကြခြင်းဖြစ်သည်။
***********************************************************************
အသုဘအခမ်းအနားမှာ ပြင်ဆင်ထားသည့် Ting ၏ အလောင်းကို ကြည့်ပြီး နှမြောတသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း နှင့် နောင်တရခြင်း စသည့် ခံစားမှု မျိုးစုံတွေ ဖြစ်ခဲ့သည်။
တရုတ်နှစ်သစ်ကူးသည့် ၂၀၁၂ ဖေဖော်ဝါရီလဝန်းကျင် လောက်က Ting ပို ့ ပေးသည့် နှစ်သစ်ဆုတောင်း အီးမေလ်းကို ရခဲ့သော်လည်း၊ စာမေးပွဲတွေနှင့် လုံးပန်းနေခဲ့သည့် အတွှက် ကျွန်မ စာမပြန်ခဲ့မိ။ သူ လူနာတွေ အိမ်မှာ ဆေးလိုက်ကုနေသည်ကို ကြားလိုက်သော်လည်း အဆင်ပြေလား ဆိုပြီး ကျွန်မ မမေးမိ။ ဒါကြောင့် နောင်တရမိခြင်းဖြစ်သည်။ ဖုန်းကနေ messge တစ်ခုတောင် မပို ့ နိုင်သည့် အထိ ခနတာ အဆက်သွယ်ပြတ်တောက်ခဲ့မိသည့် အတွက်ကြောင့် ပိုပြီး စိတ်မကောင်းဖြစ်မိသည်။
သင်တန်းအတူတူတက်စဉ်ကလဲ … ခံစားမှု ကို ထုတ်ဖော်ပြောပြလေ ့မရှိတတ်သည့် အာရှသူများပီပီ၊ ကျွန်မတို ့ နှစ်ယောက် တစ်ယောက် ကောင်းကြောင်း ကို တစ်ယေက်က စကားလုံးများဖြင့် ထုတ်ဖော်ပြောခဲ့လေ့မရှိခဲ့၊ အတန်းထဲမှာ တခြား အမေရိ ကန်မလေးများက “I miss you” တို ့၊ “you are so sweet” တို ့ စသည့် အပြောလေးများဖြင့် တစ်ယောက်ကို တစ်ယောက် တွေ ့ကြလျှင် ဖက်ကြ၊ နမ်းကြ လုပ်ကြတာမျိုးလည်း ကျွန်မတို ့နှစ်ယောက် က မလုပ်တတ်ခဲ့ကြ။
အခု သူသေသွားတော့မှ သူ ့ရဲ ့ ကောင်းကြောင်းလေးတွေ၊ သူ ့အပေါ်ဘယ်လို သဘောထားတယ် ဆိုတာလေးတွေ ကို ကျွန်မ ပြောခွင့်မရခဲ့သည်ကို နောင်တရမိသည်။ မိမိအလေးထားသူများ၊ ရင်းနှီးချစ်ခင်သူများ ကို အလေးထားကြောင်း၊ ချစ်ခင်ကြောင်း ပြောဖို ့၊ ပြသဖို ့ အချိန်မဆွဲသင့်သည့် သင်ခန်းစာ ကို ကျွန်မရခဲ့သည်။
Ting ကတော့ ပန်းတွေနှင့် လှလှပပ၊ ငြိမ်ငြိမ်သက်သက်လှဲလျောင်းနေခဲ့သည်။ လိုက်လံပို ့ ဆောင်သူတွေ ၏ ငိုကြွေးသံ၊ မှာကြားသံများကို ကြားနိုင်သည်လား၊ ဒါမှမဟုတ် သူ ့ဝိဉာဉ်က ကျွန်မတို ့တွေ နားပျံဝဲပြီး မငိုကြဖို ့လိုက်ပြီး တိုက်တွန်းနေမလား။ သူ ဘာ့ကြောင့်သေသည်၊ တရားခံက ဘယ်သူ ဆိုတာက နောက်..အခုတော့ ..လူနာတွေကို သေမင်းလက်က ကယ်ဆယ်ပေးဖို ့ ဆန္ဒရှိသူတစ်ဦး ကို ထိုသေမင်းက လက်ဦးသွားခဲ့ပြီ။
ကျန်းကျန်းမာမာ၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် နောက်ထပ် မာစတာ ဒီ၈ရီ ဆက်တက်ဖို ့ ရည်ရွယ်ချက်ရှိသော နပ်စ့် မလေး ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရလေပြီ။ သူ ့မှာ Susan လို သေမင်းအတွက် ကြိုတင်ပြင်ဆင်ချိန်မရခဲ့။ သူ ့ ဘဝအတွက် အရေးကြီးသည် ထင်သော ကိစ္စများ၊ အရေးပါသော သူများကို နှုတ်ဆက်ချိန်မရခဲ့။
သေတော့မည်ဟု ထင်ထားရသည့်သူ ကို ပြန်လည်အသက်ရှင်ခွင့်ပေးပြီး၊ မထင်ထားသည့် သူ ကို အရိပ်အမြွက်လေးပင် မပေးပဲ ခေါ်ဆောင်သွားခဲ့သည် ့ အနှီ သေမင်း၏ လှည့်စားတတ်သည့် သဘောသဘာဝ ကို ကျွန်မ တုန်လှုပ်မိသည်။
တဆက်တည်းမှာပင် သေခြင်းတရားအတွက် ကျွန်မ ဘာမှ အဆင်သင့် မဖြစ်သေးသည်ကို လဲ တုန်လှုပ်စွာ သတိထားလိုက်မိသည်။
(ဒီနေ ့မနက် FB ဖွင့်လိုက်တော့FB reminder က “4 years ago” ဆို ပြီး Ting မကွယ်လွန်ခင်က ကျွန်မတို ့တွေ အဖွဲ ့လိုက်တွဲရိုက်ထားတဲ့ ပုံပေါ်လာလို ့၊ သူ ဆုံးကာစက ရေးဖြစ်ခဲ့တဲ့ ဒီမှတ်စုလေးကို ရွာထဲ ပြန်လိုက်ပါတယ်။ မတ်လ ၁၃ရက်၊ ၂၀၁၂ တွင် ကွယ်လွန်သွားသည့် သူငယ်ချင်း Ting အတွက် အမှတ်တရပါ)
ချစ်ခင်စွာဖြင့်
မစုဉာဏ်
12 comments
kai
August 26, 2015 at 2:59 am
ဒီနှစ်ပိုင်းတွေထဲ.. အင်မတန်”စွမ်း”တဲ့.. သူတွေ.. သူတို့ဘဝတွေ.. ဖတ်ကြည့်လေ့လာနေမိပြီးသကာလ..
သေခြင်းတရားဆိုတာ.. အကောင်းဆုံးသော.. သဘာဝလက်ဆောင်လို့ထင်မိတယ်..။
သေခြင်းတရားကြောင့်သာ.. လူယဉ်ကျေးမှု တိုးတက်လာတယ်…လို့..။
လူတွေကြိုးစား.. နှိုးကြား.. ကြတယ်လို့..။ :k:
aye.kk
August 26, 2015 at 3:45 am
ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပြီး
ဘုရား,တရား,သံဃာဆိုတဲ့ရတနာသုံးပါးကို
သက်ဝင်ယုံကြည်ရင်
သေခြင်းတရားကိုရင်ဆိုင်နိုင်တဲ့
သေခြင်းတရားကင်းတဲ့၊မအို,မနာ,မသေရာဖြစ်တဲ့
မဟာဝိပဿနာကိုအကျင့်မှန်,နည်းမှန်,လမ်းမှန်နဲ ့ကျင့်ကြံပွားများ
အားထုတ်စေချင်မိပါတယ်။။
မစုဉာဏ်
August 26, 2015 at 9:47 pm
ဟုတ်ကဲ့ ကြိုးစားပါ့မယ်
မြန်မာပြည်မှာ နေတုန်းကတော့ တစ်နှစ်ကို တစ်လလောက် မဟာစည်နဲ့ ချမ်းမြေ့ ရိပ်သာတွေမှာ တရားစခန်းဝင်ဖြစ်ပါတယ်
ခုတော့ ၅ မိနစ်တောင် အနိုင်နိုင်ပါ
သံပတ်ပေးထားတဲ့ စက်ရုံတွေလိုပဲ တနေ့ တနေ့ ကုန်သွားတယ်
ဇီဇီခင်ဇော်
August 26, 2015 at 8:03 am
သူများအလှည့်တွေ ကြည့်နေရတုန်းကတော့ ကိုယ်နဲ့ အဝေးကြီးလိုပဲ ခံစားနေရတာ။
ကိုယ်နဲ့ နီးကပ်သူတွေ အလှည့်မှာ ကြောက်မိပြန်ရော။
နောက်တော့လည်း မေ့ပြီး နေ့ပေါင်းများစွာ မသိလိုက်မသိဖာသာကျင်လည်မိနေပြန်ရော။
တစ်နေ့ရောက်ရမဲ့ ပန်းတိုင်ဆိုပေမဲ့လည်း အချိန်မတန်ပဲရောက်သွားသူတွေမြင်တော့လည်း ရင်နာရတာ။
ဒီလိုနဲ့ သံသရာလည်နေတယ်။
မစုဉာဏ်
August 26, 2015 at 9:52 pm
ကျွန်မလဲ တရားရလိုက် မေ့ပျောက်သွားလိုက်နဲ့ .. ကိုယ့်အလှည့် အတွက် ဘာမှ မပြင်ဆင်ရသေးဘူး
ဖြစ်နိုင်ရင်တော့
ဝေဒနာ သိပ်မခံစားရပဲ, နာတာရှည် ရောဂါနဲ့ အိမ်သားတွေ ကို ဝန်ပိုပေးတာမျ်ုး မဟုတ်ပဲ တိတ်တိတ်ဆိတ်ဆိတ်သွားချင်တာ
Mike
August 26, 2015 at 9:10 am
.အင်း..မစုဉာဏ်ရဲ့ဆောင်းပါးလေးဖတ်ပြီး…အလန့်တကြားသတိရလိုက်တာကတော့…
.ဟုတ်တယ်ဗျာ…အချိန်တိုင်းသေနိုင်တာဖြစ်လို့ သတိမပြတ်ထားသင့်ပါတယ်…ကေ ျးဇူးပါဗျာ
မစုဉာဏ်
August 26, 2015 at 10:04 pm
ကျွန်မတို့ မြန်မာတွေက စိတ်ထဲရှိတာကို စကားလုံးတွေနဲ့ ဖော်ပြတဲ့ နေရာမှာ အားနည်းကြ, နှောင့်နှေးတတ်ကြတယ်, မိဘတွေကို ချစ်ပေမယ့် ချစ်ကြောင်း မပြောမိဘူး, တချို့မိဘတွေဆို သေသာသွားတယ် သားသမီးဆီက ချစ်တယ် ပြောတာ မကြားသွားလိုက်ရဘူး .. ကိုယ်အမူအရာနဲ့ ပြတာတွေကို ကြည်နှူးရတာပဲ များတယ်
ဒီမှာတော့ ဖုန်းဆက်ရင်တောင် “I love you mom” ဆို ပြီး ပြောကြတယ် (တကယ် နေမကောင်းရင် ဆေးရုံမှာ လာတောင် မတွေ့ပဲ ပန်းခြင်းတွေ ပို့တာမျိုးလဲ မြင်ဖူးပါရဲ့) 🙂
အောင် မိုးသူ
August 26, 2015 at 9:52 am
ငါသေတော့မယ်ဆိုရင်ဆိုတဲ့ အတွေးကို ခဏခဏစဉ်းစားခဲ့မိတယ်။ မသေခင်တော့ ကောင်းတာလေးတွေ တွေးပြီး လုပ်ကိုင်သွားချင်တယ်။
black chaw
August 26, 2015 at 12:35 pm
အခုတလော တကယ်ကြီးကို တွေးမိနေတာက
အဲဒီ သေခြင်းတရား အကြောင်းပါပဲ ဗျာ…။
ကျွန်တော်လည်း မစုဉာဏ်လိုပါပဲ…။
ဘာမှ အဆင်သင့် မဖြစ်သေးဘူး ခင်ဗျူ…။
မစုဉာဏ်ပို့စ်ကို ဖတ်ပြီး အသိတရားလေး တစ်ခု ရလိုက်ပါတယ်…။
ဘယ်အချိန်ရောက်လာမယ်မှန်း မသိတဲ့ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့
အခုချက်ခြင်း ပြင်ဆင် ထားသင့်ပါတယ်ဆိုတာ ပါပဲ…။
ဆိုတဲ့ မစုဉာဏ် ရခဲ့တဲ့ သင်ခန်းစာကို ကျွန်တော်လည်း လက်ခံရယူသွားပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Ma Ma
August 26, 2015 at 11:08 pm
သေမယ်လို့လက်ခံပြီး ကြည့်လိုက်တဲ့အခါ လောကကြီးကို မြင်ပုံပြောင်းသွားပြီး အရေးကြီးတာတွေကို လုပ်ဖြစ်သွားတာ အမြတ်ပဲ။
အနိစ္စတရားကို နှလုံးသွင်းထားရင် လောဘ၊ ဒေါသ၊ မောဟတွေ နည်းသွားတယ်။
အကျိုးများတဲ့စေတဲ့ စာတွေမို့ ကျေးဇူးတင်ပါတယ်။
ရှဲခွင့်ပြုပါနော်။
🙂
Alinsett @ Maung Thura
August 27, 2015 at 3:21 pm
ငါသည်…မုချ သေရမည်… အချိန်ပိုင်းသာ လိုတော့သည်…
အချိန်မီလေး….လုပ်ချင်တာ လုပ်လိုက်မည်…
ငါ လုပ်ချင်တာသည်… မည်သူ့ကိုမျှ မထိခိုက်သော….
ထို့အပြင်…အခြားသူများအား အကျိုး ရှိစေသော…အလုပ် ဖြစ်ရမည်…
ပလို့ဂျိ….
Shwe Ei
August 28, 2015 at 11:20 am
-ကျနော်ကတော့ သေခြင်း နဲ့ ရှင်ခြင်း ကြားက နေခြင်းအကြောင်း
-စဉ်းစားမိတိုင်း အမြဲ ဒွိဟဖစ်တယ်
-သေဖို့အတွက် အမြဲပြင်ဆင်ပြီး .. လောဘတွေ အတ္တတွေ နောက်ပို့ထားရင်လဲ
-လောကီစည်းစိမ်တွေနဲ့ ဝေးရမယ်
-နေဖို့ အတွက် အမြဲပြင်ဆင်ပြီး လောဘအပြည့်နဲ့ ကြိုးစားပြန်ရင်လဲ
-လောကုတ္တရာ စည်းစိမ်နဲ့ဝေးရမယ်
-အစွန်း၂ဖက်လွတ်အောင် နေတတ်ဖို့က တစ်ခါတစ်လေ အတော်လေး
-ရှုပ်ထွေးတယ်လို့ ထင်မိတယ်ဗျ…