Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လမ်းသွားလမ်းလာ သတိပါ – Be Safe on the way

ဇီဇီSeptember 21, 20151min138925

အခြေခံကျတဲ့ “လမ်းသွားလမ်းလာ လုံခြုံမှု” တွေက…

  • လမ်းမှာ ဖြစ်စေ၊ ရုံးမှာဖြစ်စေ၊ ကားမောင်းနေရင်းဖြစ်စေ၊ ဘတ်(စ)ကားစောင့်နေရင်းဖြစ်စေ သတိလက်လွတ်မနေပါနဲ့တဲ့။ (ဖုန်းချည်းပဲ ငုံ့ပွတ်မနေနဲ့ပေါ့။ ဟိဟိ)

 

  • ကိုယ့်ရဲ့ပုံက ကယောင်ချောက်ချားမဖြစ်စေပဲ၊ ယုံကြည်မှုရှိရှိနဲ့ ဦးတည်ရာသိတဲ့ ပုံစံမျိုးဖြစ်ပါစေတဲ့။ (ယောင်နနပုံ မပေါက်စေနဲ့ပြောတယ်ထင်)

 

  • အိမ်ဝန်းကျင်၊ အလုပ်ဝန်းကျင် ပြန်တဲ့ တောက်လျှောက်က အိမ်နားနီးချင်း၊ ဆိုင်၊ ဈေးသည် စတာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပါစေ။ (လိုအပ်ရင်အကူအညီပေးချင်အောင်လို့ပါ)

 

  • သွားရာ အနီးအနား ရဲစခန်း၊ မီးသတ်၊ ဆေးရုံ၊ တယ်လီဖုန်းရုံ စတာတွေကို လည်း ဘယ် အချိန်ထိ ဖွင့်တတ်ရှိတတ်တယ်ဆိုတာ သိထားသင့်ပါတယ်တဲ့။ (ရဲစခန်းရှေ့လူသတ်လူယက်ခိုးဝင်မှုဖြစ်တဲ့နိုင်ငံမှာတော့ အသုံးဝင်မလားမသိ)

ကားတို့ ပစ္စည်းတို့ လုယက်ခံရရင်….
လူမထိခိုက်အောင်ပစ္စည်းကိုလက်လွှတ်ဖို့ ပြီးမှ ရဲစခန်းကို သွားဖို့ပြောထားတာပါ။
အဲဒီ အချက်က အရေးယူနိုင်တဲ့ အဖွဲ့အစည်းမရှိတဲ့  ကျနော်တို့ နိုင်ငံ အတွက် အသုံးမဝင်တာမို့

ကာကွယ်ရန်အကြောင်းတွေပဲ ကြည့်ရအောင်။

 

နည်းနည်း သတိထားရမဲ့ အချက်တွေ။

.
၁) ဘဏ်တွေ အေတီအမ် တွေကို ကိုယ်နဲ့ စိမ်းသက်တဲ့ နေရာမျိုးမှာ ငွေထုတ်တာတွေ မလုပ်ပါနဲ့။

၂) ငွေထုတ်တဲ့ အနီးအနားမှာ မသင်္ကာစရာ လူမြင်တာနဲ့ အဲဒီနေရာမှာ ပိုက်ဆံမထုတ်ပဲ လူများတဲ့နေရာဆီကို အမြန် ရှောင်ထွက်ပါ။

၃) ညနက်နက်မှာ တယောက်တည်း လမ်းပေါ်ရောက်မနေပါစေနဲ့။

၄) လမ်းလျှောက်ရ သွားလာလှုပ်ရှားရလွယ်ကူမြန်ဆန်တဲ့ ဝတ်စားဆင်ယင်မှုဖြစ်နေပါစေ။

၅) နားမှာ နားကြပ်ကြီးနဲ့ ခေါ်မကြား အော်မကြား ဘာမှ မသိတဲ့ ပုံ မနေပါနဲ့။

6) ငွေတို့ ကျောက်မျက်ရတနာတို့ ကို လူမြင်အောင် တစ်လုံးတစ်ခဲ ကိုင်မသွားပါနဲ့။

၇) ပါနဲ့ ငွေကို နေရာခွဲထည့်ထားပါ။

၈) ကားမောင်းမောင်း ကားစီးစီး၊ ကားပေါ်က မဆင်းမချင်း သော့ကျနေပါစေ။။

၉) တစိမ်းနဲ့ ကားကြုံလိုက်တာမျိုးရှောင်ပါ။

၁၀) လူ တစ်ယောက်ကို မျက်ခြေဖြတ်မယ်ဆိုရင် လူရှင်းတဲ့နေရာကို သွားဖို့ မရွေးပါနဲ့။ လူ အများထဲကိုသာ တိုးဝင်ပါ။

၁၁) ကိုယ့်သွားလာ တဲ့ အချိန်၊ ရောက်ရမဲ့နေရာ၊ စတာတွေကို ကိုယ့်မိသားစုကို အသိပေးထားပါ။ ဒါမှ မူမမှန်တဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်မှာပါ။

၁၂) အိပ်ထဲမှာ မျက်စိကို ဖြန်းတဲ့ စပရေးဘူး သော်လည်းကောင်း၊ မျက်စိ စူးသွားစေတဲ့ ပွိုင်တာလေးသော်လည်းကောင်းအနည်းဆုံး ခေါက်ထီးဖြစ်ဖြစ်။ ထီးအချွန်ဖြစ်ဖြစ် ဆောင်ထားပါ။ လူမှာ ထိခိုက်အလွယ်ဆုံးက မျက်လုံးပါ။ မျက်လုံးကို ထိခိုက်အောင်လုပ်တာမျိုး လုပ်လို့ရတဲ့ အရာ ဆောင်ထားပါ။

၁၃) ကိုယ့်ကလေးကို ဘယ်ဆွေမျိုးဝေးဝေး တစိမ်းနဲ့ အတူ ကိုယ့် မျက်ကွယ်ရာမှာ မထားပါနဲ့။

၁၄) ပေါက်ကွဲတဲ့နေရာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ နေရာတွေ ကို ယောင်လည်လည်သွားမလုပ်ပါနဲ့။

၁၅) လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို လိုက်နာပါ။

၁၆) ကားမောင်းရင်ရော၊ ကားစီးရင်ရော ထိုင်ခုံခါးပတ် ပတ်ထားပါ။

 

လောလောဆယ် ဂလောက်ပဲ။

သတိရတာလေးတွေ
သတိပေးချင်တာလေးတွေ ဝင်ပြောပေးကြပါဦးး

 

သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ…

 

25 comments

  • အောင် မိုးသူ

    September 21, 2015 at 9:39 am

    ဘဏ်ကဒ်မရှိဘူး ကိုယ်ပိုင်ကားမရှိဘူး လမ်းသွားရင် ဖုန်းမပွတ်ဘူး။ ကိုယ်သွားမယ့်နေရာသွားဖို့ ဟိုဒီတောင် မငေးဖူးဘူး။ လမ်းထဲတင်မဟုတ်ဘူး တစ်ရပ်ကွက်လုံးနဲ့သိတယ်။ ညဘက် အပြင်သိပ်မထွက်တတ်တော့ သိပ်စိတ်ပူစရာမလိုဘူးပေါ့။ 🙂

    • ဇီဇီခင်ဇော်

      September 21, 2015 at 11:29 am

      အာ့ဆို စိတ်ပူစရာ မလိုတာ …

      တစ်ယောက်လျော့တာပေါ့ကွီ

      :chit:

      • အောင် မိုးသူ

        September 22, 2015 at 11:02 am

        တစ်ခုပဲရှိတယ် Weekend ဆို အိမ်းနားက ဆိုင်မှာ သောက်ပီး နောက်ကျမှ ပြန်တာက လွဲလို့။ အဲ့လိုပြန်လည်း တစ်ယောက်တည်းမဟုတ်ပါဘူး အနည်းဆုံး ၂ယောက် ဟိဟိ။

  • Mr. MarGa

    September 21, 2015 at 9:46 am

    သွားလမ်းလည်းသာ
    လာလမ်းလည်းဖြောင့်
    map တစ်ခုနဲ့ အဆင်ပြေနေရဲ့
    သွားရင်း လာရင်းတော့ သတိကပ်ပါသေးတယ်…
    မသိရင် တစ်လောကလုံးကို ကြည့်မရတဲ့ မျက်နှာထားနဲ့လေ
    :mrgreenn:

    • ဇီဇီခင်ဇော်

      September 21, 2015 at 11:28 am

      နေကောင်းအောင်လည်း နေ အူးးး

      :k:

  • ဇီဇီခင်ဇော်

    September 21, 2015 at 9:50 am

    ကျန်ခဲ့ တာ က ကားးငှားးစီးးရင်
    – နံပတ်မှတ်
    – တစ်ယောက်ယောက် ကို နံပတ် ပို့ ထားး

  • ကြည်ဆောင်း

    September 21, 2015 at 10:05 am

    အခုတော့ သွားသုတ်သုတ် လာသုတ်သုတ် နဲ့ အိမ်ကို ပြန်ရောက်မှ ဟင်းချနိုင်တဲ့ ဘဝ . . .
    ကိုယ့် အိမ်ကလူတွေ ပြန်မရောက် မချင်း ဘုရားစာ ရွတ်နေရတဲ့ ဘဝ . . .
    ဘေးမှာ ရှိတဲ့ ကိုယ်မသိတဲ့သူတွေကို မျက်လုံး ဒေါက်ထောက်ကြည့် နေရတဲ့ဘဝ . . .
    မြန်မာပြည်မှာ ရှိနေတဲ့ လူအများစုဖြစ်နေတဲ့ ဘဝ . . .
    ကိုယ့်မြေ ကိုယ့်ရေ ထဲမှာတောင် လုံခြုံမှု မရှိတော့ တဲ့ဘဝ . . .

    • ဇီဇီခင်ဇော်

      September 21, 2015 at 10:10 am

      ခုချိန်မှာ …..

      အိမ်မှာလည်း အိမ်မှာမို့…

      လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။

      ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။

      :a:

      ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်…

      သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။

      ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။

      .

      .

      ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ???

      .

      ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ ဂျက် စတာတို့နဲ့ တပ်ဆင်ထားပြီး ကာကွယ်ပါ။

      (အရေးဟယ်အကြောင်းဟယ် အိမ်တံခါးမကြီးက ဝင်လာနိုင်ရင်တောင် ကိုယ့် အခန်းလေးထဲဝင်ပြီး လုံခြုံနိုင်ဖို့ပါ)

      .

      .

      ၂) ဖုန်းကို အမြဲတမ်း အားရှိနေပါစေ။

      (အရေးဟယ် အကြောင်းဟယ် ကိုယ့်ကို ကာကွယ်နိုင်တဲ့ သူမျိုးကို လှမ်းခေါ်နိုင်တဲ့ အခြေအနေရှိနေအောင်ပါ)

      .

      .

      ၃) အခန်း တစ်ခုမှာတော့ အမြဲမီးလင်းနေပါစေ

      (တစ်ယောက်ယောက်က မအိပ်သေးဘူးလို့ ထင်နေအောင်ပါ။ တစ်အိမ်လုံး မီးမှောင်နေတာထက် အခြေအနေကောင်းအောင်ပါ။

      .

      .

      ၄) လိုက်ကာအမြဲကာထားပါ။

      (ကိုယ့် အိမ် အခြေအနေ၊ ကိုယ့်အိမ်အသွားအလာ ကို အပြင်ကနေ တိုးလျှိုပေါက် မမြင်နိုင်ပါ)

      .

      .

      ၅) အိမ်နားမှာ ခြုံတွေ မထူထပ်နေပါစေနဲ့။

      (ပုံးခိုလို့ ကောင်းမဲ့ နေရာမျိုး ကို ကိုယ့်အိမ်နားမှာ မဖန်တီးမိအောင်ပါ)

      .

      .

      ၆) အိမ်အပြင်ပတ်လည်မှာ အလင်းရောင်/မီး ကောင်းမွန်နေပါစေ

      (ကိုယ့်အိမ်နား လူ အသွားအလာ၊ ခိုးလုပ်ရမဲ့ အလုပ်တွေ ကိုယ့်အိမ်နားမှာ မလုပ်နိုင်တော့ဘူးပေါ့)

      .

      .

      ၇) ညဘက် အိပ်ရင် တံခါးအားလုံးနဲ့ ပြတင်းပေါက်တွေ သေချာစွာပိတ်နေပါစေ

      (အိပ်ခါနီးတိုင်း စစ်သင့်ပါတယ်။ သံပန်းမရှိတဲ့ ပြတင်းပေါက်တွေကို ဒီတိုင်းဖွင့်မထားသင့်ပါဘူး)

      .

      .

      ၈) ကိုယ့်အိမ်ကို အချိန်မဟုတ်လာထိပါးတဲ့ အခါ Alarm တွေ မြည်အောင် စီစဉ်ထားပါ။

      (ဒါကတော့ ပိုက်ဆံချမ်းသာတဲ့ အိမ်တွေမှာအပိုပြုလုပ်ထားသင့်တဲ့ အရာမျိုးပါ။)

      .

      .

      .

      ကျနော်ထပ်ဖြည့်ချင်တာကတော့……

      – ဘယ်အချိန်မဆို ဘယ်သူလာလာ တံခါးကို အရင် မဖွင့်ပါနဲ့။
      – တံခါး ၂ ထပ်ရှိရင် သံပန်း တံခါးကို အမြဲပိတ်ထားပြီး သစ်သား တံခါးမှ စကားပြောပါ။
      – ပြတင်းပေါက်မှ မေးမြန်းပါ။
      – လူစိမ်းတစ်ယောက် လှမ်းဆွဲနိုင်တဲ့ အကွာအဝေးထက် ခွါရပ်ပြီး မေးမြန်းပါ။
      – ကိုယ့်စိတ်မသန့်ပဲ အားနာမှုနဲ့ အိမ်ထဲ အဝင်မခံပါနဲ့။
      – အိမ်ထဲမှာ လက်တစ်ကမ်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မဲ့ လက်နက်/တုတ်/ဂေါက်ရိုက်တံ/လက်နှိပ်ဓာတ်မီးအကြီး စသည်ဖြင့်ထားရှိပါ။
      – အိမ်မှာ ရိက္ခာခြောက်များထားရှိပါ။ (ညနေဘက်၊ ညဘက် ဗိုက်ဆာလို့ အပြင်ထွက်ရတာမျိုး မဖြစ်အောင်ပါ)
      – အလှူခံဖြစ်စေ၊ ဘုန်းကြီး တစ်စိမ်းဖြစ်စေ ဒီ ခေတ်ကြီးမှာ ဘယ်သူ့ကိုမှ မယုံရပါဘူးးး
      – ခေတ်မကောင်းလို့ ဘယ်သူ့မှ မယုံလို့ တံခါးဖွင့်မပေးတာ စိတ်ဆိုးတတ်ရင်လည်း အဲလို မိတ်ဆွေမျိုးကို စွန့်လွှတ်လိုက်ပါ။
      .

  • ဂျက်စပဲရိုး

    September 21, 2015 at 10:21 am

    လောလောဆယ် အခြေအနေ က တော့ ကိုယ့် လု ဖို့ မပြောနဲ့
    ကိုယ် က ပြန်လုမလား ဆိုပြီး ကြောက်သွား လောက် တဲ့ ဥပဓိ နဲ့ ဆိုတော့ကာ လုံလုံခြုံခြုံ ရှိနေတုန်းပဲ။

    • ဇီဇီခင်ဇော်

      September 21, 2015 at 11:27 am

      ငင့်
      ဘော်ဒီ ဂါတ် ခန့်ဗျဇီ။
      နာက အားနွဲ့သူမို့ဘားးးး

      :mrgreenn:

      • ဂျက်စပဲရိုး

        September 21, 2015 at 3:16 pm

        အနော်နဲ့ တဂျား နဲ့ ဘယ်တစ်ဖက် ညာတစ်ဖက် ဝန်းရံ လိုက်ရင် အကုန် ဖိန့်ဖိန့်တုန် သွားမှာ
        ဟိုကောင်လဲ လူတကာ ကို ချဉ်တယ် ဆိုတဲ့ ပုံ နဲ့ ဆိုတော့ကာ း)

        • ဇီဇီခင်ဇော်

          September 21, 2015 at 3:23 pm

          ပြီးမှ နာတို့ ၃ ယောက်လုံး ရွာ့ပြင်ရောက်သွားမှာလားငင်??

          :k:

        • အောင် မိုးသူ

          September 22, 2015 at 11:03 am

          တဂျားလား လူတကာချဉ်တဲ့ပုံစံမျိုးဆိုတာ အပေါက်ကျဉ်းနဲ့မိမယ့် မျက်နှာပေးလေ။ မိလည်း သူပဲခံရမျာ လူကောင်က တစ်ချက်ကိုင်ပေါက်ရုံပဲရှတာကိုး ဟိဟိ။

  • @QUIL@

    September 21, 2015 at 10:35 am

    အတိုက်အခံကောင်းရင် သည်ကိစ္စက … ပြောနေစရာတောင်မလိုဘု…
    ဟုတ်သယ်လေ…
    အဆိုးရမကောင်းတာသာ လူတိုင်းပြောနေတာ…
    အတိုက်အခံ မကောင်းတာတော့ ဘူမှမပြောဂျဘု…
    အတိုက်အခံလုပ်စားလာတာ နှစ် တုံးဂျယ် ပြီ့ဒေါ့မယ်…
    ခုချိန်ထိ လူတေ ပလက်ဖောင်းပေါ်လမ်းလျောက်ဖို့လောက်ကို မစွမ်းဆော်နိုင်သေးဘု..
    အားရဇယာ…

    • ဇီဇီခင်ဇော်

      September 21, 2015 at 10:44 am

      အဲဒီ အတိုက်အခံတွေ ကို ထောင်ထဲ ထည့်ထားးခဲ့တဲ့ နိ အဘ တွေ ကို အရင်သွားးပြောချည်..!!
      အရင် ပလက်ဖောင်းးပေါ် ဈေးးရောင်းး ကားးရပ်ခွင့်ပေးးတဲ့ စည်ပင် ကို အရင် ဆဲ လေ
      :kwi:

      • @QUIL@

        September 21, 2015 at 10:57 am

        စည်ပင် ၆၃မကျတာ လူတိုင်းသိဒဲယ့်
        လူတေဆဲဂျတာ နတ်တွေတောင် နားညောင်းလောက်ဘီ…
        အတိုက်အခံ စည်ဗင်ကိုဆဲတဲ့ တရားလေး နာချင့်ထှာ..။

        ထစ်ကနဲရှိ လမ်းပေါ်ထွက်ဖို့သာကျပ်ပေးတာ…
        ပလက်ဖောင်းနင်းဖို့တောင် ဝိုင်းဝန်းဖို့ ..အဖျစ်မစိတေးဝူး..
        သခင်မျိုးဟေ့ ဒို့ဘာမန်….
        အာဝူး…

        • ဇီဇီခင်ဇော်

          September 21, 2015 at 11:03 am

          စာဖတ်ပြီးးမှ လာပြော မောင်ဂီ
          လမ်းးပေါ် မထွက်စေချင်လို့ ဘယ်လမ်းးရွေးးထားးလဲ မသိပဲ လာမ ပြောနဲ့…
          ဆဲတတ်တိုင်းးသာ နင့် အဘတွေ နာတတ်ရင် ဆင်းးပေးးတာ ကြာပေါ့..

          တနိုင်ငံလုံးး လိုအပ်ချက်ကို ကိုယ်စားးမပြုတဲ့ ကိုယ့် လိုဘလောက်နဲ့ ခေါင်းးမော့ တံထွေးး ထွေးး မနေနဲ့..

          စာဖတ်ဆိုရင် ဇာဇာထက်ဆီ ပဲ သွားး ကြည့်နေတာ မခက်လားးးး ခေးးရယ်..

          :kwi:

      • မြစပဲရိုး

        September 22, 2015 at 2:58 am

        ကိုယ်စားလှယ် (၆၀၀) ကျော်ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ (၄၀) ကျော်မျှသော ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်နိုင်အားဟာ
        အကန့်အသတ်နဲ့သာ ရှိနိုင်မယ်ဆိုတာ ပြည်သူများ နားလည်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
        (ဒေါ်အောင်ဆန်းစုကြည်၏ ရေဒီယို/တီဗွီ မိန့်ခွန်း ၂၁-၉-၂၀၁၅)

  • @QUIL@

    September 21, 2015 at 11:10 am

    ဘယ်ဂျောင်က ဇာကြီးက ပါလာပြန်သဒုံး…
    ညှီသဗျာ ..ခညားနဲ့ ဇဂါးပြောရဒါ….
    ဒီဖန့်စ် ကွင်းမှာ ဂေါက်ရိုက်ဖို့ချိန်းထားသယ်…
    ပြန်လာမှတွေ့မယ်
    တာ့တာ…

    • ဇီဇီခင်ဇော်

      September 21, 2015 at 11:20 am

      ကွကိုယ် ရိုက်ရင် ဂေါက်ရိုက်တာပေါ့ကွယ်

      :kwi:

  • ဦးကြောင်ကြီး

    September 21, 2015 at 12:22 pm

    အနားကပ်လာလ ျင် လှံပြလိုက်ပါ…

  • ရာမည

    September 21, 2015 at 2:25 pm

    သင့်အား
    မြန်မာနိုင်ငံ လုံခြုံရေးအဖွဲ့အသီးသီးမှ
    ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်ပါသည်

    :hee:

    • ဇီဇီခင်ဇော်

      September 21, 2015 at 2:36 pm

      လစာပါ ဒေါ်လှ နဲ့ ပေးမှ။
      ဟိဟိ

      :mrgreenn:

  • မြစပဲရိုး

    September 22, 2015 at 2:52 am

    “ကားမောင်းရင်/စီးရင် ခါးပါတ်ပါတ်ပါ”
    :-)))

    • ဇီဇီခင်ဇော်

      September 22, 2015 at 8:05 am

      ထပ်ဖြည့်လိုက်တယ်။

      :chit:

Leave a Reply