မားနန်း လက်ရာ – KZ’s ထမင်းဆိုင်
မ နန်းကေသီလှိုင်ကို အကူအညီတောင်းပြီး ရ ရက် စာ ရအောင် ဟင်းစပ်ရော ဟင်းချက်နည်းရော ဓာတ်ပုံပါ တောင်းလိုက်တယ်။
အားပေးပါအူးးး
MONDAY
- မုန်ညင်းခါး ဟင်းရည်
- ငါးကြော် ပဲငါးပိချက်
- ဆင်ခရမ်းချဉ်သီး ပဲတောင့်ရှည်သုပ်

ငါးကို ကြော်ထား , ကြက်သွန်ဖြူ တပြားရိုက် , ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို လေးစိတ်ထိုးပြီး ထက်ဝက်ခြမ်း, ဂျငိးကို ပြားပြားလေးလှီးပြီး အချောင်းရှည်လေးတွေဖြစ်အောင် ရိတ်ရိတ်လှီး.. ဆီနဲနဲနဲ့ အရင်ကြော် , တရုတ်ပဲပုတ်စေ့ နဲ့ ငရုပ်ချဉ်ရည် နဲနဲထည့် , ကော်မှုန့်ကို ရေဖျော်ပြီး ထည့်.. စားခါနီးမှ ပြန်တည်ပြီး ငရုပ်ပွလေးတွေ လက်တဆစ်လောက်ထည့်ပြီး ကြော်ထားတဲ့ ငါးကြော်ပေါ်ကိုလောင်းချလို့ ကြက်သွန်မိတ်လေးတွေ အုပ်လိုက်ရင် ရပါပြိလို့.


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TUESDAY
- ဝက်သားလုံး ရှမ်းချက် မွှေးမွှေးလေး
- အသုပ်က ငါးဖယ်ပေါင်းကိုပဲတောင့်ရှည်အစိမ်းနဲ့ ငါးပိလေးနဲ့ သုပ် ..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
WEDNESDAY
- ချဉ်ပေါင်ရုံးပတီ ကြော်
- ကြက်သား အာလူး ချက်
- ငံပြာရည်ဆီသတ်
- အတို့



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
THURSDAY
- ပုဇွန်ကို နာနတ်သီးနဲ့ ချိုချဉ်ကြော်မယ်
- ငှက်ပျောဖူးကို ပဲပုတ်စေ့အချဉ်နဲ့ ကြော်မယ်
- ရေပြောင်းဖူးနဲ့ အော်စွန်း သုပ်မယ်
- အခြောက်ကြော်က ဝက်အူချောင်း အငံနဲ့ အမဲခြောက် ကြော် မှာ။

နာနတ်သီး အတုံးလေးတွေလုပ်.. ကြက်သွန်ဖြူရိုက်ပြီး နီလေးစိတ်ထိုး ခရမ်းချဉ်အတူံးလေးတွေလှီး .. ဂျင်းကို အပြားလိုက်ပါးပါးလှီးပြီး အချောင်းရှည်လေးဖြစ်အောင်ပြန်လှီးဖြတ်ထား … ငရုပ်ပွ အတုံးလေးတွေလှီး…
ဆီနဲနဲနဲ့ ဖြူနီ ကြော် ဂျင်းကြော် ခရမ်းချဉ်သီးထည့်လို့ အနံလေးတွေထွက်လာရင် ပုဇွန်ထည့် နာနာတ်သီးထည့် ကြက်ာဆော့ထည့်ပြီး ငရုပ်ပွထည့်ကြော်လိုက်ရင် ရပြီ.. ချို ငံ ထည့်တာတွေ ပြောတော့ဘူး

အော်စွန်းနဲ့ ရေပြောင်းဖူး ကိုအချောင်းရှည်လေးတွေလှီး ..ရေစိမ်ထား
ခါကြက်ဥလဲလှီးထား
ခရမ်းချဉ်သီးပြုတ်တောက်တော်က်စင်း ကြက်သွန်ဖြူ ငရုပ်သီး တောက်တောက်စင်း
နံနံပင် ပါးပါးလှီး . ငရုပ်သီးကြော်ပြီးသားလဲထည့် သံပုရာသီးညှစ်
ပန်ထွေဖျော်လိုပဲပေါ့ .. အဲ့လိုလုပ်ထားပြီးမှ စားခါနီးမှ ရေစိမ်ထားတာတွေဆယ်လိုက် ဆားဟင်းချိုမှုန့်နဲ့နယ်.. ခုနက ခရမ်းချဉ်သီးဖျော်ထားတာလောင်းထည့် နယ်ပြီး အပေါ်ကနေ မြေပဲဆံထောငိးလေးဖြူး နံနံပင်အုပ်ပြီး စားလိူ့ရပြီ
ပုဇွန်ထမ်းငံပြာရည်လေးပါထည့်လိုက်…မှိုဆီကြော်ရှိရင် ထညိ့သုပ်တယ်

ဖြူ နီ ထောင်း .. ခရမ်းချဉ်တလုံးလောက်တောက်တောက်စင်း.
ဆီသတ်
ပြီးမှ ငပျောဖူးထည့်
နူးအိပြီဆို တရုတ်ကလာတဲ့ ပဲပုတ်စေ့ချဉ်ဗူး ထည့်ကြော်ပြီး ငရုပ်သီးတောင့်အခြောက်ကြော်လေးဖြူးလိုက်ရော

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
FRIDAY
- ရှမ်းဝက်သားလုံးဟင်းရည်
- ပဲပုတ်ထောင်း
- မုန်ညင်းခါးကြော်


ဟင်းရည်ထဲကို ဆား ဟင်းချိုမှုန့်ဂျင်း/ကြက်သွန်ဖြူ တပြားရိုက်လို့ ပဲပုတ်မှုန့် / ရာဖစ် (ရှမ်းလိုအခေါ် ဆေးခါးစပ်စပ်လေး) ထည့်လို့ နံနံပင်အုပ်ပြီး သောက်လိုက်ရုံ… ဟင်းရည်ကတော့ မလှပဘူးဖြစ်နေတယ် ..
ဂျင်း/ကြက်သွန်ဖြူ ခရမ်းချဉ်နဲနဲနဲ့ ဟင်းရည်တည်ထား အရွက်နဲနဲအုပ်ထား
(စားခါနီးမှ အသားလုံးထည့် နွေးလိုက်မလို့)


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
SATURDAY
- ဗူးညွှန့် ဆူးပုတ် ရွှေဖရုံသီး မှို နဲနဲ ကို ပုဇွန်ခြောက်နဲ့ ဟင်းရည်ချက် ပင်စိမ်းခပ်။
- မှိုချက်
- ကြက်သွန်ဖြူ ငရုတ်သီး ပုဇွန်ခြောက်ကို ထောင်း သံပုရာသီးညစ်ပြီး ဟင်းရည်ထဲက အရွက် / မှိုချက်နဲ့ မြှုပ်စာ သားကြီး ငါးကြီး မပါတဲ့ဟင်း
ဗူးညွှန့် ဟင်းရည် က
ဖြူ နီ ထောင်း
ပုဇွန်ခြောက်ထောင်း
ဆီလေး တစက်ထည့်
ရေနဲ့တည်ထား ဆား အချိုမှုန့်ထည့်ပြီး
ပွက်မှ ဖရုသီးထည့်
ဖရုံသီးရပြီဆို မှိုထည့် , ဆူးပုတ် ဘူးညွှန့် ကတော့ ထမင်းစားခါနီးမှ ထည့်တာ , ပီးမှ ခူးခါနီး ပင်စိမ်းလေး ပစ်ထည့်လိုက်ရော …

မှိုချက် တာကြတော့ ဖြူနီထောင်း /ခရမ်းချဉ်တောက်တောက်စင်း ,
အာ့တွေ ဆီသတ် / ဆီပျံလာ မှိုထည့်ချက် မှိုရခါနီးမှ ကန်ဇွန်းရွက် နဲနဲထည့်
ငရုပ်သီးစိမ်းတောင့် ရိုက်ပြားလေးထည့်လ်ု့ မွှေးမွှေးလေးနဲ့ စားလို့ရပါပြီ

သံပုရာသီးညစ်ပြီး ဟင်းရည်ထဲက အရွက် / မှိုချက်နဲ့ မြှုပ်စာ း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
SUNDAY
- ငါးမာလာချက်၊
- အာလူးထောင်း၊
- စွန်တန်ဟင်းရည်

ငါးမာလာချက်လဲ မာလာအနှစ်ဝယ်လိုက်တာ .. ကြက်သွန်ဖြူနီ ထောင်း ခရမ်းချဉ်တော်က်တောက်စင်း
.
ငါးကိုအရင်ကြော်ထား
.
ပြီးရင်် ခရမ်းချဉ်အနှစ်ဆီသတ်ထဲ့ထဲ ဆားကောထည့်ချက် / ဂျင်းပါးပါးရှည်ရှည်လေးတွေလှီး မာလာနှစ်ထည့်…
.
ငါးထည့်ပြီး… ပင်စိမ်း ဖက်ဖယ် ကုလားနံနံ အုပ်လိုက်တာ

အာလူးကိုပြုတ်
.
စေးနေအောင်ထောင်း
.
ကြက်သွန်ဖြူ ရိုကိပြား
.
တရုတ်မုန်ညင်းချဉ်အစပ်ကို ရိတ်ရိတ်လှီးထား
.
ဆီပါးပါးလေးကို ကြက်သွန်ဖြူ ထည့်ကြော် မူန်ညင်းချဉ်ထည့်
.
ပြီးရင်ထောင်းထားတဲ့အာလူးထည့်
.
ကော်မှုန့်နဲနဲနဲ့ရေနဲ့ ဖျော်ထားတဲ့ အရည်ထည့်
.
ပျော့ပြီးရေခမ်းပြီထင်ရင် ခူးလိုက်ပြီး ငရုပ်ကြော်ဆီဆမ်းပြီး စားရုံပဲ
.
တရုတ်ဟင်းအားလုံး ဆားကော နဲနဲဆီထည့်တယ်နော်

စွန်ထန်ခြောကိကို ရေဆေး
.
အရိုးဟင်းရည်ရှိရင် ပိုကောင်းတယ်….
.
အရိုးဟင်းရည်ထဲ ဆွန်တန်ခြောက်ထည့်
.
ဟင်းရည်ထည့်မယ့် ပန်းကန်ထဲ
.
ကြက်သွန်ဖြူ ဂျင်းငရုပ်သီးစိမ်း ရိုက်ပြား
.
ခရမ်းချဉ် ကြက်သွန်နီ လေးစိတ်ထိုး
.
နံနံပင်ထည့်
.
စားခါနီးမှ ဆွနိထန်ခြောကိနဲ့ အရိုးဟင်းရည်လေးလောင်းထည့်
.
နမ်းဆီမွှေး တစက် ၂စင်ထည့်
.
အချို ငံ ထည့်တာ ရေးတော့ဝူး
.
ကွကိုယ်မြည်းကြတော့
.
ဟီး
14 comments
အရင်ကကျော်စွာဦးကြီးမိုက်
January 11, 2016 at 11:23 am
.ဟင်းခွက်အားလုံးစားလို့ကောင်းမဲ့ပုံပဲ..သွားရည်တောင်ကျလုလု
အရင်ကကျော်စွာဦးကြီးမိုက်
January 11, 2016 at 11:29 am
.အာလူးထောင်း၊
.ငှက်ပျောဖူးကို ပဲပုတ်စေ့အချဉ်နဲ့ ကြော်….အဲ့နှစ်ပွဲသွားရည်အကျဆုံးပဲ
.ဒါနဲ့ ရေပြောင်းဖူးနဲ့ အော်စွန်း သုပ်မယ်…ဆိုတာမှာ..“အော်စွန်း” ဆိုတာကဘာတုန်းဟင်
ဇီဇီခင်ဇော်
January 11, 2016 at 11:42 am
အော်စွန်း ဆိုတာ ဆလပ်ရိုးလို့လည်း ခေါ်ကြတယ်။
ရှမ်းဟင်းဆိုင်တွေမှာ ရတယ်။
ပင်စည်နုနုကို ခြစ်ထားတာမျိုးးး
အရသာရယ်လို့ မရှိပေမဲ့ အရည်ရွှမ်းတဲ့ အရိုးနုမျိုးပေါ့။
:k:
အရင်ကကျော်စွာဦးကြီးမိုက်
January 11, 2016 at 11:38 am
.ရေပြောင်းဖူးလည်းမကြားဖူးဘူး..ငိငိ :))
ဇီဇီခင်ဇော်
January 11, 2016 at 11:43 am
http://myanmargazette.net/wp-content/uploads/2016/01/42.jpg
ရေပြောင်းဖူး / ရေပြောင်း (ပုသိမ်အခေါ် စပါးဖူး / စပါးဥ)
Common name: Wild rice (Canada rice /Indian rice/ water oats)
Bot name: Zizania aquatica (Fritillaria camschatcensis)
Family: Poaceae
ရေပြောင်း (ခေါ်) ရေပြောင်းဖူး (ခေါ်) စပါးဥ ပင်များကို ရှမ်းပြည် တောင်ကြီး နှင့် ကလေးမြို့များတွင် ပေါများစွာတွေ့ရလေ့ရှိသည်။ တကယ်တော့…..ရေပြောင်းဖူး ဆိုတာက Wild rice စပါးပင်ရဲ့ ပင်စည်နုနုကို ခူးယူစားသုံးကြတာဖြစ်လို့ စပါးဥ (သို့) စပါးဖူး ဆိုတဲ့ နာမည်လေးနဲ့ ပိုပြီး လိုက်ဖက်မယ်လို့ ထင်ပါတယ်။ ဆိမ့်သက်သော အရသာရှိပြီး ဝက်သားနှင့်ကြော်စား သူ့ချည်ဘဲသုတ်စား အရောအနှောများ ကြာဇံ နှစ်သက်ရာများအသီးနှံများနှင့်လည်း ချဉ်ငံစပ် သုတ်စားလေ့ ရှိပါတယ်။ ရေပြောင်းပင်မှ ရရှိသော စပါးစေ့ (ဆန်) ကို ချက်ပြုတ်စားသုံး၍ ရသလို ပင်စည်ရိုးတံကိုလည်း ဦးထုပ် (သို့) လက်ကိုင်ပိုက်ဆံအိတ်လေးများလည်း ပြလုပ် ရောင်းချလေ့ရှိပါတယ်။
Admin (IVU Plant lover’s)
အရင်ကကျော်စွာဦးကြီးမိုက်
January 11, 2016 at 1:51 pm
.Thank you KZ :))
အောင် မိုးသူ
January 11, 2016 at 12:27 pm
သွားရည်ကို ယိုသွားတာပဲ
ဇီဇီခင်ဇော်
January 13, 2016 at 11:06 am
မမဂျီး ဆို ဒိုင်းယက်နေရင်း ပို့(စ) တင်ရတာ စဉ်းစားကြည့်
😥
alinsett
January 11, 2016 at 8:11 pm
TUESDAY အတွက် ကို အကြိုက်ဆုံးပဲ…
ကျန်တာတွေလည်း… လျှာ အလည်ထွက် လာချင်တာပဲ..
ဇီဇီခင်ဇော်
January 13, 2016 at 11:07 am
ဟုတ်တယ်။
ငါးဖယ်သုတ် အကြိုက်ဆုံးပဲ။
ရှလွတ်
:sar:
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 11, 2016 at 11:49 pm
တစ်နေ့မှ နှစ်ထောင်ဘဲရဒါဘာဆို ဒါဒွေဘီလိုချက်စားနိုင်မှာဒုံးအရပ်ဂဒို့ရဲ့
ဇီဇီခင်ဇော်
January 13, 2016 at 11:08 am
ပိုရှာအေ။
:k:
အောင် မိုးသူ
July 20, 2016 at 4:38 pm
တစ်မျိုးယူသွားသည်။
မမချွိ
July 21, 2016 at 8:37 am
ယူစေသတည်း
:k: