Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခင်ဇော် ၏ သည်းခံရခြင်းများ

ဇီဇီNovember 11, 20151min114934

သည်းခံ ခင်ဇော် သည်းခံ

????

– မတရားတာတွေလည်း သည်းခံ
– မှားတာတွေ လာပြောလည်း သည်းခံ
– ဉာဏ်နည်းနည်း ကြိမ်းဝါးမှုတွေလည်း သည်းခံ
– ဆိုက်ဝါးတွေလာအာနေတာလည်း သည်းခံ
– မဖြစ်နိုင်တာအော်နေလည်း သည်းခံ
– သတင်း အမှားတွေ ရှယ်နေကြတာကိုလည်း သည်းခံ
– သည်းခံခြင်းနဲ့ အသားမကျသေးတာကို သည်းခံ
– ချစ်လို့ သည်းခံ
– ကြောက်လို့ သည်းခံ
– ခံလက်စနဲ့ သည်းခံ
အနည်းဆုံး ၃ လ – အများဆုံး ၆ လ မှာ..
ကိုယ်တွေ သည်းမခံနိုင်ရင်
လူထုခေါင်းဆောင် ၂ရ နှစ် လုံးလုံး သည်းခံခဲ့တာ ရေစုန်မျောတာမျိုးး အဖြစ် မခံနိုင်ဘူးးးးး

ခုမှသိလာတာက သူ ….
ဒီ လူယုတ်မာတွေ ကို
၂ရ နှစ် ကာလလုံးး
သည်းခံခဲ့တာ …
သည်းခံနိုင်ခဲ့တာ …
တော်ရုံ ခန္ဓီပါရမီ မဟုတ်ဘူးးပဲ..!!

😥

ဒီချုပ်က ကြေငြာစာ ၁ဝ နိုဝင်ဘာလ ၂၀၁၅
ဒီချုပ်က ကြေငြာစာ
၁ဝ နိုဝင်ဘာလ ၂၀၁၅

34 comments

  • ဇီဇီခင်ဇော်

    November 11, 2015 at 7:01 am

    ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု မရှိကြောင်း အီးယူစောင့်ကြည့်ရေး အဖွဲ့ ဝေဖန်
    =================================

    ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

    အီးယူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး
    အဖွဲ့က သူတို့တွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။

    အဲ့ဒီမှာ EU အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ကြိုတင်မဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

    “မိမိတို့ အီးယူအဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စိုးရိမ်မကင်းဖြစ်နေရတာက မဲဆန္ဒနယ်မြေတွေပြင်ပမှာ နေထိုင် တဲ့ ကြိုတင်မဲတွေကိစ္စဖြစ်ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး တွေ့ရှိရတာက ကျွန်တော်တို့ ပြောနေတဲ့ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကို တွေ့ရပါတယ်။

    မဲဆန္ဒနယ်မြေအတွင်းက ကြိုတင်မဲပေးသူတွေရဲ့ မဲတွေကိုင်တွယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်တာကို တွေ့ရပါတယ်”

    ဒါ့အပြင် မဲဆန္ဒနယ်မြေတွေ အပြင်မှာနေထိုင်သူတွေပေးတဲ့ ကြိုတင်မဲ စာရင်းတွေ အတိအကျကိုလည်း မသိရဘူးလို့လည်း ပြောပါတယ်။

    ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို အချိန်မှန်မှန်ဖွင့်နိုင်ခဲ့တဲ့အပြင် မဲရုံမှာ တာဝန်ရှိသူတွေက အချိန်ပြည့်ရှိနေတာကြောင့် မဲရုံတွေနဲ့ မဲပေးတာဟာ ၉၅ ရာခိုင်နှုန်းအထိ ကောင်းမွန်တယ် လို့လည်း ပြောပါတယ်။

    ရွေးကောက်ပွဲကို အီးယူအဖွဲ့က လေ့လာသူ ၁၅ဝ လောက်နဲ့ မဲရုံပေါင်း ၅ဝဝ ကျော် ကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

    RFA

  • ဇီဇီခင်ဇော်

    November 11, 2015 at 7:11 am

    ဪ….ဘွ…ဘွ…
    ဆိုးထှာနော….

    EU နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ၉၅% နိုင်ပါတယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီင်္း ထုတ်ပြန်တာတောင်…
    စိတ်ဒုန်းဒုန်းချပြီး မပျော်နိုင်သေးတဲ့…ဘွ…

    ပျော်ရမှာတောင် ဟိုလူ့ကို အားနာ…ဒီလူ့ကို အားနာ..ဟိုလူက ဆူပူ…ဒီလူက ဆူပူ ဖြစ်မှာစိုးလို့ မှန်ရှေ့မှာ တစ်ယောက်ထဲ ကိုယ့်ရုပ်ကိုကြည့် ပြန်ပြုံးပြပြီး အောင်ပွဲခံနေရတဲ့… ဘွ…

    မြန်မာသိ…ကမ္ဘာသိ နိုင်ပါပြီဆိုတာတောင်မှ အခွက်ပြောင်ပြီး လွှဲမပေးမှာစိုးလို့ သုံးလကို (ကိုယ့်ပါးလာရိုက်ရင်တောင်) ဆူပူမှုဖြစ်မှာ စိုးလို့ ပြန်ပြုံးပြနေရမယ့်… ဘွ…

    ရေကန်ကြီး အလယ်ခေါင်ထိုင်ပြီး ရွေးကော်က သုံးနာရီခြားတစ်ခါ ချတိုက်တဲ့ ရေတစ်စက်ချင်းကို အာသာငန်းငန်းမျှော်သောက်နေရတဲ့ ဆင့်အဝှာ ခွေးမျှော်သလို မျှော်နေရတဲ့… ဘွ…

    ကလေးကစားသလို ငါ့ဥစ္စာ ပြန်ပေးဆိုပြီး ကလေးကွက် နင်းဦးမလားဆိုပြီး အတိတ်တစ္ဆေ အမြဲခြောက်ခံနေရတဲ့… ဘွ…

    ခိုးတာကို ခိုးမှန်းသိတာတောင် ဆူပူလိမ့်မယ်ဆိုပြီး သူခိုးတောင်ရဲရဲ မဖမ်းရဲတဲ့… ဘွ…

    ဘာမှ လုပ်မပြရသေးဘူး…တွေ့ကြသေးတာပေါ့…လို့ ကြိုကြိမ်းထားကြသူတွေကို ဖြစ်လာမှာပေါ့ လို့ ကြို လျှောက်လဲချက်ပေးနေရတဲ့ …ဘွ…

    တသက်လုံး စောက်သုံးကျတာ မလုပ်ခဲ့လို့ ပြည်သူက ဒဏ်ခတ်ပြီး မဲရှုံးသွားတဲ့ သူတွေကိုတောင် သနားပါတယ်လို့ မရေးခဲ့ရင် အလိုလို ကိုယ်က မေတ္တာစိတ်ခေါင်းပါးသူလို့ အထင်ခံရမှာစိုးလို့ မသနားချင်ပါပဲနဲ့ လူအထင်ကြီးခံရအောင် ဇွတ်သနားပြနေရတဲ့…ဘွ…

    ဘယ်လို လုပ်ကြဦးမလဲ…ဘယ်လို ယုတ်ကြဦးမလဲ…ဘယ်လို ကုလားဖန် ထိုးကြဦးမလဲ ဆိုပြီး လိုင်းမကောင်းတဲ့ ကြားက ဖွဘုတ်ကြီးဖွင့်..ဖွင့်ပြီး သတင်းလား…အတင်းလား မနည်းခွဲခြားပြီး ဇွတ်ဖတ်နေရတဲ့…ဘွ…

    ဪ…
    မြန်မာ ပြည်သား တစ်ယောက်ရဲ့…ဘွ…
    ဆိုးထှာနော…
    ????
    —-
    Credit ကို Johnny Deer ဖဘ က မ လာတာ… ???

  • ဇီဇီခင်ဇော်

    November 11, 2015 at 7:27 am

    Credit to ဇီးကွက်ကြီး
    —-
    (၁) သူရဦးအောင်ကို ဘာလို့ပြန်ရှုံးသွားသလဲ
    (ဖြေ) သန်းရွှေက plan B ပြောင်းလိုက်ပါပြီ သတိပြုရမယ့်အချက်ပါ

    (၂) ရှမ်းပြည်မှာ ဘာလို့စစ်တိုက်နေတာလဲ
    (ဖြေ) ရွေးကောက်ပွဲ အောင်မြင်မှုကိုအကြောင်းပြုပြီး စစ်တပ်ကို ပြည်သူတွေနဲ့ ရင်းနှီးသွားမှာစိုးလို့ တိုက်ပွဲဖြစ်အောင်တမင်ဖန်တီးကာ တပ်လှန့်အလုပ်ရှုပ်ခိုင်းထားတာဖြစ်ပါတယ်

    (၃) စိုင်းမောက်ခမ်း မဲကိစ္စကိုရှင်းလင်းအောင်မလုပ်ပဲ ဘာလို့ ရှုပ်ရှုပ်ထွေးထွေးနဲ့ အနိုင်ပေးလိုက်တာလဲ
    (ဖြေ) လားရှိုး ကျောင်းကုန်း ကျိုင်းတုံ နဲ့ ရပ်စောက်မှာ မတရားမှုတွေကို တမင်လုပ်ပြပြီး ပြည်သူတွေဒေါသထွက်အောင် သွေးတိုးစမ်း ထောင်ချောက်ဆင်နေတာပါ ပြည်သူတွေ ဒေါသထွက်လာရင် လူအုပ်လိုက် ရုန်းရင်းဆန်ခတ်တွေဖြစ်လာအောင်လုပ်ပြီး ရွေးကောက်ပွဲရလာဒ် ကြေညာတာကို နောက်ရွှေ့တာမျိုးလုပ်လာနိုင်ပါတယ် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် စကားနားထောင်နေသရွေ့ ထောင်ချောက်ဆင်လို့မရပါဘူး

    (၄) Plan B ဆိုတာဘာလဲ
    (ဖြေ) Plan B ဆိုတာ ပြည်သူတွေကြားမှာ ကြောက်ရွံ့မှု စိုးရိမ်ထိတ်လန့်မှု တွေဖြစ်လာအောင်နည်းမျိုးစုံဖန်တီးကာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင်လုပ်ပါလိမ့်မယ် မကြာခင် ဒေါ်လာဈေးကို မတည်ငြိမ်အောင်လုပ်ပါလိမ့်မယ်

    (၅) ဒီအကြပ်အတည်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျော်လွှားသွားနိုင်မယ့်နည်းလမ်းရှိသလား
    (ဖြေ) ရှိပါတယ် အခုချိန်ကနေ အစိုးရသစ်ဖွဲ့ပြီးတဲ့ ၂၀၁၆ မတ်လကုန်အထိ ပြည်သူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို တိတိကျကျနားထောင်ရပါမယ် စည်းစည်းလုံးလုံး နိုးနိုးကြားကြားတည်တည်ငြိမ်ငြိမ် ရှိရပါမယ် ဘာအကြောင်းနဲ့မှ သွေးဆူတာမျိုး မလုပ်ရပါဘူး စစ်တပ်အောက်ခြေစစ်သည် မိသားစုတွေနဲ့ နားလည်မှုလွဲနိုင်တဲ့ အပြုအမူအပြောအဆိုတွေ ရှောင်ရပါမယ် ကြားရတဲ့သတင်းတွေအရ အကြပ်စစ်သည်တွေကိုခွင့်ပိတ်ထားပြီး အကြပ်စစ်သည်မိသားစုတွေကို တပ်အပြင်မှာ ညအိပ်ခွင့်မပြုဘူးလို့သိရပါတယ် စစ်တပ်အောက်ခြေစစ်သည်မိသားစုတွေနဲ့ ပြည်သူတွေကြား နားလည်မှုရှိနေရင် သန်းရွှေရဲ့ Plan B မတိုးနိုင်တော့ပါဘူး…။

    By TharduParbyar

  • ဇီဇီခင်ဇော်

    November 11, 2015 at 7:29 am

    Credit to ကိုမှန်ကြီး

    စိုင်းမောက်ခမ်း – သူရဦးအောင်ကို နှင့် သန်းရွှေ ရဲ့ နောက်ဆုံးဗျူဟာ ။
    ############################

    အရှင်းကြီးကို ဘာလို့ ပြောင်းပြန်ဖြစ်အောင် လုပ်ကြသလဲ …
    ကျွန်တော်တို့ မြင်အောင်ကြည့်ဖို့လိုပါတယ် ၊

    ( ၁ ) သေချာတာ ဒီလို ဆောင်ရွက်ချက်မျိုးဟာ ခေါင်းဆောင်ကြီးကလွဲလို့ ဘယ်သူမှအမိန့်မပေးနိုင်တဲ့ လျှို့ဝှက်ညွှန်ကြားချက်ပဲ ၊

    ( ၂ ) ဒေါက်တာစိုင်းမောင်ခမ်းဟာ သူတို့အတွက် အရေးကြီးသူတယောက် မဟုတ်ပဲ .. တနည်းအားဖြင့် ဦးဌေးဦးလောက် အရေးမကြီးလောက်ပါပဲ
    ဒီတယောက်လေးကို ဘာလို့အလုအယက် ပြန်ယူနေရတာလဲ !
    ဒီတယောက်ရလို့ ကြံ့ဖွံ့ပါတီကြီး ဘာဖြစ်သွားမှာမိုလို့လဲ !

    ( ၃ ) အဲ့ဒီဒေသရဲ့ တိုင်းရင်းသားအရေးတွေ ကြို ရှုပ်ထွေးထားကြောင်းတော့ ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပါတယ် –
    မဖြစ်ဖြစ်အောင် အတင်းဇွတ်လျှောက် ပစ်နေတဲ့ လုပ်ကြံစစ်ပွဲတွေပဲဟာ ၊
    ( လိုအပ်ရင် အရှိန်မြှင့်မယ် )

    ( ၄ ) သူရဦးအောင်ကို ကို အလိုမရှိရင် .. ( သို့ ) အရေးယူလိုရင် ကြိုက်တဲ့နည်းနဲ့ ကြိုက်သလို ဟိုးအစောကြီးကတည်းက ထုတ်ပစ်လို့ ထောင်ချပလိုက်လို့တောင် ရရဲ့သားနဲ့ ဘာလို့ အခုကျမှ ဒီနည်းကို လာ သုံး နေရတာလဲ !

    ( ၅ ) ငယ်မွေးခြံပေါက် ဦးအောင်ကိုကတော့ ဒါဘယ်သူ့လက်ရာမှန်း မိမိအကြွေးခံလိုက်ရမှန်း …
    ချက်ချင်း သိသွားပြီ ဖြစ်လို့သာပဲ
    အညင်သာဆုံး ထွက်ပေါက်လေးဖြစ်ဖို့ ဆုတောင်းနေရုံအပြင် လုပ်ချင်တာလုပ် ဘာမှအထွန့်မတက်ပဲ နှုတ်ပိတ်နေ နေရတော့မှာပေါ့ ၊

    ( ၅ ) အားလုံးပေါင်းကြည့်လိုက်ပါ – ထင်သာမြင်သာ မတရားမှုနဲ့ ပြည်သူရဲ့ ဒေါသကို အကြီးအကျယ် ပေါက်ကွဲအောင် နှိုးဆွပေးနေခြင်းဖြစ်ကြောင်း ထင်ရှားလွန်းနေတာပါ ၊

    ပြည်သူတွေ သတိရှိကြပါ ၊

    #စိုင်းမောက်ခမ်းရသွားလို့လဲNLDဘာမှမဖြစ်သလို –

    #သူရဦးအောင်ကိုကိုလည်းဆွေမျိုးတော်ကြီးလောက်ချစ်နေစရာမလိုပါ ။

  • ဂျက်စပဲရိုး

    November 11, 2015 at 8:28 am

    မြင်နေရတာတွေက ဆဲချင်စရာကြီးတွေချည်းပဲ။
    ကိုယ့်မှာ သူတို့လို သတင်းအချက်အလက် စုံစုံလင်လင် မရှိတာရယ်၊ အွန်လိုင်းပေါ်ကနေ ငြင်းမနေချင်တာရယ် (နိုတီ တက်တာ မခံနိုင်ဘူး) နဲ့ ကြိတ်ဆဲ ဖတ်ဆဲ ဆဲ နေရတယ်။ း)

    အဲ့ဒီ ဘောမ တွေ ရေးချက်က ဘပြောင်ဖတ်မိရင် စိတ်ကုန်ပြီး တရားတောင် ထ စွဲ လောက်ရဲ့။ း)

    • ဇီဇီခင်ဇော်

      November 11, 2015 at 10:32 am

      နာ ကတော့ စာရင်းရေးထားတယ်။
      :buu:

      • ဂျက်စပဲရိုး

        November 11, 2015 at 10:49 am

        သူတို့ လုပ်မှ ဘပြောင်ခမျာ
        ပိုက်ဆံ ချေးစားရတဲ့ ဖြစ်လိုဖြစ်
        စာမတတ်ပေမတတ်ကြီး ဖြစ်လိုဖြစ်
        လူအကြီး ဖြစ်လိုဖြစ်
        ကျန်းမာရေးမကောင်း ခဏနေရင်ပဲခေါက်ကနဲ ဖြစ်တော့မယ့်လူ ဖြစ်လိုဖြစ်
        ကားဒရိုင်ဘာ ဖြစ်လိုဖြစ်
        လမ်းခင်းလုပ်သား ဖြစ်လိုဖြစ်
        မာလိန်မှူး ဖြစ်လိုဖြစ် နဲ့…

        စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလို ဘာလို့ ပြုတ်သင့်သလဲ စာရင်း ပြုစု ပေးနေတာ ကျနေရော။

        နာတတ်ရင် အဲ့ဒီ လူတွေ ကို အသရေ ဖျက်မှု၊ နိုင်ငံတော် ကို စော်ကား မှု တွေ နဲ့ တရား တောင် စွဲသင့်သေးတယ် ဟေး ဟေး ဟေး း)

  • Ma Ma

    November 11, 2015 at 8:41 am

    ခုချိန်မှာ သည်းခံခြင်းဟာ အကောင်းဆုံးတုန့်ပြန်နိုင်တဲ့ လက်နက်ပဲ။

    • ဇီဇီခင်ဇော်

      November 11, 2015 at 10:32 am

      သည်းခံပါတယ် ချစ်မ။
      ဒေါသတွေကို အစားနဲ့ မြိုချနေရ။

      :sar:

      • pooch

        November 11, 2015 at 11:25 am

        Me too…
        များများစားပြီး အံကြိတ်ထားတယ် :loll:

        သီးခံခြင်းသည် အောင်မြင်ခြင်းတဲ့

        ရှေ့က ခေါင်းဆောင်က ၂ရ နှစ်တောင်သီးခံလာတာ တို့တွေ သီးခံရတာ မပြောပလောက်ပါဘူး

        ညစ်စွမ်းရှိသရွေ့ညစ်ကြပါလေ သန်းခေါင်အပြင် ညဉ့်မနက်တော့ပါဘူး

  • Mike

    November 11, 2015 at 10:35 am

    Nyo Mar Lwin
    11 hrs ·

    # Copy လုပ်ပြီး share လာတာ #

    စိုင်းမောက်ခမ်းကိစ္စပါ မရေးမဖြစ်တော့လို့ပါ
    ••••••••••••••••••••••••••••••••••••••••••••••••••••••••••••
    စိုင်းမောက်ခမ်း ကြိုတင်ခိုးမဲတွေနဲ့ အနိုင်ရသွားတာကို မကြေနပ်လို့ တင်တဲ့ပိုစ့်တွေ ချတ်ဘောက်စ် ကမေးတဲ့သူတွေများလာတယ်

    ကျနော်အစကထဲကပြောသလို
    ဝေလွင်တောင်မှ မဲ တစ်ရာကျော်လေးနဲ့ရှုံးတာကို ည၁၂နာရီကြိုတင်မဲနဲ့မကယ်ခဲ့ဘူး

    စိုင်းမောက်ခမ်းက တပ်ထွက်မဟုတ်ဘူး တနည်း သူတို့အတွင်းစည်းကလူမဟုတ်ဘူး

    USDP အနေနဲ့ လွှတ်တော်တစ်နေရာအတွက်ဘာမှမလုပ်နိုင်ပါဘူး

    ဘာကြောင့် ကြိုတင်မဲနဲ့အနိုင်ပေးတာလဲ

    ရှင်းပါတယ် ပြည်သူတွေမကျေနပ်အောင် သက်သက်အနိုင်ပေးလိုက်တာပါ

    နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်တာကိုသိပေမဲ့ face book ကတဆင့် အုံကြွအောင်ကြိုးစားနေတာကို အများသိဘို့လိုပါတယ်

    ဒီကိစ္စကိုဘေးဖယ်ထားပါ

    NLD ပြတ်ပြတ်သားသားနိုင်နေရာကနေ အစိုးရမဖွဲ့နိုင်အောင်လုပ်တဲ့ ဇာတ်လမ်းတွေပါ

    ခုပဲကြည့် ရွေးကော်က ဒီနေ့ည ၁၁နာရီမှာ ကြေညာရမဲ့အစီအစဉ်ကိုုဖျက်သိမ်းလိုက်တယ်

    အားလုံးသတိ အသိရှိကြပါ

    ဆူပူမှုကိုသွေးထိုးစေမဲ့ ပိုစ့်တွေ မတင်ကြ မရှယ်ကြပါနဲ့

    လုံးဝသည်းခံကြပါ ၁၅ရက်နေ့အထိပါပဲ

    ဒီပိုစ့်ကိုလဲ တတ်နိုင်သမျှရှယ်ပေးကြပါ

    ဒီကိစ္စမျိုးတွေကြိုမြင်လို့ ကျနော်နှစ်၃ဝတိတိမပျက်မကွက်တက်ခဲ့တဲ့ မျက်စိဆရာဝန်ညီလာခံကို မတက်တော့တာပါ

    အားလုံးကိုလေးစားလျက်

  • ဇီဇီခင်ဇော်

    November 11, 2015 at 11:50 am

    https://www.facebook.com/NLDParty/posts/1248626851819380

    ပွဲ ကတော့ လှပြီ..
    ခေါင်းဆောင် တစ်ယောက်မှာ ရှိရမယ့် အရည် အချင်းး မမြင်ဖူးးရင် သူ့ ဆီ မှာ ကြည့်ကြလို့
    အဖေ့သားးများးကို မှာလိုသည် ဟိဟိ…
    ဘယ်နှပွင့် မှ မဆိုင်ရဲ တာ ကို သတ္တိ ထင်နေကြ မစိုးးလို့…
    မဟာဖို တိုက်ပွဲ ဝင် ကောင်းး အမျိုးးသားးတွေ
    သတ္တိ ကဘာ က သိအောင် ပြကြလော့ …
    :k:

    • ဇီဇီခင်ဇော်

      November 11, 2015 at 1:39 pm

      တွေ့ဆုံဆွေးနွေးရေးကို
      ဦးသိန်းစိန် က ရွေးကောက်ပွဲကော်မရှင် မှ
      လုပ်ငန်းများ ဆောင် ရွတ်ပြီးစီးချိန်မှာ
      တွေ့နိုင် မယ်လို့ အကြောင်းပြန်
      ဦးရွှေမန်း က ရှေ့တစ်ပတ်အတွင်း
      တွေ့နိုင် မယ် လို့ အကြောင်းပြန်
      လိုအပ်သောလုပ်ငန်များကိုလည်း
      ပူးပေါင်းဆောင် ရွတ်မည် လို့ ပြော
      ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် မှ
      အကြောင်းမပြန်သေး

    • kai

      November 11, 2015 at 1:50 pm

      ယူရမှာက…
      သမ္မတလုပ်ခွင့်ရယ်…။
      တပ်ကိုယ်စားလှယ်ကို.. ၅နှစ်ထဲမှာ.. ၁၅%ထိချဖို့ရယ်…။
      ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ခွင့်ရယ်..။

      ပေးရမှာက..
      နောက်ကြောင်းပြန်မလှန်ဘူးဆိုတဲ့ ကတိရယ်..။
      ပြည်တွင်းစစ်အပြီးရပ်ဖို့ရယ်…။
      တိုင်းပြည် အင်ဖရာစရပ်ချာအတွက် ဒေါ်လာ ဘီလီယံ၁၀ဝ ကိုရှာပေးဖို့ရယ်..။

      • ဇီဇီခင်ဇော်

        November 11, 2015 at 2:25 pm

        အရမ်းသဘောကျတာက ဘာအချက်ပြီးရင် ဘာလုပ်မယ် ဆိုတာ ကြိုတွေးထားတာ။
        အကွက်စေ့ပြီး မြန်လိုက်တာ။
        အတော်ရဲတယ် ပြောရမယ်။
        အပြောအဆိုတွေရော လုပ်ရပ်တွေရော။
        ဟိ။
        စလုံး က နိုင်ငံရေးကျွမ်းကျင်တွေ လက်ဖျားခါနေတာ။
        ဟိ။

        :k:

        • kai

          November 11, 2015 at 2:41 pm

          သမ္မတအထက်မှာနေမယ်ဆိုတာကိုတော့.. အကြိုက်ဆုံး…။
          ကမ္ဘာ့နိုင်ငံရေးသမားတွေ… လက်ဖျား..ခြေဖျား.. တကိုယ်လုံးခါသွားလောက်တယ်..။
          အိုဘယ့်.. နှင်းဆီ..။ :k:

  • Alinsett @ Maung Thura

    November 11, 2015 at 2:12 pm

    ရုံးချုပ်ရှေ့မှာ … စုစုရုန်းရုန်းနဲ့…. အုံးအုံးထ…အောင်ပွဲ သွားခံနေကြတာကိုလည်း..
    သိပ် စိတ်တိုင်းမကျဘူးရယ်…
    ကိုယ့်အပေါင်းအဖော်လေးနဲ့ကိုယ် ဝိုင်းလေးဖွဲ့ပြီး.. အောင်ပွဲခံကြပါလား…လို့…
    အဲ့လောက် နီနီရဲ ခတ်နေတဲ့ လူအုပ်ကြီးကြားမှာ… ဝေးခနဲ ဝါးခနဲ… ဘာမဆို ထဖြစ်သွားနိုင်တယ်…

    • ဇီဇီခင်ဇော်

      November 11, 2015 at 2:21 pm

      ငင်။
      အဲလို မလုပ်ဖို့ အမေ ပြောထားတယ်လေ။
      :a:

      • ဂျက်စပဲရိုး

        November 11, 2015 at 4:34 pm

        အဲ့ဒီ လူအုပ်ကြီး ထဲကို ကုလား တစ်ယောက် က နေပြီး အလာဟ် အက္ကဘာ ဆိုပြီး ဝုန်း ပလိုက်ရင် ဖြင့်…..
        မတွေးရဲစရာ… း)

        • kai

          November 12, 2015 at 4:39 am

          အတွက်မမှားရင်.. မဘသဂိုဏ်းနဲ့တပ်မဲတွေကို.. ကောင်တာလုပ် မဲချေဖျက်သွားတာ.. မွတ်စလင်+ခရစ်ယန်မြန်မာတွေပဲ..။
          တိုင်းပြည်ရဲ့.. ၂၀% လောက်.. (ဒါမှမဟုတ်) မက..ရှိတဲ့ မြန်မာတွေ..။
          ချေဖျက်ယုံမက.. အနိုင်မဲကိုယူပေးလာသူတွေပါ..။

          ဒီလူဦးရေပမာဏ ( silent minority) ကို.. သန်းကောင်စာရင်းကိုင်ထားတဲ့ ဦးသိန်းစိန်အစိုးရနောက်ပိုင်းမှ ရိပ်မိသွားတယ်..။ အဲဒါကြောင့် ကော့သောင်းလိုနေရာမှာ မွတ်စလင်သုံးပြီးမဲစဆွယ်တယ်..။
          နောက်ကျသွားခဲ့ပြီလေ..။

          သိသလောက်.. သန်းကောင်စာရင်းမှာ.. ကိုးကွယ်ရာဘာသာပါတဲ့မြန်မာ့လူဦးရေစာရင်းမထုတ်ပြန်သေးပါ။ ဒါကိုမသိသေးတဲ့..အဖွဲ့ချုပ်ကတော့ မိုးနတ်မင်းကယ်လို့….ကံကောင်းသွားတယ်ပေါ့..။
          သမိုင်းကျန်ရစ်စေ…။

    • kai

      November 12, 2015 at 4:51 am

      ကမ္ဘာ့ရွေးကောက်ပွဲတွေထုံးစံပါ…။

  • မြစပဲရိုး

    November 11, 2015 at 6:15 pm

    တစ်နိုင်ငံလုံး မှာ ပြိုင်ဘက်မရှိ အရည်အချင်း ရှိသူ လူထု (အများစု) ချစ်ခင် ကြည်ညို တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ကို ပိုင်ဆိုင်ထား ပါ ရက် နဲ့
    အများစု က ထောက်ခံထားပါရက် နဲ့ သူ့ကို နိုင်ငံ ဦးဆောင်မဲ့ အကြီးအကဲ လို့ တရားဝင် နာမည် တပ်လို့ မရ တဲ့ မြေ ……… 🙄

    နဲနဲ လေး တော့ လွဲ နေတယ်။
    သည်းခံရမှာမို့ သီချင်းဘဲ နားထောင် နေတော့တယ်။ :-))))

    • kai

      November 12, 2015 at 4:33 am

      Chancellor .. အဓိပတိပေါ့…။

      • ဇီဇီခင်ဇော်

        November 12, 2015 at 5:50 pm

        အရီးနဲ့ တဂျီးးး၊
        ဒီနေ့ ငတုံး ပို့(စ) တစ်ခုကနေ မြင်ရတာ အမေရဲ့ သမဒ က ဥသေးစိမ် တဲ့။
        ဘယ်လိုထင်တုန်းးး

        ဟုတ်ရင်
        ၁) ဥသေးစိမ်ကို ရိုသေသူများလာမဲ့ အကွက် (သမဒ နောက်က လေဒီကြောင့်)
        ၂) နောက်တင်မဲ့ သန်းမဂျီးကို ပြောမယ်ဆိုပြီး မောင်းတင်စောင့်နေတဲ့ ဘောမတွေ တပ်ပျက်

        ဟိဟိ။

        :k:

        • မြစပဲရိုး

          November 13, 2015 at 3:02 am

          အရပ်သား စစ်စစ် လို့ ပြောတော့ထားတာဘဲ ဇီကလေးရဲ့။
          အခု နှစ်ယောက်တောင် ဆိုတော့ ထည့်လိုက်လဲ ကောင်းတာပေါ့။
          ချစ်ကြည်ရေးတောင် ပိုဖြစ်သေး။

          ဘေးကတစ်ယောက်ကတော့ အော်နေတယ်။
          သူတော့မကြိုက်ဘူးတဲ့။ ပြောင်းချိန်တန်ရင် အကုန်ပြောင်းရမတဲ့။
          ဒါကြောင့်ပြောတာ ကျား တွေများ သံခင်းတမာန်ခင်း နားမလည်ကြဘူး။ 😉

          အရီး ကတော့ နောက်တစ်ယောက် ကို မိန်းမ တစ်ယောက် တင်စေချင်တယ်။ :-)))

  • မြစပဲရိုး

    November 11, 2015 at 11:27 pm

    သည်းခံရင်း ရီရီမောမော ဖြစ်ရလေအောင် Facebook ထဲ က ဘီဒီယို လေး မျှဗျစီ။
    “မ” “မ” နေရ တဲ့ အကြောင်းရင်းလေး။ lol:-))))

    https://www.youtube.com/watch?v=mHyRCeKxhss

    • ဇီဇီခင်ဇော်

      November 12, 2015 at 5:47 pm

      ဟီးဟီးးးး အရီးရေ ထိချက်။
      ဒီနေ့ကို သိရတာတွေ အများကြီးးး
      ခြံတွေ ခုန်ကြတာ ခုန်ကြတာ ဆိုတာလေ။
      ဟိ

      • မြစပဲရိုး

        November 13, 2015 at 3:03 am

        အရီး လဲ ကိုယ့် FB ထဲ မှာ မြင်နေတယ်၊ မြင်နေတယ်။
        lol:-))))

  • naywoon ni

    November 12, 2015 at 2:12 pm

    သူကြီးရဲ့ အ​ပေါ်က ကွန်​မန်​းမှတ်​ချက်​လုပ်​ရလို့
    ဒါဖြင်​့ သူကြီးရယ်​ ခု nld ရှုံးတဲ့ ​ပျော်​ဘွယ်​နဲ့ ရမည်​းသင်​းဆိုတာက အစ္စလာမ်​ အများစု​နေရာဗျ ဘာလို့ ကြံဖွတ်​နိုင်​သလဲ မိတ္တီလာလည်​းများတာပဲ ။ ​နေပြည်​​တော်​မှာ ဒီချုပ်​အနိုင်​များတာ​တော့ သူတို့ဗျူဟာ မှားတာလို့ထင်​တယ်​ ။ အမတ်​​လောင်​းစာရင်​းထွက်​လာကတည်​းက ​ပြောဖို့ အ​ခြေအ​နေ​စောင်​့ကြည်​့​နေတာ ။ ​နေပြည်​​တော်​မှာ အဓိက ြပြိုင်​တာက ပါတီသုံးခုထဲရယ်​ ။ တစ်​သီးပုဂ္ဂလ ဆိုတာ​တွေက ​နေပြည်​​တော်​​ကောင်​စီဝင်​​တွေဝင်​တာဗျ ။ အဲ့သာ​ကြောင်​့ သူတို့ချင်​းမဲကွြဲပြီးရှုံးရတာ ။ နို့မဟုတ်​ရင်​ ဒီ​လောက်​ပက်​ပက်​စက်​စက်​ကြီးရှုံးဖို့မရှိ ။ ​နေပြည်​​တော်​မှာ ဒီချုပ်​က ​ဘောလုံးစကားနဲ့​ပြောရရင်​ အုပ်​စု​ချောင်​သွားတာ ။

    • kai

      November 12, 2015 at 3:11 pm

      မဲပေးသူ သန်း၃ဝရဲ့.. ၆သန်းဟာ ဟိန္ဒူအပါအဝင်.. ဘာသာမတူသူတွေဆိုတာတော့ သတိထားကြည့်ပေါ့..။
      မဲ၆သန်းမှာ… ၉၀%လောက်က… အဖွဲ့ချုပ်နဲ့တိုင်းရင်းသားတွေဆီပဲသွားမယ်..။။
      ဒါတောင် ၂၀% နဲ့တွက်နေတာ..။
      စိတ်ထင်.. ၂၅%လောက်ရှိမယ်..။

    • kai

      November 12, 2015 at 3:24 pm

      အဖွဲ့ချုပ်မဲသွားဆွယ်တော့.. ပျော်ဘွယ်က သံပုန်းတီးထုတ်တယ်…။
      မှတ်ထားပေါ့…။
      သူတို့ရပ်ရွာဖွံ့ဖြိုးအောင်… အဖွဲ့ချုပ်ကအစိုးရဖြစ်ချိန်မှာ.. ၂ဆတိုးလုပ်ပေးရလိမ့်မယ်..။

      • ဇီဇီခင်ဇော်

        November 12, 2015 at 5:46 pm

        ပျော်ဘွယ်က ဒီချုပ် က ခေါင်းဆောင် ဦးခင်မောင်ညို မဆုံးခင်ကထိ ဒီလိုမဟုတ်။
        သိပ်စည်းလုံးတာ။
        ဟိုတခါ မန်းလေးစားညွန် တဂျီး ယူတဲ့ ကောင်လေးက သူ့မြေးး
        အခု ဒီချုပ် ရဲ့ မီဒီယာပိုင်းမှာ အလုပ်စဝင်နေတယ်။
        ဦးညိုဆုံးပြီး နောက်တပ်ပျက်တာ၊
        မြို့ပေါ်က အိုကေတယ်။
        ရွာတွေက အစိမ်းနောက်ပါကုန်တာ။

  • ဇီဇီခင်ဇော်

    November 13, 2015 at 12:54 pm

    တစ်ဆင့် ကို ကျော်ဖြတ်ပြီးပါပြီ ခညာ။

    ရို့ရို့

    ငါတို့ အားလုံးသည် သမ္မတ များ ဖြစ်ကြသည်။
    ရို့ရို့ …….

    အမေခိုင်းတာ လုပ်မယ်။
    အမေညွန်ကြားတာ နားထောင်မယ်။
    အမေဆုံးမတာ နာခံမယ်။
    ရို့ရို့။
    သမ္မတနာမည် လာမမေးနဲ့။
    ခင်ဇော် ပဲ။
    ဟိ။
    :boss:

Leave a Reply