Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Miss Universe (Myanmar) coming to Las Vegas!

kaiNovember 25, 20151min3644
May Barani Taw
May Brani Taw

ယခုလတွေ့ဆုံခြင်းကဏ္ဍမှာအမေရိကနိုင်ငံ Las Vegas မြို့မှာ ဒီဇင်ဘာ၂ဝရက်နေ့ ကျင်းပမယ့် နိုင်ငံတကာMiss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ Miss Universe Myanmar 2015 မေဘရဏီသော် နဲ့အင်တာဗျုးထားပါတယ်။ သူမဟာ နိုဝင်ဘာ၂၈ရက်နေ့မှာ ရက်နေ့မှာ ရန်ကုန်မြို့ကနေ Qatar Airways ဖြင့်ထွက်ခွာမယ်လို့သိရပါတယ်။ ဒီနှစ်က Las Vegas မှာဆိုတော့ ကယ်လီဖိုးနီးယားက မြန်မာတွေသွားရလွယ်ပါတယ်။ အားပေးကြဖို့ပါ။ လက်မှတ်ကုန်သွားတတ်တာမို့ ကြိုတင်ဝယ်ယူထားကြဖို့တိုက်တွန်းပါကြောင်း..။

♣ ညီမရဲ့ ဇာတိနဲ့ ကိုယ်ရေးအကျဉ်း။ (မိဘ၊ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ လက်ရှိအလုပ်အကိုင်။)
ညီမက ရန်ကုန်ကပါ.မိဘ ကတော့ဦးလှမြင့်၊ဒေါ်ဝင်းဝင်းကျင်ပါ.ကျောင်းကိုအထက၂ ဗဟန်းကနေ10တန်းအောင်ပြီး ဒဂုံတက္ကသိုလ်ကနေ BA(History)နဲ့ပြီးခဲ့ပါတယ်.လက်ရှိကတော့Miss Universe Myanmarအဖြစ်တာဝန်ထမ်းဆောင်နေပြီး လက်လှမ်းမှီတဲ့အနုပညာအလုပ်တွေလုပ်နေပါတယ်
♣ ခန္ဓာကိုယ် အတိုင်း၊ အလေးချိန်။
၃၄,၂၄,၃၆ ၁၀ရ ပေါင်
♣ Miss Universe Myanmar ဝင်ရွေးခံဖို့ ဘယ်လိုအဆက်အသွယ်ရပြီး ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။
MUMပြိုင်ပွဲကို 2015မှာပြိုင်ဖို့ စဉ်းစားခဲ့ပါတယ်.MUM လျှောက်လွာတင်မဲ့ရက်ကိုအမြဲသတင်းစာကကောfbကပါစောင့်ကြည့်နေခဲ့ပါတယ်.
♣ လက်ရွေးစင်ရွေးချယ်ဖို့ ပြိုင်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံတွေကို ပြောပြပါဦး။
2013မှာ Miss People, 2014 မှာMiss international ပြိုင်ခဲ့ပါတယ်.နှစ်ခုလုံး1st runner upရခဲ့ပါတယ်
♣ လက်ဦးဆရာ။
လက်ဦးဆရာကတော့အမေပါ။ လူ့လောကထဲရောက်ကထဲကပထမဆုံးတွေ့ခဲ့တဲ့ဆရာပါ
♣ အားကျနမူနာယူတဲ့ မယ်တွေက ဘယ်သူတွေများဖြစ်မလဲ။
မမိုးစက်ဝိုင်ပါ.2013 modelစလုပ်ချိန်မှာ ပွဲတစ်ခုကmodelအနေနဲ့ခေါ်ချိန်မှာ မမိုးစက်ကို ပွဲမှာတွေ့ခဲ့ပါတယ်.အရမ်းကို အားကျခဲ့မိပါတယ်
♣ Miss Universe Myanmar နိုင်ငံကိုယ်စားပြုတဲ့မယ်တယောက်ရဲ့ အရည်အသွေးတွေက ဘာလို့ ညီမထင်လဲ။
အဓိက ကတော့ယုံကြည်မှုပါ.စိတ်ဓာတ်ပြင်းထန်ရပါမယ်။ Body, Beauty, Brain နဲ့ Behavior လဲပါရပါမယ်.
♣ တတ်ကျွမ်းတဲ့ဘာသာစကားပေါင်း။ အလည်ရောက်ဖူးတဲ့နိုင်ငံတွေက။
Englishပါ။ နိုင်ငံပေါင်း ၅ နိုင်ငံကိုရောက်ဖူးပါတယ်
♣ အားကစားလုပ်ချိန်တနေ့ကို ဘယ်လောက်သတ်မှတ်ထားလဲ။
အားကစားကိုတစ်နေ့၂နာရီသတ်မှတ်ပါတယ်။ Gymကိုနေ့တိုင်းမသွားနိုင်တောင်အိမ်မှာကစားပါတယ်
♣ Miss Universe ပြိုင်ပွဲဝင်ဖို့ ဝတ်စုံဒီဇိုင်နာတွေ ဘယ်သူတွေကို အပ်ထားသလဲ။
National costume & Evening Gown က ဒီဇိုင်နာမင်းသက်စံ(Sweet&Smart) မြန်မာဝတ်စုံ ဒီဇိုင်နာ ငြိမ်းကို(Chic&chic )၊ Casual wear ဒီဇိုင်နာ ရွှန်းလဲ့ပိုင်
♣ ဘဝမှာ စံထားတဲ့စံပြပုဂ္ဂိုလ်တွေက။
ဖေဖေ မေမေ နဲ့ ငယ်ငယ်က ဆရာကြီးပါ.
♣ ဘဝမှာလက်ကိုင်ထားတဲ့ ဆောင်ပုဒ်က။
တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်
♣ ရုပ်ရှင်နဲ့ကြော်ငြာသရုပ်ဆောင်ရိုက်ဖို့ရော စိတ်ကူးရှိပါလား။
ဝါသနာမပါ ပါဘူး.ဒါပေမဲ့ စမ်းကြည့်ချင်ပါတယ်
♣ နှစ်သက်တဲ့ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေက။
Pop အမျိုးစားကိုကြိုက်ပါတယ် Angelina Jolie ကိုကြိုက်ပါတယ်
♣ ညီမကိုအားပေးမယ့် ယူအက်စ်ကပရိသတ်ကို ပြောချင်တာရှိရင် မြန်မာ့ဂဇက်က နေပြောပေးပါဦး။
ညီမ ပြိုင်ပွဲကို မြန်မာအနေနဲ့ဝင်ပြိုင်မှာပါ.ဘယ်နေရာကိုရောက်ရောက်မြန်မာအလှအပ ဆိုတာကို ဘယ်တော့မှမမေ့ပါဘူး.ဘာကြောင့်လဲဆိုတော့မြန်မာ အလှဟာမြန်မာ မှာပဲရှိလို့ပါ.ညီမအကောင်းဆုံးယှဉ်ပြိုင်သွားမှာပါရှင်။

4 comments

  • ဇီဇီခင်ဇော်

    November 25, 2015 at 10:18 am

    4B ပြည့်စုံတဲ့ သဘောပေါ့။
    🙂

  • Wow

    November 25, 2015 at 4:32 pm

    ဟို NLD အလံ ဒီဇိုင်းဝတ်ထားတဲ့ ခေးမလေးက ပိုချောတယ်

    • Ko Two

      November 28, 2015 at 10:30 pm

      ဒဗလူ အို ဒဗလူခင်ဗျား
      ထောက်ခံပါတယ်လို့

  • အောင် မိုးသူ

    November 30, 2015 at 9:27 am

    မြန်မာပြည်က Pageant Fan တွေက သူ့ကို သဘောမကျကြဘူး။ မျက်လုံးသေနေတာရယ်။ ပြိုင်ပွဲတုန်းက သူ့ထက် အရယ်အပြုံးတောက်ပပြီး အစစအရာရာ သာတဲ့ နှစ်ယောက်က မရသွားတာလည်းပါတယ်။

Leave a Reply