စိတ်ထားလှလှ
ကိုယ်တိုင်ကတော့ ဗုဒ္ဓသာသာဝင်ပီပီ ဘယ်နေရာမဆို စိတ်ထားတတ်ရင် ကုသိုလ်ဖြစ်တယ်လို့ နှလုံးသွင်းထားခဲ့ပါတယ်။
ကောင်းတဲ့စိတ်စေတနာနဲ့ လုပ်ရင် ဘယ်ဘာသာဝင်မဆို၊
ဘယ်လူမျိုးမဆို ကောင်းသောအကျိုးကို ခံစားရမှာပဲဆိုတဲ့ အသိရှိခဲ့ပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့အမှန်တကယ် လက်တွေ့လိုက်နာမှုနဲ့ ယှဉ်ထိုးကြည့်မိခဲ့ရတဲ့ အဖြစ်အပျက်လေး၂ခု မျှဝေပေးချင်ပါတယ်။
ပထမဇာတ်လမ်းတစ်ပုဒ်က……..
ကျမတို့ဖွင့်ထားတဲ့ Motel မှာ လှေကား၊ စင်္ကြန်လမ်းနဲ့ အခန်းတွင်းမှာ သစ်သားတွေကိုအသုံးပြုထားပါတယ်။
လာသမျှဧည့်သည်တိုင်း Motel အတွင်းမှာ ဖိနပ်စီးကြပါတယ်။
ကျမတို့ဆီကို ဂျာမန်လူမျိုးဧည့်သည်တွေ လာတည်းပါတယ်။
လှေကားမှာ သစ်သားခင်းထားတာမြင်တော့ စီးလာတဲ့ဖိနပ်ကို ချွတ်၊ လက်နဲ့ကိုင်ပြီး အပေါ်ထပ်ကိုတက်ပါတယ်။
ကိုယ့်ဆီလာတည်းတဲ့ ဧည့်သည်တွေ ဖိနပ်ချွတ်ရတာ အဆင်မပြေမှာစိုးလို့ ကျမတို့အနေနဲ့ ဖိနပ်စီးခွင့်ပြုထားပါတယ်လို့ ပြောပေမယ့် ……..
အဲဒီဂျာမန်ဧည့်သည်က ကျမတို့ဆီမှာ တည်းသမျှကာလပတ်လုံး သူ့ထုံးစံအတိုင်း ဖိနပ်ကို အမြဲချွတ်ပါတယ်။
ပိုပြီးထူးခြားစေတာက နောက်ထပ်ဂျာမန်ဧည့်သည်ထပ်ရောက်လာတော့လည်း ပထမဂျာမန်ဧည့်သည်လိုပဲ ဖိနပ်ချွတ်တာတွေ့ရတော့………..
စကားကြုံတဲ့အခါတိုင်း ဂျာမန်တွေ သိပ်ယဉ်ကျေးတာပဲလို့ ပြောမိတဲ့အပြင်………..
ကျမရဲ့စိတ်ထဲမှာ တစ်သက်လုံးစွဲနေခဲ့တဲ့ နာဇီဂျာမဏီဆိုပြီး ခက်ထန်ကြမ်းတမ်းလိမ့်မယ်လို့ ထင်နေခဲ့တဲ့ ပုံရိပ်ကို ချေဖျက်နိုင်ခဲ့ပါတော့တယ်။
နိုင်ငံသားတစ်ယောက်ရဲ့ အပြုအမူအပြောအဆိုဟာ ကမာ္ဘ့အလယ်မှာ ကိုယ့်နိုင်ငံကို ဂုဏ်တက်စေ၊ ဂုဏ်ပျက်စေနိုင်တယ်ဆိုတဲ့ အသိတရားကိုလည်း ရစေခဲ့တယ်။
နောက်ထပ်ကြုံရတဲ့အဖြစ်အပျက်ကတော့………
ကျမတို့ Motel မှာ ဖွင့်ထားတဲ့ စတိုးဆိုင်မှာ ဂျပန်လူမျိုးတစ်ယောက် အထည်လာဝယ်ပါတယ်။
ပထမဆုံးတွေ့တဲ့အထည်ကို ယူမယ် ခေါက်ပေးပါဆိုလို့ ခေါက်ပေးပြီးကာမှ…….
ဆိုင်ထဲထပ်ဝင်တော့ ထပ်မြင်တဲ့အထည်ကို ကြိုက်သွားပြန်ပါတယ်။
အဲဒါနဲ့ ဒီအထည်ကို ခေါက်ပေးပါဆိုတော့ ကိုယ့်စိတ်ထဲ ၂ထည် ဝယ်မယ်လို့ ထင်မိသွားပြီး ထပ်ခေါက်ပေးလိုက်ပါတယ်။
နောက်ထပ်အထည်တွေ့တော့ ဘယ်ဟာယူရမှန်းမသိဖြစ်ပြီး နောက်ဆုံးတစ်ထည်ကို ခေါက်ပေးပါ။
အဲဒီအထည်ကိုပဲ ယူတော့မယ်။
ရှေ့က၂ထည်ကို မယူဖြစ်တော့ဘူး။
တောင်းပန်ပါတယ်လို့ ခြေဟန်လက်ဟန်နဲ့ ပြောတယ်။
ကိုယ်ကလည်း ဈေးသည်ဆိုတော့ စိတ်ရှည်ရတာပေ့ါ။
စိတ်ထဲက အောင့်သက်သက်နဲ့ပဲ ရပါတယ်လို့ ပြောမိပါတယ်။
အဲဒီဂျပန်လူမျိုး ဈေးဝယ်ဟာ သူဝယ်တဲ့အထည်ကို ပြောတဲ့အတိုင်း ဈေးမဆစ်ပဲ ငွေချေပြီး ထွက်သွားပါတယ်။။
စစ်လိုက်တဲ့အခါ သူပေးချေသွားတဲ့ငွေက ၁၀၀ဝကျပ် ပိုနေတာနဲ့ လှမ်းခေါ်ပြီး ပြန်လိုက်ပေးတော့………..
သူက အထည်တွေကို တစ်ထည်ပြီး တစ်ထည် ယူမယ်ဆိုပြီး အလုပ်ရှုပ်ပေးမိတဲ့အတွက် အပိုပေးတာလို့ ဆိုပါတယ်။
ကိစ္စမရှိဘူး အပိုပေးဖို့ မလိုပါဘူးလို့ ပြောတာကို ယူပါဆိုပြီး အတင်းပေးပြီး ထွက်သွားတယ်။
ဒီလို ဈေးဝယ်မျိုးတစ်ခါမှ မတွေ့ဖူးလို့ စိတ်ထဲမှာ ထူးဆန်းနေမိတယ်။
နိုင်ငံကြီးသားစိတ်ဓာတ်လို့ ပြောရမလား၊ လူသားဆန်တဲ့ စိတ်ဓာတ်လို့ ပြောရမလား၊
ကြီးကျယ်မြင့်မြတ်တဲ့စိတ်ထားလို့ ပြောရမလား ဆိုတဲ့ အတွေးတွေနဲ့အတူ…….
ကိုယ်တိုင် မထားတတ်ခဲ့တဲ့၊
ကိုယ်တိုင် မထားဖူးခဲ့တဲ့၊
ကိုယ်တိုင် မထားနိုင်ခဲ့တဲ့ ………….. စိတ်ထားလှလှလေးတွေ ထားတတ်လိုက်ကြတာလို့ ချီးကျူးမိပါတော့တယ်။
25 comments
ဇီဇီခင်ဇော်
November 26, 2015 at 9:01 am
ခါတလေ အရှေ့တိုင်းက ယဉ်ကျေးတယ် ဆိုတဲ့ အစဉ်အလာတွေနဲ့
အနောက်တိုင်းက ရိုင်းစိုင်းပါတယ်ဆိုတဲ့ အစွဲတွေ ဘယ်လိုကွာခြားတယ်ဆိုတာ ရေးချင်ပါသေးတယ် မမရေ။
လူမျိုးနဲ့ မဆိုင်လှပဲ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ သဘောထားလေးတွေကိုပဲထည့်တွက်ရတော့မှာပဲ။
တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါနော့။
:chit:
ဂျက်စပဲရိုး
November 26, 2015 at 9:49 am
တခါတလေ ကျတော့ သူတို့ ယူဆပုံ နဲ့ ကိုယ့် ယူဆ ပုံ က ကွဲတာတွေ ရှိတာကိုး
ဥပမာ ကိုယ်တွေက လူကြားထဲ လေလည်တာကို ရိုင်းတယ် လို့ ယူဆတယ်
သူတို့ကျတော့ ကျန်းမာရေး ကောင်းတယ် ဆိုပြီး ဖြစ်တယ်
ကိုယ်တွေက လေတက်တာကို ပုံမှန် သဘောထားတယ်
သူတို့က လေတက်တာကို ရိုင်းတယ် ထင်ကြတယ် (ဆောရီး လေး ပြန်ပြောပေးမှ)
ဟိုတနေ့ကပဲ ရုံးက ပြင်သစ်မ နဲ့ စကားပြောရင်း
သူမေးတာ ဒီမှာ နှပ်ထွက်တာကို ရိုင်းတယ် ညစ်ပတ်တယ် လို့ ယူဆကြသလားတဲ့
ဟိုနေ့က သူ ရထားပေါ်မှာ အဲ့လို ဖြစ်တာ လူတွေ က ဝိုင်းပြီး ကြည့်နေကြလို့တဲ့ (သူ့ ဘိုစာကလဲ နည်းနည်း လွဲ ကိုယ့် ဘိုစာ ကလဲ နည်းနည်း လွဲ ဆိုတော့ နှပ်ထွက်တာကို sneeze ချေ တယ် လို့ ၂ ယောက်သား သဘောတူပြီးတော့)
အဲ့ဒါနဲ့ မရိုင်းပါဘူးပေါ့လေ
ပုံမှန်ပါ ပေါ့။
နောက်မှ ပြောရင်း ပြောရင်း နဲ့..
ဒင်း က ရထားပေါ်မှာ လူကြား သူကြားထဲ အားပါးတရ တစ်သျှူး နဲ့ ပိတ်ပြီး နှပ်ညှစ် နေတာကိုးဗျ။
ဒီတော့မှ ဟဲ့ အဲ့ဒါက တော့ သိပ် မကောင်းလှဘူး လို့ ပြောတော့
ငါ သူများတွေ ကို တွေ့တာတော့ အဲ့လို နှာစေး နေရင် တရှုံ့ရှုံ့ နဲ့ ပြန်ပြီး ရှိုက်သွင်းနေကြတာပဲ
အဲလို လုပ်တာထက် စာရင် ညှစ်ထုတ်လိုက်တာက ပိုမကောင်းဘူး လား တဲ့။
သူ့ အတွေးနဲ့ သူတော့ ဟုတ်နေတာပဲ။ း)
kai
November 26, 2015 at 11:05 am
အမေရိကန်တွေကတော့.. လေချဉ်တက်ရင်… အိပ်စ်ကျုမီဆိုပြီးပြောတယ်…။
ဟတ်ချိုးနှာချေရင်တော့… ဘေးကကြားတဲ့သူတွေက.. ဂေါ့ဘလက်စ်ယူတဲ့…။
ဘုရားသခင်ကောင်းချီးပေးပါပေါ့..။
ဘယ်ကဘယ်လိုအဲဒီလိုဖြစ်နေသလည်း.. စုံစမ်းကြည့်တော့..မွေးမေလေ့..
ဥရောပရဲ့..အဆိုးဆုံးသေဘေးကြီး..ဘလက်ဒက်သ်နေ့ရက်တွေတုံးက..
လူတယောက်က… နှာချေမယ်… ပြီးရင်…. ကြွပါလေရောတဲ့…။
အဲဒါကြောင့်… နှာချေတာနဲ့… တခါထဲ… ဂေါ့ဘလက်စ်ထားတာတဲ့…
သေဟဲ့ နန္ဒိယ။ :k:
ဂျက်စပဲရိုး
November 26, 2015 at 12:30 pm
ဟိ.. အဲဒီ နှာချေ တာကို ဘာလို့ ဘုရားသခင် စောင်မ ပါ စေ ပြောသလဲ မေးမယ် မေးမယ် နဲ့ဟာ..
ဂလိုကိုး း)
Alinsett @ Maung Thura
November 26, 2015 at 9:40 am
ကျနော်သာ တခြားနိုင်ငံကို သွားရောက်ခဲ့မယ်ဆိုရင်—(ဆိုရင်)
ကျနော့်နိုင်ငံ လူမျိုး ဂုဏ် ကျဆင်းစေမယ့်အပြုအမူအပြောအဆိုမျိုး လုံးဝမလုပ်မိအောင် ဆင်ခြင်မယ်၊၊
အဲ့ထက် တဆင့်တက်ပြီးပြောရရင်—
ကျနော့်အပြုအမူအပြောအဆိုတိုင်းဟာ တိုင်းတပါးသားတွေအလည်မှာ ယဉ်ကျေးသိမ်မွေ့နေစေရမယ်—
သူတို့အခွင့်အရေးကိုလည်း မထိခိုက်စေပဲ ကိုယ့်အခွင့်အရေးကို လွတ်လပ်မျှတစွာ အသုံးပြုနိုင်ရမယ်—
ကျနော့် အပြုအမူတွေဟာ ကျနော့်နိုင်ငံ လူမျိုး ဂုဏ်တက်စေရမယ့် ဦးတည်ချက်ဖြစ်ရမယ်—
အဲ့ဒါ—ဖိနပ်ချွတ်တဲ့ ဂျာဂျာတွေရဲ့အပြုအမူကို ဖတ်မိပြီး ဖြစ်လာတဲ့ ခံယူချက်
😆
Shwe Ei
November 26, 2015 at 11:15 am
-သများတို့ရုံးက ဒတ်ချ် လူမျိုးကတော့ သူ့အိမ်သာခွက် အဖုံးကွဲသွားလို့ အသစ်လိုချင်တာနဲ့
-ပုံစံတူရအောင်ဆိုပြီး အိမ်သာခွက် အဖုံးဟောင်းကို အလုပ်စားပွဲပေါ်လာတင်ထားပြီး အော်ဒါမှာလေရဲ့ 😛
Ma Ma
November 26, 2015 at 2:14 pm
နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးတမျိုးနဲ့တမျိုး အယူဝါဒတွေ မတူတာတွေ ရှိတတ်ကြပါတယ်။
ဒါပေမယ့် အဲဒီဂျာမန်တွေကတော့ ညဘက်ဝရန်တာ ထွက်ပြီး အစားစားတာ၊ စာဖတ်တာ၊ အစည်းအဝေးလုပ်တာတွေ လုပ်ရင်လည်း သူတို့ကိစ္စပြီးတာနဲ့ လက်စလက်နမကျန်အောင် သူတို့ပစ္စည်းတွေ အကုန်သိမ်းသွားတဲ့အပြင် အမှိုက်လည်း တစ်စမှမကျန်အောင် ပြန်ရှင်းပေးသွားတာ။
Mike
November 27, 2015 at 10:17 am
.အင်မတန်ချီးကျူးဖို့ကောင်းပါတယ်…ကျုပ်လည်း ဗြိတိသှ ျဘော့စ်တစ်ယောက်အောက်မှာအလုပ်လုပ်ဖူးတယ်
.အချိန်တိကျတယ်
.အသေးအဖွဲလေးကအစ ချီးကျူးဖို့ဘယ်တော့မှမမေ့ဘူး
.စည်းကမ်းကိုသိပ်အလေးထားတယ်…သူ့ဆီကအများကြီးသင်ယူခဲ့ရတယ်…
ဦးကြောင်ကြီး
November 28, 2015 at 1:32 pm
အဖြူ တွေ ယုတ်တာ မတွေ့ဗူးသေးလို့ဗါ…။ အဲကြမှ မအော ်နဲ့ ကြိတ်ခံ….
မြစပဲရိုး
November 28, 2015 at 10:07 pm
ယုတ် သူကတော့ နေရာတိုင်း မှာ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် တောင်မှ စိတ် က ယုတ်တစ်ခါ ကောင်းတစ်လှည့် ဘဲ မဟုတ်လား။
ယုတ်ခဲ့ မိရင် အဲဒါကို ပြန်စမ်းစစ်လို့ နောက်တစ်ခါ မယုတ်မိ အောင် ကြိုးစား နိုင်ဖို့ လိုတာပါ။
ငတ် နေရင် ပိုပြီး ယုတ်မာနိုင်တယ်၊ ချမ်းသာပြီး အသိပညာ အထိန်းအကွပ် မဲ့ ရင် ပိုပြီး ယုတ်မာတတ်တယ်။
PS- သများ Profile ကို အပြေးဝင်လာပြီး ချိန်းတာ မမ ကို ထိလို့ ဓား ဝင်ပြ သွားတယ်။ lol:-)))
Ma Ma
November 28, 2015 at 10:56 pm
ဒီလိုမှ မရေးရင် ကြောင်ကြီး မပီသဘူး။ :p:
ဘယ်ဘာသာ ဘယ်လူမျိုးမဆို ယုတ်သူရော၊ မြတ်သူပါ ရှိနိုင်တာပဲ။
သူများရဲ့ ကောင်းကွက်ကိုမြင်တော့ ကိုယ်လည်း လိုက်ကောင်းချင်စိတ်ပေါ်လာရတာပေ့ါ။
Ko Two
November 28, 2015 at 8:27 pm
ဒီပို့စ်ကို ကန့်ကွက်ပါတယ်
အမ်အေ အမ်အေ ဆိုသော စာရေးသူခင်များ
စည်းကမ်းဟာ ပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ပဲဆိုင်ပါတယ်
သို့ပါ၍ တိုင်းတပါးသားများ ကောင်းကွက် ထက်
ကျနုပ်တိုု့ လူမျိုးအိ ( မှတ်ချက်
၏ကို ရှာမတွေ၍ အဆင်ပြေသလိုအိလိုက်သည်)
တော်တတ်သေသပ် စည်းကမ်းရှိ ပုံများကို သာ ဦးစားပေးရေးတင်စေချင်ပါတယ်ခင်ဗျား
များမကြာမီ အမှိုက်ကောက်မည့် အမတ်များပင်ပေါ်ထွက်လာမည်ဖြစ်၍
မြန်မာကောင်းကြောင်း ကမ႓ာသိအောင် ဖော်ပြပေးကြပါခင်ဗျား
ကျေးဇူးတင်ပါတယ်ခင်ဗျား
မြစပဲရိုး
November 28, 2015 at 9:53 pm
စည်းကမ်း ဆိုတာ လူအများ စုဝေး နေထိုင် တဲ့ နေရာမှာ ပိုပြီး အရေးမပါပေဘူးလား ဆရာသမား ရယ်။
နောက်ပြီး ကမ္ဘာ ဟာ ရွာကြီး တစ်ရွာ ဖြစ်လာတဲ့ အချိန် မှာ မလိုအပ်တဲ့ စည်းခြား မှု တွေ မရှိသင့်တော့ပါ၊
Ko Two တောင်မှ “ကို” နဲ့ သူများစကား “Two” ကို ပူးယူထားပြီး “မမ” က သူ ကြုံလိုက်ရတဲ့ အတုယူစရာလေး တွေ ကို နမူနာပြတာ ကိုတော့
တိုင်းတပါး မို့ မချီးကျူးသင့် ၊ နမူနာ မပြသင့်လို့ ကန့်ကွက်တာ လေး ပြန်စဉ်းစားပါဦး။
အမှိုက်ကောက် ကိစ္စ ပြောရရင် လဲ
အမှိုက်ကောက်တာလဲ ကောက် ကြတာပေါ့။
အမှိုက် ကို စည်းကမ်းမဲ့ မပစ် ကြ ဖို့ ကိုလဲ ဝိုင်းဝန်းပြီး ပညာပေး စည်းရုံး ကြဖို့လဲ လိုပါတယ်။
ခေါင်းဆောင် နောက်ကို လိုက်တာလဲ လိုက်ကြတာပေါ့။
သူပြောသလို အတိုင်းချည်း မှီလိုက်မနေ ဘဲ သူပြောတာထက် ပိုကောင်းနိုင်တာ လေးများ ကို လဲ
တစ်တပ်တစ်အား နိုင်သလောက် ပိုပြီး မြင့် အောင် မြှင့်လုပ် တတ်ကြ ဖို့ လဲ အလေ့အကျင့် လုပ်နိုင်ကြဖို့ လိုပါပြီ။
PS – Thanks. ရန်မဖြစ်ရတာ ကြာလို့။ 😉
Comment ငါးထောင် ကျော် ခြောက်ထောင် နီးပါး ဆိုတော့ ရွာသက် နု သူ တော့ မဟုတ်။ :-)))
Ko Two
November 28, 2015 at 10:22 pm
မြစပဲဒိုး ဆိုသော စာရေးသူခင်ဗျား
စည်းကမ်းဟူသည်
လူများသည့်နေရာ ဖြစ်စေ
လူနည်းသည့်နေရာပင်ဖြစ်စေ
မိ၂ ကိုယ်၂
နိုင်ငံကြီးသားဟု ခံယူထားသူတိုင်း သည် နေရာဒေသမရွေး
စည်းကမ်းရှိပြိ်းသား ဖြစ်ပါတယ်ခင်များ
ကျေးဇူးတင်ပါတယ်ခင်ဗျား
မြစပဲရိုး
November 29, 2015 at 12:43 am
ကိုကိုတူးလေး ရယ်
ဒီလို သာ လူတိုင်း စည်းကမ်းရှိဖို့ အသိဉာဏ် အလင်းပေါက်မယ် ဆိုရင်ဖြင့် စည်းကမ်း ဆိုတဲ့ စကားလုံးတောင်ပေါ်လာမှာ မဟုတ်ဘူး။
လူတစ်ဦး ချင်း စီ ရဲ့ အသိဉာဏ် အလင်းပေါက်ပုံ ဒီဂရီ မတူ တာ က လဲ သူတို့ ကြီးပြင်းနေထိုင်ရတဲ့ ပါတ်ဝန်းကျင် အသိုင်းအဝိုင်း ပေါ်မှာ တည်ပါတယ်။
လောကကြီး ထဲ ပါတ်ဝန်းကျင် အသိုင်းအဝိုင်း တွေ တကယ်ဘဲ တူညီနေ တယ် လို့ ထင်နေတယ်လားကွယ်။
Thanks. :-))
မြစပဲရိုး
November 29, 2015 at 1:17 am
Hay My Dear … I know who you are now.
You should know that we all miss you.
Welcome back. :-))))))
Ko Two
November 29, 2015 at 9:51 am
မှားနေပြီ ထင်ပါတယ်ခင်ဗျား
ကျွန်တော်က ကိုစစ်ရဲ့ အကို
ကိုတူးဖြစ်ပါတယ်ခင်ဗျား
ကျနော့်မှာ မောင်နှမ ခြောက်ယောက်ရှိလို့
ကျနော်အမက မဝမ်း
ကျနော်က ကိုတူး
ကျနော်အောက်က
မယ်သရီး
မောင်ဖိုး
ကိုဖိုက်
ကိုစစ် ဆိုပြီးဖြစ်ပါတယ်ခင်ဗျား
ကျေးဇူးတင်ပါတယ်
မြစပဲရိုး
November 29, 2015 at 4:03 pm
လူမှားတယ် ဆိုလဲ စောဒီးပါ။ :-))
ဘာဘဲ ဖြစ်ဖြစ် ဘေးမှာ တန့်နေတဲ့ ကိန်းဂဏန်း လေးတွေ တက်လာတာ မြင်ရလို့ ဝမ်းသာပါတယ်။
စကားလုံး တွေ က ပြောင်းနိုင်ပေမဲ့ နံပါတ်တွေ က လှည့်ဖို့ခက်သား မဟုတ်လား။ 😉
Ma Ma
December 1, 2015 at 8:55 pm
ကေအို တီဒဗလျူအို ရှင့်
မမ လို့ မရေးချင်လို့ အမ်အေ အမ်အေ လို့ ရေးထားတာကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အဲ… ပြောချင်တာက အမှတ်စဉ် ဖိုး က မောင်ဖိုး ဖြစ်ပြီး
ဖိုက် စစ် ရောက်မှ ကိုဖိုက် ကိုစစ် ဖြစ်နေတော့ကာ…….
ကိုဖိုက်နဲ့ ကိုစစ်က မောင်ဖိုးထက် အကြီးများ ဖစ်နေသလားလို့။
ဘာပဲဖြစ်ဖြစ် ၁၅ကျပ်ယူသလို ၃ကျပ်ပေးသွားတဲ့ကျော့်ကို ကျေးဂျူးကမာ္ဘပါ။ 😉
Ko Two
November 29, 2015 at 9:54 am
အမ်အေ အမ်အေ လက်စမ်းစာရေးသူခင်ဗျား
ဝင်ရှုပ်မိတဲ့အတွက်ဗွေမယူစေလိုပါခင်ဗျား
ကျွန်တော်တော့ ၁၅ ကျပ်ယူပါတယ်ခင်ဗျ 🙂
သံချောင်း
November 30, 2015 at 1:09 pm
ကိုတူးခင်ဗျား
သူများတွေ..
စိန်ကောင်းကျောက်ကောင်းရောင်းကောင်းနေတဲ့အချိန်
နှစ်ပတ်ကျွမ်းပစ်ပြီး ဝင်ဝင် မနောက်ပါနဲ့ခင်ဗျား
ဟုတ်တယ်မလား သဂျီး
ဟုတ်တာပေါ့ ငါ့တူရယ်
ဦးကျောက်ခဲ
November 30, 2015 at 2:09 pm
အကောင့်နှစ်ခုနဲ့… နောက်တာလား ပြောင်ဒါလား…
မတွေ့ရတာကြာလို့ Welcome Back ပါ ကိုရင်… :k:
သံကွင်း
December 1, 2015 at 9:00 pm
ကိုသံချောင်းနဲ့ ကိုသံလုံးက ကျမအကိုတွေပါရှဉ်
မရောထွေးစေလိုပါ
အောင် မိုးသူ
November 30, 2015 at 9:42 am
စိတ်ဆိုတာလည်း ထားတတ်ရင် မြတ်ပါတယ်လို့။ ထင်မိတာပါပဲ။
ကျောက်စိမ်း တိန်ညင်
November 30, 2015 at 1:00 pm
သားသားတို့ဆီက အခြောက်တွေ အသံဂွဲကြီးတွေနဲ့ စကားပြောပီ …..လက်ဟန်ခြေဟန်တွေနဲ့ ဖင်လေးတွန့်လိမ် တွန့်လိမ် လမ်းလျှောက်တာမြင်တော့ သယ်ရင်း ပြင်သစ်က မှတ်ချတ်ချတယ် …..
မင်းတို့ဆီက ဂေးတွေက အရမ်းသိမ်မွေ့ပီး ရဲရင့်လိုက်တာတဲ့ အဟိ …. 🙂