သူကြီးမင်း—သို့—- (ရွာလုံးကျွတ် ဖောက်ဖတ်လို့ရတဲ့)ပေးစာ
သို့ သဂျီးမင်း—
ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊
သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊
အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊
စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး
ဗျို့ သဂျီးးးး
ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ—
ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ—
ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ—
www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—
-အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား—
ဒီအထိတော့ ဆန်းသေးဘူးဗျ—
ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ အချောအလှမမလေးတွေက လက်ထဲ ဂျာနယ်တွေ တပွေ့တပိုက်ကြီး ကိုင်းပြီး—
ဖြတ်သွားဖြတ်လာ လူတွေ ကားတွေကို ဂျာနယ်တွေ ဝေပေးနေတာာာာဗျ—
အလကား နော်——
အလကားဝေတာ—
ယူတဲ့သူတွေလည်း အုန်းအုန်းကိုထနေရောပဲ—
Free ဆိုတာနဲ့ စိတ်ဝင်စားပြီး တိုးဝှေ့ ယူချင်တတ်တဲ့ နိုင်ငံကိုးးးးး
လူစည်ကားရာ လမ်းဆုံလမ်းခွမှာ ဂျာနယ်အသစ်တွေ အလကားဝေနေတော့—
ဟိုကလည်း ပေးပါအုန်း ဒီကလည်းပေးပါအုန်းနဲ့—ဝက်ဝက်ကွဲနေကြပါကရောလားဗျို့—
ကျနော်တောင်မှ တစ်စောင်ဝင်ယူခဲ့သေးးးး
အဟေးးးး
ပိုက်ချံမပေးရဘဲ ဂျာနယ်တစ်စောင်ရ—နည်းမှတ်လို့—
:kwi:
အလကားပေးတယ်ဆိုပေမယ့်
ဂျာနယ်ကစာရွက်သားလည်း အကောင်းစား သပ်သပ်ရပ်ရပ်
-ဗေဒင်တို့ ကိုရီးယားစကားပြောနည်းတို့တောင် ပါသေး—
အ်ိုက်မြင်ကွင်းကို ကြည့်ပြီး ကျနော်က …ဘာ တွေးမိသွားလဲဆိုတော့—
သဂျီးလည်း ညန်မာ့ဂဇက်သဒင်းစာကို—
ကျနော်တို့ရန်ကုန်မှာ အခြေစိုက်ပြီး အလကားထုတ်ဝေ ကြည့်ရင် ဖြစ်မှာပဲ လို့ တွက်မိတာဗျ—
ထုတ်ဖြစ်ဖို့အပိုင်းသာ သဂျီး တာဝန်ယူ—
(မတွေးတတ် တွေးတတ်နဲ့ တွေးမိတာကတော့… ထုတ်ဖြစ်ဖို့အပိုင်းထဲ ကြော်ငြာနဲ့ ရပ်တည်လို့ရမယ်ထင့်၊၊
အခု အလကားဝေတဲ့ METER ဂျာနယ်ထဲမလည်း ကြော်ငြာတွေမှ အများးးကြီး၊
စာမျက်နှာ 30 ကျော် ပါတာမှာ… ၁၅ မျက်နှာလောက်တော့ ကြော်ငြာတွေ ထည့်ထားသဗျ… )
ဆိုတော့ ဖြန့်ဝေရေးအပိုင်းကျတော့လည်း လူတွေ စိတ်ဝင်တစား ယူကြဖတ်ကြအောင် တစ်လ တစ်ခါ ရန်ကုန်က(ရွာသူား အချောအလှတွေ စုပြီး ရော့ဟေ့ ငါတို့ရွာ သတင်းစာကွ ဘာညာဆိုပြီး) တစ်မနက်လောက် ဝေလိုက်တာနဲ့ စောင်ရေ တစ်သောင်းပြိုက်ခနဲတောင် အသံမြည်သွားအုန်းမယ်—
(အဲ့လို လူအားနဲ့ မဝေနိုင်လည်း—
ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေဆီမှာ စင်လေး တန်းလေး တစ်နေရာစာ ချခွင့် ယူပြီး
အလကား ယူနိုင်ပါသည်ဆိုတဲ့ စာတန်းချိတ် ထားကြည့်၊ မကုန်ရင် ကြိုက်သလိုပြော—)
😆
အဲ့ဒါလေး တွေးမိသဗျ—
အခြေအနေ ကောင်းမယ့်ပုံမို့ ဆေးထိုးကြည့်တာပါ၊၊
အဲ့လိုသာ လုပ်ဖြစ်မယ်ဆိုရင် ကျနော်တို့ ပြည်တွင်းနေသူတွေလည်း သဂျီးရဲ့ တစ်လတစ်ခါထုတ် သတင်းစာကို PDF နဲ့ ဖတ်ရဖို့ အင်မတန်နှေးကွေးလှတဲ့ နက်လိုင်းနဲ့ ဒေါင်းနေစရာ မလိုတော့ပဲ စာရွက်ကိုင်ဖတ်ခွင့် ရချေတော့တမုံ့ပေါ့—
:kwi:
27 comments
Wow
December 11, 2015 at 4:23 pm
အဲ့လို အလဂါးဝေတဲ့ဂျာနယ်တွေ ၂ စောင် ၃စောင်ရှိတယ်… ဟိုတစ်လောက ကားတွေအကြောင်းရေးတဲ့ ဂျာနယ်တစ်ခုလဲ အဲ့လိုပဲ
Alinsett @ Maung Thura
December 11, 2015 at 4:32 pm
2 စောင် 3 စောင်တောင် ရှိတယ်လား…
ကျနော်က အခုမှ တစ်စောင် စတွေ့မိလို့…
ဒီဂျာနယ်ကတော့… ပုံတွေ ဘာတွေနဲ့ စာရွက်သားလည်းကောင်းကောင်း ထုတ်ဝေထားတော့… လိုချင်သူ များသဗျ…
အလကားဝေတယ်ဆိုပေမယ့်..ပြီးစလွယ် လုပ်မထားတော့…မျက်စေ့ကျစရာလေးပေါ့….
😆
အောင် မိုးသူ
December 11, 2015 at 6:18 pm
သတင်းစာပေါ့။ ဂျာနယ်ပေါ့။ သတင်းစာဆို တစ်စောင် ၂၀ဝ လပေးယူရင်ပိုတန်။ အလကားဝေတယ်ဆိုတာ ကြော်ငြာပေါ့ သူတို့က သူတို့ဆီကို ထည့်တဲ့ ကြော်ငြာနဲ့အသက်ဆက်ရတာ
ကြော်ငြာသာရမယ်ဆို အလကားတောင် ဝေနိုင်သဗျ။
Alinsett @ Maung Thura
December 12, 2015 at 1:12 pm
.သူကြီး သတင်းစာကတော့…. ကြော်ငြာအတွက် သိပ်တောင် ပူစရာမလိုဘူးထင့်…
ရွာသူား လုပ်ငန်းရှင်များက….ထည့်လိုက်မယ့်ဖြစ်ခြင်း…
😆
အီးမြောက်မြောက်
December 11, 2015 at 7:13 pm
အေး.. ဟုတ်သကွ 🙄
Alinsett @ Maung Thura
December 12, 2015 at 1:21 pm
:mrgreenn:
ကိုပေါက်(မန္တလေး)
December 11, 2015 at 10:45 pm
မက်ဆင်ဂျာ အစက ဝန်ထမ်းတွေေဝေခိုင်းတယ်။
နောက်တော်လူစည်တဲ့လက်ဖက်ရည်ဆိုင်မှာ
ချပေးထားတယ်။
ဖတ်ပြီးရင်ယူသွားလို့ရတယ်
Alinsett @ Maung Thura
December 12, 2015 at 1:24 pm
မက်စင်ဂျာက အစကတော့ အလကားတဲ့…
အခုတော့..တစ်စောင်တစ်ရာနဲ့…. မီးပွိုင့်တွေမှာ…လက်ပွေ့ရောင်းနေတယ်…လေးပေါက်ရေ….
တကယ့်တကယ် အလကားဆိုရင်…အဲ့လို ရောင်းတာကို… ခွင့်မပြုသင့်ဘူးပေါ့နော်…
ကျနော်ကတော့….အဲ့ မက်စင်ဂျာကို…တစ်ရာပေးပြီး…မဝယ်ချင်…
.ဖြစ်ကတတ်ဆန်း ပြီးစလွယ်….ပါးပါးလှပ်လှပ်လေး ထုတ်နေလို့….
မြစပဲရိုး
December 12, 2015 at 4:36 am
အေဂျီအာအီးအီး :-)))
Alinsett @ Maung Thura
December 12, 2015 at 1:25 pm
အရီးကတော့ သဘောတူပြီ…
သဂျီး သဘောတူဖို့ပဲ လိုတော့တယ်…
😆
kai
December 12, 2015 at 3:16 pm
…. လွန်ခဲ့တဲ့ ၂ပါတ်ကပဲ.. ရန်ကုန်ကလူတယောက်.. အယ်လ်အေလယ်လယ်လာတုံး.. အဲဒီကိစ္စ ပြောဖြစ်တယ်..။
သူက.. အကုန်အိပ်စိုက်.. အခမဲ့ထုတ်မယ်ပြောတာပဲ..။ ဈေးတောင်တွက်ပေးလိုက်သေး..။
အခြေအနေ… တိုးတက်မှုစောင့်ကြည့်နေဆဲ…။
ဆိုတော့…
အလင်းဆက်နဲ့က.. စိတ်များ အဆက်အစပ်ရသွားသလားလို့……။
အံ့ဖွယ်…။
မြစပဲရိုး
December 12, 2015 at 3:58 pm
သူငယ်ချင်း စီးပွါးရေးသမား တွေကိုလဲ တို့ ပေးကြည့်ပါမယ်။ :-)))
alinsett
December 13, 2015 at 8:53 am
သဂျီး သတင်းစာ သာ ရန်ကုန်မှာ လာထုတ်ရင်—
ရန်ကုန်က မြန်မာတိုင်းမ် ဂျာနယ်ကိုတောင် ယှဉ်နိုင် ကျော်နိုင်မယ်ထင့်—
အခမဲ့ မဝေနိုင်သေးဘူးဆိုရင်တောင် ဈေးသက်သက်သာသာနဲ့ အခုလက်ရှိအရည်အသွေးနဲ့သာ ချအုန်း—
-ပေါက်မှာပါ—
😆
ဇီဇီခင်ဇော်
December 12, 2015 at 6:58 pm
ဒီ အကြံ လိုက်လုပ်လို့ တဂျီးး မွဲ သွားးမယ် ဆို
I Totally/ Definitely/ Absolutely/ Fully AGREE.
:k:
alinsett
December 13, 2015 at 8:55 am
:k:
သဂျီးကို အရောက်ပို့လိုက်ကြစို့—
Shwe Ei
December 12, 2015 at 10:36 pm
စားပွဲခင်းလုပ်လို့ရော ရလား ???
alinsett
December 13, 2015 at 8:56 am
ဝိုင်းစုခိုင်သိမ်းကို ခုထိုင်ပစ်လိုက်တယ်
:mrgreenn:
flamingo
December 21, 2015 at 12:07 pm
ကောင်းတယ်ဒီအစီအစဉ်…ခုတလောလူဟောင်းတွေတော်တော်များများပြန်ဝင်လာတာတွေ့တယ်။ဝမ်းသာစရာပါ။ဖရဲသီးနဲ့ရွေတိုက်စိုးဘဲကျန်နေတယ်။
မြစပဲရိုး
December 13, 2015 at 9:22 pm
မြန်မာတိုင်း ဆိုလို့ ပါ။ ဒါ နမူနာ တစ်ခု ပေါ့။ ဖတ်ကြည့်လေ။ ဘာမြင်လဲ။ :-))))))
+++++++++++++++++++++++++++
အိုင်တီကဏ္ဍငယ်တစ်ခုမှ ယနေ့ မိုဘိုင်းခေတ်ဆီသို့
၁၉၄ရ ခုနှစ်၊ ဦးတင်ဝင်းအောင်ရဲ့ အသက် ၂ရ နှစ်မှာ ပထမဆုံး အိုင်ဘီအမ် ကွန်ပျူတာ ကြီး (မိန်းဖရိန်ကွန်ပျူတာ) ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ကွန်ပျူတာ ဌာနကို ရောက်လာခဲ့တယ်။
myanmar.mmtimes.com|By စတူးဝပ်အလန်ဘက်ကာ
kai
December 14, 2015 at 1:29 am
ပြန်ချက်ကတော့ ပျံနေတာပဲ
မြစပဲရိုး
December 14, 2015 at 2:45 am
(၁) ဦးတင်ဝင်းအောင် သည် အသက် ၉ရ ရှိသော အဖိုးကြီး မဟုတ်ပါ။ (စာဖတ်သူ တွေ ကို “၁၉၄ရ ခုနှစ်၊ ဦးတင်ဝင်းအောင်ရဲ့ အသက် ၂ရ နှစ်မှာ” ဆိုပြီး စေတနာ နဲ့ အသက်တောင် တွက်ပေးလိုက်သေး lol:-)))
(၂) Mainframe computer တွေ က ကမ္ဘာ မှာတောင် ၁၉၅ဝ နှောင်းပိုင်းလောက်မှ အစပျိုးလာတာမို့ ၁၉၄ရ မှာ မြန်မာပြည် မှာ ဘယ်လိုမှ မရှိပါ။
(၃) စီးပွါးရေးတက္ကသိုလ် သည် မနှစ်က မှ နှစ်၅ဝ ပြည့်ပါသည်။
(၄) စီးပွါးရေးတက္ကသိုလ် တွင် ၁၉၉၂ အထိ တော့ ကွန်ပျူတာဌာန မရှိသေးပါ။
ကြည့်ရတာ ၁၉၇၄ နဲ့ ၁၉၄ရ မှားတယ် ထင်ပါတယ်။ စာရိုက် အမှားပေါ့။
ခုနှစ် တစ်ခု က နေ အချက်အလက်များစွာ ကို အမှားဖြစ်စေတာ ကို သိရက်နဲ့ ပေါ့သလား မသိ။
တာဝန်ယူမှု၊ တာဝန်ခံ မှု အားနည်းလွန်းတာ မြင်နိုင်ပါတယ်။
Original English လို ဆောင်းပါး ကို ရှာတာလဲ မတွေ့ဘဲ အဲဒီ မြန်မာလိုဘဲ တွေ့တာ မို့ မူရင်း မှာ တော့ မသိ။
ဦးတင်ဝင်းအောင် တင် မဟုတ် ဦးသိန်းဦး အကြောင်းမှာလဲ တစ်လွဲ တွေချည်းဘဲ။ 🙄
မြစပဲရိုး
December 14, 2015 at 2:50 am
ကြုံတုန်းလေး ကလေး တွေ နဲ့ ပေါင်းပြီး သူကြီးမင်း ကို ဂျီ မှဘဲ။
အကယ်၍များ မြန်မာပြည် မှာ “ဟေး” လို့ ပျော်ပျော်ကြီး အော်နိုင်ခဲ့ရင်
ရွာထဲ မှာလဲ သူကြီးမင်း အနေ နဲ့ အထိမ်းအမှတ် တစ်ခု အမှတ်တရ လုပ်သင့်ပါတယ်။
ဘယ်လို လုပ်သင့်လဲ ဆိုတာက တော့ သူကြီးမင်း သဘောပေါ့။ 😉
alinsett
December 14, 2015 at 10:29 am
-ဟေး ဆိုတာကို ပျော်ပျော်ကြီးပဲ အော်ချင်မိ—
-ကြောက်မက်ဖွယ်ရာတစ်ခုခု အတင်းဝင်ချလာလို့
-ကြောက်လန့်တကြား မောင်းထုတ်ရချိန်မှာ အော်တဲ့ ဟေးနဲ့
မကြုံပါရစေနဲ့လို့—-
😆
-ပျော်ပျော်ကြီးသာ အော်ရပြီဆိုရင်တော့
အရီးပြောသလို အမှတ်တရ တစ်ခုခု သဂျီး ကမကထ လုပ်သင့်ပါတယ်
ဟီဟိ
Mike
December 15, 2015 at 3:32 pm
.ဂွတ်ဒ
alinsett
December 16, 2015 at 8:30 am
😆
ဝင့်ပြုံးမြင့်
December 20, 2015 at 12:14 am
.သဂျီးသာ မြန်မာပြည်ပြန်လာပြီး သတင်းစာ တို့ ဘာတို့ ထုတ်မယ်ဆိုရင် သဂျီး ရှိသမျှ တက်တက်စင်ပြောင် သွားအောင် အစွမ်းကုန်ကြိုးပမ်းပေးပါမည်။
kai
December 20, 2015 at 5:02 pm
အားကိုးရပုံ..။