အမားသဲ – KZ’s ထမင်းဆိုင်
ဒီ တစ်ရွာလုံး ကျောက်+နှင်း, တဂျီး နဲ့ မယ်ခွစ် ပဲ စားတဲ့ အသားး။
နှစ်ကူးမှာ တဂျီး အတွက် စပွိရှယ် စု ပေးတယ်လို့ မှတ်ပါ။
ဒီ တစ်ပတ် က စ တစ်လခွဲလောက် မဝင်နိုင်မှာမို့ ကြိုနှုတ်ဆက်ထားဒါ။
ဒီ အသားမစားသူများကတော့ ခွင့်လွှတ်ကြပါ။
ကျနော်ကတော့ စားပါတယ်။
မစားဖြစ်တာ ကြာရင်း မစားဖြစ်တာပါ (ဟယ် ရှင်းလပ်ထာ)
အသားဆို၊
စစ်သားရယ်
ကျောင်းသားရယ် ပဲ ရှောင်ပါတယ်။
သစ်သားဆိုရင်တောင် နု ရင်း ဝါးပါတယ်။
တစ်ယောက်ထဲစားမယ့် အမဲစတိတ်ပြုတ်.. (နှင်း)

ချွိုင်ဆန်း ၁စီး၊ဥနီ ၁တောင့် နဲ့ပြောင်းဖူး၁ဖူးတော့ ကုန်သွားြပြီ..
အမဲသားပြား ၃ပြားတော့မထိသေးဘူး..
ညစာကို ဥနီတစ်တောင့်၊ ထိုင်ဝမ်မုန်ညင်းထုပ်လေးတွေ ထပ်ထည့်စားမယ်လေ..
ဆား၊ဂျင်း၊ကြက်သွန်ဖြူပဲ ထည့်ပြုတ်ထားတဲ့
soup base မပါ ရိုးရှင်းတဲ့ အသားနဲ့အရွက်အချိုရည် အရသာပါ
အမဲသား တောချက် (ကျောက်+နှင်း)

တောချက် ချက်ချင်ရင် ငရုတ်သီးအပုတောင့် ရေနွေးနဲ့ပြုတ်ြပြီး
ကြက်သွန်ဖြူနီစပါးလင်နဲ့ရော ထောင်းြပြီးထည့်..
စပါးလင်မရရင် ဂျင်းထည့် ဓားမ ထက်ထက်ကို စဉ့်တီတုံးပေါ်တင်လှန်
အမဲသားကို လက်သန်းနှစ်ဆစ်လောက်လေးတွေ ဓားပေါ်ဆွဲဖြတ်..
ဆီပါလေရုံနဲ့ ခုနထောင်းထားတာနဲ့ အမဲသား၊ ငန်ပြာရည်နဲ့ နယ်နှပ်ြပြီး ၁နာရီလောက်နှပ်ထား….
မြေအိုးလေးနဲ့ လုံးချက်ချက်..
အရည်စပ်စပ်ရရင် ချ..မြေအိုးနံ့သင်းသင်း အတုံးသေးသေးလေးနဲ့ အရသာဝင်နေတဲ့ အမဲသားတောချက်ရရော..
အမဲသား ၃ဝ သားကို ငရုတ်ပု ၅ကျပ်သား သုံးပါသတဲ့..
အုကျောက် ၅နှစ်၆နှစ်သားက သူ့ရဲ့အဒေါ် အမဲသား တောချက် ပါတဲ့..
ရဲတွတ် စပ်နေတာပဲတဲ့ အရှည်တောင့်များ စပ်သုံးသလားတဲ့..
မြေအိုးထဲက အမဲသားချက်အရသာတော့ စားချင်သား
အမဲသား အကျွပ်ကြော် (မယ်ခွစ်)

ဂျင်းပြား..သွန်ဖြူထု..
အရသာနနွင်း..သကြားနည်းနည်းနဲ့နယ်..
ရေခမ်းပြုတ်..
ပြီးတော့ငရုတ်ဆုံထဲထည့်ပြီး တစ်တုံးစီ..
၂တုံးစီအဆင်ပြေသလိုထု..
ဆီထဲနည်းနည်းစီထည့်ကြော်..ကျွပ်ရင်ဆယ်..
သများကတော့.. ၂ခါလောက်ကြော်ပြီးဆီသစ်လဲတယ်..
ကြော်တဲ့ဆီနဲ့ပြန်စိမ်ထားတယ်.. ..
အမဲလုံး ဟင်းရည် (မွဘုတ်)

အမဲသားဆ်ိုအကြောပါတတ်လို့
ပါးပါးလှီးပြီးကြိတ်ရင် ကြိတ်တဲ့အချိန်ပြသနာနည်းစေပါတယ် ကြိတ်ရင်းနဲ့အပေါ်အောက်ဇွန်းနဲ့ ပြန်လှန်ပြီးမွှေရတာမျိုးတော့ရှိတာပေါ့
#အရေးကြီးတာကမွှေတဲ့အချိန်စက်သေချာပိတ်ဖို့အထူးသတိပေးပါရစေ
ချင်းရည်ကိုသီးသန့်အရင်စစ်ယူထားပါ
အသားကြိတ်စက်ထဲ အသား ငရုတ်ကောင်း ချင်းရည်ဆားနဲ့ သကြားအနည်းငယ် သကြားကတော့ မကြိုက် ရင်လည်းမထည့်ပါနဲ့ ရိုစ်မေရီလည်းအဆင်သင့်ရှိတာမို့ ရောထည့်ကြိတ်လိုက်ပါသေးတယ် မရှိလည်းဘာှမဖြစ်ပါဘူး
တချို့ဆို အမဲသားရဲ့ပင်ကိုယ် အညှီနံကိုကြိုက်လို့
Medium rare တောင်သေချာမှာစားကြသေးတာကို
ညက်ညက်ကျေပြီးငါးဖယ်သားလိုလုံးသွားရင်
ရေနွေးဆူဆူထဲ ဇွန်းနဲ့ခပ်ထည့်လိုက်တာပါပဲ
ဘာမှမခက်ပါဘူး
ဒီနည်းထဲမှာတော့ ပရိတ်သတ်တွေက အမြန်စားချင်နေကြလို့
ကြိတ်ရင်လှည့်ကြည့်စရာမလိုအောင်
ကြက်ဥ ထည့်ကြိတ်ထားပါတယ်
ဒါကြောင့်အသားက ပွပြီးနူးညံနေပါတယ်
ကြိတ်ဆွဲအရသာကြိုက်ရင်ကြက်ဥမထည်ပါနဲ့
အရွက်ကြိုက်တတ်ရင်
မုံညင်းခါးနဲ့ စားခါနီးခုခပ်ခုစား
ဆွေမျိုးမေ့သွားစေရမယ်
အချဉ်အတွက် ငရုပ်စိမ်း ကိုညက်အောင်ကြိတ် ငါးငံပြာရည်ကို သံပုရာ ညှစ်တာပဲလိုက်ပါတယ်
အမဲသားအာလူး ဆီလည်ရေလည်ချက် (မွဘုတ်)

အမဲသားကို အရွယ်ညီအောင်တုံးပြီး ဆား ချင်းရည် ရှာလကာနဲ့နယ် တစ်နာရီကြာခန့်
နှပ်ထားပါ
ကြက်သွန်ဖြူနီချင်းကြိတ်ထားတာကိုဆီသတ်လို့နီလာရင် အသားထည့် ပြီး မီးအေးအေးနဲ့
အဖုံး ဖုံးပြီးနှပ်ချက်ချက်ပါ
အသားကရေ မခမ်းမီ ကြိတ်ဆွဲလောက်အရောက်မှာ အရွယ်တော်တုံးထားတဲ့ အာလူးကိုရောပြီး အာလူးမြှုပ်ရုံရေထပ်ထည့့်
့်ပြီးဆက်ချက်ပါ
အသားလည်းနူး အာလူးနူးတဲ့အနေမှာစိတ်ကြိုက်ဆီလည်ရေလည်အနေထားမှာရရင် မဆလာအနည်းငယ်ခပ်ပြီး
အဖုံးအုပ်သူ့အငွေ့နဲ့သူ အနံ့ယူပါလေ
မဆလာ စောစောအုပ်ရင် အနံမကြိုက်တတ်တဲ့သူတွေအတွက်အဆင်မပြေဖြစ်တတ်လို့နောက်ဆုံးမှထည့်စေချင်ပါတယ်
အမဲရွတ်ငါးပိချက် (မယ်ခွစ်)

သများက.. လုံးချက်တာရယ်…
အသားကောင်းတွေပြုတ်.. မွကြော်တာ..
နည်းနည်းမကောင်းတာတွေသေးသေးတုံး..
အရသာ..နနွင်းနယ်..
ကြက်သွန်ဖြူနီထောင်းတာနဲ့ရောနယ်ပြီး နူးအောင်လုံးချက်တာ..
ကိုင်းသီး၁ဝလုံးလောက်.ငြုပ်သီးအတောင့်၅ဝလောက်လှီးဖြတ်ထားတယ်..
အမဲသားနူးတော့ အဲ့ကောင်တွေထည့်ပြီး.. စိမ်းစားနပိ.. လက်သန်းဆစ်လောက်ထည့်မွေလုံး..
အရသာပြင်.. ပင်စိမ်းအုပ်..
ဆီက.. ကော်ဖီတဇွန်းလောက်ပဲထည့်တယ်..
ဆီမပါဘူး.. စပ်ပြဲလန်.
အမဲသားချက် (မယ်ခွစ်)

ကယားတွေစားတဲ့ မက်ခါမှုန့်တို့ ကချင်တွေစားတဲ့ မက်ခရမ်မှုနိ့တို့ ထည့်ချက်တယ်..
ဆီသတ်ရင်လည်း ညှော်လို့ လုံးချက်တယ်..
အမဲသားကြိုက်တော့ အနံရှိတယ်မထင်ပေါင်…. သာမာန်ပဲဆေး.. ရေစစ်
အရသာနနွင်းနံပြာရည်.. အမှုန့်တွေထည့်နယ်နှပ်ထားတယ်…
နောက်တော့ သွန်ဖြူ..ဂျင်းထောင်း နှပ်ထားတဲ့အမဲသားထဲထည့်နယ်..
ဆီနည်းနည်းထည့်… ရေခမ်းအောင်လုံးတယ်ချက်တယ်…
ရေခမ်းဆီပြန်မှ… ရေနွေးထည့် မီးပြင်းပြင်းနဲ့ချက်တာပဲ..
အနှစ်အတွက် ကြက်သွန်နီကို ဒီတိုင်းလှီးထည့်တယ်..
တခါတလေကြက်သွန်နီကြော်ခြေထည့်တယ်..
ကလီစာချက်ရင်တော့ ပထမနည်းအတိုင်းနယ်နှပ်..
သွန်ဖြူဂျင်းနယ်နှပ်တဲ့အပြင်..
ဖြူနီဂျင်းထောင်းနဲ့ဆီလည်းထပ်သတ်တယ်..
ကလီစာထဲလည်း မိုးခိုသားထည့်ချက်တယ်..
အသားပါမှ ပိုချိုတယ်ထင်လို့..
ပုဆိုးကြမ်း..အထပ်တရာ.. ဖူးစောင်ချက်/ပြုတ်ရင်လည်း.. အသားထည့်ချက်တယ်..
အသားက ပိုချိုတယ်ထင်လို့..
အမဲလျာချက်.. (မယ်ခွစ်)

အမဲလျာကို.. အခွံကြမ်းတွေစင်သွားအောင်ရေနွေးထဲရှာလကာရည်ထည့်ပြုတ်..
ဓားနဲ့ခြစ်ရုံပဲ.. သေချာခြစ်ထုတ်ဆေး…
ပြီးရင် ဆား..သစ်ဂျပိုး..ကရဝေးရွက်နည်းနည်းထည့်ပြီးပြုတ်ပါ…
အနည်းငယ်နူးလာရင်… ကြိုက်တဲ့ပုံစံတုံးပါ..
သများကတော့ အားရပါးရစားချင်လို့..အကွင်းလိုက်လှီးတယ်..
ခရမ်းချဉ်သီးပြုတ်.. ခွံခွာ.. ဇကာနဲ့တိုက်ထား..
သွန်ဖြူနီဂျင်းဆီသတ်..
ခရမ်းချဉ်သီးပါ ထည့်ပြီးဆီသတ်.. နာနာသတ်..
ပြီးရင် တုံးထားတဲ့လျာထည့်…
အိအောင်ဆက်ချက်..
ပန်းငရုတ်ပွကြိကြ်သလိုလှီးဖြတ်.. အုပ်ပါ..
တခါတလေ ချေချင်ရင်တော့.. မားသားချိုက်စ်နဲ့ ဖြူနီဂျင်းကိုဆီသတ်..
စပါကတီဆော့ထည့်.. ဝိုင်တွေ.. ဝီတွေထည့်ချက်တယ်..
24 comments
ဦးကြောင်ကြီး
January 18, 2016 at 9:53 am
အမဲလှ ျာခ ျက်တဲ့ မယ်ခွစ် ယဥယဥလေးနဲ့ သိပ်လှစိုဘဲ…
alinsett
January 18, 2016 at 9:54 am
အမားသဲကို အနော်လည်း ကြိုက်ပါတယ်ဂျ။
အနော် အကြိုက်ဆုံးအသားထဲမယ် အမားသဲက နံပါတ် ၂။
နံပါတ်၁ ကတော့ ဝါးသက်
:k:
အနော် အဲ့ အမားသဲ ကြိုက်တာကို အစ်မတော် ပြုံးတောင် သိနေပြီမို့ သူ့အိမ် လည်လည်သွားတိုင်း အဲ့အသား ချက်ကျွေးနေကျလိုကို. . . ဖြစ်လို့။
😆
ဝင့်ပြုံးမြင့်
January 18, 2016 at 12:21 pm
အောင်ရဲလင်း နဲ့ နည်းနည်းတူသွားအောင် အသားမဲပေးဖို့လိုတယ်လေ။ အဲဒါကြောင့် အသားမဲအောင် အမဲသားလေး ကျွေးတာပါ။
CharTooLan
January 18, 2016 at 10:39 am
အမားသဲအရမ်းကြိုက်တယ် တောချက်လေးသရေကျထှာ 😛
ကျော်တို့စီမယ် အမဲလျှာလိုချင်ရင်ဈေးထဲမှာ မနက်အစောတန်းစီရတယ်
ဒီတွင်းဂနွေတောင် သွားတန်းစီခဲ့သေးဒယ်
ထမင်းကို ဟင်းအနှစ်တခုခုနဲ့ ငပိရည်ဖျော်နဲ့ သံပြာသီးညှစ်ပီး နယ်စားမယ်ဆိုရင်
အမဲသားအနှစ်က စားလို့အကောင်းဇုံး 😀
ဦးကြောင်ကြီး
January 18, 2016 at 10:52 am
မေ ျာက်ဘီလူး သာကူးမ…
CharTooLan
January 18, 2016 at 11:36 am
အိုညည်းရေ… အကောင်းဇုံးးးးအသားဟင်းတွေချပြဒေါ့မယ်စိုယင်
သက်သက်လွှတ် သမားများမဝင်ရလိုစ့် ဆိုင်းဘုတ်ချိတ်ဘာချင့် 😛
အရင်ကကျော်စွာဦးကြီးမိုက်
January 18, 2016 at 11:37 am
.အမဲသားဟင်းတွေအားလုံးသွားရည်ကျစရာတွေချည်းပဲ
.အမဲရွတ်ငါးပိချက် ကလည်းစားကောင်းမဲ့ပုံ…
.တစ်ခုပဲ..သများကသွားကျဲ လို့လားမသိ..အမဲသားစားပြီးတိုင်းသွားကြားညပ်မှညပ် :))
ဝင့်ပြုံးမြင့်
January 18, 2016 at 12:22 pm
.အပေါ်က ဟင်းတွေထဲ တစ်မယ်ပဲချက်တတ်တယ် ဇီရေ။ မိန်းမအပီသလွန်သွားလို့ပါ။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 18, 2016 at 1:19 pm
ဟာလာ လုပ်ထားမှ စားဒယ်လို့
အမားသဲ တပြားဆွဲ ကလားပွဲ စကားဝဲ သများဘဲ လဂါးပဲ
Ma Ma
January 18, 2016 at 1:38 pm
အမားသဲ စားသူများအသင်း ဝင်ပါတယ်။
အိမ်မှာ ချက်လေ့ချက်ထမရှိ (မချက်တတ်တာလည်းပါ၏) လို့ ခရီးသွားရင် အပြင်မှာ စားဖြစ်ရင် အမားသဲရရင် အမားသဲပဲ စားတယ်။
Shwe Ei
January 18, 2016 at 1:48 pm
-သများက အသဲကြိုက်တာ
-ကြော်ပြီးရင် ဒီတိုင်းစားပစ်တာများတယ် 😀
Wow
January 18, 2016 at 2:04 pm
ဗိုက်ဆာချိန်မှဖတ်မိတယ် 😥
kai
January 18, 2016 at 2:19 pm
အမဲလုံးဆိုပြီး.. အဖြူလုံးဖြစ်နေသလားလို့…
ဆိုတော့…
စားတဲ့သူတွေများနေသဟ..။ သူတို့တွေစားနေတော့.. အမဲသားဈေးတက်တော့မှာပေါ့..။
မစားကြနဲ့.. အမဲသားဆိုတာ… နွားကလုပ်တာ..။ ထမင်းဆိုတာလဲ.. နွားကလုပ်တာ..။ blah blah.. ါ်ုါ်
ဂျက်စပဲရိုး
January 18, 2016 at 4:47 pm
အမဲသား တောချက် ကို စားချင်လိုက်တာကွယ်…. ရှလွတ် ရှလွတ် း)
အောင် မိုးသူ
January 19, 2016 at 9:11 am
အမဲသားတော့ ခုတလော ဓာတ်ကျနေတယ်
mgsai
January 19, 2016 at 11:08 am
ချားချင်လိုက်တာ
အဲ့လိုပုံတွေပြတော့ တားက မော်နီတာကြီးကို လျှာနဲ့ ထလျက်ချင်လာပြီ
ခိခိ
ဇီဇီခင်ဇော်
January 20, 2016 at 1:52 pm
ငင့်၊
အမဲသား စားသူ နည်းမယ်ထင်တာ။
ဂလိုကျ အများကြီးပဲ။
အဟီးဟီး
:mrgreenn:
Wow
January 23, 2016 at 6:17 pm
အမဲကလီဆာလဲစားကောင်းတယ် လှည်းတမ်းဈေးထဲကဆိုင်က အဆုတ်မယူပဲ အသဲ၊နှလုံး ၊ သရက်ရွက်တင်ယူလို့ရတယ်
kai
January 24, 2016 at 8:51 am
မြန်မာတွေ(အများစု) အမဲသားစားကြတဲ့နေ့.. တိုင်းပြည်တိုးတက်နေ့အစပဲ…။
အိနိ္ဒယရဲ့ ယဉ်ကျေးမှုလောင်းရိပ်အောက်က.. လွတ်မြောက်ချိန်တန်ပြီ..။ :k:
ဆိုတော့…
နွားက.. နှာသီးဖျားကနေ.. အမြီးဖျားအမွှေးထိသုံးလို့ရတာမို့…. နွားမြီးကဗျာလေးနဲ့.. နု့ိတိုက်လိုက်ပါရစေ..။
“ဦးပုည၏ နွားတစ်ကောင်လုံး အသုံးချနည်း”
မီးတွင်းမိန်းမ၊
နို့မရ၍ သားက တစာစာ၊
မာတာကြုံလှီ၊ ရှိသည်အခိုက်၊
ညွှန်လိုက်မည်အပြီး၊
သည်နွားမြီးကို၊
မီးဖုတ်ချက်ချင်း၊
တောက်တောက်စင်း၍၊
ဟင်းခါးလည်းချက်၊
ကြောင်ပန်းရွက်နှင့်၊
နို့မျက်မိန်းမ၊
သောက်လိုက်ရလျှင် နို့လုံးရွှင်သည်၊
သူ့လင်စို့တောင် မကုန်တည်း
kai
February 22, 2016 at 1:51 pm
ဒါကို ဒီလသုံးမယ်နော… ။ ပြည်ပြန်မွှေနေတဲ့.. ခြေရှည်ဇီမမသို့…။
ခင်ဇော်
February 22, 2016 at 2:39 pm
သုံးသုံးးး
ဆိုင်ညွှန်းတွေက နောက်တစ်ပတ်မှ တင်ပေးမယ်။
:mrgreenn:
အောင် မိုးသူ
July 20, 2016 at 4:36 pm
ဒီကလည်း နည်းနည်းယူသွားတီ 😛
မမချွိ
July 21, 2016 at 8:37 am
ယူစေသတည်း
:k:
လုံမလေးမွန်မွန်
July 22, 2016 at 12:42 pm
သများ အမဲသား ပြန်စားပြီ . . လွိုင်ကော်မှာ အမဲလုံးမြင်တာ စိတ်ထိန်းမရလို့ ပြန်စားတာ ဟိ . . တောချက်လေး စားချင်လက်ထှာ