ရိုးရှင်းသော နေ့လည်စာ – KZ’s ထမင်းဆိုင်
ခေါင်းစဉ်မြင်တော့ ကျော်တို့ သမဒ အဟောင်းကြီးကို သတိယသွားကြသလားမသိ။
အဟေးဟေးဟေးးး
:k:
ဒီ ရွာရောက်တော့ သူငယ်ချင်း အသစ်တွေ ရလာတယ်။
ဟော ….ထမင်းဆိုင်ဖွင့်တော့ အပေါင်းအသင်းပိုများလာတယ်။
ရွာထဲမှာ စာပဲဖတ်တဲ့ စာဖတ်ပရိတ်သတ် ၂ ယောက် …
ကျနော် ဖွဘုတ်ကို ရှာပြီး လာ အက်နိုင်တာ ၂ ယောက် ရှိပါတယ်။ မွမိုးခိုင်နဲ့ မေသူဇော်ပါ။
ထမင်းဆိုင် ကို စဖွင့်ကတည်း က အားပေးလာတဲ့ အစားချစ်သူတွေပါ။
ဒီ တစ်ပတ်တော့ မေသူဇော် ရဲ့ လက်ရာ ရှင်းရှင်း ဓာတ်ပုံတွေပါ မြင်မိလို့ ထမင်းဆိုင် ပြန်ဖွင့်ချင်စိတ်ပေါက်သွားတာ
ဓာတ်ပုံရောချက်နည်းတွေရော လွယ်ကူရိုးရှင်းသပ်ရပ်တာမို့ ၉ ရက်စာ “မ” လာပါတယ်။
အားပေးကြပါဦးးး ခညာ။
:k:
ပုဇွန်ပင်စိမ်းချက်နဲ့ ငပိရည် တို့စရာ

ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့် ပြီးရင်
ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့်၊
ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့်
ရနည်းနည်းထပ်ထည့်
ပွက်ပွက်ဆူပြီရင် ရပြီ
၂) မျှစ်ပြုတ် ပဲဇောင်းခါးသီးပြုတ် သခွားသီး ရှောက်ရွက် တို့စရာ
ကြက်ဥအာလူးဟင်း နဲ့ ပဲသီးကြော်

၂) ကြက်သွန်နီ ငရုတ်သီးထောင်း ပုဇွန်ခြောက်ပါ ရောထောင်းတယ်။
အားလုံးထောင်းပြီသားတွေဆီသတ် ပြီရင် အာလူးထည့်
နည်းနည်းကြာမှဘဲဥခြမ်းထားတာ ထည့်
ပြီးရင် ရေထည့် အဖုံးအုပ် ရေခမ်းရင်စားလို့ ရပြီ။
အရည်ဟင်းတွေထက် အခြောက်ဟင်းတွေပိုကြိုက်လို့စ်!!!
ကြက်အူချောင်းကြော် နဲ့ အစိမ်းကြော်

၂) ဆီပူလာရင် အရင်ဆုံး ကြက်သွန်ဖြူ ပြီးတော့ ဥနီထည့်ကြော် ဂေါ်ဖီ ပြောင်းဖူးအသေး ပဲသီး ကြက်သားမှုန့် ဆားနည်းနည်း ပဲငံပြာရည် ခရုဆီထည့်ကြော်တယ်
ငါးနီတူ ငရုတ်သီးကြော်နဲ့ ပဲသီးကြက်ဥကြော်

ငရုတ်ဆုံထဲ ကြက်သွန်ဖြူထည့်ထောင်း ငရုတ်သီးအကြမ်းဖက်ထည့်ထောင်း ပုဇွန်ခြောက်အကောင်ထည့်ထောင်း
အားလုံးညက်သွားရင် ဒယ်အိုးထဲ ဆီထည့်
ပူလာရင် အားလုံးထောင်းပြီးသာ ထည့်ကြော် ငံပြာရည်ထည့် ခဏနေကျက်ပြီ
၂) ဆီပူလာရင် ကြက်သွန်ဖြူထည့်ကြော် ပဲသီးထည့် ဆားထည့် ပဲသီးကျက်ခါနီး ကြက်ဥထည့်ကြော်တယ်
၃) ငါးနီခြောက် ရေဆေး ပြီ ဆီပူလာရင် ထည့်ကြော်တာ
ပုဇွန်ချက်နဲ့ ကင်ပွန်းချဉ်ဟင်း

ဆီပူလာရင် ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီမှုန့်ထောင်းထားတာကို ဆီသတ်
ပုဇွန်ထည့်ကြော် ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းထည့်တယ်
၂) ကန်မွန်းချဉ်ရွက် ရေဆေးထား
အိုးထဲ ရေထည့် ဆူလာရင် ကြက်သွန်နီထည့် ဆားနည်းနည်း ငံပြာရည်နည်းနည်း ပုဇွန်ခြောက်မှုန့်မျာများထည့်တယ်
အချဉ်ကြောက်လို့
ကန်မွန်းချဉ်ရွက်ထည့် ငရုတ်သီးစိမ်းထည့်တယ်
ကြက်သားမျှင်ကြော် နဲ့ ပဲဟင်း

ဂျင်းသေးသေးလေးတွေလှီးထားတာကိုထည့်
ကြက်သားထည့်ပြီ ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ
၂) အိုးထဲ ရေဆေးပြီသား ပဲနဲ့ရေထည့်တယ် ကြက်သွန်နီထည့် ဆားထည့် ကြက်သားမှုန့်နည်းနည်းထည့်တယ်
ဘဲဥ ငရုတ်သီးချက်နဲ့ မုံညင်းရွက်ကြော်

ဘဲဥပြုတ်ပြီသားထည့်ကြော်
ငံပြာရည်နည်းနည်းထည့်ကြော်တယ်
၂) ဆီထည့် ကြက်သွန်ဖြူထည့် မှုန့်ညှင်းရွက် ထည့် ကြက်သားမှုန့် ခရုဆီထည့်ကြော်တာ
ပဲပင်ပေါက်၊ ပဲပြား ကြော် နဲ့ ငါး ငပိရည်

ဆီထည့် ကြက်သွန်ဖြူထည့် ပဲသွေးထည့်ကြော်
ပဲပင်ပေါက်ထည့် ပဲပြာထည့် ကြက်သားမှုန့်ထည့် ပဲငံပြာရည်ထည့်ကြော်တာ
၂) ဆီပူလာရင် ကြက်သွန်နီလှီးထားတာထည့်
ပြီးရင် ငရုတ်သီးစိမ်းထည့် ငါးပြုတ်ပြီသားထည့်
ငပိစိမ်းစားကိုရေဖျော်ထားတာကိုထည့်
ရေနည်းနည်းထက်ထည့် ပွက်ပွက်ဆူပြီရင် ရပြီ
ငါးချက် နဲ့ မှို မုံညင်းကြော်

ဆား နယ်ထားတဲ့ ငါးထည့် နည်းနည်းမွှေပေးပြီး ရေနည်းနည်းထည့်ချက် ရေခမ်း ဆီပြန်လာရင် ရပြီ
၂) မှိုကို ရေစိမ်ထားပြီ ရေနွေးနဲ့ခဏပြုတ် ပြီးလှီးထား
ဆီပူလာရင် ကြက်သွန်ဖြူထည့် မှိုထည့် မှုန့်ညှင်းရွက်ထည့် ကြက်သားမှုန့်ထည့် ခရုဆီထည့် ထည့်ပြီးချက်ရင်ရပြီ
20 comments
E.မြောက်မြောက်
December 21, 2015 at 11:21 am
ဘဲအု ငြုပ်သီးချက် မုန်ညင်း တစ်ပွဲ
ထမင်းဘိုး အိုင်ခုဆီကတောင်း
သူ့ဆီမှာ ဂေါ်လီကြွေး ၁ကျပ်ခွဲ ရစာရှိတယ်
ဇီဇီခင်ဇော်
December 21, 2015 at 12:20 pm
အိုင်ခုဆီက တောင်းမဲ့ အစား မြောက်မြှီးပဲ ဆွဲဗျဇီ
:k:
E.မြောက်မြောက်
December 21, 2015 at 12:55 pm
ဟဲ့… ဟဲ့…မလုပါနဲ့
ဆာစိုရှိတယ် မကြားဖူးဘူးလား..
ဘာဒဲ့..
အမြီးမရှိတဲ့မြောက် ထီးမရှိတဲ့အခြောက် အီးမရှိတဲ့လောက် မတင့်တယ်ဘူးတဲ့
သီချင်းတောင်ရှိသေးတယ်..
ဘာဒဲ့..
အမြီးမရှိရင် အသက်မရှင်ချင်ဘူး ဆိုကလားပဲ
kai
December 21, 2015 at 1:43 pm
ဒါဝင်ပြောတဲ့သီအိုရီအရ.. ဟိုဟာမဝင်ရဘူးတဲ့..။
အဲ.. အဲ..
မြောက်က.. အမြီးမရှိတော့ရင်.. လူတဲ့..။ :k:
Kaung Kin Pyar
December 21, 2015 at 12:03 pm
ဒီပန်းကန်နဲ့ ဒီဟင်းတွေ ရင်းရင်းနှီးနှီးသိနေပါတယ်.. မှတ်တယ်…လက်စသတ်တော့ နာ့ ချစ်မကြီးလက်ရာတွေကိုး…။
မဆွိကို အကူအညီတောင်းပြီးတော့..နာ အိမ်မှာတော့ မကျွေးဘူးနော်…၊ နာ့ဟင်းတွေစားချင်ရင် ဒီနည်းအတိုင်းချက်လို့ ဆိုလိုချင်တဲ့ သဘောလား… :byee:
မရဘူးနော်…။ အိမ်တိုင်ရာရောက် လာဝါးရမှ… :k:
သူ အမြင်အာရုံကို နှိပ်စက်နေတာ ကြာပြီ…
ဇီဇီခင်ဇော်
December 21, 2015 at 12:21 pm
သူ့ ဟင်းစပ်နဲ့ ဓာတ်ပုံလေးတွေက ရှင်းလင်းလို့လေ။
ကြိုက်တယ်။
:sar:
Mike
December 21, 2015 at 1:20 pm
.က ျန်တာတွေတော့မဆိုးပါဘူး..“ကြက်အူချောင်းကြော် နဲ့ အစိမ်းကြော်” ကတော့ချောက်တောက်တောက်နိုင်နေတယ်လို့စ် :))
ဇီဇီခင်ဇော်
December 21, 2015 at 2:37 pm
ဟိဟိ။
ဝီဝီလေးနဲ့ တွဲစားး
:mrgreenn:
အောင် မိုးသူ
December 21, 2015 at 1:41 pm
နှစ်မျိုးလောက်ပဲ ကြိုက်မိတယ်
ဇီဇီခင်ဇော်
December 21, 2015 at 2:36 pm
သူက အသောက်အဓိက။
အဟိ
:mrgreenn:
အောင် မိုးသူ
December 23, 2015 at 2:06 pm
ဘယ်လိုအသောက်လဲ အဟိ
kai
December 21, 2015 at 1:45 pm
ဝက်သားနဲ့..အမဲသား သပိတ်မှောက်ထားတာလားဟင်င်…။
ဘာပဲဖြစ်ဖြစ်.. ပုဇွန်ချက်နဲ့ ကင်ပွန်းချဉ်ဟင်း စားသွားကြောင်း…။ :k:
ဇီဇီခင်ဇော်
December 21, 2015 at 2:35 pm
သူက ပုဇွန်နဲ့ ဥ ပဲ အဓိက စားသလေ
:k:
E.မြောက်မြောက်
December 21, 2015 at 5:47 pm
ဟင်င်..
မာမွတ်ခိုင်က အမဲနဲ့ ဝက် စားတယ်လား
Wow
December 21, 2015 at 3:06 pm
အူးသေးစိန် မနက်စာလောက် မရိုးရှင်းဝူး
ဇီဇီခင်ဇော်
December 21, 2015 at 3:36 pm
မျိုးနဲ့ ရိုး နဲ့

ရိုးတဲ့ သူမို့ဘာ။
မြစပဲရိုး
December 22, 2015 at 3:39 am
ဟင်းစပ် တွေ အားလုံး စားချင်စရာတွေ။ ဗိုက်တောင်ပြန်ဆာလာပြီ။
ချက်ပြသူရော။ မျှပေးသူ ကိုပါ ကျေးဇူးတင်ပါတယ်။
ဒါထက် ထမင်းက တစ်ယောက်စာ နဲနဲလေး မှာ ဟင်း တွေ က များလှချေလား။ ငါးနီခြောက် ဆို တစ်ပါတ်လောက် စားလို့ ရမယ်။ 😉 :-))
ဇီဇီခင်ဇော်
December 22, 2015 at 6:35 am
ဟယ်..
အရီးးး
အာ့မိုးးငါးလေးကြော် ဆို ကျနော် တစ်ရက်ပဲ..
ဒီတိုင်းးထိုင်ဝါးးတာ….
ဟိ..
မေသူဇော် က မနက်ခင်း ဆွမ်းလောင်းလေ့ ရှိလို့ နေမှာ…
alinsett
December 23, 2015 at 10:57 am
ဟင်းပန်းကန်တွေ….ထမင်းပန်းကန်တွေမှ….အများကြီး…
ဇွန်းဆိုတာကတော့ဖြင့်….တစ်ချောင်းတည်း….
:k:
ဇီဇီခင်ဇော်
December 23, 2015 at 12:05 pm
အာ့ဒေါ့ ဘာဖစ်တုန်း
:k: