Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Organizer တယောက်ရဲ့ ချိုမြိန်ဒုက္ခ

padonmarDecember 31, 20151min111815

ဒီဇင်ဘာဆိုတာ နိုင်ငံခြားရောက် သူငယ်ချင်းတွေ အပြန်များတဲ့လဆိုတော့ gathering တွေ လုပ်ရတဲ့ လပေါ့။
ဒီနှစ် ဒီဇင်ဘာ၂၄ မနက်စောစောမှာ သူငယ်ချင်းစောကြီးက မတ်စိပို့လာတယ်။ သိန်းဌေးတယောက် ရောက်နေပြီ၊ နင့်ကို သူ့ဆီ ဆက်သွယ်ပါပြောခိုင်းလို့ တဲ့။ သူ့Viber ကို ခေါ်တော့လည်း ပြန်မထူး၊ဖုန်းနံပါတ်ကလည်း မသိ။ မနက်၁ဝနာရီလောက်ကျတော့ ဖုန်း တကောလ် ဝင်လာတယ်။ ဟယ်လို ထူးလိုက်တော့ ကျနော့် အသံမမှတ်မိဘူးလားတဲ့။ ဒီအသံ နဲ့ သတင်းကြိုရထားတာနဲ့ ပေါင်းပြီး သိန်းဌေးမလားလို့ ရောချလိုက်တာပေါ့။
(ဒီကောင် သိန်းဌေးက 2nd MB ထဲက တဂရုထဲ တူတူတက်ခဲ့ရတော့ မောင်နှမတွေလိုပါပဲ။ မှတ်မိသေးတယ်။23.12.2003 LA မှာ သူမင်္ဂလာဆောင်တော့ Outside California ကလာတဲ့ ဧည့်သည် လက်ထောင်ပါဆိုပြီး MC တရုတ်မကပြောတယ်။ ထိုင်ဝမ်က အောင်ကျော်ရယ်၊ဘားမားက ကိုယ်ရယ် နှစ်ယောက်၊ အဲ့ဒီ တရုတ်မက အောင်ကျော်ကြီးကို မေးပြီး ထိုင်ဝမ်က လာတယ်ဆိုတော့ ငါ့အမျိုးဆိုပြီး ဝမ်းသာအားရပြောတယ်။ ကိုယ့်ကျတော့ ဘားမားလည်းဆိုရော မသိသလိုနဲ့ မေးပြီးလှည့်ထွက်သွားရော။ ခုနေသာဆို အောင်ဆန်းစူးကြည်ငါ့အမျိုး ဆိုပြီးပြောနေမှာ အသေအချာ၊သိန်းဌေးရေ၊မကျေပွဲ မင်္ဂလာပြန်ဆောင်ကြည့်စမ်းပါ)
အမယ်သူက ရိုရိုသေသေနဲ့ အမတွေ ကျနော်တွေ သုံးလို့။တသက်လုံး နင်ငါပြောလာတာ။
`ကျနော် ပဉ္ဇင်းတက် ၊သားလေးက ရှင်ပြုမလို့ သူငယ်ချင်းတွေ ဖိတ်ပေးပါအုံး။အခုတော့ ငပလီသွားကဲမလို့ လေဆိပ်မှာ၊ဝိုင်ဖိုင် ကလည်း မရတော့ ငပလီဟော်တယ်ရောက်မှပဲ Viber နဲ့ ဖိတ်စာပို့တော့မယ်´တဲ့။

`အဲဒီနေ့ ငါမအားဘူးဟ၊ဝခမ ပွဲ ရှိတယ်။ နင်ဘယ်နေ့ လူထွက်မလဲ ၊ဘယ်နေ့ပြန်မလဲ၊ အဲတော့မှ ငါတို့ သူငယ်ချင်းတွေ စုပြီး ညစာစားကြမယ်လေ ´ဆိုတော့ ၂၉ ရက်နေ့ လူထွက်မယ်၊ ၃၁ ပြန်မယ် တဲ့။
ဒါဆို ၃ဝ ရက်နေ့ ညစာလုပ်မယ်လေ ဆိုတော့ ၂၉ မနက် လူထွက်မှာ အဲဒီနေ့ ညနေ ဆို စားလို့ ရပြီလေ တဲ့။
ကဲ အေးဆေး သွားပါ ကိုယ်တော်၊ငါဖိတ်ပေးထားပါ့မယ် ဆိုပြီး အဂ္ဂမဟာ ဖွဘုတ်တော်ပေါ်တင် တိုင်းသူပြည်သားသူငယ်ချင်းများတို့လေး…. ဆိုပြီး မောင်းတီးလိုက်တာပေါ့။
ငါတော့ ဝခမပွဲနဲ့ တိုက်နေတယ်။ မလှုပ်ရှားအားဘူးဆိုတော့ ပြည်ပမှာ သမီးစေ့စပ်ပွဲသွားနေတဲ့ ဟန်နီက သူစီစဉ်ပေးပါ့မယ် ၊ဖြစ်ချင်တာသာပြောတဲ့။အေးထွေး၊အမာကြည်နဲ့ နှင်းနှင်း ကလည်းကူဖိတ်ပေးမယ်တဲ့။ အဲလို အားကိုးရတဲ့ သူငယ်ချင်းတွေ ရှိလို့ ဒါမျိုးမကြောက်ရွာရိုးလျှောက်တာပေါ့။

အဲသလို ချိတ်ဆက်ပြီး ဒီကဏ္ဍ မေ့ထားလို့ ၁၄/ဝခမ တွေရဲ့ ဈေးရောင်းပွဲကို အော်ဂနိုက်ရပြန်ရော။
ခရစ်စမတ်နေ့မှာ အနီးကပ် အစည်းအဝေးကို ၁၂နာရီခွဲထိ အကြိတ်အနယ်လုပ်၊ အဲဒီကနေ ကျောင်းကိုပြေး၊စာမေးပွဲဖြေမယ့်သူတွေ အားပေးဖို့တောင် မမီတော့ပါဘူး။ရိပ်သာတွေကို လစဉ်လှူဖို့ ကြာဇံ အကြွေးကို လကုန်ခါနီးမှ လှည့်ဆပ်ရသေးတယ်။
စနေကျတော့ မနက်အလုပ်သွား၊အဲဒီကနေ ပါဠိသင်တန်းပြီးတော့ သိမ်တော်ကြီးပြေး အခမ်းအနားပြင်တာကို အိယောင်ဝါးလုပ်၊ညအထိရောက်ရော။
အဲဒီအချိန် သိန်းဌေးနဲ့ တွေ့ဖို့ လူစုတာ မရလို့ Disco ကဒေါတွေကန်နေပြီ။
ခရီးသွားမယ့်သူနဲ့၊ အလုပ်မအားတဲ့သူတွေနဲ့ လာမယ့်လူက ၁ဝယောက်တောင် ရှိပါ့မလား၊တဝိုင်းမှာရမလား၊နှစ်ဝိုင်းမှာရမှာလား။
ဘယ်သူမှလည်း လာမယ် မမန့်ကြဘူး။ဖုန်းလည်းလိုက်ဆက်ဖို့က ညသန်းခေါင်ဖြစ်၊ဇီးကွက်ရယ် ကိုယ်ရယ်ပဲ ကျန်တယ်။
တနင်္ဂနွေ ဝခမပွဲပြီး၊ပါဠိသင်တန်းပြေး၊၄နာရီ သင်တန်းဆင်းတော့ ဖုန်းနဲ့ ဖွဘုတ်ကြည့်တော့ ဒီအတိုင်းပဲ။
ဒါနဲ့ စိတ်ဒုန်းဒုန်းချ၊ထိုင်းရောက်နေတဲ့ ဟန်နီကို booking တဝိုင်းပဲ လုပ်ပေးပါလို့ မတ်စိပို့။
နောက်တပွဲ အော်ဂနိုက်ဖို့ အဲဒီညမှာ ဝခမပွဲရဲ့ ဓာတ်ပုံတွေ ကိုယ့်ရှိသလောက်အကုန်တင်။ကြည့်ချင်သူတွေကလည်း ဟိုပုံလေးမပါဘူးလား၊ဒီပုံလေးတင်ပါအုံးနဲ့ အားပေးကြ။ ည ၂နာရီထိုးရော။ကြိုးစားတာ။အလုပ်သာ အဲလောက်ကြိုးစားရင် ကာတာ မှာ ဟိုတယ်ဝယ်ထားနိုင်လောက်ပြီ။
တနင်္လာကျတော့ အလုပ်သွားရင်း စိတ်ကပူနေတယ်၊ဟန်နီလည်း ဘာမှ ပြန်မပြောလာဘူးလို့။
ညနေကျတော့ စိတ်ပူလာပြီး gathering လုပ်မယ်ပြောထားတဲ့ ကန်တော်မင် ရွှေဘဲ ဖုန်းရှာမေးကြည့်တာ booking မရှိဘူး။နေရာလည်း မရှိတော့ဘူးတဲ့။ ပျာပြီ။
ဟန်နီရေ ၊ကယ်ပါအုံး လို့ မတ်စိမြန်မြန်ပို့။သူ့ခမျာ ခရီးသွားရတာတောင် မဖြောင့်ဘူး။သူက Restaurant ကျွမ်းကျင်သူဆိုတော့ သူမှာပေးမှ ပိုင်တာ။
နောက်တော့ ကန်တော်မင်က မရဘူး၊ဆရာစံရွှေဘဲ ပဲ ရမယ်တဲ့။ ညနေ ရနာရီထက် နောက်ကျလို့ မရတဲ့။
ဟာ ဒို့ဖက်က ကားကျပ်တာနဲ့ အလုပ်ပြီးမှာနဲ့မမီရင် ဝိုင်းမရပဲနေမယ်၊ကယ်ကြပါအုံးအော်တော့ နှင်းနှင်းက အမီလာပေးပါမယ် ဆိုမှ ဟင်းဆို အလုံးကြီး ကျသွားရော။
၂၉ မနက်ရောက်တော့ လူထွက်လာမယ့် ကိုယ်တော်ကြီးကို ဖုန်းခေါ် Viber message ပို့၊ရိုးရိုးmesasage ပို့ ဘာနဲ့ မှ ခေါ်မရဘူး။နေ့ဆွမ်းစားပြီးမှ ထွက်မယ်နဲ့တူပါရဲ့လို့ထင်။
ဒီကြားထဲ မနေ့က ပြန်သွားတဲ့ တူမရဲ့ သမီးလေးက ဘန်ကောက်လည်းရောက်ရော food poisoning ဖြစ်ပြီး အန်တယ်၊နောက် ဆေးရုံတင်ရတယ်ဆိုတော့ တောက်လျှောက် သတင်းမေး၊သိသလောက်ပြောပြ၊
အလှူတခုကလည်း ရေစက်ချဖို့ ခေါ်တာ မလာနိုင်လို့ တောင်းပန်၊
စက်ရုံက အလုပ်တွေလည်း လုပ်၊သိန်းဌေးဆီက သတင်းလည်းမျှော်၊
ကားပေါ်မှာ Phone data ဖွင့်၊ကားမောင်းနေတဲ့ အကို မသိအောင် Mute လုပ်ပြီး message တွေ ပို့။
ဂိုဒေါင်တပတ်ပတ်၊ပေပါခွံတွေ ဂိုဒေါင်လာအပ်တာကြည့်။အထည်ချုပ်ခ ပေးတဲ့သူဆီ ငွေသွားသိမ်း၊
ကုန်စည်ဒိုင်ရောက်တော့ ပဲဈေး၊ငွေဈေးတွေ စုံစမ်းရင်း လေပစ်၊မုန့်စား၊အဘိဓမ္မာကျူရှင်ပေး၊
ငွေဈေးက အရင်ရက်ထက်ကျနေတော့ ရောင်းစရာလည်း ရောင်းမရသေး။
ပွဲရုံရောက်တော့ နေ့လည် ၁နာရီထိုးပြီ။ဒီအချိန်လောက်ဆို လူထွက်ပြီးလောက်ပါပြီလေဆိုပြီး ဖုန်းထပ်ခေါ်တော့ ဝင်သွားပါလေရော။
ဝမ်းသာအားရနဲ့ `သိန်းဌေးရေ´ လို့လည်း ခေါ်လိုက်ရော
`ဦးပဉ္ဖင်းပါ ဒကာမကြီးရဲ့´ တဲ့။
`ဟင်..ဟင်.. လူမထွက်သေးဘူးလား´
`မနက်ဖန်မှ ထွက်မယ် ဒကာမကြီးရဲ့´
`အဲ..နင်နဲ့ ဟုတ်ပေါင် ..ဦးပဉ္ဇင်းနဲ့ ညစာစားဖို့ ဒီညနေချိန်းထားတာလေ၊ဘယ်လိုလုပ်မလဲ´
`ဒီနေ့တော့ မရတော့ဘူး၊မနက်ဖန်ထွက်လာမှာ မနက်ဖန်မှပဲ ချိန်းလိုက်တော့´တဲ့။

အဲ…မြွှေပဲ။
ဟန်နီရေ ..ကယ်ပါအုံး အော်ရပြန်ရော။
ရက်ပြန်ချိန်း၊ ဆရာစံရွှေဘဲ မရတော့၊ ကန်တော်မင် လုံးဝ၊ နောက်ဆုံး white rice ကို tryမယ်တဲ့။
ကိုယ့်ရဲ့ ဆက်သွယ်ရေး နက်ဝပ်တွေ ပြန်ခေါ်၊အေးထွေးရေ၊နှင်းနှင်းရေ၊အောင်မင်းရေ၊အမာကြည်ရေ ကယ်ကြပါအုံး၊ရွှေ့တဲ့နေရာတော့ ဖွဘုတ်သာဖွင့်ကြည့်ကြပါတော့လို့ တောင်းပန်ရတော့တာပဲ။
အမာကြည်က ပဲခူးက သွယ်သွယ်လည်း ချီတက်လာမှာတဲ့၊မြန်မြန်ပြန်ပိတ်မှဆို သူလည်း လိုက်ဆက်။
လာအိုကပြန်လာတဲ့ မျိုးကြီးကို ကျတော့ ဖုန်းမမှတ်မိလို့ ဆရာစစ်ကို ပြောခိုင်း၊
ဖွဘုတ်ပေါ် တောင်းပန်ရွှေ့ပြောင်းစာတင်။
အားလုံးပြီးလို့ ထမင်းချိုင့်လေးဖွင့် ၊တလုပ် နှစ်လုပ်စားနေတုံး ဖုန်းလာ၊ပြေးကိုင်တော့ ဝခမပွဲမှာ သူ့ဖက်ကြည့်လက်ဖမိုးနဲ့ ကိုယ့်ဖက်ကြည့်လက်ဖဝါး သိပ်အဆင်မချောတာကို ရင်ဖွင့်တဲ့သူက ရင်ဖွင့်တော့ ကိုယ်က ချော့မော့ရှင်းပြ။
နောက်ဖုန်းတလုံးကလာ၊ အကိုက အစည်းအဝေးအမီ သွားဖို့ အခုထွက်လာပြီ။ ဘုရင့်နောင် ကားကျပ်လို့ အခုချက်ခြင်း ဝင်းအပြင်ထွက်ခဲ့ပါတဲ့။
ထမင်းချိုင့်လေး အသာပိတ်၊မြို့ထဲဆင်း။အစည်းအဝေးဝင်၊ညနေ ၄နာရီမှာ ပြီး။
အဲတော့မှ မြို့ထဲ အထည်ဆိုင်မှာ ထမင်းချိုင့်လေးဖွင့်စား၊
ဒီနေ့ ဂိုဒေါင်အပ်တဲ့ လူတယောက်နဲ့ ဈေးစကားပြောဖို့ မေ့သွားပြီ။မနက်ဖန်မှပဲ ပြောတော့မယ်။
ဒီနေ့ ညစာစားပွဲ မသွားရတော့ အသက်ကြီးလို့ ဆွေးပြီးပဲ့တဲ့ သွားလေး ပြေးဖာလိုက်အုံးမယ်။
မနက်ဖန်တော့ ညစာစားပွဲ confirm ပါလို့ အားလုံးကို ဖိတ်လိုက်ပြီ။
ဦးပဉ္ဇင်းသိန်းဌေး လူမထွက်တော့လည်း လူမထွက်တဲ့ အထိမ်းအမှတ်အဖြစ် စားလိုက်ကြပါတော့မယ်။
Organizer လည်း မောသွားပါပြီ။
ကိုယ့်လိုပဲ ဒီလို သူငယ်ချင်းတွေ မိတ်ဆွေတွေ ဆွေမျိုးတွေ ဆုံစည်းဖို့ လူရှောက်စုရတဲ့သူတိုင်း တွေ့ရတတ်တဲ့ ဒုက္ခကို စာစီထားတာပါ။
ဘယ်လိုပဲ မောတယ်ပြောပြော နောက်တခါ လူစုပေးပါ ပြောရင် ဟင့်အင်း၊မအားဘူးလို့ မပြောပါဘူး။
ဆုံပေးရမယ့်သူတွေ တွေ့ကြ ဆုံကြလို့ ပျော်တာကို ကြည့်ပြီး ကြည်နူးရတဲ့ ပီတိဟာ ချိုမြိန်တဲ့ ဒုက္ခပါပဲ။

Organizer တွေကိုတော့ ကြင်နာသောအားဖြင့် ပွဲတွေကို လာပေးကြပါ၊လာမယ်မလာဘူးလည်း အချိန်မီ အကြောင်းကြား Like လုပ်။ကွန်မန့်ပေး လုပ်ကြပါလို့။ (ကဒ်ကြီး ၃ပါးက သည်းခံပါရှင်နဲ့ချည်း တိုးတတ်တော့ မယုံကြည်ရလို့ အိမ်သာနက်မှာ အများသိအောင် မန့်ပေးကြပါ)

15 comments

  • padonmar

    December 31, 2015 at 9:57 pm

    personal တွေပါလို့ ရွာထဲ မတင်တော့ဘူး စဉ်းစားသေးပေမယ့်
    2015မှာ ရွာထဲ ဝင်မရ/မဝင်ဖြစ်တာ ကြာပြီမို့
    သူများတွေ နယူးယီးရား နေတုံး လိုင်းချောင်ချိန် ရေးပြီးသားလေးနဲ့ပဲ
    ဝင်နှုတ်ဆက်ပါတယ်။

    • ဦးကြောင်ကြီး

      January 1, 2016 at 1:10 am

      အနော ်ဂေါ ပါလ ျား ခိုနီဒုံဂ ျီး….

  • kai

    January 1, 2016 at 9:10 am

    တူမရဲ့ သမီးလေးက .. ဆိုတော့… အမတော်လည်း… အဖွားဝါရောက်နေပြီပေါ့…
    ဆိုတော့…
    ဘုန်းကြီးဝတ်နေပြီး..ကတိမတည်တဲ့.. ဦးဇင်းကိုရှင်းခိုင်း.. ကုန်ကျစရိပ်အကုန်ရှင်းခိုင်း.. :k:

    • padonmar

      January 1, 2016 at 6:49 pm

      အဲဒါ ယောက္ခမပေးတဲ့ ဒုက္ခပေါ့။
      နောက်တနေ့ သူဖုန်းခေါ်လာလာချင်းမေးလိုက်တာ ဦးဇင်းလား လူလား လို့။
      လူပါဟာ လူပါ တဲ့။
      နင် ၂၉လူထွက်လာမယ်ပြောပြီးလို့ ရန်တွေ့လိုက်တာ
      ငါ့ယောက္ခမကြီးက ၃ရက်ပြည့်အောင် ဝတ်ရမယ် ဆိုလို့ပါဟာလို့ ညည်းပြတော့ ကိုယ့်သူငယ်ချင်း သနားသွားရပြန်ရော သူကြီးရေ။
      သူကြီး လာရင် သာ အဲလို မလုပ်နဲ့။

  • alinsett

    January 1, 2016 at 9:39 am

    ဘဝ ဆိုတာ… လက်ဖက်ရည်ခွက်ထဲ ကျနေရတဲ့ ယင်ကောင်လိုပဲ…
    ရုန်းရင်းကန်ရင်းနဲ့ ချိုမြိန်နေရတာ… ဆိုတဲ့ (တာရာမင်းဝေရဲ့) စကားလေးကိုတောင် သတိရသွားမိ…

  • ဇီဇီခင်ဇော်

    January 1, 2016 at 2:49 pm

    အောင်မြင်စွာပြီးဆုံးတော့လည်းး ဒုက္ခလေးးတွေ ချိုမြိန်တယ်..
    နောက်နှစ်ကျလည်းး အမူးပြေတော့ ထန်းပင်မော့ကြည့်မိပြန်တဲ့ သူလို…
    ???

  • padonmar

    January 1, 2016 at 6:55 pm

    ဟုတ်ပ ။ဇီဇီနဲ့ ဆက်ဆက်ရေ
    အမူးပြေရင် ထန်းပင်ပေါ်မော့ကြည့်ပြန်ရော။

    • ဦးကြောင်ကြီး

      January 3, 2016 at 7:52 am

      ခိုနီဒုံဂ ျီး က ျနော့်ကြတော့ ဘာလို့ ပျံမဖြေသာရဲ… လူမိုက်ရား..

  • အတွေးလေး

    January 2, 2016 at 8:59 pm

    ဘဝဆိုရုန်းရတယ် သ နေလို့မရဘူးတဲ့။ရုန်းသလောက်အကျိုးခံစားတဲ့အခါမျိုးကျတော့ ပီတိဖြစ်ရတာပေါ့ဗျာ

    • padonmar

      January 7, 2016 at 10:58 pm

      အတွေးလေးရေ
      အခက်အခဲဖြင့်ရယူလေသော အောင်မြင်ခြင်းသည်သာ ရင်မှာမြတ်နိုး တန်ဖိုးထားစရာဖြစ်ပါသည်။
      စန္ဒယားထွန်းညွန့်သီချင်းထဲက

      • အတွေးလေး

        January 8, 2016 at 4:07 pm

        သိပ်မှန်တာပေါ့ဗျာ။

    • padonmar

      January 7, 2016 at 9:26 pm

      လူက ပျော်နေလို့ နေမှာ ကိုပေါက်။

  • Mike

    January 7, 2016 at 11:22 am

    .ဒီနှစ်ဒီဇင်ဘာကတော့ နှစ်လေးဆယ်လောက်မတွေ့ဖြစ်တဲ့ အလယ်တန်းအထက်တန်းတုန်းကသူငယ်ချင်းတွေ
    .နဲ့ပြန်ဆုံဖြစ်တယ်…နှစ်သုံးဆယ်ကတက္ကသိုလ်တက်ဖက်တွေနဲ့လည်းဆုံပြီးပျော်ကြပြန်ရော
    .အိမ်ကမဒမ်မိုက်ကတောင် မျက်စေ့တွေနောက်လို့….ကောင်းပါလေ့ဗျာ..
    .ပွဲတိုင်းမှာအော်ဂနိုက်ဇာကိုကျေးဇူးတင်ကြရတာပေါ့…

  • padonmar

    January 7, 2016 at 10:59 pm

    မိုက်မိုက် ဖလန်းနေတာ တွေ့ပါတယ်။
    အော်ဂနိုင်ဇာတွေကို ကျေးဇူးတင်ရုံမက အလိုက်သိကူညီပေးကြရင် ပိုပျော်ဖို့ ကောင်းမှာပါ။

Leave a Reply