Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

G

alinsettMarch 22, 20161min93519

G = Grasp

 

တာရာမင်းဝေ/ခေတ်နေအတွက်စာတစ်ရွက်
တာရာမင်းဝေ/ခေတ်နေအတွက်စာတစ်ရွက်

 

 

 

 

 

 

 

 

 

 

 

 

——————–

လွန်ခဲ့သောတစ်နှစ်က ကျွန်တော့်ဆီမှာ ကြိုးငါးပင်သာ ရှိခဲ့သည်။ ယခုနှစ်အရောက်မှာတော့ . . .

နောက်ထပ် ကြိုးတစ်ပင် ပိုတိုးပြီး ကြိုးခြောက်ပင်တိတိ ရှိသွားပြီ။

 

ထိုကြိုးများသည် ကျွန်တော့်အား တစ်ရစ်ပြီးတစ်ရစ် တိုးကာ ရစ်ပတ်တုတ်နှောင်ထားသော ကြိုးများဖြစ်သော်လည်း

”မောင်သူရရေ မင်းကိုယ်တိုင်ကလည်း အဲ့ဒီကြိုုးတွေရဲ့ နွယ်ငင်ရစ်ယှက်မှုကို လိုလားနှစ်သက်နေတယ်မဟုတ်လား”ဟု အသင်မေးလျှင်. . .ကျွန်တော် မငြင်းဆိုချင်ပါ။

 

အဲ့ဒါ သိပ်တော့ မကောင်းပါ။

”လောကမှာ ရှိရှိသမျှ ချစ်ခင်နှစ်သက် မက်မောစွဲလမ်းရာဟူသမျှသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကွေကွင်းပြတ်စဲပြီး ထားရစ်ခဲ့ရမည်”ရယ်လို့

သေချာနေပါလျက်နှင့်. .  .

 

တကယ်တော့. . . အဲ့သည်ကြိုးများ(တစ်ပင်ချင်းသော်လည်းကောင်း၊ လေးငါးခြောက်ပင်ပြိုင်၍သော်လည်းကောင်း) ရစ်ပတ်တုတ်နှောင်ခြင်း အလျဉ်းမရှိဘဲ ကိုယ့်တစ်ကိုယ်စာရုန်းကန်လှုပ်ရှားမှုဖြင့်သာ နေလိုက်ချင်သည့်စိတ်လည်း ဖြစ်မိသည်ပဲ။ အထီးကျန်သည်ဟု ဆိုချင်ဆိုပေါ့။

 

သို့သော် တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်(သို့မဟုတ်-အယောက်ခပ်များများ)ကို တွယ်တာကျွမ်းချစ်ပြီး သူ(တို့)မရှိလျှင် မဖြစ်တော့သလိုမျိုး ကပ်ငြိနေရခြင်းထက် တစ်ကိုယ်တည်း အေးအေးလူလူ အထီးကျန်ဆန်နေရခြင်းက ပိုကောင်းတတ်ပါသည်။

ဒါပေမဲ့ ဒါဟာ အထီးကျန်ဆန်တယ်လို့ မဆိုသာသော ”တိတ်ဆိတ်ငြိမ်သက်မှုဖြင့် နေထိုင်ခြင်း”အဖြစ်လည်း သတ်မှတ်နိုင်သည် မဟုတ်လား။ (ဒါမှမဟုတ်လည်း အထီးကျန်ဆန်ရတာကို ကြိုက်တယ် လို့ ခပ်ပြတ်ပြတ် ပြောရုံပေါ့)

 

ဆိုလိုတာက. . .

လူတစ်ယောက်၏ သက်ရှင်နေထိုင်မှုကိစ္စထဲမှာ ကိုယ်လုပ်ချင်ရာတွေထဲက လုပ်သင့်တာတွေကို ရွေးလုပ်နိုင်ဖို့ရာ. . .ပြီးတော့. . . ကိုယ့်ခြေထောက်ပေါ်မှာကိုယ် မတ်မတ်ရပ်တည်ဖို့ရာ. . . အလုပ်အကိုင်တစ်ခုနှင့် ကိုယ်ဝါသနာပါရာ စိတ်ဖြေနည်းတစ်ခုခု အဆင်ပြေစွာရှိနေလျှင် ပြည့်စုံလုံလောက်ပြီလို့ ထင်မြင်ယူဆမိခြင်း ဖြစ်သည်။

အဲသည်ထက်ပိုလာသော တခြားအရာတွေဟာ အပိုစာသားတွေပဲ မဟုတ်လား။

 

အသက် ၂၉ ပြည့်ခါနီးလေလေ. . .

သည်လူဟာ အတ္တတွေတစ်ထပ်ချင်းစီ ဖုံးလွှမ်းခဲ့ပြီး ညစ်ထေးရင့်ရော်လာလေလေ. . .

လို့ ဆိုရမည်လားမသိ။

 

စာရေးဆရာတစ်ယောက် ပြောဖူးသည့်စကားကို ပြန် အမှတ်ရစရာဖြစ်သည်။

 

”လူဟာ မွေးကင်းကစနေ တဖြည်းဖြည်း အသက်အရွယ်ရလာတာနဲ့အမျှ ငယ်စဉ်တုန်းက ဖြူစင်ခဲ့တဲ့ နှလုံးသားလေးဟာ . . .

အတ္တတွေ မာနတွေ လောဘတွေ တစ်ထပ်ပြီးတစ်ထပ် ဖုံးလွှမ်းခံလိုက်ရတယ်။ အဲ့ဒီနောက်တော့ ကျွန်တော်တို့ဟာ အဲ့ဒီ အတ္တတွေ မာနတွေ လောဘတွေကို တစ်လွှာချင်း ပြန်ခွါချပြီး ငယ်ငယ်တုန်းကလို ဖြူစင်တဲ့နှလုံးသားပိုင်ရှင်လေးတွေ ပြန်ဖြစ်လာဖို့ ကြိုးစားရမှာဖြစ်ပါတယ်”တဲ့။

 

သည်တော့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ရှိရှိသမျှ အတ္တတွေ မာနတွေ အလိုလောဘတွေသာမက ကျွန်တော့ကို ရစ်ပတ်တုတ်နှောက်နေသည့် ကြိုးများကိုပါ ခွါချ ချန်ရစ်ခဲ့လိုက်ချင်ပြီ။

ငယ်ငယ်တုန်းကလို ဖြူစင်သည့် နှလုံးသားကလေး ပြန်ဖြစ်သွားဖို့ဆိုတာထက် လေးပင်နေပြီဖြစ်သော ထိုအရာများကို ဆက်လက် သယ်ပိုးမထားချင်တော့သည့်စိတ် ဖြစ်လိမ့်မည်။

————–

ဆရာ တာရာမင်းဝေ၏ ခေတ်နေအတွက် စာတစ်ရွက် ဆိုသည့် စာအုပ်ကလေးကို ဖတ်မိရာ တစ်မျက်နှာအရောက်မှာတော့ . . ”Grasp”ဟူသော စကားလုံးလေးအကြောင်း အတော်အတန် တွေးတောမိသွားသည်။

ဆရာတာရာမင်းဝေက ”အားလုံးကို လွှတ်ချလိုက်တာဟာ အားလုံးကို ပိုင်ဆိုင်လိုက်ရတာပါပဲ” ဆိုသည့်သဘောတရားအကြောင်း ပြောသွားသည်။

ကျျွန်တော်လည်း စဉ်းစားသည်။ လက်ထဲမှာ ဆုပ်ကိုင်ထားမိသည့်အရာတွေကြောင့် အခြားအရာတွေကို လက်လွတ်ဆုံးရှုံးခဲ့ဖူးသည် မဟုတ်လား။ တမ်းတမ်းစွဲကာ ဆုပ်ကိုင်ထားမိသောအရာတချို့ကြောင့် တချို့သော ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။ ဒါဖြင့် ဘာကြောင့်များ အပိုစာသားတွေကို ဆုပ်ကိုင်ထားဦးမလဲ။

 

ထိုအတွေးများဖြင့် ရီဝေလွင့်မျောအပြီးမှာတော့. . .

ကျွန်တော် ဖမ်းဆုပ်ထားမိသော အရာများစွာထဲမှ လွှတ်ချသင့်တာမှန်သမျှ လွှတ်ချပစ်ဖို့ သတ္တိ မွေးယူမိပါတော့သည်။ ထို့နောက် ကြိုးခြောက်ပင်နှင့်ပတ်သက်ပြီးတော့လည်း ကြည်လက်သောအမြင်တစ်ခု ဖြစ်လာခဲ့သည်။

 

ထိုကြိုးများနှင့်ကျွန်တော် အပြန်အလှန်ရစ်ပတ်တုတ်နှောင်နေမိသည့်အဖြစ်ကိုလည်း လွတ်မြောက်စေရမည်။

ပထမဦးစွာ ထိုကြိုးများကို ကိုယ့်ဖက်က ဆုပ်ကိုင်ထားခြင်းအား တစ်ကြိုးချင်း တစ်စချင်း လွှတ်ချမည်။ ကိုယ့်ဘက်က လွတ်သွားသောအခါ သူတို့ဘက်က ပိုတင်းချင်လည်း တင်းလိမ့်မည်။ သူတို့ဘက်က လျော့ချင်လည်း လျော့သွားပါလိမ့်မည်။

 

ဘာပဲဖြစ်ဖြစ် တင်းကျပ်တုတ်နှောင်နေကြတာထက်စာလျှင် လွတ်မြောက်ချောင်လည်နေတာက ပိုကောင်းပါလိမ့်မည်။

 

ဟုတ်ပါသည်။ အားလုံးကို ဆုပ်ကိုင်ထားတာဟာ

အားလုံးကို ပုတ်ချလိုက်တာပါပဲ။

 

သည်အချိန်မှာ သည်အယူအဆကိုတော့ဖြင့်

ကျွန်တော် ဆုပ်ကိုင်ထားမိပါသည်။

——————————————-

လေးစားစွာ. . .

 

Thint Aye Yeik @ Maung Thura

မတ်လ ၂၂-၂၀၁၆

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

19 comments

  • ဂျက်စပဲရိုး

    March 22, 2016 at 4:57 pm

    ဆုပ်ကိုင်ထားလေလေ ပင်ပန်းလေလေ
    ဆုပ်ကိုင်ထားလေလေ နာကျင်ရလေလေ
    ဆုပ်ကိုင်ထားလေလေ နှောင်ကြိုးမိလေလေ
    ဆုပ်ကိုင်ထားလေလေ ချုပ်နှောင်ခံရလေလေ……….

  • kai

    March 22, 2016 at 5:41 pm

    အသက်ရဲ့သဘောသဘာဝမှာကိုက.. ဆုပ်ကိုင်ထားရမှာပါတယ်..။
    ဒါမှရှင်သန်ကြီးထွားနေမှာမဟုတ်လား…။

    • Thint Aye Yeik

      March 22, 2016 at 9:04 pm

      .သေခါနီး လူမမာတစ်ယောက်ကို တို့ဗမာတွေ ပြောတတ်တာ ၂မျိုး ရှိတယ်။
      ”နောက်ဆံတင်း မနေနဲ့. . .စိတ်ချ ခဲ့ သိလား” (လွှတ်ချစေလိုခြင်း)ရယ်. . .

      ”အောင်မယ်လေးးးးး ထ ကြည့်ပါအုန်းတော့လား. . .ရှင့်ကလေးတွေ ရှင့်အကြွေးတွေနဲ့ကျမကို ဒီအတိုင်းထားခဲ့တော့မှာလား တော့်”
      (ဆုပ်ကိုင်စေလိုခြင်း)

      အဲ့၂ခုထဲက ဘယ်ဟာက အကျိုးပြုတယ်လို့ သဂျီးထင်သလဲ
      :k:

      • kai

        March 23, 2016 at 4:11 am

        ဘယ်တခုမှ အကျိုးမပြူဘူး..။ နောက်ဆံတင်းမနေနဲ့လို့ဆိုတာဟာ.. နောက်ဆံတင်းစရာရှိနေတာကိုသတိပေးသလိုဖြစ်တတ်ပြီး..
        အကြွေးတွေနဲ့ဆိုတာဟာလည်း.. သေမယ့်သူကို ..နောက်ဆုံးအချိန်ဒုက္ခပေးတာပဲ…။
        သေခါနီးလူနာတယောက်ကို.. သူစိတ်ချမ်းသာစေဖို့တခုထဲ ရည်ရွယ်လုပ်ရပြောရမယ်..။

        ဒါက လူသားဆန်မှုပဲ…။ :k:

  • kai

    March 23, 2016 at 4:25 am

    အပေါ်က.. Grasp all, lose all ကို
    “အားလုံးကိုဆုပ်ပြတာဟာ.. အားလုံးကိုပုတ်ချတာပဲဖြစ်တယ်”လို့.. ဆရာတာရာမင်းဝေ သူ့ဒဿနနဲ့တူဘာသာပြန်ထားတာသာဖြစ်ပါတယ်..။ မူရင်းဆိုလိုချက်နဲ့ တော်တော်လွဲတယ်..။

    မူရင်းက…
    In English: Grasp all, lose all. — This is a warning not to be greedy and try to get everything.
    one who wants everything, may lose it all
    =
    In Italian: Chi troppo vuole nulla stringe. — Who wants too much, will not get anything. It is used to give an advice to a person who wants always too much.
    =
    တာအိုဝါဒဖခင်.. လောင်ဇူးကတော့..ဆုပ်ကိုင်တာနဲ့ပါတ်သက်လို့.. အောက်ကအတိုင်းပြောခဲ့တယ်..။
    “Rushing into action, you fail.
    Trying to grasp things, you lose them.
    Forcing a project to completion,
    you ruin what was almost ripe.
    =
    ဇမ်ဗုဒ္ဓဘာသာကတော့ …. ဒီလို…
    When you stop trying to grasp, own, and control the world around you, you give it the freedom to fulfill you without the power to destroy you. That’s why letting go is so important— letting go is letting happiness in.
    http://upliftconnect.com/letting-go-of-attachment/

    ကဲ… ဖွပေးလိုက်ပြီ.. တွေးပေတော့….။ :k:

    • ခင်ဇော်

      March 23, 2016 at 6:35 am

      ဟာဂျာ
      ဟာဂျာ
      ဘယ်စကားမဆို သာမာန် လူ လူမှုရေး လိုတွေးတာနဲ့
      ဘာသာရေးနွယ်ပြီးတွေးတာနဲ့ တူမှ မတူပဲဂျာ…!!
      ???

  • ခင်ဇော်

    March 23, 2016 at 6:39 am

    လူမှုရေးး ဘက် က ပြောရအောင်..!!
    ဟိ.. ပို့စ်တော့ ပျက်တော့မယ်…
    ကိုယ် ဆုတ်ကိုင်ထားးတဲ့ အရာဟာ
    ကိုယ့်ကို အပေါ်ရောက်စေမယ့် အရာလားး
    အောက်ဘက် ဆွဲချမယ့် အရာလားး တော့ သိဖို့ အရေးးကြီးးတာပေါ့..
    အားလုံးကို လောဘတကြီးး နှောင်တဲ ထားဖို့ မဖြစ်သလို အားလုံးးလွှတ်ချရမယ်တော့ ဘယ်ဟုတ်မတုန်းးး
    ကိုယ့် ဘဝပေးး မခြေအနေနဲ့ ဘာကို ဆုတ်ကိုင်ထားးရမယ်, ဘယ်အရာတွေ လွှတ်ချရမယ် ဆိုတာ သိပေါ့..!!
    ???

  • ဂျက်စပဲရိုး

    March 23, 2016 at 8:55 am

    အာ့ကြောင့် ဗုဒ္ဒ က မဇ်ဇိမ ပဋိပဒါ (စာလုံးပေါင်း သည်းခံဘာ) ဆိုပြီး ပြောခဲ့တာ နေမယ်။
    ရှိသမျှလဲ မလွှတ်ချ နဲ့ တွေ့ရာမြင်ရာလဲ လိုက်ဆွဲမနေနဲ့ လို့
    ကိုယ်နဲ့ သင့်တော်တာ ထိုက်တန်တာ ကိုယ့်ကို အကျိုးပြုမှာ ဆိုရင် ဆုပ်ကိုင်ထား
    ကိုယ်နဲ့လဲ အဆင်မပြေ ကိုယ့်ကိုလဲ အကျိုးမပြုတာမျိုးတွေ ကျတော့ လွှတ်ချလိုက်တတ်ဖို့ လိုတယ်။
    တော်၏ မတော်၏ ဘယ်လို သိမလဲတော့ လာမမေးနဲ့
    အဲ့ဒါက ကိုယ့်အသိဉာဏ် နဲ့ ကိုယ် စဉ်းစားရတာမျိုး း)
    (လောကီ ရော လောကုတ္တရာ ရော သုံးလို့ရတယ် ဟုတ်?? 😛 )

    • kai

      March 23, 2016 at 9:39 am

      ဟုတ်ပါ့..။ ဘယ်အရာမှ ပုံသေမရှိ.. ကံ..ကံအကျိုး… ဟိုဖက်ကကံ..အလုပ်ကိုကြည့်ပြီး.. ဒီဖက်က… ထိုက်သင့်သလိုတုံ့ပြန်ရမယ်…။ တုံ့ပြန်ရမှာ.. အစွဲကင်းနိုင်သမျှကင်း.. မဇ္ဈိမပဋိပဒါလေးနဲ့…
      ဒါက.. ဗုဒ္ဓအလိုပဲလို့…။

  • ဝင့်ပြုံးမြင့်

    March 24, 2016 at 12:26 am

    ဦးလေးရေ ဦးလေးရဲ့ ကြိုးခြောက်ပင်ဆိုတာ တွေးနေတာ။ လူ့ဘဝမှာ အဲဒီကြိုးတွေ မရှိတော့ရင် ဘဝရဲ့ ဂုဏ်ရည်ဟာလည်း ဘယ်ရှိတော့မလဲ။ တကယ်တော့ အဲဒီလောက်လှတဲ့ သံယောဇဉ်ကြိုးတွေဆိုတာ ထိုက်မှ ရတာပါ။ မိ်တ်ဆွေကောင်းဆိုတာ ထိုက်မှ ရသလို မိသားစု သံယောဇဉ်ဆိုတဲ့ ကြိုး တွေဟာလည်း ထိုက်မှရတာ။ တကယ်တော့ ဦးလေး ဟာ ကံကောင်းတဲ့လူဆိုတာ ကိုယ့်ဟာကိုယ် မသိသေးဘူး ။

    • Thint Aye Yeik

      March 24, 2016 at 8:11 am

      အဲ့ဒီ ကြိုးတွေက ကျနော့်ကို ၂၉ နှစ်လူံးလုံး တုတ်နှောင်နေတာ
      တင်းလိုက်ကျပ်လိုက်တာမှ
      ကျနော့်မှာ. . .ကြိုးတွေ တင်းလွန်းလို့ ရထားတဲ့ဒဏ်ရာတောင်မှ အတော် နက်နေပြီ။
      တစ်ခါတစ်လေတော့လည်း ဘာကြိုးမှ အတုတ်နှောင်မခံဘဲ နေကြည့်လိုက်ချင်တယ်လေ

  • uncle gyi

    March 24, 2016 at 3:47 pm

    ဂွေးတောက်ရွက်ကခါးတာပဲ
    အဲအခါးကိုမှကြိုက်ပါတယ်ဆိုတဲ့လူရှိတာပါပဲ
    ကြိုက်ရာသာရွေးကိုယ့်လူရေ

    • Thint Aye Yeik

      March 24, 2016 at 3:54 pm

      :k:

      :k:

      အာ့လည်း ဟုတ်နေပြန်ရော

      ဘာတဲ့ ဘဝတဏှာ ဆိုလား

  • Kaung Kin Pyar

    March 24, 2016 at 5:20 pm

    တခါတလေ.. လူတစ်ယောက်ဆုပ်ကိုင်သင့်တဲ့အရာက တခြားလူတစ်ယောက်အတွက် လွှတ်ချသင့်တဲ့အရာလဲ ဖြစ်ကောင်းဖြစ်နေနိုင်သေးတယ်….။
    တခါတလေကျတော့ လက်ထဲရောက်လာတဲ့ အခွင့်အရေးတွေထဲကနေ ရွေးချယ်က ခက်ခဲပြန်ရော့…

    • Thint Aye Yeik

      March 24, 2016 at 5:25 pm

      ဒါလည်း ဟုတ်တာပဲ။
      .အင်းလေ. . . ထောင့်ပေါင်းများစွာက တွေးလို့ရနေမင့်

      😆

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 25, 2016 at 2:46 pm

    ှရှင်းရှင်းပြောကြဂျာ
    ဘယ်ဟာကိုင်ပြီး ဘယ်ဟာမကိုင်ရဘူးလဲ
    အချိန်မရဘူး မြန်ပြော
    မပြောရင် သဂျီး၂ခမ်းမွှေးဆွဲနုတ်ပစ်မယ်
    ဇွိ..ဇွိ

    • Thint Aye Yeik

      March 25, 2016 at 2:59 pm

      .လောလောဆယ် သဂျီး နှုတ်ခမ်းမွှေးကြီးကို နှုတ်ဖို့ ရယ်ဒီ ကိုင်ထားတာ အကောင်းဆုံးပဲ ထင်တယ်
      :k:

      သူကြီး မအားလောက်ဘူး။ ဒါက သူ့ သဒါဇင်း ဖောင်ပိတ်ရက်

Leave a Reply