Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတူရင် မတုနဲ့ ယူလ ျင် စုတပည့် Right Place @ Right Time.

လတ်တလော မြန်တြံ့နိုင်ငံရေး အခင်းအက ျင်းမှာ လူ့သဘော ဆင်ခြင်မိတယ်။ ငယ်တုံးက သူငယ်ခြင်းနဲ့ သင်တန်းတခုခုတက်၊ ကိုယ်က ရပ်လိုက်.. သူက ဆက်သွား.. နောင်မှ အကောင်ဖြစ်နေတဲ့သူ့ကို ကြည့်ရင်း အခြင်းခြင်းကြား ငါနဲ့ အတူတူ တက်ခဲ့တာ… ကွိကွိကွကွ။ သဘောက ငါလည်း မညံ့ပါလို့ ဆိုခြင်း။ အစပိုင်း အားလုံး တူသယောင်ယောင်… အဲဒါ မမှား.. စကထဲက ဦးက ျ ိုးရင် ဘယ်လို အမြင့်တက်မည်နည်း၊ သို့သော ် ကြာလာတာနဲ့ ကွဲပြားမှုကို သတိမမူမိ (သို့) လက်ခံဖို့ခက်တယ်။ သိသူက နောက်ဆုတ်ပေးတယ်၊ သိပြီးလည်သူ ပူးပေါင်းတယ်။ ခါးသီးတဲ့ အမှန်တရားက သူ့ကို လိုက်မမှီတော့တာပဲ။ သမိုင်းမှာကြည့်ရင် စစ်ကြိုခေတ် သခင်အောင်ဆန်းဘဝ တန်းတူရည်တူ အမ ျားကြီး။ စစ်ကြီးလည်းပြီး အချိန်ကာလ၊ အဖြစ်အပ ျက် တိုက်စားမှုကြောင့် ဗိုလ်ခ ျုပ်အောင်ဆန်း ထိပ်ရောက်သွားတယ်၊ သခင်ပေါက်စ၊ နိုင်ငံရေးနို့နာမစင်သေးသူလို့ ဆက်မြင်သူ၊ သူလည်းလအု ငါလည်းလအု တူတူထုခဲ့တာ ဇွတ်မြင်နေသူတွေ ဘုဂလန့်တိုက်ရင်း စင်ပြိုင်ထောင်ရင်း ပြတ်က ျန်ခဲ့။ လူလည်လူပါးပဲ ရှင်သန်ရစ်တယ် မဟုတ်လား။

ဒေါ်စုလက်ထက်မှာလဲ ဒီသဘောပဲ။ နောက်တယောက် ပေါ်လာတဲ့အခါ ဒီလိုပဲ သွားပါဦးမည်.. အတိ မာနနဲ့ လူတွေကိုး။ ရှစ်လေးလုံး အရေးတော်ပုံနဲ့ စစ်အာဏာသိမ်း နောက်ပိုင်း ဒေါ်စုနဲ့အပြိုင် မရှားဘူး။ အမ ျားစု ဖဆပလဟောင်းတွေ၊ လက်ဝဲတွေ ဒါမ ျိုး နပ်တယ်ထင်ရဲ့.. သူ့ကို ရှေ့ဝိုင်းတွန်းတင်တယ်။ ဦးနု ဒီငြိမ်း၊ ဦးသုဝေ ဒီမိုကရေစီပါတီ၊ ဒီခ ျုပ်မှခွဲထွက်သူ ဦးအောင်ကြီး ပြည်ထောင်စုဒီမိုအဖွဲ့ခ ျုပ်၊ မဆလ အရည်ခွံချွတ် တစညခေါင်းဆောင်ပိုင်း၊ ဦးတင်ဦးကတော့ စကထဲက ဒေါ်စုနဲ့ပေါင်းတယ်။ နိုင်ငံရေးမ ျိုးဆက်မှာဆို ဦးနုသမီး ဒေါ်သန်းသန်းနု၊ ဦးကေ ျာ်ငြိမ်းသမီး ဒေါ်ခ ျ ိုခ ျို ကေ ျာ်ငြိမ်း၊ ဦးဗဆွေသမီး ဒေါ်နေရီဗဆွေ၊ အာဏာရှင် ဦးနေဝင်းသမီး ဒေါ်စန်ဒါဝင်းလည်း နာမည်ထွက်ခဲ့တာပဲ။ သူဖြစ်ကိုယ်လည်းဖြစ်ရမည် စိတ်နဲ့လုပ်ခဲ့တာ မမှားပါ..။ အနစ်နာခံ လုပ်ပေးသူများကို ဦးညွှတ်ပါ၏။ အစပိုင်း အားလုံး မေ ျှာ်ခွင့် ရှိပါသည်။ ဆယ်တန်းအစ ဆေး၊ စက်မှု ဝင်ခွင့်မှန်းတာ အပြစ်မဟုတ်။ သူငယ်ခြင်းတယောက်ဆို ဆေးအမှတ်မှန်း၊ နှစ်ခါဖြေ နှစ်ခါမအောင်.. ပထမအကြိမ်ပြောတော့ အမှတ်မမှီမှာစိုးလို့ ခြစ်ခ ျ၊ ဒုတိယတခါလည်း မအောင်..။ အတွက်လွဲပုံ ပြောပါတယ်။

အခုလည်း ဒေါ်စုနဲ့ ပုခုံးခြင်းယှဉ်သူ အတော ်များတယ်.. ထုတ်မပြောပေမဲ့ ပုံဖေါ်ထားတာ မြင်နေရတယ်။ ပြန်လည်စေ့စပ်ရေးမူနဲ့ ဘွားဒေါ် အောက်က ျို့ဆက်ဆံ၊ နားလည်မှုပေး ပူးပေါင်းဆောင်ရွက်တယ်။ ဒါကို မသိသူက မသိ၊ မသိခြင်ယောင်ဆောင်သူလည်း မရှား။ အချို့ကြတော့ အတင်းပုံသွင်းလုပ်ထားတာကို တကဲ့အစစ်ထင်တယ်။ ဒီမိုကရက်တစ်အုပ်စုမှာတော့ အဲဒီဟာ မရှိသလောက်ဖြစ်ပြီ၊ ကိုယ့်အစု ခေါင်းဆောင်အနေနဲ့ ယှဉ်တာပဲရှိတော့တယ်။ ဘောင်းဘီဝတ်နဲ့ ဘောင်းဘီခ ျွတ် အတိုက်အခံဘက်မှာ (ပြောရတာ အရသာရှိလိုက်တာ) အဲလိုလူတွေ ရှိနေတယ်။ လွှတ်တော ်အနေနဲ့ဆို ဦးရွှေမန်း၊ ဦးခင်မောင်မြင့်၊ ဖွတ်ပါတီမှ သမတဦးသိန်းစိန်နဲ့ ဦးဌေးအူး၊ ဦးအောင်သောင်းတော့ ကြွသွားပြီ။ ရွှေးကော် ဦးတင်အေး၊ ဒုသမတဟောင်း ဦးတင်အောင်မြင့်၊ စစ်တပ်ကဆို ကာခ ျ ုပ်ဗိုလ်မင်းအောင်လှိုင်၊ ဒုကာခ ျ ုပ်ဗိုလ်စိုးဝင်း…။ အထက်မှာ ပြောခဲ့သလို အခ ျို့က ကိုယ့်ကိုယ်ကို ဘာကောင်မှန်းမသိတာ၊ အခ ျ ို့က တမင်ပုံသွင်းခံရတာ အဟုတ်ထင်..။ တူတူတန်တန် တန်းညှိကြေးဆို သူတို့အထက်က ဒုချုပ်ဟောင်းဦးမောင်အေးတောင် အဆင့်တူမဟုတ်။ လူထုခေါင်းဆောင် ဒေါ်စု၊ စစ်တပ်ခ ျုပ်ကိုင်ထားဆဲ တပ်ခ ျုပ်ဟောင်းဦးသန်းရွှေ နှစ်ဦးပဲ ထိပ်ဆုံးမှာ ရှိသည်။ မယုံ စောင့်ကြည့်ပါ.. လပိုင်း၊ နှစ်ပိုင်းအတွင်း ခုမြင်နေသူ အတော ်များများ နိုင်ငံရေးစင်မြင့်မှ ပျောက်ကွယ်သွားမည်။

အစိုးရသစ်လက်ထက် အဓိကက ျတဲ့ ရာထူး စဉ်းစားရအောင်။ ဗွိုက်စ်ဂ ျာနယ်မှာ ဖတ်ရတယ်.. ဦးရွှေမန်းအတွက်နေရာ အတော်စဉ်းစားခက်နေကြောင်း။ အမ ျ ိုးသားလွှတ်တော် ဒုတိယဥကထ နေရာတောင် သူထောက်ခံတဲ့လူ ခန့်မှာမို့ သူရမည့်ရာထူး  ဒါထက်ပိုမြင့် ဖို့ရှိသည်။ အစိုးရသစ် အရေးကြီးဆုံးနေရာတွေက ကာလုံထိုင်ခုံ ၅ခုံနဲ့ ပထမတန်းဌာန ဝန်ကြီးမ ျား။ လွှတ်တော ်ဥကထ ကာလုံ ၂နေရာပြီးရွေးပြီးပြီ။ ဗွိုက်စ်မှာပဲ နိုင်ငံခြားရေးဝန်ကြီးကို ဒီခ ျ ုပ်၊ ဖွတ်၊ စစ်သား မဟုတ်၊ အပြင်က ဒီခ ျုပ်ကို ထောက်ခံသူဆိုတော့ ကာလုံထိုင်ခုံလည်း ဖြစ်တာမို့ မြင်မိတာ ရှမ်းအမ ျ ိုးသားဒီမို ဦးခွန်ထွန်းဦး နဲ့ ၈၈ငြိမ်းပွင့် ကိုကိုကြီး….။ ဟုတ်ကဲ့.. ခုတလော သံရုံးဧည့်ခံပွဲ အတွေ့များတဲ့ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ အိုင်အာ ကေ ျာင်းပြီးထားသူ ဦးကိုကိုကြီး ကို ရွေးပါတယ်၊ မင်းကိုနိုင်လည်း ပါလာနိုင်သည် သို့သော ်သူ့အပေါ်တွင် များစွာမူတည်မည်၊ ဘာလို့လဲဆိုတော့ လောကမှာ ဆရာဝန်ထက် အနုပညာသမား ပြောဆိုရ ပိုခက်သည်။ လောကကို ကယ်တင်ရန်သာ စဉ်းစားပြီး ကိုယ့်ကိုယ်ကို ကယ်တင်ရန် မသိကြ။ ကိုမြအေးနဲ့ ကိုဂ ျင်မီတို့အား ငြိ်မ်းချမ်းရေးလုပ်ငန်းစဉ်တွင် တွေ့ရမည်ဖြစ်သည်။ ကိုကိုကြီး အရွေးခံရလ ျင် ဦးခွန်ထွန်းဦး ဒုသမတ ဖြစ်ကိန်းနည်းပြီ ကြားဖြတ်မှာ ပြည်နယ်လွှတ်တော ်ဝင်အရွေးခံ၊ ပြည်နယ်လွှတ်တော ်ဥကထရာထူး ချိန်လ ျင်ခ ျိန်.. ဖြစ်နိုင်ဆုံးကတော့ ပထမတန်း ကက်ဘိနက် ဝန်ကြီးရာထူး သို့မဟုတ် ဦးအောင်မင်းတို့ အမ်ပီစီမှာ ဦးဆောင်တနေရာ။ဘာပဲဖြစ်ဖြစ် ၈၈ငြိမ်းပွင့်နှင့် ဦးခွန်ထွန်းဦးတို့ပါတီ ကက်ဘိနက်တွင် မြင်ရကိန်းရှိသည်။ ခြစ်ကိုယ်ဂ ျီး မိုးသီးဇွန်အား အမ်ပီစီ တနေရာ အကျွန ်ုပ် ဦးကြောင်ကြီး ယတြာပြုပေးမည်၊ ရခိုင်အေအန်ပီတော့ အသံကြောင့်ဖါးသေ မဖြစ်ပါစေနဲ့ ဆုတောင်းသည်။ (အမှန်တော့ အဲဒါ ဖြစ်ပါစေ ဆုတောင်းတာ..  မှတ်ပလား။ )

က ျန်ကာလုံအဖွဲ့ဝင် ဒုသမတ ရာထူး ၂ခု ဒီခ ျ ုပ်မှ သာဖြစ်ဖွယ်ရှိလို့ သူရဦးရွှေမန်းအတွက် မြင့်မြင့်မားမားထဲက အပြင်နေရာသာ က ျန်မည်။ ရွှေးကောက်ပွဲ ကော်မရှင်ဥကထ လို့အပြောမ ျားသော်လည်း အဲဒီနေရာမှ နောက်ကေ ျာ ဓါးဖြင့်ထိုးလ ျင် ဆေးမှီဖွယ်မရှိသဖြင့် စွန့်စားမှု သိပ်မ ျားသည်။ ခြေဥခုံရုံးဥကထ နှင့် တရားရုံးခ ျုပ် တရားသူကြီး ရာထူးတွင် လစ်လပ်မှု မရှိက အစားသွင်းခွင့် ရှိမည်မထင်။ တရားစီရင်ရေးကို အရပ်သားလက် အပ်ဖွယ်ရှိသောကြောင့် ဒါလည်း ဖြစ်နိုင်မည်မဟုတ်။ စီးပွားရေးကော ်မရှင်လို နေရာမ ျုးိလည်း သူ့မိသားစု စီးပွားရေးကြောင့် သဟဇာတ မဖြစ်။ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးမည့် အမ ျ ိုးသား ပြန်လည် သင့်မြတ်ရေးကော ်မရှင်လိုမ ျိုး.. အမ်ပီစီ ထိပ်ပိုင်းခေါင်းဆောင်မ ျ ိုး သင့်တော ်လိမ့်မည်။ ဒါမှမဟုတ် ကက်ဘိနက်မှာပဲ အဲလိုမ ျုးိနာမည်နဲ့ ဌာနဖွဲ့.. ကက်ဘိနက် ဒုတိယခေါင်းဆောင် ပါသတ်မှတ်ပေး..။ လူဝင်မှုကြီးကြပ်ရေးနဲ့ သာသနာရေး ပေါင်းပြီး လူအမ ျားကြိုက်နေတဲ့ သူရဦးအောင်ကို ဝန်ကြီး ဖြစ်နိုင်သည်၊ လူ့အခွင့်ရေးကော ်မရှင်ဥကထ (သို့) ဝန်ထမ်းရွေးခ ျယ်လေ့က ျင့်ရေးအဖွဲ့ ဥကထ နေရာ မေ ျှာ်လင့်တာလဲမမှား ဒါပေမဲ့ ဒုဝန်ကြီးအဆင့် သို့ အငယ်တန်းဝန်ကြီး အဆင့်တွေမို့ သိပ်မထင်။ သိပ်ကြိုက်လ ျင် ရန်ကုန်မြို့တော်ဝန်အထိ တွန်းတင်နိုင်သည်။ အဲလိုတွေးလ ျင် နေပြည်တော်ကောင်စီဥကထလည်း နီးစပ်သည်။ အမ ျ ိုးသားလွှတ်တော ်ဥကထ ဦးခင်မောင်မြင့် လွှတ်တော ်နောက်ဆုံးရက်မှာ ဒေါ်စုကို အလှဆုံးလို့ မြှောက်ထားတော့ သူလည်း ကက်ဘိနက် (သို့) အပြင်ဖက်တနေရာတွင် ပါလေမလား။ အနည်းဆုံးတော့ အမ ျ ိုးသားလွှတ်တော ်အဓိကကော ်မတီတခုခုတွင် ဥကထဖြစ်မည်။

လွှတ်တော ်တွင်း တိုင်းရင်းသား ၃ဦး နေရာယူပြီးမို့.. ဒုတိယ သမတ လူမ ျ ိုးရေး အခြေခံ ရွေးမည်မထင်။ ဒီခ ျုပ်မှ အမာခံ ၂ဦး စိတ်ကြိုက်ရွေးမည်။ ဒေါ်စု သမတ လုပ်ခွင့်မရလ ျင် သမတ မဖြစ်မည့် ဒုတိယသမတသည် ထက်ထက်မြက်မြက်၊ ပညာတ် အမျိုးသမီးထဲမှ ဖြစ်ပြီး သမတဖြစ်မည့် ဒုသမတ ပညာတတ် သံတမန်ခင်း နားလည်သူ အမ ျ ိုးသားထဲမှ ဖြစ်ပါမည်။ ဒေါ်စုသမတ ဖြစ်လ ျင်တော့ အဲဒီ အမ ျ ိုးသား ဒုသမတလောင်း နှင့် တွဲဖက်နိုင်ဖွယ်ရှိသည်။ စစ်တပ်မှလာမည့် ဒုသမတမှာ လက်ရှိသမတ ဦးသိန်းစိန်၊ ကာခ ျုပ် မင်းအောင်လှိုင် သို့မဟုတ် သမတရုံးဝန်ကြီးမ ျားထဲမှ တဦးပင် ဖြစ်လာဖွယ်ရှိသည်။ မည်သို့ဆိုစေ သမတဘပြောင် အဆိုးဓမြလက်ထက် လွှတ်တော ်ရှေးဦးနေ့မ ျားတွင် ဝန်ကြီးအဖွဲ့စာရင်း နာမည်၃ဝသာ အတည်ပြုပြီး ဆိုင်ရာဌာနမ ျား မကြေငြာဟု ဆိုကြသည်မို့ ယခုအကြိမ်တွင်လည်း ထိုနည်း၎င်းသာ ဖြစ်ဖွယ်ရှိကြောင်းပါ။

 

မှတ်ခ ျက်။။ ဒီခ ျုပ်လွှတ်တော ်ကို အကြံပြုလိုတာကတော့ ပထမဆုံး တင်သွင်းမည် အဆိုမ ျားထဲတွင် ယုံကြည်ခ ျက်ကြောင့် အက ျဉ်းက ျသူမ ျားအား လွတ်ငြိမ်းခ ျမ်းသာခွင့်နှင့်အတူ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ၏ ဖြုတ်ထုတ်သတ် အလုပ်ခံရတဲ့ ဒီမိုကရေစီဖက်တော ်သား ဝန်ထမ်းမ ျားကို အသိမှတ်ပြု ကြည့်ရှုပေးဖို့ပါ။

ပုံ –

မြန်တြံ့နိုင်ငံရေး ရှေ့ဖြစ်အတတ်ဟော ပညာရှိသုခမိန်ကြောင်ကြီး

 

12 comments

  • kai

    February 1, 2016 at 7:00 am

    ဒေါ်စုက.. သူ့ရုံးအကြီးအကဲ ဒေါက်တာတင်မာအောင်ကို.. အချိန်ကပ်ပြီးရာထူးဖယ်ပစ်ပလိုက်တာဟာ.. (သာမန်နိုင်ငံရေးအတွေးနဲ့ဆိုရင်တော့… )သမ္မတရာထူးအတွက် လျှာလိုက်တာပါပဲ..။
    ဒီထက်သေချာတာတောင်.. သေချာလို့မရ..။ ဒေါ်စုကိုယ်တိုင်.. သမ္မတမဖြစ်ဖူးဆိုရင်ပေါ့…။
    အခြေခံဥပဒေထဲ.. ပြဌာန်းထားတာကတော့.. လွှတ်တော် ၂ရပ် ဥက္ကဌ၊ ဒုဥက္ကဌတွေက(သာ).. သမ္မတအရည်အချင်းနဲ့ပြည့်မှီမမှီ စစ်ပေးရမယ်ဆိုတာပဲ..။
    အဲဒီလူတွေက.. အဖွဲ့ချုပ်လူနဲ့.. သူတို့ရွေးပေးထားတဲ့သူတွေမို့.. ဒေါ်စုကို .. ဒုသမ္မတ ကောက်တင်ပေးလိုက်လည်း.. စစ်ဆေးမယ့် အခြေခံဥပဒေခုံရုံးက မရှိနဲ့.. ဘာဘာ.. ဘာဖြစ်တာလိုက်လို့..။ :k:

    သူရဘွဲ့ရတွေဆိုတာ.. တိုက်ခိုက်ရေးစစ်သားစစ်စစ်တွေမို့.. တပ်အပေါ်သစ္စာနက်နက်ရှိတာသေချာသူတွေပေါ့…။
    သူတို့ကို .. နေရာပေးထားရင်.. စစ်တပ်နဲ့အဖွဲ့ချုပ်ကြား.. အကောင်းဆုံးကြားခံပဲ…။ နေရာကြီးတွေ ပေးသင့်..။ ကျုပ်ဆိုရင်တော့.. ဦးရွှေမန်း ရွေးကော်ဥက္ကဌ..။
    ဦးမောင်ကို.. ဝန်ကြီး…။

    လွှတ်တော်အကြီးအကဲတွေထဲ.. ရှမ်းမပါတာဟာဖြင့်.. ဦးခွန်ထွန်းဦး ဒုသမ္မတနေရာ သေချာနေပုံ…။

    မွန်မပါသေးသမို့.. လက်ရှိတပ်ချုပ်က.. တပ်ဖက်က တက်ရမယ့် ဒုသမ္မတလားမသိ…။

    ဦးကိုကိုကြီး၊ ဒေါ်စုစုလွင်၊ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ညီမျှချင်းတွေချမိ…။

    • kai

      February 1, 2016 at 7:41 am

      ၆၀(ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့်
      အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ၊မရှိကို ပြည်ထောင်စုလွှတ်တော်နှင့်
      ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး
      များနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ရမည်၊

      60(d) The Pyidaungsu Hluttaw and a Body comprising the Heads and Deputy
      Heads of the two Hluttaws in the Pyidaungsu Hluttaw shall scrutinize whether
      or not the Vice-Presidents possess the qualifications prescribed for the
      President.
      ===
      ယူအက်စ်မှာဆိုရင်တော့.. တရားရေးရုံးချုပ် Supreme Courtကစစ်ဆေးခွင့် ရှိရတယ်..။ အဲဒီကဆုံးဖြတ်ချက်က အတည်ပဲ..။
      Legal Memorandum: Is Ted Cruz Eligible for the Presidency …
      http://www.theatlantic.com/politics/…/ted-cruz-eligibility…/424206...
      The Atlantic
      Jan 14, 2016 – Memorandum: Is Ted Cruz Eligible for the Presidency? … The Supreme Court would today hold that the Fourteenth Amendment’s Equal Protection Clause ….. [9] Id. [10] 1 The Laws of the United States of America 87 (1796).

    • ဦးကြောင်ကြီး

      February 1, 2016 at 9:27 am

      ဒေါက်တာ တင်မာအောင် ငယ်လွန်းတယ်၊ သမတ မဖြစ်နိုင်။ ရွေးခဲ့လ ျင် သူ့ထက် အသက်ကြီး ဒေါ်စုအောက် ငယ်သူ ဖြစ်နိုင်သည်။ လူမ ျိုးအားဖြင့်လည်း ရခိုင်မို့ ထိပ်ပိုင်းနေရာ ကိုတာ ကုန်ပြီ။ အဓိက ကတော့ အသက် အတွေ့အကြုံ ပေးဆပ်မှု အဆင်သင့် မဖြစ်သေး။ အစိုးရဝန်ထမ်း အ
      နေနဲ့တွက်လ ျင် သူသည် ဌာနညျွန်ခ ျုပ် ပီအက်စ်အိုနဲ့ အလားသဏ္ဍန်တူလို့ မြို့နယ်ဆင်းတဲ့အခါ ထိပ်တန်းမြို့နယ် ရမှာပဲ။ သို့တည်းမဟုတ် အစိုးရသစ်လက်ထက် နိုင်ငံတကာနဲ့ ပူးတွဲလုပ်မည့် ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်း ဒါမှမဟုတ် အစိုးရနဲ့ နိုင်ငံတကာ အလှူ ရှင်ကြား ဆက်သွယ်
      ရေးအရာရှိ ဖြစ်နိုင်သည်။
      ဦးရွှေမန်းကို ရွေးကော်ဥကထ ပေးဖို့ သိပ်မလွယ်၊ ဒေါ်စု ပေးခြင်တောင် ကန့်ကွက်ကြလိမ့်မည်။ လုံခြုံ ရေးအမြင်အရလဲ ဦးရွှေမန်းသည် သူ့လူကိုယ့်ဖက်သား အဆင့်ထက် မပိုသေး။ အရေးကြုံလို့ သူ့ကေ ျးဇူးရှင် ဦးသန်းရွှေ နဲ့ ဘော ့စ်အသစ် ဒေါ်စုတို့အကြား လွန်ဆွဲပွဲ ဖြစ်လာလ ျင် မည်သို့ ဆုံးဖြတ်မည်ကို မှတ်ကေ ျာက် အတင်မခံနိုင်သေး။ လွှတ်တော ်နောက်ဆုံးနေ့ရက်မှာကို စစ်တပ်တွင် မညီမှ ျမှုကို ဝေဖန်သူ ဒီခ ျုပ်အမတ် သတိပေးခံရသည် မဟုတ်လား။ ဒီခ ျုပ်လူကြီးများ တမင် သွေးတိုးစမ်း (သို့) ဘွားဒေါ် မြင်အောင်ပြတာ ဖြစ်နိုင်သည်။ ဦးရွှေမန်းအတွက်လည်း ဆုံးဖြတ်ရ ခက်မှာ သေခ ျာသည်။ စစ်တပ်ကအားအင်နဲ့၊ ဒီခ ျုပ်ကလည်း လူထုထောက်ခံမှု အပြည့်.. နှစ်ဖက် ရင်ဆိုင်မိလို့ တပ်ဖက်ယိုင်လိုက်ရင် ဒီမိုမ ျိုးကန်းမည်။

      • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

        February 1, 2016 at 12:28 pm

        မူးလာဘီဂျာ
        ဟိုအူးလေးဂျီးပြောသလို သီဟတင်စိုးကိုပဲ ဝကွပ်အပ်လိုက်ပါဒေါ့
        😳

  • သင့်အေးရိပ်

    February 1, 2016 at 2:21 pm

    .ရွှေဥမှန်းကြီးကို… ယုံရခက်ခက် ဖြစ်နေတာ…ကျနော် တစ်ယောက်တည်း မဟုတ်ဘူးပဲ….
    ငှဲငှဲ…
    😆

  • kai

    February 1, 2016 at 4:44 pm

    တပ်သတင်းစာအလိုအရ.. တပ်ကတော့.. ၅၉(စ) မပြင်တော့မယ့်သဘောရှိတယ်…။
    ဒါမှမဟုတ်.. Searching fire လား..။

  • kai

    February 2, 2016 at 7:37 am

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရဖွဲ့ပါက နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးကို NLD နှင့် ကြံ့ခိုင်ရေးပါတီဝင် မဟုတ်၊ NLD ထောက်ခံအားပေးသူ တစ်ဦးကို လျာထားကြောင်းကိုလည်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။ – See more at: http://thevoicemyanmar.com/index.php/news/item/9726-das#sthash.9JFcixO9.xJGimMvd.dpuf

    အဲလိုဆိုတော့… ဦးကိုကိုကြီးက.. နိုင်ငံခြားရေးဝန်ကြီးလားမသိ…။
    ကြည့်ရတာ.. ဒေါ်စု ဘုံပျောက်နေသမို့.. ဒေါ်စုကို သမ္မတရအောင်တင်မယ့်ပုံဟေ့..။ :k:

  • Kyi Lwin

    February 3, 2016 at 11:02 am

    ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်ထိုက်ဘူးဆိုတဲ့ ၅၉ (စ) ဆိုတာကြီးကို ထည့်တွေးဖို့ကိုမလိုတော့ပါ။
    တကယ်တန်းပြောရရင် ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက မိုးနတ်မင်းကြီးချ ပေးထားလို့ ကမ္ဘာတည်သရွေ့ မပယ်မဖျက်တန်းလက်ခံကျင့်သုံးရမယ့်ဥပဒေကြီးလို့ မှတ်ထားရမယ့် ကိစ္စ ၊လှေနံဒါးထစ်တရားသေမှတ်ရမယ့် ကိစ္စမှမဟုတ်ပဲ။ ဒီမိုကရေစီနို်င်ငံတွေမှာ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ရေးဆွဲခဲ့တာတွေရှိတယ်လို့ဖတ်ဖူးပါတယ်။ ဒီမိုကရေစီရဲ့ ဘိုးအေ အမေရိကား မှာတောင် အကြိမ်ကြိမ် အခါခါ ပြင်ခဲ့တယ်လို့ ဆိုတယ်။
    ပြည်သူကြိုက်လို့ သူ့ကိုပဲ ပုံအော မဲပေးခဲ့တဲ့ကိစ္စပဲ။
    သူ သမ္မတဖြစ်သွားလို့လည်း တိုင်းပြည်က ဆုံးရှုံးနစ်နာစရာမရှိတာ လူတိုင်းအသိ။

    ရေးဆွဲထားတဲ့ ဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို အတိအကျ ရည်ရွယ်ရေးဆွဲထားတယ်ဆိုတာထင်ရှားနေပါတယ်။
    (၅၉ ( ဃ) နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး ၊စီးပွါးရေး ၊ စစ်ရေး စသည့်အမြင်များ။
    ၅၉ ( စ) ကိုယ်တိုင်သော်လည်းကောင်း မိမိ၏မိဘ တပါးပါးသော်လည်းကောင်း ၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နို်င်ငံခြားအစိုးရ၏ ကျေးဖူးသစ္စာတော်ကို စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊
    ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဖူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ။)
    ဒီဥပဒေကိုရေးဆွဲထားခြင်းဟာမြန်မာနိုင်ငံသားတွေ အဲဒီလောက်တောင် ဆင်ခြင်ဉာဏ်မရှိတော့ဘူးလို့ နှိမ်ချရာလည်းရောက်ပါတယ်။

  • ကထူးဆန်း

    February 4, 2016 at 11:50 am

    သူကြီးကိုဘဲ ပြန်မေးရမှာဘဲ ..
    ဆိုင်းငံ တာ နဲ့ ပြင်တာ … ဆိုင်းငံ့ တာက လွှတ်တော် ၇၅% သဘောတူ လိုပါသလား .. ၅၀% ကေ ျာ ်နဲ့ ရပါသလား .. ဒါဆို ဆိုင်းငံ့ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ လုပ်ခွင့် ရှိပါသလား …

    • ဦးကြောင်ကြီး

      February 4, 2016 at 1:14 pm

      သဂ ျီးမာမွတ်ခိုင် မအားဘူး… သဂ ျီးဂဒေါ် ပေါင်ဂ ျားဒဲ…. မှားယို့ ယင်ခွင်ကြားထဲ အိတ်နေရို့ ကိုယ်စားဖြေပေးမဲ….။ လိုလို့ စစ်တပ်နဲ့ ညှိနေရဒါပေါ့ဂ ျ၊ သူတို့မဲ မှိုရင် အမ ျားစုမဲနဲ့ တီးထည့်လိုက်ပီပေါ့ ဥနှစ်လုံးထဲနဲ့ ဘောင်းဘီကြက်နေဒဲ့ ကထူးဆန်းရှယ်….

    • kai

      February 4, 2016 at 5:03 pm

      ကြည့်ရတာ.. ခြေဥထဲပညာပါပါလုပ်ရင်ရနိုင်တယ်..။ ၇၅%မလိုလောက်ဘူး..။
      အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေလို့သာ.. တပ်ကိုသွားညှိနေတာလို့ထင်တာပဲ..။ လက်ရှိသမ္မတဦးသိန်းစိန်က.. လက်မှတ်တော့ထိုးပေးရလိမ့်မယ်..။

      ၁၉၅၉ က..ဦးနေဝင်းကို.. အိမ်စောင့်အစိုးရအဖြစ်ပေးချင်တော့.. ဦးနုက ခြေဥပြင်ဆင်ချက်အက်ဥပဒေထုတ်ပြီး.. ရှိတဲ့ပုဒ်မ ၁၁၆ပြဌာန်ချက်ကို ဆိုင်းငံ့လိုက်ဖူးခဲ့တာမို့.. ဒီသဘောထပ်လုပ်လည်းဖြစ်တာပါပဲ..။
      တကယ်တော့.. ဥပဒေဆိုတာ လူကလုပ်တာပါ..။ လူအများစုသဘောတူရင် အကုန်ပြင်.. ကုသိုလ်ရပါတယ်..။
      ယူအက်စ်ဆို.. ဆေးခြောက်တောင် တရားဝင်လုပ်ပစ်တာ..။ ဂေးတွေတောင်.. လင်မယားဖြစ်ကုန်တာတွေရှိတာပဲ..။

      ဒေါ်စုကို.. သမ္မတမဖြစ်စေချင်သူတွေဟာ.. တိုင်းပြည်ကောင်းစားသွားမှာကို မနာလိုသူတွေလို့ပြောရမှာပဲ..။
      သမိုင်းမှာ.. မှတ်တမ်းကျန်ရစ်ခဲ့လိမ့်မယ်..။

    • kai

      February 4, 2016 at 6:31 pm

      ” ပုဒ်မ ၅၉ (စ) ရပ်ဆိုင်းခြင်းအပေါ် ဆရာဦးကိုနီ . . . သုံးသပ်ချက် … ”
      ——————————————————————————
      တိုင်းပြည်မှာ ဘယ်လောက်ပဲ ဖြေရှင်းရခက်တဲ့ အခက်အခဲမျိုးပဲ ဖြစ်နေပါစေ။ ဆရာဦးကိုနီ ကိုသာ သွားမေးလိုက်ပါ။ ဆရာ့ဆီရောက်သွားရင် အမြဲပဲ ရှင်းလင်းတိကျတဲ့အဖြေ ရှိတယ်။
      ပုဒ်မ ၅၉ (စ) ရပ်ဆိုင်းခြင်းအပေါ် ဆရာဦးကိုနီ
      သုံးသပ်ချက် …
      “အခုကျနော်တို့ပြောနေတဲ့ ယာယီဆိုင်းငံ့တယ်ဆိုတဲ့ကိစ္စက ဖွဲ့စည်းပုံဆိုင်ရာ
      အကြပ်အတည်း ပေါ်ပေါက်တဲ့အခါမျိုးမှာ သုံးဖို့ ကျနော်တို့ပြောတာပါ။
      ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဌာန်းချက်တရပ်ကို ဆိုလိုတာပါ။
      ဦးရဲထွဋ်ပြောတဲ့ဖွဲ့စည်းပုံရပ်ဆိုင်းခြင်းဆိုတာစာအုပ်ကြီးတအုပ်လုံးကိုရပ်ပစ်လိုက်တာ။
      ဖွဲ့စည်းပုံအခြေခံဥပဒေကိုမသုံးတော့ဘူး။ စစ်အုပ်ချုပ်ရေး၊ စစ်ဗိုလ်ချုပ်က
      ကြိုက်တာလုပ်မယ် ဆိုတဲ့ပုံမျိုးကိုပြောတာ။ အခုကျနော်တို့ပြောနေတာက
      ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တခုကို ယာယီဆိုင်းငံ့တာ။
      အဓိပ္ပါယ်အများကြီးကွာပါတယ်။ ဒါက နိုင်ငံရေးလိုအပ်ချက်အတွက် လုပ်ရတာပါ။
      ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပြဌာန်းချက်တခုကို ယာယီဆိုင်းငံ့ဖို့ဆိုရင်
      လုပ်ထုံးလုပ်နည်းပိုင်းပေါ့ဗျာ။ လွှတ်တော်ကို ဥပဒေကြမ်းတင်ပြီးတော့မှပဲ
      ဥပဒေအသစ်တရပ်ပြဌာန်းရမယ်။ အထူးဥပဒေတရပ်အနေနဲ့ ပြဌာန်းဖို့လိုလိမ့်မယ်။
      အဲဒါကို တိုက်ရိုက်အထူးဥပဒေအဖြစ်ပြဌာန်းမလား၊ သို့တည်းမဟုတ် နောက်တမျိုးက
      အရေးကြီးအဆိုတခုအရင်တက်မယ်။ အရေးကြီးအဆို ဆိုတာက ပြည်သူလူထုက
      mandate (လုပ်ပိုင်ခွင့်) ပေးလိုက်ပြီ။ (၅၉) (စ) ကြောင့်ပြည်သူ့ဆန္ဒကို
      အကောင်အထည်ဖေါ်လို့မရဘူး၊ အကြပ်အတည်းဖြစ်နေတယ်။ ဒါကြောင့်
      အဲဒီအကြပ်အတည်းဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို
      ယာယီဆိုင်းငံ့ဖို့ အရေးကြီးအဆိုတရပ်တင်မယ်ဆိုကြပါစို့။
      အဲဒီအရေးကြီးအဆိုပေါ်မှာ ဆွေးနွေးမယ်၊ ဆုံးဖြတ်မယ်။ ပြည်ထောင်စုလွှတ်တော်က
      သဘောတူတယ်ဆိုရင် ဆုံးဖြတ်ချက်ကျသွားပြီ။ အဲတော့ ပြည်ထောင်စုလွှတ်တော်က
      သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်သည် ပြည်သူတရပ်လုံးက ဒီပုဒ်မကို
      ဆိုင်းငံ့ဖို့သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပါပဲ။
      အဲသလို သဘောတူပြီးပြီဆိုပြီးမှ ဒီအပေါ်မှာဥပဒေကြမ်းတင်ပါ
      ဆိုတာ ပြည်ထောင်စုလွှတ်တော်နာယက ညွန်ကြားမယ်၊
      ဥပဒေကြမ်းတခုရေးတင်မယ်။ ဒီအပေါ်မှာ ဆွေးနွေးကြမယ်။
      လိုရင်လိုအပ်သလို ပြင်ဆင်မယ်။ ပြီးတော့မှာ ဒီဥပဒေကြမ်းကို အတည်ပြုမယ်။
      အတည်ပြုပြီးရင် သမ္မတက လက်မှတ်ထိုးမယ်။ အဲဒါက သူရဲ့ process
      (လုပ်ထုံးလုပ်နည်း) အမှန်ပဲ။ ဒါဆိုရင် အခုသွားမလား
      (သို့မဟုတ်) နောက်အစိုးရသစ်ဖွဲ့ပြီး သမ္မတအသစ်ပေါ်မှ သွားမလား။ အဲဒါကတော့
      လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိတဲ့သူတွေဆုံးဖြတ်ရမှာပါ။”

Leave a Reply