“ကျနော်ပျောက်ဆုံးနေတဲ့အရာ”
စားရေး
နေရေး
သွားရေး
လာရေး
အချိန်တွေးပေး
အေးဆေးနေမရ
ထိစပ် ပါတ်သက်သမျှကို
မပြုံးချင်လဲ ပြုံး
ပြုံး ချင်လဲပြုံး
အဲလိုပြုံးပြုံးနေရင်း
ပြုန်းတီးပြီး
ပျောက်ဆုံးသွားတာက
ဟော့ဒီကလေးပြုံးသလို
ရိုးသားတဲ့အပြုံးတွေပေါ့။
ကိုပေါက်လက်ဆောင်အတွေးစဉ်
31-1-2016
Post Views: 340
6 comments
kai
February 1, 2016 at 5:24 am
အချိန်ရရင်တော့.. ကပေါက်ရောက်နေတဲ့.. အဲဒီဒေသဓလေ့..။ အလုပ်လုပ်နေတဲ့ မြန်မာတွေဘဝ.. အခြေအနေလေးတွေ ပုံနှိပ်သတင်းစာအတွက်ရေးပေးပါဦး..။
ထုံးစံအတိုင်း.. ခပ်တိုတို လေးတွေပေါ့..။
ကိုပေါက်(မန္တလေး)
February 1, 2016 at 5:41 am
ကောင်းပါပြီ
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 1, 2016 at 12:32 pm
ပျောက်ဆုံးနေတာလေး ပြန်ပေါ်လာအောင် စကီလေးတစ်ယောက်
အနားခေါ်ထားပြီး
တနေ့သုံးခါ ကလိထိုးခိုင်းကြည့်ပါလား အောက်ပု
အရင်ကကျော်စွာဦးကြီးမိုက်
February 1, 2016 at 2:21 pm
.အမှန်ပဲကိုပေါက်ရေ…အဲ့ကလေးလိုအနှစ်ပါတဲ့အဖြူရောင်အပြုံး ရှားသွားပြီ
သင့်အေးရိပ်
February 1, 2016 at 2:25 pm
ထပ်မံ ပိုင်ဆိုင်လာတာကတော့…
မပြုံးချင်ဘဲ… အခြေအနေရ ပြုံ းကို ပြုံ းလိုက်ရတဲ့ အပြုံ း တွေ…
😆
အောင် မိုးသူ
February 4, 2016 at 8:58 am
ချစ်စရာလေး