ငနုငယ်…နင်ယောက်ျား မဟုတ်သလော…။
ကျွန်တော် မကြာခဏ ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်က
ဦးကုလား မဟာရာဇဝင်ကြီး ပါ။
သမိုင်းဇာတ်လမ်းတွေ ကို ဖတ်ရင်း စိတ်ကူးထဲကလည်း
ရုပ်ရှင်ရိုက်နေမိပါတယ်။
အင်း…ဒီနေရာလေးကတော့ ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းမှာပဲ
ဆိုတာမျိုးပေါ့ဗျာ။
အင်းဝ ဘုရင် သတိုးမင်းဖျား ခေတ်က ရုပ်ရှင်ရိုက်လို့ ကောင်းမယ့်
ဇာတ်မျိုးဗျ။
မင်းစဖြစ်ဖြစ်ချင်း ထောင်ထားခြားနားတဲ့ သူတွေကို လှည့်ပတ်
နှိမ်နင်း ရတယ်လို့ ဆိုပါတယ်။
ခြားနားသူ တစ်ယောက် ဖြစ်တဲ့ ဘယကျော်သူ ကို ဖမ်းမိတော့
ဘယကျော်သူကို သူကိုယ်တိုင် သတ်ပြီး အလောင်းကြီး ရဲ့ ရင်ဘတ်ပေါ်မှာ
စားတော်ပွဲတည်၍ စားတော်ခေါ်ပါသတဲ့။
အဲဒါကို မြင်တော့ မှူးမတ်ဗိုလ်ပါတွေ အလွန်ကြောက်ရွံ့ကုန်ကြသတဲ့။
ဒါက ဇာတ်ရဲ့ နိဒါဏ်းပေါ့။
ရုပ်ရှင်ရိုက်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း။
ဆင်တွေ မြင်းတွေ နဲ့ တိုက်ကြခိုက်ကြ သတ်ကြ ဖြတ်ကြ။
နောက်ဆုံးတော့ ဘုရင် အနိုင်ရ။
ပုန်ကန်ခြားနားသူ ကို သတ်။
လတ်လတ်ဆတ်ဆတ် သေပြီးစ လူပေါ်ကို
စားစရာ သောက်စရာတွေတင်ပြီး ဘုရင်က စားပြ။
မှူးမတ် တချို့ ရဲ့ ကြောက်ရွံ့သွားပုံ လေးတွေ ရိုက်ပြ။
—–။——
အဲဒီနောက် သူခိုး ငတက်ပြား ကို ဖမ်းယူတဲ့ ဇာတ်လမ်း။
အို…လူပါးဝလိုက်တဲ့ သူခိုး။
လေလုံးကလည်း ထွားလိုက်သေး။
သူခိုးငတက်ပြား ပစ္စည်းခိုးတဲ့ အခန်းတွေ
မိလုမိခင်မှာ လွတ်..လွတ် သွားတဲ့ အခန်းတွေ…
ရိုက်ပါလေ့။
ပြီးတော့မှ ဘုရင် သတိုးမင်းဖျားကိုယ်တော်တိုင် ဥပါယ်တံမျဉ်ဖြင့် ဖမ်းခန်းကို ရိုက်။
ဘုရင်နဲ့ သူခို်း အပြန်အလှန် ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာ။
“နင့်ကို ငါမိပြီ။ ရဲတင်း၊ ပုဆိန် အစရှိသော ဓါး၊ လှ၊ တံကျင် တွင်
အဘယ်ကို လိုသနည်း”
ဘုရင်က မေး။
“မင်းကြီး ငါ့ကို မိပြီ ဖြစ်သည်။ ကွပ်လိုရာ ကွပ်တော်မူလော့။
ငါ့အလိုသော်ကား မင်းကြီး မိဖုရား စောဥမ္မာကို လို၏”
သူခိုး က လူပါးဝ စကားကို ဖြေ။
အဲဒါကို ဘုရင်က လုံးဝ စိတ်မဆိုး အမျက်မရှိပေါ့ဗျာ။
“ငါသို့သော မင်းကို စင်လျက် ဤသို့သော စကားကို ဆိုဝံ့သည်။
အချည်းနှီး မသေလေကောင်း။ နောက်နောင် တိုက်ပွဲရှိသောအခါ
အမှုတော်ကို ထမ်းစေရမည်”
ဟု မိန့်။
ရုပ်ရှင်ရိုက်လို့ ဘယ်လောက်ကောင်းလိုက်မလဲ။
နန်းရင်ပြင်မှာ ဘုရင် က သံလျက် ကို ကိုင်စွဲပြီး
ခန့်ခန့် ကြီးပေါ့။ ဘေးနားက မိဖုရားစောဥမ္မာ ကလည်း ထိုင်လို့။
အောက်မှာက မှူးမတ်တွေ မင်းချင်းတွေက ခစားလို့။
သူခိုး လည်း ဒူးထောက်လို့ ပေါ့။
သူခိုးက မိဖုရားစောဥမ္မာကို လို၏
လို့ ပြောခန်းမှာ
မိဖုရား မျက်နှာမှာ ရှက်ဒေါသဖြစ်သွားတာလေးလည်း
အသေအချာ ထည့်ရိုက်ဦးဗျ။
သူ့လင်တော်မောင် ဘုရင်ဆိုသူကြီးက စိတ်မဆိုးဘူး ဆိုတာ သိရတော့လည်း
အံ့အားသင့်သွားတာလေး လည်း ထည့်ရိုက်ကြပေါ့။
အဲ့ဒီနောက် တောင်တွင်းကြီးခြားနားတော့ တောင်တွင်းကို
ချီတက်နှိမ်နင်းခန်းပေါ့။
တောင်တွင်းကြီးစားကလည်း မြို့ကို အလုံပိတ်ပြီး
လေးသည်တော်ကြီးတစ်ယောက်နဲ့ တစ်ချက်ခြင်းပစ်ပြီး
နှိမ်နင်း နေတာပေါ့။
အဲဒီမှာ ညရောက်တော့ ငတက်ပြားကို ခိုးဝင်စေပြီး
လေးသည်တော်ကြီးကို လုပ်ကြံခိုင်း။
ဒါလည်း ရုပ်ရှင်ရိုက်လို့ သိတ်ကောင်းတဲ့ အခန်းမျိုးပါပဲ။
——။——
ဇာတ်ရှိန်က တဖြေးဖြေး တက်လာ။
စကုစား သင်္ခသူ က ခြားနားလို့ ချီတက်လုပ်ကြံရပြန်။
စကုစားက မြို့ကို လုံခြုံအောင်စီမံထားလို့ လုပ်ကြံလို့မရ။
အဲဒီမှာပဲ ဘုရင်သတိုးမင်းဖျား ကျောက်ပေါက်တော်မူ တယ်ပေါ့ဗျာ။
အပြန်လမ်းမှာပဲ သေတော့မယ့် အခြေအနေမျိုးမှာပဲ
မြန်မာ ဘုရင်တွေ ရဲ့ ရှေ့ရေး မျှော်တွေး စီမံတတ်ပုံလေးတွေက
ရုပ်ရှင်ကြည့်သူတွေ အတုယူ စရာကောင်းအောင် ထည့်ရိုက်ပေါ့ဗျာ။
အတွင်းသင်းမှူး ငနုကို ခေါ်တော်မူပြီး အမိန့်ပေး။
ဒိုင်ယာလော့ခ် လေး ကလည်း မှတ်သားစရာ မို့
နောက်ခံတေးဂီတ တွေဘာတွေကို လုံးဝ ရပ်ခိုင်းထားပေါ့။
သေခါနီး လူတစ်ယောက် ရဲ့ သေအံ့မူးမူး အသံနဲ့
“ငနု…ငါလည်း ဤအနာမှ ထမြောက် တော် မူနိုင်မည် မထင်၊
ငါ မရှိလျှင် ငါ့မိဖုရား စောဥမ္မာကို သူ မိဖုရားမြှောက်တော့မည်၊
ငါ နှမြောတော်မူလှသည်၊ နင် လှေလျင် နှင့် သွား၍ သတ်ချေ”
ဘုရင့်စကားအဆုံးမှာ မြူးဇစ် ကြမ်းကြမ်း ဝင်ပေါ့။
သေခါနီးမှာတောင် ဖွန်ကြောင်တဲ့ မြန်မာဘုရင် ရယ်လို့
ရုပ်ရှင် ကြည့်သူတွေ ထင်သွားမှာကို မစိုးရိမ်ပါနဲ့။
ဇာတ်အလယ်လောက်မှာ ကတည်းက
ဘုရင် က သူ့မိဖုရား ကို အသည်းစွဲအောင် ချစ်တယ်ဆိုတဲ့
ပုံရိပ်လေးတွေ ကြိုရိုက်ပြထားပေါ့။
ဘုရင်နဲ့ မိဖုရား ချစ်ဗျူဟာခင်းကြပုံလေးတွေကို
ခပ်ပါးပါး လေး ထည့်ပြထားပေါ့။
ဇာတ်လမ်းလိုအပ်ချက်အရ ပြောတာပါ။
အဲဒီလိုလည်း မိန့်ကြားပြီးရော မြန်မာကားတွေရဲ့ ထုံးစံအတိုင်း
ဘုရင် ဇက်ကျိုး ကျ သေပစ်လိုက်။
ဇာတ်ရှိန်က အမြင့်ဆုံးကို ရောက်နေပြီ နော်။
ငနု ဆိုတဲ့ ပုဂ္ဂိုလ်လေးက ဒီအချိန်မှာ အရေးအကြီးဆုံး ဖြစ်သွားပြီ။
ငနု တစ်ယောက် လှေနဲ့ နန်းတော်ကို ချီတက်။
နန်းတော်ထဲဝင်။
အဲဒါ ဇာတ်ရဲ့ အထွဋ် အထိပ် ပဲ။
မိဖုရား ရဲ့ အဆောင်တော်ထဲ ငနုက ဓါးလွတ်ကို ကိုင်ဆွဲပြီး
တစ်လှမ်းချင်း ဝင်ရောက်လာ။
နောက်ခံမြူးဇစ်က ရော့ခ် ဆန်ဆန် အကြမ်းစားကြီးတွေ တီးပေးထားပေါ့။
မိဖုရား က အိပ်ရာပေါ်မှာ လှဲလျက်။
ဆက်စီ ဖြစ်အောင် ပြင်ဆင်ပေးထား။
မိုနီကာ ဘယ်လူးချီ လောက် ဆက်စီ ဖြစ်ရင် တော်ပြီ။
အိပ်နေတာဆိုတော့ အဝတ်အစား တချို့လည်း မလုံမခြုံ
လုပ်ပေးထားပေါ့။
မြူးဇစ်ကို ရုတ်တရက် ရပ်ပစ်လိုက်ပြီး
ငနု က ဓါးလွတ်ကိုင်ပြီး စဉ်းစားခန်းပေါ့။
မိဖုရား က အော်ရီဂျင်နယ်ကိုက ချောလွန်းလှလွန်းတဲ့အပြင်
အဝတ်အစား တချို့ကလည်း မလုံမခြုံ ဆိုတော့
ငနုတစ်ယောက် မရိုးမသား စိတ်တွေဝင်လာပြီပေါ့။
သတ်ပစ်လိုက်ရမှာ နှမြောပြီပေါ့။
အဲ့ဒါနဲ့ မသတ်ချင်တဲ့ စိတ်က အနိုင်ရသွားပြီး
အဟမ်း အဟမ်း ဆိုပြီး မိဖုရားကြားအောင် ချောင်းဟန့်။
မိဖုရား နိုးလာ။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ဓါးလွတ်ကိုင်ပြီး
သူ့ကို စားမတတ် ဝါးမတတ် ကြည့်နေတဲ့ ငနု ကိုတွေ့…။
အံ့ဩ။
ဟယ် ငနုငယ်။
အဆောင်တော်ထဲ အထိ ရာရာစစ ဘယ်လို အကြောင်းကြောင့်
ဝင်တော်မူ လာရသလဲ
ငနု ဆိုတဲ့ ကောင်က တဏှာစိတ်များနေပြီဆိုတော့
ဘုရင်တော့ သေပြီ။
သူသေရင် နောက်တက်မယ့် ဘုရင်က မိဖုရားမြှောက်မှာကို
သဝန်တိုပြီး အသတ်ခိုင်း လို့ လာရသည်
ဆိုပြီး ဓါးလွတ်ကို ခုတ်ပိုင်းတော့မယ့် ဟန်ပြင်။
အဲဒါ ဇာတ်ရဲ့ အထွဋ် အထိပ်ပဲ။
မိဖုရားက ညုတုတု မျက်နှာပေးနဲ့
“ငနုငယ်…နင် ယောက်ျား မဟုတ်သလော”
လို့ ဆိုပြီး အိပ်နေရာမှ မြှူဆွယ်တဲ့ အခန်းပေါ့။
အဲဒီနောက် ငနု နဲ့ မိဖုရားတို့ရဲ့
လပ်ဖ်ဆင်း ပေါ့။
ယောက်ျား ဟုတ်ကြောင်းပြတဲ့ အခန်းတွေမို့
ဆင်ဆာ ဖြတ်မှာ သေချာ တဲ့ အခန်းမျိုးတွေပေါ့။
နည်းနည်းတော့ ကြမ်းကောင်း ကြမ်းမယ်ပေါ့။
နှုတ်ခမ်းချင်းတေ့ နမ်းကြတဲ့ အခန်းမျိုး တွေလည်း
နည်းနည်းတော့ ပါပလေ့စေနော်။
ဒါမှ နိုင်ငံတကာ အဆင့်မီမှာ။
နိုင်ငံတကာကို ထိုးဖေါက်ချင်ရင်တော့ ဒီလို အခန်းမျိုးတွေကို
ဆင်ဆာ မဖြတ်သင့်ပါဘူး။ (အဲ့ဒါ ဘလက်ချောကြီး ပြောတာနော်)
တချို့ဆို ဒီလို အခန်းမျိုးပါတဲ့ ရုပ်ရှင် မှ ရှာကြည့်ကြဆိုလား။
မပြီးသေးဘူးနော်။ ဇာတ်လမ်းက။
မိဖုရားကို သတ်ဖို့လာတဲ့ ငနု နဲ့ မိဖုရား ညားခန်း။
မိဖုရား နဲ့ ငနု လပ်ဖ်ဆင်း နေကြတုန်းမှာ
အထိန်းသမီး ဝင်လာ။
အော်ဟယ် ဟစ်ဟယ်လုပ်တော့
ငနုက လက်ရဲဇက်ရဲ ဓါးနဲ့ ခုတ်သတ်။
တစ်လခွဲလောက် နန်းတော်ထဲမှာပဲ မိဖုရားနဲ့ အတူနေကြပြီးမှ
စစ်ကိုင်းဘက်ကူးပြီး မင်းပြုခန်းရိုက်။
နောက်…မရွယ်ပဲ စော်ကဲ မင်းဖြစ်ဆိုတဲ့ မင်းကြီးစွာ နန်းတက်ခန်းရိုက်။
ကဲ အခု ပြောခဲ့သလောက် ကပဲ ရုပ်ရှင်ရိုက်လို့
တကယ်ကောင်းမယ့် ဇာတ်မျိုးခင်ဗျ။
ရုပ်ရှင် ဆိုတာထက် ဇာတ်လမ်းတွဲ နဲ့တောင် ပိုလိုက်မလား မသိ။
စစ်တိုက်ခန်းတွေ ပါမယ်။
သူခိုးဖမ်းခန်းတွေ ပါမယ်။
NC ဆန်ဆန် အချစ်ခန်း တွေ ပါမယ်။
ဇာတ်ကို အဆာပလာ လေး တစ်ချို့ ထည့်လိုက်ရင်
နိုင်ငံတကာဈေးကွက် ကို ထိုးဖေါက် လို့ ရပြီပေါ့။
ငနုငယ် နင်ယောက်ျား မဟုတ်သလော ဆိုတဲ့ အခန်းက
ဇာတ်ရဲ့ အထွဋ် အထိပ် ဖြစ်ပလေ့စေနော်။
ဟေးဟေး။
စာမရေးတာ ကြာလို့ လျှောက်ရေးကြည့်တာပါဗျာ။
ချစ်ခင်လေးစား တဲ့…
ဘလက်ချော…။
22 comments
လုံမလေးမွန်မွန်
February 9, 2016 at 9:23 am
လဂွန်းအိမ် အကြောင်း ရိုက်ချင်ပါတယ်ဆို… 🙂
black chaw
February 9, 2016 at 9:37 am
@ လုံမလေး မွန်မွန် ;
လဂွန်းအိမ် အကြောင်းကတော့
ချစ်ဦးညိုရေးတဲ့ နှင်းကေသရာချစ်တဲ့ သူရဲကောင်း ဝတ္ထု ကိုသာ
ဖတ်ကြည့်လိုက်ပါ။
ရုပ်ရှင်သမားတွေ က ကျန်စစ်သား တို့ အနော်ရထာတို့လောက်မှာ
လှည့်ပတ်ရိုက်နေကြတာကိုလည်း အားမလို အားမရ ဖြစ်မိပါတယ်။
Troy ရုပ်ရှင်ကိုကြည့်တိုင်း
ငါတို့ မြန်မာရာဇဝင်မှာလည်း အာခိလိစ် လို သူရဲကောင်းတွေ
ရှိခဲ့တာပဲ လို့ မချင့်မရဲ တွေးမိပါတယ်။
လဂွန်းအိမ် ရဲ့ စရိုက်ဟာ အာခိလိစ် ရဲ့ စရိုက်မျိုးပါပဲ။
ဇာတ်လမ်းတွဲရိုက် ရင် ပို သင့်တော်မယ် ဗျ။
ပထမဆုံး ပေးတဲ့ ကွန်းမန့်လေး အတွက်
ကျေးဇူးပါ မွန်မွန် ရေ။
ချစ်ခင်လေးစားတဲ့
ဦးဘလက်…။
လုံမလေးမွန်မွန်
February 9, 2016 at 11:27 am
သမီးအကြိုက်ဆုံးဝတ္ထုက အဲဒီ နှင်းကေသရာချစ်တဲ့သူရဲကောင်း စာအုပ်ပါ.. အထပ်ထပ်အခါခါ ပြန်ဖတ်မိသလို.. ဖတ်မိတိုင်းလည်း ခံစားချက်က အသစ်အတိုင်းပဲ… ဇာတ်လမ်းတွဲ သိပ်ရိုက်ချင်တာ..
သူပြီးရင် အကြိုက်ဆုံးက ဆရာမခင်ခင်ထူးရဲ့ ဆူးပန်းခွေသွယ်ဘယက် နဲ့ ပေရွက်လိပ်နားတောင်းဆင်..
ဇာတ်လမ်းအနေနဲ့ ကောင်းကောင်းရိုက်ရင် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာမှာ..
ဦးဘလက် ရိုက်ပါလား..
black chaw
February 9, 2016 at 10:00 pm
@ လုံမလေး မွန်မွန် ;
ဦးဘလက် က စိတ်ကူးယဉ်
သမားပါကွယ်။
သင့်အေးရိပ်
February 9, 2016 at 12:55 pm
ဆိုင် မဆိုင် အသာထား.. ထင်ရာလေးတွေ ပြောသွားရရင်ဖြင့်…
.ပြာတာတာဇာတ်ဝင်ခန်းလေးတွေ ပါတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကို ရိုက်မယ်ဆိုလည်း..
နိုင်ငံခြားကားတွေထဲကလို…အကျီ င်္ချွတ်တဲ့အသံတို့… ခန်းဆီးစကို လေတိုးတဲ့အသံတို့…သက်ပြင်းရှိုက်သံတိုးတိုးညင်ညင်လေးတို့ကအစ… ပီပီပြင်ပြင် ကြားရ မြင်ရအောင်… ရိုက်သင့်တာပေါ့နော်…
အမှန်တော့… မြန်မာဇာတ်ကားတွေကို … အချစ်အကြောင်းမပါဘဲ….
တခြား အရေးကြီးတဲ့ကိစ္စတစ်ခုခု…
ဒါမှမဟုတ်… ထူးခြားချက်တစ်ခုခုကို ရိုက်ကူးစေချင်တာ…
ဥပမာ – avatar လို ဇာတ်ကားမျိုး…
သူ့ကျွန်မခံပြီ ဆိုတဲ့ ဇာတ်ကားကို ငယ်ငယ်က ကြည့်ဖူးတယ်..
.တော်တော် ချာတာပဲ…လို့…တွေးမိတာနဲ့ တပြိုင်နက်…
သူ့ကျွန်မခံပြီကိုပဲ…
.ဟောဒီဇာတ်ကားလို ခမ်းနားကြီးကျယ်စွာ ပြန် ရိုက်စေချင်လိုက်တာ…
https://www.youtube.com/watch?v=t-8YsulfxVI
black chaw
February 10, 2016 at 2:02 am
@ သင့်အေးရိပ် ;
ကျန်စစ်သားကို လုရိုက်နေကြတဲ့
မြန်မာ ရုပ်ရှင် လောက ကို
သရော်ချင်တာပါ ခင်ဗျာ။
ကွန်းမန် ့လေး ဝင်ရေးသွားတာ
ကျေးဇူးပါ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 9, 2016 at 1:58 pm
ငင်…
ငနုငယ် နေရာမှာ
များကိုရွေး များကိုရွေး
မိဖုရားကမေး
ငနုငယ် နင်ယောကျား ဟုတ်ဘူးလား
ဆိုတော့
များက ဂလိုဖြေမှာ
ငင်…
မာမီမွေးတုန်းကတော့ ယောက်ျားဘဲ
ခုတော့ အပုန်းဖြစ်နေတာ ကြာပေါ့
ဆိုတော့..
တချိန်လုံးကောင်းလာသမျှ ဇာတ်ကား
ကောင်းခန်းလဲရောက် မီးလဲပျက်
နာ့အူးလေးပရိတ်သတ်တွေ စိတ်ဆိုးလိုက်မဲ့အမျိုး
မချင့်မရဲဖြစ်ပြီး မင်းသားကို တုတ်လိုက်မဲ့အမျိုး
ဟီးဟီးဟီး
black chaw
February 10, 2016 at 2:10 am
@ ယမကာ ကျော်စွာ အူးမြောက်မြောက် ;
ဟာသ သမားက ဟာသ အတွေးပေါ့။
တစ်ကားလုံး ဟာသ အနေနဲ ့ ရိုက်ရင်တော့
နင် ရေးထားတာလေးက
အိုကေတယ်ဗျ။
ငနုငယ် နေရာ ဒိန်းဒေါင်
မိဖုရား နေရာ ကြူကြူသင်း
ဆို ဘယ်လိုနေမလဲ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
kai
February 9, 2016 at 5:51 pm
ပုဂံခေတ်ဇတ်လမ်းတော်တော်များများက.. စိန့်ပြည်ကဟာတွေကူးထားတာတွေပါသတဲ့…။
ဥပမာ.. ပုဂံဖျက်တဲ့..ကျားကြီး..ရှုးပျံကြီးတို့နဲ့.. ပန်းပဲမောင်တင့်တယ်ပေါ့..။
အဲ.. သူရှေ့က.. ၅၅ဝ နိပါတ်တော်ဆိုတာတွေကလည်း.. ရောမခေတ်ပုံပြင်တချီု့ကို.. ကော်ပီတဲ့…။
A History of Indian Literature, Maurice Winternitz, 1972 3 Volume set ထဲမှာရှင်းပြထားတယ်ဆိုပြီး ဖေ့စ်ဘုတ်မှာတွေ့သမို့.. ဝယ်မလို့.. ချိန်နေတာ… ၁အုပ်.. ၃-၄ဆယ်လောက်ရှိသမို့..
ဆိုတော့…
ဦးကုလားရာဇဝင်လည်း.. ရုပ်ရှင်ရိုက်ရင်သာကောင်းမှာ.. ကမ္ဘာဖြန့်လိုက်မှ.. ဟိုကဟာကြီးနဲ့ဆင်သလိုလို.. ဒီကဟာလေးနဲ့တူသလိုလိုတွေဖြစ်နေမလား…. လို့..။
အရေးတော့မကြီးပါဘူး.. ဇတ်လမ်းကောင်း.. ကိုယ့်သမိုင်းဖြစ်ချင်ဖြစ်သွားမပေါ့..။
ကျုပ်ကတော့.. ဒွေးမယ်နော်ဇတ်ကလေးရိုက်ချင်တာ…။ ရေကစားခန်းလေး… အမိအရနဲ့.. :k:
black chaw
February 10, 2016 at 2:19 am
@ kai ;
ဒီအတိုင်းလည်း
မြန်မာမှု ပြန်ပြုနေကျတာပဲ သူကြီးရာ။
မထူးလှပါဘူး။
အခု
ကျနော် ပြောတဲ့ဇာတ်ထဲမှာလည်း
သူခိုး ငတက်ပြား ဇာတ်ဝင်ခန်းတွေက
မြန်မာမှု ပြုထားတယ်လို ့
ထင်ချင်စရာ ကောင်းတာပါပဲ။
မြန်မာရုပ်ရှင် သမားတွေ
ဇာတ်ရွေး မပါးနပ် တာကို
လှောင်ပြောင် သရော်ချင်တာပါ ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဂျက်စပဲရိုး
February 10, 2016 at 8:02 am
ဟိုးအရင်က အဲ့ဒီ ဘုရင်မင်းခေါင် တို့ စစ်ပွဲ အကြောင်း ဗီဒီယို ရှိတာ မှတ်မိသဗျ။
သမိန်ဗရမ်း က စိုးသူ လား မသိဘူး။
ဟို တရုတ် စစ်သူကြီး နဲ့ စီးချင်းထိုးတော့ ဂျိုင်းကြား က သံချပ်ကာ အကွဲထဲကို လှံနဲ့ ပစ်သွားတာလေ။
အဲ့ဒီ ဇာတ်ကား တုန်းကလဲ သူတို့ စစ်တိုက်တာ ဒီ မန်ကျည်းတောလေးပဲ မြင်းလေးငါးဆယ်စီး လောက်နဲ့ ဖြတ်ဖြတ်ပြေးပြနေလို့
ဆရာချစ်ဦးညို ရေးတဲ့ သမိုင်းမတွင်ပေမယ့် သမိုင်း ဝင် နေမယ့် စကားများ ဆိုုတဲ့ စာအုပ် ၂ အုပ် ထဲကနေ ဇာတ်လမ်း ပြန်ယူရင်
ဇာတ်လမ်းတိုလေးတွေ အများကြီး ရလောက်သဗျ။
black chaw
February 10, 2016 at 10:14 am
@ ဂျက်စပဲရိုး ;
ဆရာချစ်ဦးညို စာအုပ်ဖတ်ဖူးတယ်ဗျ။
သမန်ဗရမ်း က စိုးသူ ဆိုတော့
ဟေးဟေး
သူ ့အရပ်နဲ ့ သူ ့ဇာတ်ပေါ့ဗျာ။
ကွန်းမန် ့ လေးအတွက် ကျေးဇူးပါ ကိုရင် ဂျက်။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
uncle gyi
February 10, 2016 at 9:51 am
မြန်မာဒါရိုက်တွေကဒါရိုက်ဟစ်ဖို့လောက်တွေးနေကြတာ
နောက်ရိုက်ပြီဆိုလဲ
ဒီအခန်းမပါမဖြစ်ဖူးလောက်ရိုက်တတ်တာလို့ပြောလဲနာကြအုန်းမှာ
ကိုဘလက်ဇာတ်လမ်းတွဲလောက်ဆိုဘယ်သူမှငွေကုန်ခံရိုက်မှာမဟုတ်လောက်
black chaw
February 10, 2016 at 10:23 am
@ uncle gyi ;
မြန်မာဇာတ်လမ်းတွဲတွေ
ရိုက်နေကြပါပြီ အန်ကယ်ကြီးရေ။
မောင်မျိုုးမင်း (ရင်တွင်းဖြစ်) တောင်
ဇာတ်လမ်းတွဲ စရိုက်နေပါပြီဗျာ။
ကံဆိုးတာတစ်ခုက
မြန်မာပရိသတ်တွေဟာ
ကမ္ဘာပေါ်မှာ
အအောင်မြင်ဆုံးလို ့ သတ်မှတ်လို ့ရတဲ့
ကိုရီးယားဇာတ်လမ်းတွဲတွေနဲ ့
အလွန်ရင်းနှီးပြီးဖြစ်နေတာပါပဲ။
ကိုရီးယားဇာတ်လမ်းတွဲတွေကို
ကျော်နိုင်ဖို ့ဆိုတာကတော့
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုတဲ့
ဆောင်ပုဒ်လိုပါပဲ ခင်ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ကိုပေါက်(မန္တလေး)
February 10, 2016 at 11:41 am
တကယ်ရိုက်သင့်တာက
နိုင်ဝင်းဆွေ ရေးတဲ့
မဟူရာမေတ္တာကိုရိုက်ရမှာ။
ပန်ထွာဘုရင်မအကြောင်းး။
တကယ့်ကိုစရိုက်စုံပါတဲ့ဇာတ်လမ်း
စစ်တိုက်တာလဲပါတယ်
လုံခြုံအောင်ကကာကွယ်တာလဲပါတယ်။
ဂမ္ဘီရတွေလဲပါမယ်
ဘုရင်မကိုဆေးကုပေးရင်း
ဖြစ်သွားတဲ့လပ်ဖ်ဆင်းလဲပါတယ်။
အဲ့ကားရိုက်ရင် ပညာပေးလေးလဲထည့်ရိုက်လို့ရတာကတော့
သူ့လုကိုယ့်ဘက်သားလုပ်ပြီး
ပြည်ပျက်အောင် ဖျက်သွားတဲ့
လူတစ်ယောက်ရဲ့စရိုက်ပေါ်အောင်
ရိုက်ပြရမယ်။
မိုက်မှမိုက်
black chaw
February 10, 2016 at 2:03 pm
@ ကိုပေါက် (မန္တလေး) ;
ထုံးစံအတိုင်းပေါ့ ကိုပေါက်ရေ။
ကျနော့်ပို ့စ်လေးမှာ
ကွန်းမန် ့ ဝင်ရေးသွားတာအတွက် ကျေးဇူးအထူးဗျ။
ကျန်တာကတော့
ပြောစရာသိတ်မရှိပါဘူးဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
လုံမလေးမွန်မွန်
February 10, 2016 at 11:56 am
တက္ကသိုလ်ဘုန်းနိုင်ရဲ့ လွမ်းတေးမဆုံးစေချင်စောသခင် ကိုလည်း ဇာတ်လမ်းရိုက်ရင် အတော်ကောင်းမယ်..
အရင်ကကျော်စွာဦးကြီးမိုက်
February 10, 2016 at 2:24 pm
.ဒီပို့စ်လေးဖွဘုတ်မှာတွေ့ကတည်းကသဘောကျနေတာဗျ
.ဆက်တင်အခမ်းအနားတွေတော့သရုပ်ပါအောင်လုပ်နိုင်မယ်မထင်ဘူး…
.ဒါကြောင့်ဗမာရာဇဝင်ကားတွေမအောင်မြင်တာပေါ့…
black chaw
February 10, 2016 at 4:17 pm
@ Kyee Mite ;
ကျေးဇူး ကိုမိုက်ရေ။
အပြင်မှာတွေ ့မှ အားရပါးရ ပြောမယ်ဗျာ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
naywoon ni
February 12, 2016 at 8:40 pm
ကိုဘလက်သာ ဒါရိုက်တာ လုပ်လိုက်ပါတော့ဗျာ သူကြီးကို ပရိုဂျူဆာ လုပ်ခိုင်း ရွာထဲက သူထိန်းတွေလည်း ရှယ်ယာဝင် မင်းသား မင်းသမီးကို အသစ်ချည့်တင် ဇာတ်ကား မဖြန့်ခင် ဘာကြော်ငြာမှ မရိုက်စေနဲ့ ကုန်းဘောင်ဆက်တစ်ခုလုံး ရိုက်ပြနိုင်ရင် ပိုကောင်းမယ် 🙂
ခင်ဇော်
February 21, 2016 at 8:12 pm
ဦးဘက်ကြီးဆီမှာ ဘာမဆို အနုပညာဆန်အောင် လုပ်နိုင်တဲ့ စိတ်ရှိသလို
ကိုယ့် ပရီဇန်တေးရှင်းကို လူစိတ်ဝင်စားအောင် လုပ်နိုင်တဲ့ အမြင်ရောရှိသဗျ။
ကိုယ်ပိုင် Broadcasting လေး လုပ်ဖြစ်ရင် လက်တွဲချင်တဲ့သူ စဉ်းစားလိုက်တော့ ဦးဘလက်ကြီးပဲ မြင်သဗျာ။
:chit:
အောင် မိုးသူ
February 23, 2016 at 10:11 am
တကယ်ရိုက်မယ်ဆို မြန်မာရာဇဝင်မှာ တကယ်ကော်ငးတဲ့ ရာဇဝင်တွေ တစ်ပုံကြီးနော်