သစ်ရွက်ဟောင်းရဲ့ ရာဇဝင်
ရာသီဥတုက ခုဆို အအေးပေါ့လာပြီ။ နေဝင်ချိန်တွေတောင် နောက်ကျနေပြီပေါ့။ နွေကို တဖြည်းဖြည်းကူးပြောင်းနေလေပြီ။ အိမ်ရှေ့က ဗန်ဒါပင်မှာတော့ သစ်ရွက်တွေဟာ အနီအဝါ အရောင်စုံနေပြီ။ ညနေခင်း နေကျချိန်မှာ မိုးကောင်ကင်က အနီအဝါရောင်စုံသမ်းပြီး ကောင်းကင်ကြီးက လှနေပြီ။ ကောင်းကင်ကြီးနဲ့အပြိုင်လှနေတာကတော့ ကိုယ့်အိမ်ရှေ့က ဗန်ဒါပင်ပေါ့။ ဒီလိုအချိန် ဒီအရောင်တွေနဲ့ ဒီသစ်ပင်ကို ကြည့်ရင်းစိတ်ထဲဖြစ်ပေါ်လာတာက ဒီလို လှပတဲ့ပြီးပြည့်စုံတဲ့ အလှတရားတွေကို မပျောက်ကွယ်သွားအောင် ဒီအချိန်လေးကို ရသမျှကြာအောင် အချိန်ဆွဲထားခြင်စိတ်တွေပေါ်လာတော့တယ်။ ဒါပေမယ့်လဲ နေညိုချိန်ကနေပြီးတော့ တဖြည်းဖြည်းနဲ့ နေဝင်သွားပါပြီပေါ့ကွယ်။
မနက်ခင်းမှာ နေခြည်နုနုရဲ့ အနွေးဓါတ်နဲ့အတူ ကိုယ့်ရဲ့ မနက်ခင်းက လှပစိုပြည်လာခဲ့တယ်။ ဒီမနက်လဲ ကိုယ့်ရဲ့ ဗန်ဒါပင်ကိုကြည့်ဖို့ အိမ်ရှေ့ကို ကော်ဖီတစ်ခွက်နဲ့အတူ ရောက်လာခဲ့ပြန်ပြီ။ အို ကိုယ့်ဗန်ဒါရွက်တွေ ဘယ်လိုဖြစ်သွားတာပါလိမ့်။ အပင်ရဲ့ ခြေရင်းမှာ လှပတဲ့ ဗန်ဒါရွက်တွေ ပြန့်ကျဲနေပါပေါ့လား။ ကိုယ်သိပ်နှစ်သက်တဲ့ အဝါရောင် အနီရောင် ရွက်လေးတွေ ပင်ခြေရင်းက မြေပေါ်မှာ ပြန့်ကျဲနေလိုက်တာကွယ်။ အို နောက်ထပ် ဘယ်လိုလူပါလိမ့်။ ကိုယ့်ရဲ့ ဗန်ဒါရွက်တွေကို လှဲနေပါ့လား။ ကိုယ့်သစ်ရွက်ကလေးတွေ ခုတော့ ဖုန်တွေထဲမှာ အလူးလူးနဲ့ပါ့လား။
ဟယ် ကော်ပြား ညစ်ပတ်ပတ်ကြီးထဲကို ထည့်လိုက်ပြန်ပြီ။ ဟော နောက်ထပ် အမှိုက်ပုံးထဲကို ထပ်ထည့်လိုက်ပြန်ပြီ။ ကုန်ပါပြီ ကိုယ့်ရဲ့ ဗန်ဒါရွက်လေးတွေ။ သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တော့ ကိုယ့်ဗန်ဒါရွက်တွေ တဖြည်းဖြည်းနဲပါးကုန်တာကို တွေ့လိုက်ရတော့ စိတ်ထဲဟာတာတာ ဖြစ်သွားပြီကွယ်။ ကိုယ် ငိုချင်စိတ်တွေတောင် ဖြစ်ပေါ့။ ဒီတစ်ပတ်အတွင်း ကိုယ့်ဗန်ဒါရွက်တွေ ကြွေသွားတော ခုဆို အပင်မှာ တော်တော်နည်းကုန်ပြီ။ တဖြည်းဖြည်းနဲ့ ကိုယ့်သစ်ရွက်တွေ ဗန်ဒါပင်ပေါ်မရှိတော့ဘူးကွယ်။ ကိုယ့်ရဲ့ ဒီညနေခင်းလေးကတော့ စိတ်အတော်မချမ်းမမြေ့ဖြစ်ရတယ်။ သိပ်နှစ်သက်တဲ့ ဗန်ဒါရွက်တွေ မရှိတော့တာ ကိုယ့်အတွက် ဝမ်းနည်းစရာဖြစ်ကုန်ပြီ။ ကိုယ်ဘယ်လို အိပ်ပျော်နိုင်ပါတော့မလဲကွယ်။
ဒီမနက်ခင်း ကိုယ်အိပ်ရာမထချင်ဘူးကွယ်။ ကိုယ့်ဗန်ဒါပင်ကို ကြည့်ပြီး ကိုယ်ဘယ်လိုစိတ်ချမ်းသာမလဲကွယ်။ ကိုယ်သိပ်နှစ်သက်တဲ့ သစ်ရွက်လေးတွေ မရှိတော့ဘူးလေ။ ကိုယ် တစ်ချက်တော့သွားကြည့်ရအုန်းမယ်။ နှုတ်ဆက်သလိုပေါ့။ သူလဲ သူ့သစ်ရွက်လေးတွေကို လွမ်းနေရှာမှာပါ။ အယ်… သစ်ပင်မှာ အဖူးသစ်လေးတွေတော့။ အစိမ်းရောင် နုနုလေးတွေတော့။ ချစ်စရာလေးတွေ။ ကိုယ်အခု နောက်ထပ် အလုပ်သစ်ရပြီ။ ဒီသစ်ရွက်နုလေးတွေ စောင့်ကြည့်ရမယ်။ သူတို့လေးတွေရဲ့ တဖြည်းဖြည်းကြီးလာပုံလေးတွေ ကိုယ့်အတွက် ပျော်စရာတစ်ခုပါပဲလား။ ဟော သစ်ရွက်လေးတွေ ပုံ ပီပီပြင်ပြင်ဖြစ်လာပြီ။ လှလိုက်တာကွယ် ကန်တော့အဖူးလေးတွေပုံဖြစ်နေတာ ချစ်ဖို့ကောင်းလိုက်တာ။ နွေနေကလဲ တော်တော်လေးပူပြင်းလာပြီ။ နေရတာ ပူနေပေမယ့် ဒီဗန်ဒါရွက်လေးတွေကို ကြည့်လိုက်ရင် စိတ်ကို အေးချမ်းသွားတာပါပဲ။ နွေ နေအပူရဲ့ အိုအေစစ်လေးပါပဲ။ နေပူထဲ ဆိုင်ကယ်မောင်း၊ ကားမောင်းပြီး ပြန်လာတဲ့အချိန် မျက်လုံးတွေ ပူနေချိန်မယ် ဒီဗန်ဒါရွက် နုလေးတွေကို ကြည့်လိုက်ရင် မျက်လုံးကိုအေးသွားတာပါပဲ။
ဒီနေ့တော့ ကိုယ်အချိန်လေးအားတာနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်မိသွားတာတစ်ခုကတော့..
ရော်ဝါရွက်ဝါတွေနဲ့ လှနေတဲ့ ဗန်ဒါပင်လေးကို ကြည့်ပြီး ရော်ရွက်ဝါတွေ ကုန်သွားတဲ့ ဗန်ဒါပင်လေးကို နှမျောနေတဲ့ကိုယ့်ရဲ့စိတ်။ နှမျောမိလို့ အိပ်မပျော်တဲ့ ကိုယ့်စိတ်လေး။
ဟော နောက်နေ့ကျတော့ ရွက်သစ်နုတွေဝေနေတဲ့ ဗန်ဒါပင်လေးကို ကြည့်ပြီး ပျော်သွားများ အချိန်တော်ကြာတဲ့အထိ ရော်ရွက်ဝါတွေကို မေ့သွားလိုက်တာ ခု ပြန်စဉ်းစားမိတော့ အားနာမိတဲ့ စိတ်လေးဖြစ်မိတယ်။ အပြောင်းအလဲမြန်တဲ့စိတ်ကို ဆန်းစစ်မိတော့ ကိုယ့်ကိုယ်ကို တောင်မယုံနိုင်မိဘူးပေါ့။
12 comments
ခင်ဇော်
March 17, 2016 at 8:01 am
မမြင်ဖူးပါဘူးလို့ ရာဇဝင်လိုက်ကြည့်လိုက်တော့ ၂၀၁ဝ ကတည်းက မဝင်ဖြစ်ပဲ ခုမှ ပြန်ဝင်လာတာကိုးး
ရေးတာလေးက ကောင်းတယ်။
စာပုဒ်လေးတွေ ခွဲရေးရင်တော့ ပိုဖတ်ကောင်းမယ်ထင်ရဲ့။
ဗာဒံ (ဗန်ဒါပင်လို့တော့ ခေါ်ကြတယ်)
သူ့ အသီးထဲက အစေ့ကို စားရင် စကားများတယ်လို့ ယူဆကြတာပဲ။
ကိုယ်ကတော့ အရွက်ကြွေချိန်ဆိုပျော်တယ်။
အသီးတွေလည်းခြောက်ပြီး ကြွေရင် ထုပြီး အထဲက အဆံထုတ်စားလို့ရတယ်လေ။
နောက်ပြီး ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာဆို ကောက်ညှင်းပေါင်းတို့ သင်္ဘောသီးသုပ်တို့က ဗာဒံရွက်နဲ့ ရောင်းတာ။
ရွက်စိမ်းဝေချိန်ဆို ဈေးသည်တွေ ပျော်ကြတယ်။
:mrgreenn:
သူ့အစိမ်းရောင်က နွေမှာ မြင်ရရင် သိပ်လတ်ဆတ်တဲ့ ခံစားချက်ကို ရတယ်။
သူ့ အပင်အရိုးပြိုင်းပြိုင်းမြင်ရရင် သစ်ရွက်ခြောက်ရှပ်တိုက်သံပါ တဆက်တည်း ကြားရရင်တော့ ငိုချင်ရီချင်ဖြစ်လာတာနဲ့ ဇီးယိုလေး ပြေးစားရတယ်။
:k:
Kaung Kin Pyar
March 17, 2016 at 10:49 am
မမဂျီး ..ဇီးယိုဆိုလို့ ..ဇီးယို စားချင်စိတ်တောင် ပေါက်လာပြီ… ဒီရာသီနဲ့ တည့်တယ်လေ… ဟီးးး
မြင်အစား ကြားအစားလဲ မရဝူး.. စိတ်က.. :k:
ဗာဒံလား ဗန်ဒါလား ဗန်နာလား…အဲ့လိုအခေါ်အဝေါ် အမြဲ ချာချာလည်ပြီး အလျဉ်းသင့်သလို ပါးစပ်ထဲတွေ့ရာတစ်ခုခု ခေါ်နေတဲ့ အပင်…၊ သူ့အရွက် ပြန့်ပြန့်ကြီးတွေကိုတော့ စိတ်ဝင်စားသား.. အိမ်မယ်တော့ အဲ့အပင် မရှိဘူးရယ်…။ သူ ကိုင်းကွေးတာတွေလဲလှပေမယ့်.. စိန်ပန်းအကွေးကို ပိုကြိုက်လို့ စိန်ပန်းပင်ပဲ စိုက်ထားတာ…။
ဒီရာသီမယ်တော့ သစ်ရွက်ကြွေချက်၊ လှဲမနိုင်ဘူးရယ်..
စာများများရေးပါ Rain Girl ရေ..
ခင်ဇော်
March 17, 2016 at 11:21 am
တချို့ကပြောတော့
ဗာဒံတို့ စိန်ပန်းတို့က အိမ်မှာ မစိုက်ကောင်းဘူးပြောတာပဲ။
ဟိ
:mrgreenn:
naywoon ni
March 21, 2016 at 10:56 pm
ခင်ဈော် ညည်းက ဗြဟ္မဏ လား ? မသိလို့မေးတာနော် စွတ်ပြောလိုက်ရင် သူဂျီး စည်းကမ်းချက်နဲ့ ညှိမှာစိုးလို့ 🙂
ခင်ဇော်
March 22, 2016 at 6:35 am
အေးဆိုု..!!!
ဟိုဘက် ဒီဘက် အဖိုးးအဖွား တွေ က ဗြန်မာဂျီးး ၄ ဦးးပါဆို..!!
ပြောထားတာကို ဥနီ ရယ် မှတ်မထားး ဘူးးး တော့ ..!!
???
Kaung Kin Pyar
March 17, 2016 at 11:27 am
အိမ်မှာရယ်တော့ မဟွတ်ဘူး.. အိမ်ပေါ်ကို တက်တဲ့ လမ်းလေးဘေးမှာ..။ ကိုယ်ပြန်လာတဲ့အချိန် သူ့အကိုင်းမိုးတာ သဘောကျလို့… (အဟေးးးးး အသက်သာကြီးတာ ဒါမိုးကလဲ တချက်တချက် ဖောက်တယ်…ဟီးးး)
စမီးတော့ သစ်ရွက်ကြွေပေါ် တက်ရပ်ပြီး.. ဒါတ်ပုံရိုက်ဖို့ချောင်းနေတာ…။ ဒီတစ်ရာသီပဲ ရတဲ့ဗျူးလေ နော်…. :k: ။ ခပ်လှမ်းလှမ်းအပင်ပေါ်တက်ပြီး စွန့်စားရဲလောက်တဲ့ ကံဆိုးသူ မပေါ်သေးလို့.. ဟီးးးး
ခင်ဇော်
March 17, 2016 at 11:36 am
စိန်ပန်းကြွေတွေ အနီရောင်ကြားမှာ အဝါတောက်တောက်လေး ဒါမှမဟုတ် အဖြူစွတ်စွတ်လေး ဝတ်ရိုက်။
ကံဆိုးသူ မောင်ရှင်ကတော့ အပင်ပေါ်တက်ရလိမ့်မယ်။
အဟီးဟီးးး
Rain girl
March 17, 2016 at 11:59 am
ဗာဒံပင်က ရ ဆင့် ထိတောင်မရှိရဘူးလို့တော့ကြားဖူးတယ်။ ရဆင့်ပြည့်ရင် အိမ်ကလူထွက်တတ်တယ်တဲ့။ ဟုတ်မဟုတ်တော့မသိဘူး။ ကြားဖူးတာလေးပြောပြတာ။ ဒီအချိန်လေး ဗာဒံရွက်စိမ်းလေးတွေကို ကြည့်ရတာတော့ သဘောကျတယ်ဗျာ။ စိန်ပန်းပင်တော့ နွေနေအပူမှာမကြည့်ရဲဘူး။ မျက်စိကျိန်းတတ်တယ်လို့ ကြားဖူးလို့။ ဟုတ်မဟုတ်မသိပါဘူးဗျာ။ ကြားဖူးနားဝလေးတွေကို ပြန်ရှယ်တာပါ။ စိန်ပန်းကြွေတွေပေါ်မှာ ဓါတ်ပုံရိုက်ရတာတော့ သဘောကျသဗျို့။ 🙂 🙂
အရင်ကကျော်စွာဦးကြီးမိုက်
March 18, 2016 at 11:08 am
.စာရေးကောင်းသဗျာ
Thint Aye Yeik
March 18, 2016 at 12:41 pm
ဗာဒံ (သို့မှုန့်) ဗန်ဒါပင်တွေ မြင်ရင်….
ငယ်ငယ်က … ကောက်ညှင်းပေါင်း ဝယ်စားတဲ့အခါ…အဲ့အရွက်နဲ့ ထုပ်ပေးတာကို သတိရ
ဘာလိုလိုနဲ့… ကျနော်လည်း စိတ်ကူးယဉ် ဆန်တဲ့ အတွေးတွေထက်…
အရသာ တကယ်ရှိတဲ့ အရသာတွေဘက်ပဲ…စိတ်ကရောက်..
:k:
ဦးကြောင်ကြီး
March 20, 2016 at 9:37 am
ရိမ်းဂဲလ်
သိမ်းဆည်း
ယိမ်းဝဲ
မိန်းထဲ…
uncle gyi
March 21, 2016 at 3:45 pm
ငယ်တုန်းကလမ်းထဲကဗန်ဒံပင်အောက်ဗန်ဒံစေ့ကောက်ဂဲနဲ့ထုစားကောင်းမှကောင်း
အခုတော့လမ်းထဲလဲဘာအပင်မှမရှိတော့