Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညလယ်ပိုင်း အစီအစဉ် (Midnight FM)

Midnight FM (2010 Korea Film)

midnight-fm-sim-ya-eui-fm.14010

 

အချို့ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကျွန်တော်တို့ဟာ လျစ်လှူ ရှုမိခဲ့ကြသလိုမျိုး ဖြစ်တတ်ပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်ကားဆိုရင်လည်း 2010ခုနှစ်က ကိုရီးယား သည်းထိတ်ရင်ဖို့ ၊ အက်ရှင် အမျိုးအစား တစ်ခုပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တဖိုဖို ဆွဲဆောင်လွန်းတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ချွဲဆွန်ယောင်း ဟာ ရေဒီယို ညလယ်ပိုင်း အစီအစဉ်ရဲ့ အနောင်ဇာ တစ်ယောက်ဖြစ်ပါတယ်။ သူမမှာ ညီမတစ်ဦးရှိပြီး ဆွံ့အနေတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူမ ညီမဖြစ်သူမှာလည်း သူမရဲ့ သမီးနဲ့ ရွယ်တူ သမီးလေးတစ်ယောက်ရှိပါတယ်။MidnightFM-019

တစ်နေ့မှာတော့ သူမဟာ သူမအလုပ်ကနေ အနားယူပြီး ပညာတော်သင် သွားဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူမရဲ့ ရေဒီယို ညလယ်ပိုင်း အစီအစဉ် နောက်ဆုံးဖျော်ဖြေရမယ့် ရက်အရောက် သူမအလုပ်မှာ ရှိနေချိန်မှာပဲ သူမရဲ့နေအိမ်ကို လူတစ်ယောက် ရောက်လာပြီး သူမရဲ့ ညီမဖြစ်သူကို နှိပ်စက်ကာ ကြိုးတုပ်ပါတော့တယ်။

အဲ့သည်အဖြစ်အပျက်ကို မြင်သွားတဲ့သူကတော့ သူမရဲ့ သမီးဖြစ်သူ ဆွံ့အနေတဲ့ ကလေးမလေးပါ။ သူမ ညီမရဲ့ သမီးဖြစ်သူကတော့ အိပ်ယာပေါ်မှာ အိပ်ပျော်နေဆဲပါ။ လူသတ်သမားဟာ သူမဆီကို ဗွီဒီယိုကော ခေါ်ကာ သူလိုချင်တဲ့ ရေဒီယို အစီအစဉ်ဖွင့်ပေးဖို့ ချိန်းခြောက်ပါတော့တယ်။

55349285-1293899709-Midnight-FM-03

မြန်မာပြည်ပရိတ်သတ်ကတော့ သူမကို ဆိုအေး ဆိုတဲ့ ဇာတ်ရုပ်နဲ့ လူသိများကြမှာပါ။ သရုပ်ဆောင်တဲ့သူမရယ် ၊ ဆွံ့အနားမကြားဖြစ်နေတဲ့ သူမရဲ့ သမီးလေးနေရာမှာ သရုပ်ဆောင်တဲ့ ကလေးမလေးရယ်။ လူသတ်သမားအဖြစ်သရုပ်ဆောင်တဲ့ ဇာတ်ဆောင်တွေဟာ အရမ်းကို ကောင်းလွန်းတာကြောင့် ဇာတ်လမ်း စ ၊ လယ် ၊ ဆုံး ရင်တမမနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားမယ် ဇာတ်ကားကောင်းမို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်

အောင်မိုးသူ

13 comments

    • အောင် မိုးသူ

      June 16, 2016 at 9:31 am

      happy ending လို့ ပြောလို့ရပါတယ်။ အချိန်ကုန်ရကျိုး နပ်ပါတယ် ကြည့်ကြည့်ပါ။

  • Tawwin Pan

    June 15, 2016 at 5:52 pm

    ကြည့်ချင်လိုက်တာ……..လင့်ရရင်ပေးပါလား……

  • Foolish Girl

    June 16, 2016 at 2:14 pm

    အညွှန်းကောင်းတော့ ကြည့်ချင်သွားပြီ
    ဒီကလည်း ဇာတ်ကားတွေသိပ်မကြည့်ဘူးဆိုတော့ 😀 (မိုးလင်းပေါက်ပဲ တစ်ကားပြီးတစ်ကားထိုင်ကြည့်တတ်တာ)

  • Thint Aye Yeik

    June 16, 2016 at 5:34 pm

    .အခုပဲ ရုံးခန်းထဲမှာ ထိုင်ကြည့်နေတာ။ အလုပ်က အဲ့လိုများတာ။တနေ့တနေ့ အားအားယားယား နေပြီး လစာက လကုန်ရင်အဆင်သင့်။ :k:

    . ကြည့် ပြီးပါပေါ့။
    တကယ်ပဲ ဇာတ်ရှိန် တဆင့်ပြီးတဆင့် မြင့်သွားတဲ့နောက်ကို ကြည့်သူပါ ပါသွားပြီး ရင်တမမ. . .

    စကားမပြောတတ်တဲ့ ကလေးမလေး ပုန်းတာကို လူဆိုးက လိုက်ရှာတဲ့အခန်းတွေက တွေ့များတွေ့သွားမလားဆိုပြီး ကြည့်တဲ့သူ ရင်ထိတ်လာအောင် ရိုက်ပြနိုင်တာကို သဘောကျ။

    .နောက်ဆုံး ရောက်ခါနီး လူဆိုးကားကို ကလေးအမေက လိုက်. . .
    ကလေးအမေ ကားနောက်ကနေ . . .(သူတို့ဆိုင်ကယ်တွေကို ကလေးအမေက ဖြတ်တိုက်ခဲ့လို့)ဒေါသထွက်နေတဲ့ ဆိုင်ကယ်အုပ်ကြီးကလိုက်. . .
    အဲ့နောက်ကမှ ရဲကားကလိုက်. . .
    တပြိုင်နက်တည်းမှာပဲ အဲ့ဒီ အဖြစ်အပျက်တွေက ညလယ်ပိုင်းအစီအစဉ်အဖြစ် လေလှိုင်းပေါ်ကနေ လွင့်နေ. . .
    နားထောင်နေတဲ့သူတွေခမျာ ကားတိုက်သံတွေရောာာာ လူဆိုးနဲ့ကလေးအမေ အပြန်အလှန်ပြောနေတဲ့အသံတွေရော ကြားနေရ. . .

    အဲ့ဒီအခန်းက ကြည့်ရတာ ဇာတ်ရှိန်အမြင့်ဆုံးလို့ ထင်တာ

    ဒါမယ့် အဲ့ထက် ဇာတ်ရှိန်မြင့်တာက ထပ် လာသေးတယ်။
    လူဆိုးကို ဖမ်းကြတဲ့အခန်းးးးးး

    • အောင် မိုးသူ

      June 17, 2016 at 8:53 am

      ဇာတ်လမ်းကို ရောသွားအောင် အရှိန်မြင့်လိုက်တာကိုကြိုက်တာ ဘာမှမဟုတ်တဲ့ ဆိုင်ကယ်သမားတွေကပါ ပါလာတာအဆုံး မင်းသမီးက မထင်မှတ်တာတွေ လုပ်လုပ်ပြသွားတာကအစ။

  • ခင်ဇော်

    June 17, 2016 at 9:36 am

    ကြည့်မယ် ကြည့်မယ်။
    ဒရမ်မာတွေထဲက အရင် ရုန်းထွက်လိုက်အူးမယ်

    :k:

  • ဝင့်ပြုံးမြင့်

    June 18, 2016 at 2:30 pm

    အင်း အချိန်ရရင် ကြည့်ဦးမှ။

  • ဟေသီ

    June 18, 2016 at 10:45 pm

    အညွှန်းနဲ့ မှတ်ချက် ပေါင်းပြီး ဖတ်လိုက်တော့ ကြည့်ချင်သွားပြီ ဗျို့

  • Foolish Girl

    August 29, 2016 at 5:21 pm

    ကြည့်ပြီးပြီ မြန်မာစာတမ်းရော အင်္ဂလိပ်စာတန်းရောမထိုးဆိုတော့ နားမလည်ဘူး 🙁
    ဒါပေမယ့် ကြည့်လို့တော့ကောင်းတယ် သဲထိတ်ရင်ဖိုပဲ

Leave a Reply