Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း ( Dual Citizenship ) – ဇူလိုင် ၂၀၁၆

kaiJune 20, 20161min111918

“နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။”
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း(၁) ပုဒ်မ ၁၃ တွင်ဤသို့ဆိုထားသည်။
မဆလ လက်ထက်ကပြုစုခဲ့၍ နဝတ၊နအဖလက်ထက်က အကြိမ်ကြိမ်ဖြည့်စွက် ပြင်ဆင်ထားခဲ့သော အဆိုပါဥပဒေသည်မြန်မာ့အခြေခံဥပဒေကားမဟုတ်။ သို့ဆိုသော် ပြည်ထောင်စုလွှတ်တော်၏ ၅၀%+၁နှင့်ပင်ပြင်နိုင်သောဥပဒေဖြစ်နေကာ လူထုရွေးကောက်ထားသော လွှတ်တော်နှင့်အစိုးရအနေဖြင့် ၂၁ရာစုနှင့်လိုက်လျှောညီထွေဖြစ်ရန်ပြင်ဆင်ပေးရမည့် သမိုင်းပေးတာဝန်ရှိသည်ဟုဆိုပါမည်။

ဦးနေဝင်း၏ဥပဒေ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကျွမ်းကျင်သူဥပဒေပညာရှင်ဆိုသူများက ဦးနေဝင်း၏တိုက်ရိုက်ကြီးကြပ်မှုဖြင့် လူဦးရေ သန်း၁၂၀ဝကျော်စီရှိသော ချိုင်းနားပြည်နှင့် အိနိ္ဒယနိုင်ငံ၊ လူဦးရေ သန်း၁၆ဝရှိသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ လူဦးရေ ၆ရသန်းရှိသော ထိုင်းနိုင်ငံ စသည့်အိမ်နီးချင်းနိုင်ငံများနှင့် ကပ်လျက်တည်ရှိနေရသော (နှစ်၁၀၀ဝမျှသက်တန်းရှိမြန်မာ့အင်ပါယာ)နိုင်ငံတော်အားနိုင်ငံခြားသားများ၏ ဝါးမျိုခြင်းမခံရအောင်၊ လူမျိုးမပျောက်အောင် အမျိုးသားလုံခြုံရေးရှူထောင့်မှကြည့်၍ စီစဉ်ရေးဆွဲခဲ့သည်ဆိုပါသည်။
အဆိုပါဥပဒေတွင် တိုင်းရင်းသား၊နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားဟူ၍ အဆင့်အတန်း များခွဲခြားထားကာ Divide and rule လုပ်ထားသည်။
ဥပဒေအရ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်လုံးဝပေးမထား၊ ပုဒ်မ (၇၂) အရ မည်သည့် နိုင်ငံခြားသားမျှ “နိုင်ငံသားပြုခွင့်ရရန်” လျှောက်ထားခွင့်မရှိစေရဟု ပြဋ္ဌန်းထားလေသည်။

မဟာမြန်မာရွေ့ပြောင်းမှု

တကယ့်လက်တွေ့ဖြစ်ရပ်များအရမူ ၁၉၆၂ ဦးနေဝင်းအာဏာသိမ်းကာ တော်လှန်ရေးကောင်စီဖြင့်အုပ်ချုပ်ချိန်မှစ၍ မြန်မာတို့ အဖတိုင်းပြည်မှထွက်ပြေးခဲ့ကြရသည်။ ၁၉၈၈ နောက်ပိုင်းတွင်ကား မဟာမြန်မာရွေ့ပြောင်းမှုကြီးသာတည်း။ သမိုင်းတွင်မရှိဖူးသောအရေအတွက်ဖြင့် မြန်မာများ၏ တိုင်းပြည်ပြင်ပသို့ ပြောင်းခိုအလုပ်လုပ်ကြ၊ပြေးကြရသည်။
ယခုလတွင်း ထိုင်းနိုင်ငံထုတ် Nation သတင်းစာ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာ ၄.၅သန်းပြောင်းရွေ့ခိုလှုံအလုပ်လုပ်နေသည်ဆိုပါသည်။
ချိုင်းနားပြည်တွင် ကချင်၊ရှမ်း၊၀၊ကိုးကန့် တိုင်းရင်းသားများအပါဝင် မြန်မာတို့ အလုပ်ဝင်လုပ်ပြောင်းရွေ့ခိုလှုံနေသူ  သန်းဂဏန်းရှိသည်။
အိန္ဒိယပြည်၏ ပြည်နယ်တခုဖြစ်သော မိဇိုရမ်ပြည်နယ်နေ ချင်းတိုင်းရင်းသားမျိုးနွယ်နှင့် အဆက်အနွယ်များ၊ နာဂတောင်တန်းသားများထည့်တွက်တွေးလျှင် ပြောင်းခိုလှုံနေသူသိန်းဂဏန်းမက ရှိနေလိမ့်မည်။
မလေးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ဥရောပနိုင်ငံများနှင့် အမေရိကပြည်ထောင်စုများတွင်လည်း မြန်မာဦးရေ သန်းဂဏန်းတို့ ရောက်ရှိနေထိုင်နေကြပြီ၊ ၁၉၆၂မှတွက်လျှင် ထွက်ပြေးရသက်တမ်းရာစုနှစ်တဝက်ကျော်ရှိသဖြင့် မြန်မာဇာတိနွယ်တတိယမျိုးဆက်သို့ပင် စတင်ဝင်ရောက်နေကြပေပြီ၊ နိုင်ငံခြားသားအဝင်မခံနိုင်ဟူ၍ တင်းကြပ်သော နိုင်ငံသားဥပဒေပြဌာန်းထားခဲ့သော မြန်မာနိုင်ငံသည်နိုင်ငံသား(တိုင်းရင်းသား)များ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထွက်ခွာအပြေးရဆုံး တနိုင်ငံဖြစ်လာကာ ကျွမ်းကျင်အလုပ်သမားရှားပါးသည့် နိုင်ငံ၊ သယံဇာတတို့ ပြုန်းတီးကုန်ခမ်းလာသည့်နိုင်ငံ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုအများဆုံးတနိုင်ငံအဖြစ်သို့ ရောက်မှန်းမသိရောက်ခဲ့ပါလေပြီ။

အလုပ်သမားလော/ကျွန်လော

မြန်မာ့လူဦးရေ ၅၃သန်းကျော်ဟူသည် တိုင်းပြည်အကျယ် စတုရန်းမိုင် ၂သိန်း၆သောင်းကျော်နှင့်နှိုင်းသော်ဘေးအိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်သော် ကျဲလွန်း၊နည်းလွန်း၏။ ထိုအခြေအနေတွင် မြေပေါ်မြေအောက် သယံဇာတတို့ကိုထုတ်သုံးရပ်တည်နေရသောနိုင်ငံဖြစ်ပေရာ လူထုအင်အား၊ အဖိုးတန်လုပ်အားတို့အား တခြားနိုင်ငံများသို့ ပေးဆပ်နေခြင်းနှင့်သာရှိရပေသည်။
မြန်မာများက မြန်မာ့ထွက်ကုန်ကြမ်း စသည့်များဖြင့်ပင် တဖက်နိုင်ငံများ၌သွားရောက်အလုပ်လုပ်ကြရင်း ကုန်ချောပြုကာမြန်မာပြည်တွင်း ပြန်သွင်းရောင်းချနေရသော အခြေအနေတွင်လည်းရှိနေခြင်းတည်း။ လူကုန်ကူးခံရ၊ လိင်အလုပ်သမဖြစ်ခံရ၊ ဥပဒေစောင့်ရှောက်မှုမရှိ ပင်လယ်တံငါလှေများတွင် လစာမရရိုက်နှက်ခံအလုပ်လုပ်ရနှင့်ရှိကြ၏။ တနည်းအားဖြင့်ခေတ်သစ်ကျေးကျွန်ဖြစ်ခံနေရခြင်းသာတည်း။

Dual Citizenship ပူးတွဲနိုင်ငံသား

Dual Citizenship ဆိုသည်အဘယ်နည်း၊
Dual Citizenship ဆိုသည်မှာ တိုတိုလွယ်လွယ်ဆိုရလျှင် နိုင်ငံ ၂နိုင်ငံ၏ နိုင်ငံသား၂ခုကိုကိုင်ထားသူကိုဆိုပါသည်။
ဤကမ္ဘာတွင်နိုင်ငံသား၂ခု ကိုင်ခွင့်ပြုထားသော နိုင်ငံပေါင်း ၈၉နိုင်ငံရှိကာ အာစီယံ (အရှေ့တောင်အာရှနိုင်ငံ)များထဲတွင် ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နှင့် ဖိလင်ပိုင်နိုင်ငံတို့သည် ပူးတွဲနိုင်ငံသားစနစ်ကို ဥပဒေအရအသိအမှတ်ပြုထားသည်။
စင်္ကာပူနိုင်ငံသည်လည်း စင်္ကာပူနိုင်ငံပြည်ပတွင်မွေးဖွား၍ မွေးရာပါနိုင်ငံသား အလိုအလျှောက်ဖြစ်သွားသော စင်္ကာပူနိုင်ငံသားမိဘ၂ပါးမှမွေးဖွားသူကလေးငယ်အား ထိုကလေးငယ်မွေးဖွားရာနိုင်ငံ၏မူလ နိုင်ငံသားဖြစ်နေမှုအားအသိအမှတ်ပြုလျှက် Dual Citizenship ကို အသက် ၂၂ မတိုင်မှီအထိခွင့်ပြုထားသည်။
စင်္ကာပူကဲ့သို့နိုင်ငံတွင် သူ၏လူမျိုးပညာတတ် ၂သိန်းကျော် နိုင်ငံပြင်ပတွင်နေထိုင်လျှက်ရှိကြသည်။ ထိုသူများထဲမှနှစ်စဉ် စင်္ကာပူလူမျိုး ၁၀၀ဝခန့်သည် ဆိုင်ရာနေထိုင်နေသော နိုင်ငံသားများအဖြစ်ခံယူသွားလျှက်ရှိနေသဖြင့် ဦးနှောက်ယိုစီးမှုဖြစ်သည်ဆိုကာပူးတွဲနိုင်ငံသားစနစ်ကို စဉ်းစားနေသည်ဟု တွေ့ရပါသည်။
လူဦးရေ ၅.၆သန်းမျှသာရှိသော ဒိန်းမတ်နိုင်ငံသည်လည်း ထိုနည်းတူစွာပင် နိုင်ငံသား ၂သန်းခွဲမျှပြင်ပနိုင်ငံခြားပြည်များတွင်နေထိုင်လျှက်ရှိကြရာ ထိုသူများအား Dual Citizenship ပေးခြင်းဖြင့် ပြန်လည်ဆွဲဆောင်ခြင်းပြုခဲ့ရပေသည်။

မြေးရွှေအိုးထမ်း

တိုင်းပြည်ကောင်းတခုကို နိုင်ငံသားကောင်းများနှင့်(သာ)တည်ဆောက်နိုင်ပါသည်။ ပူးတွဲနိုင်ငံသား ခွင့်ပြုခြင်းသည် ဆုံးရှုံးသွားသော ဆုံးရှုံးနေသော မြန်မာလူမျိုးစစ်စစ်၏ လူဦးရေပြန်ရလိမ့်မည်။ ထိုသူများသည် မွေးရာပါ မြန်မာလူမျိုးစစ်စစ် National များသာတည်း။
လူမျိုးဖြစ်တည်မှုဟူသည် မွေးရာပါအခွင့်အရေးဖြစ်၍ မည်သို့မျှဖျောက်ဖျက်၍မရ၊ နိုင်ငံသားဖြစ်မှု Citizenship ကိုသာ ဥပဒေကြောင်းအရ စနစ်တကျပယ်ဖျက်၍ရ၏။  နိုင်ငံတခု၏ နိုင်ငံသားဖြစ်ခြင်းဟူသည် ဥပဒေကြောင်းအရ စာတရွက် ကဒ်တခုမျှသာဖြစ်စေသည်မဟုတ် လူတယောက်နှင့် သူ့မျိုးဆက်အတွက်၊ ထိုသူ့အား အသိအမှတ်ပြုလိုက်သည့် မိခင်၊ဖခင်နိုင်ငံအပေါ် သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု၊ တာဝန်ယူမှုများလည်းဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ မဖြစ်လည်း ဖြစ်စေရန် စနစ်၊ဥပဒေတို့ဖြင့် ပြင်လုပ်၍ရသည်။
အပိုဆု ရွှေအိုးအနေဖြင့် ထိုထိုသူများသည် အထူးလေ့ကျင့်ပြီးသော ကျွမ်းကျင်လုပ်သားများနှင့် မိမိစရိပ်နှင့်မိမိပညာသင်ကြားထားလျှက် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ အဆက်အသွယ်၊ ကြွယ်ဝချမ်းသာမှု ၊ ရင်းနှီးမြှုတ်နှံမှုတို့ယူလာသူများဖြစ်အံ့တည်း။ မြန်မာပြည်ကဲ့သို့ ပြန်လည်ထူထောင်ရမည့် ဆင်းရဲခဲ့သောနိုင်ငံတခုအတွက်အရှုံးရယ်ကားမရှိ။

အဖမြန်မာနိုင်ငံတော်

တိုင်းပြည်၂ပြည်၏ ပူးတွဲနိုင်ငံသားသည် အဆိုပါတိုင်းပြည်တို့အား မိနှင့်ဖသဖွယ် တွေးသည်။ မြန်မာ-အမေရိကန်များအတွက်မူကား အမိမြေသည် အမေရိကားဖြစ်လျှင် အဖပြည်သည် မြန်မာပြည်ဖြစ်ရလိမ့်မည်။
အမေရိကားသို့ လာရောက်အခြေချသူတိုင်း အမေရိကန်လူမျိုးတန်းမဖြစ်၊ ဆိုင်ရာရင်းနှီးမြုတ်နှံထားမှုများရှိကြသည်။ အနည်ဆုံး PRခေါ်သော ဂရင်းကတ်နှင့် နိုင်ငံသားဖြစ်သည်အထိ၅နှစ် (အိမ်ထောင်ဖက်မှတဆင့်ဆိုလျှင် ၃နှစ်)ရင်းကြရသည်။ ထို့နောက်မှ အမေရိကန်အဖြစ် နိုင်ငံသားလျှောက်ခွင့်ရပါသည်။ နိုင်ငံသားမဖြစ်ခင် အမြဲတန်းနေခွင့်ရ အခြေအနေတွင်ပင် လူမှုဖူလုံရေး၊ ကျမ်းမာရေး၊ အာမခံ၊ ကားဝယ်၊ အိမ်ဝယ်၊မြေဝယ်၊ ပင်စင်၊ စတော့ရှယ်ယာဈေးကွက်စသည်တို့တွင်ငွေကြေးများစုဆောင်းရင်းနှီးမြုတ်နှံထားနေရပေပြီ။ နိုင်ငံအားအခွန်ငွေဆောင်ထားပြီးလေပြီ၊ ဆိုင်ရာ အကြွေးရာဇဝင်( Credit History) ပြုစုထားရ၍ မိမိဆိုင်ရာ သတ်မှတ် Credit Score လည်းရပေပြီ။ ထိုသို့အချိန်နှင့်ရင်းရသည်များကြောင့် အမေရိကန်တဦးသည် ငွေကြေးဖြင့်စက်ကြည့်လျှင် ကမ္ဘာတွင်တန်ဖိုးအရှိဆုံးနိုင်ငံသားများဖြစ်နေကြခြင်းသာတည်း၊ အနှစ်၃ဝ လုပ်သက်ရှိပြီးသူ အမေရိကန်တဦးအတွက် တိုင်းပြည်တွင်း၌ရင်းနှီးမြုတ်နှံထားပြီးသည့်ငွေ/အခွင့်အရေးပမာဏမှာ သန်းချီနေပြီဖြစ်ပါသတည်း။ စနစ်အရ အမေရိကန်အဖြစ်ကို စွန့်လွှတ်ခြင်းပြုရခက်ရန် ထားသောအခြေအနေတည်း။ ထိုထိုအခြေအနေတို့ကို စွန့်၍ အခြားတပါးနိုင်ငံသို့ ထွက်ခွာပြေးပါရန် မည်သည်ကဆွဲဆောင်ပေးနိုင်ပါမည်နည်း၊
နိုင်ငံသားသက်ကြီးလေ တန်ဖိုးကြီးလေဖြစ်နေသော ထိုထိုပုဂ္ဂိုလ်တို့အား အဖမြန်မာပြည်မှဆွဲဆောင်ခေါ်နိုင်ရန်မှာ ပူးတွဲနိုင်ငံသားပေးခြင်းနည်းလမ်းတမျိုးသာရှိသည်ဟု ဆိုလိုရင်းဖြစ်သည်။ အဆိုပါတင်ပြခဲ့ပြီသောအခြေအနေတို့သည် ဖွံ့ဖြိုးပြီးနိုင်ငံများနေ ဆိုင်ရာနိုင်ငံသားတိုင်းအတွက် များစွာကွာခြားမည်မထင်…။

နိုင်ငံရေးသမား

ယခုခေတ်၏ ယူအက်စ်သမ္မတလောင်းရွေးကောက်ပွဲများမှာ နိုင်ငံသားဖြစ်တည်မှုအခြေခံ မေးခွန်းများလှသည်။ အိုဘားမား၏ အမေရိကန်မဟုတ်သောဖခင်၏သားအနေဖြင့် အမေရိကန်စစ်စစ်ဟုတ်/မဟုတ်၊ ဂျွန်မက်ကိန်း၏ ပနားမားစစ်အခြေစိုက်စခန်းတွင်းမွေးဖွားသူအနေဖြင့် အမေရိကန်စစ်စစ်ဟုတ်/မဟုတ်။ ဘန်နီစင်ဒါ၏ အစ္စရေးနိုင်ငံသားခံယူထားခြင်းရှိ/မရှိ၊ ကနေဒါနိုင်ငံတွင်မွေးဖွားသူ တက်ဒ်ခရုစ်၏ ပူးတွဲနိုင်ငံသားဖြစ်တည်မှု စသဖြင့်လူထုထံမှမေးခွန်းစုံလှချေသည်။
နိုင်ငံတနိုင်ငံ၏ အမြင့်ဆုံးအဆင့်အုပ်ချုပ်သူဖြစ်လာမည့်သူတို့ကို အဆိုပါနိုင်ငံသားတို့က ၂နိုင်ငံသားခံယူထားခြင်းရှိမရှိ မေးခွန်းထုတ်ခြင်းမှာသင့်လျှော်ပါ၏။ Dual Citizenship သမားများကို တိုင်းပြည်၏ နိုင်ငံရေးရာထူးမြင့်များ၊ လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ခြင်းမခံနိုင်အောင် ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတို့ဖြင့် တားဆီးနိုင်ပါသည်.။
တိုင်းပြည်တပြည်တွင် နှစ်ရှည်အမြဲတန်းနေထိုင်သူသည်(သာ) ထိုထိုတိုင်းပြည်၏ အကြောင်းကို ခရေစေ့တွင်းကျသိမည်မဟုတ်ပါလော။

Win-Win အများနိုင်

မြန်မာလူမျိုးတို့သည် ကမ္ဘာ့ရေးရာတို့တွင်အစဉ်ထိပ်တန်းမှ သိရောက်လှုပ်ရှားမှုရှိကြသည်။ လက်ဝဲအာဏာရှင်စနစ်ကိုဖယ်ခိုင်း၍ ဒီမိုကရေစီရေးတောင်းဆိုမှုကိုလည်း ၁၉၈၈ မှစခဲ့ကာ ကမ္ဘာအစောဆုံး တနိုင်ငံဖြစ်ခဲ့သည်။ စစ်အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းရာတွင်လည်း အချောမွေ့ဆုံးအားဖြင့် စံပြလုပ်နိုင်ခဲ့သည်။
ယခု  ၂၁ရာစု၏ နိုင်ငံသားအဓိပ္ပါယ်သမိုင်းပြင်ချိန်ရောက်ပါပြီ။ မကြာမှီ ကမ္ဘာနိုင်ငံများကျင့်သုံးဆွဲခေါ်လုကြမည်ဖြစ်သော ပညာတတ်လုပ်သားကောင်းများကို ယခုကတည်းက ကြိုတင်ဆွဲခေါ်စေလိုပါသည်။
လူသားစစ်စစ် နိုင်ငံသားကောင်းတို့သည်သာ တိုင်းပြည်၏ မူလအရင်းအမြစ်တို့မဟုတ်ပါလော။
ထိုသို့ပြုခြင်းအားဖြင့် နစ်နာဆုံးရှုံးမှုရှိနိုင်သလော။ အကျိုးနှင့်အပြစ်မည်သည်က ပိုများသနည်း၊ မြန်မာတို့ဆုံးဖြတ်ကြရန်သာရှိသည်။
Win-Win အခြေအနေ အများနိုင်ဖြစ်လျှင် Dual Citizenship နှင့်ဆိုင်သော ပြင်ဆင်ချက်ကို လွှတ်တော်တွင် အင်အားသာ Supermajority ဖြစ်နေသော NLD ပါတီ အင်အားဖြင့်ပင်ပြင်ဆင်ပြဌာန်းနိုင်သည်ဟု တိုက်တွန်းအကြံပေးလိုပါကြောင်း..။
စကားလုံး ၂၅လုံးနှင့် သူ့နောက်တွဲများကိုဖျက်သိမ်းလိုက်ခြင်းအားဖြင့် မြန်မာပြည်သစ်တည်ဆောက်ကြပါစို့။  ။

18 comments

  • ဂျစ်စူ

    June 20, 2016 at 4:47 pm

    ယာရာတိုလာ မာမူခိုင်ရဲ့ အကြံပေးချက်အား
    ထောက်ခံကြောင်း
    ထပ်လောင်း အကြံပေးပါတယ်
    ၉၇၉ ဂျစ်စူ

  • မြစပဲရိုး

    June 20, 2016 at 6:05 pm

    Dual Citizenship ?
    မရချင်ရှိပါ့မလား။
    သို့ပေမဲ့ လက်ရှိအစိုးရ အနေနဲ့ အလွယ်တော့ လုပ်လို့ရမယ်မထင်။
    အဲဒါပွင့်သွားရင် ဒေါ်အောင်ဆန်းစုကြည် သား တွေ နိုင်ငံသားပြန်ရ သွားမယ်။ (ဖြစ်ပြီးသားမို့ လျှောက်ဖို့တောင်လိုမှာမဟုတ်)
    အဲဒီလို ဖြစ်မှာစိုးတာနဲ့ တင် ဖြစ်နိုင်သမျှ ကန့်လန့်တိုက်ပါမယ်။
    အဓိက အပြင်ကDual Citizenship ရချင်သူ နိုင်ငံသား များ နဲ့ အစိုးရ ကိုလှည့်တိုက်ပေးနိုင်ပါတယ်။

    ဒီတော့ သူကြီးမင်းရှင့်။
    ကျွန်မတို့ တွေဟာ လက်ရှိ နိုင်ငံရေး အခင်းအကျင်း သဘော နဲ့ အထူအပါး ကို နားလည်ဖို့လိုပါလိမ့်မယ်။။
    Dual Citizenship မရလဲ ဘဝ ပျက်သွားမဲ့ သူ တွေ မရှိပါဘူး။
    ကိုယ့် လက်ရှိဘဝ ကို ကိုယ် ရုန်းနိုင်ပါသေးတယ်။
    နိုင်ငံထဲ က သူတွေ ရဲ့ အရေးတွေ ကို ဦးစားပေး လုပ်ကြပါစေဦး။
    အခွင့်သင့်ချိန် မှာတော့ မိခင် တစ်ယောက် ဟာ အဝေးက သားသမီးများ အတွက်လဲ စဉ်းစားပေးမှာလို့ အပြည့်အဝ ယုံကြည်ပါတယ်။

    အခုချိန်မှာ အစိုးရ ကို ဘေးကျပ်နံကျပ် ဖြစ်စေမဲ့ အရာ တွေ နဲ့ သခွပ်ပင်က နေ မီးတကျည်ကျည် လုပ်ဖို့ တော့ မကြိုးစားကြပါနဲ့လို့ စိတ်ရင်း နဲ့ အနူးအညွတ် တောင်းပန်ပါတယ်။

    တစ်ခါတစ်လေ အပြင်က နေ တိုင်းပြည်ထဲ ကို လှမ်းပြီး ကိုယ့် အတွက် လိုဘ ပြည့်ဖို့သာ အခွင့်အရေး အရမ်းတောင်း နေသူတွေ ကို မြင်ရ ကြားရတာ စိတ်ပျက်မိတယ်။
    အထဲ က အလီဘာဘာတွေ ကတစ်မျိုး၊ အပြင်က အေးဓားမြ တိုက်ချင်သူ တွေက တစ်ဖုံ။
    တိုင်းပြည်ထဲ က ထမင်းမစားရ၊ ကျောင်းမနေရ၊ ဆေးကုခွင့်မရ သူတွေ ကို တစ်ချက်လောက် ထည့်စဉ်းစားပေးကြပါဦး။

    ဒါကြောင့် မို့ ကျွန်မ အမြဲတွေးတာပါ။
    သူကြီး Site ပေါ် ကနေပြီး သူကြီး တို့ လိုချင်တာ ပြောသမျှ ကျွန်မ က ကန့်လန့်တိုက် နေမိတာလားလို့။
    Sorry!

    PS – သို့ပေသည့် တစ်ခုတော့ ထပ်ပြောပါရစေဦး။
    ငါတို့ ပြန်မှသာ ဒီ နိုင်ငံဟာ တိုးတက်ကြီးပွါးမယ်လို့ ထင်နေသူ တွေ ရှိရင်တော့ စိတ်ဆေးရုံ မှာ အရင် သွားပြကြည့်ပါဦးလို့။
    အလုပ်ဝင်လုပ်ပေးချင်ရင်လဲ ကျရာ နေရာ၊ ရရာ ပုံစံ နဲ့ အောက်က ဝင်ပြီး လုပ်ပေးဖို့ သာ ကြိုးစားကြပါလေ။
    Sorry again.

    • ဂျစ်စူ

      June 20, 2016 at 7:50 pm

      ဂလိုဆိုလဲ
      ခြေနေကောင်းတဲ့ တနေ့ပေါ့ ဂျီးဒေါ်ရယ်
      ဘာတွေ လာလုပ်ကြမလဲ
      ဘာတွေ လုပ်ပေးနိုင်ကြ သလဲဆိုတာတော့
      မက်လောက်အောင်
      အကြောင်းခိုင်လုံစွာ ပြနိုင်ရင်
      ဖြစ်အောင် လုပ်လာနိုင်ပါလိမ့်မယ်
      အထင် ပြောဒါဘာ
      ကိုယ်လဲ ဘာမှ နားမလည်ပါဘူး ☺

    • kai

      June 21, 2016 at 7:17 am

      တလောက မြန်မာပြည်သွား.. လွှတ်တော်၂ရပ်နဲ့တွေ့.. ဝန်ကြီးများအပါအဝင်အရာရှိကြီးတချို့တွေနဲ့သွားတွေ့.. တပ်မတော်သားကြီးတချို့နဲ့တွေတာ.. ဘာများသွားလုပ်တယ်ထင်ပါသလဲ.. အရီးလတ်ရေ…။ :k:

      • မြစပဲရိုး

        June 22, 2016 at 3:20 am

        သိသားဘဲ။
        မျိုးစေ့တွေ သွားပေးတာ။
        လှော်စားပြီးကြပြီလားတောင်မသိ။ 🙄

  • ဦးဦးပါလေရာ

    June 20, 2016 at 9:38 pm

    ဘယ်တုန်းကများ ဗီယက်နမ်က Dual Citizenship ခွင့်ပြုလိုက်သလဲမသိ။ ဟုတ်မှလုပ်ပါ သူကြီးရယ်..။
    ..
    ကျုပ်ကတော့ မြန်မာနိုင်ငံသားတွေအတွက် Dual Citizenship ကို အားရဝမ်းသာထောက်ခံတယ်။ အရမ်းဖြစ်သင့်တယ်။
    ဒါပေမယ့်-
    တပ်နဲ့ မျိုးချစ်များကတော့ လုံးဝလက်ခံလိမ့်မည်မဟုတ်…။
    သူတို့လက်မခံပဲ ဇွတ်လုပ်ဖို့လဲ အဆင်ပြေမှာမဟုတ်…။
    ဆယ်နှစ်လောက် စိတ်လျှော့ထားပါဦး…လို့..

    • kai

      June 20, 2016 at 11:00 pm

      Possibly. Vietnam allows dual nationality if certain situations apply.

      You are allowed to make an application for the restoration of Vietnamese citizenship. However, upon its restoration you must renounce your foreign citizenship unless you fall under one of the following categories:

      1. You are the spouse, natural parent, or natural offspring of Vietnamese citizens;

      2. You have made meritorious contributions to Vietnam’s national construction and defense;

      3. You are helpful to the State of the Socialist Republic of Vietnam.

      The application for restoration of citizenship can made at the Embassy of the Socialist Republic of Vietnam in your home country.

      Marriage to a Vietnamese citizen does not provide any entitlement to Vietnamese citizenship. A foreigner must move to Vietnam, married or not, and legally reside there for five years before becoming eligible for Vietnamese citizenship.

      Again, a Vietnamese person who previously lost citizenship can have his or her Vietnamese citizenship restored by applying outside the country. Marriage to a Vietnamese citizen is helpful but is not necessarily required to regain your citizenship.

      EMBASSY OF THE S.R OF VIETNAM IN NORWAY
      St. Olavs Gate 21C
      0165 Oslo
      + 47 22 20 33 00
      vietnamnorway@gmail.com
      =
      https://www.reddit.com/r/VietNam/comments/3ko1cj/do_you_have_to_give_up_vietnamese_citizenship_if/
      orde216 8 points 9 months ago

      This is outdated info. Dual is possible now.

      permalinkembedparent

      [–]
      tunalastic 3 points 9 months ago

      Can confirm, this is outdated information.

      You can have both. The law changed in 2008 and allowed overseas Vietnamese regain their Vietnamese citizenship (have both passports).

      When travelling to your other country, you just show them both passports when checking in and at immigration. Easy. I know a few people who do this.

    • kai

      June 21, 2016 at 7:03 am

      ဗီယက်နမ်က ပူးတွဲနိုင်ငံသားခွင့်ပြုစာရင်းထဲ ပါနေလို့တင်လိုက်တာပါ..။
      https://www.henleyglobal.com/dual-citizenship/

      ကြည့်ရတာ ၂၀၀၈မှဥပဒေပြောင်းထားတဲ့ပုံ..။
      ဆိုတော့..

      မြန်မာနိုင်ငံသားမိဘ ၂ပါးကနေ.. ကမ္ဘာ့ဘယ်နိုင်ငံမှာမွေးမွေး.. မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့ ဥပဒေကရှိပြီးသား..။
      ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၈၂၄ ခုနှစ်မှာ ဖြစ်ပွါးတဲ့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မတိုင်မီ၊ ၁၈၂၃ ခုနှစ်မတိုင်မီကတည်းက အမြဲအခြေချနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၃)၊ တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းဟာ နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၅)၊ နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှသော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှသော်လည်းကောင်း နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသူများသည်လည်း နိုင်ငံသားဖြစ်ပါတယ် ပုဒ်မ (၇-က/ခ/ဂ)၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများရဲ့ သားသမီးများနဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနဲ့ လက်ထပ်ခြင်းဖြင့် မွေးဖွားတဲ့ တတိယမျိုးဆက်များဟာလည်း နိုင်ငံသားဖြစ်ပါတယ် (ပုဒ်မ ၇-ဃ/င/စ)၊

      ယူအက်စ်မှာက.. ယူအက်စ်မြေပေါ်မှာ ဘယ်နိုင်ငံသား၊ဘယ်သူက ကလေးလာမွေးမွေး.. အဲဒီကလေးက.. အမေရိကန်စစ်စစ်တဲ့..။
      ဆိုတော့..
      မြန်မာက.. အလိုအလျှောက်ကြီး.. Dual Citizenship လက်ခံထားပြီးသလိုတော့ဖြစ်နေတာပေါ့..။
      အခုဗီယက်နမ်လို…။ စင်္ကာပူလို..။ :k:

  • သဂျီးရယ် . . . လူများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေအဖို့တော့ Dual citizenship ပေးမယ်လို့ ကြားလို့ မျိုးနှစ်တွေက ကုလပြည်ဖြစ်တော့မယ်လို့ သွေးထိုးလိုက်တာနဲ့ သို့လောသို့လောတွေ ဖြစ်ကုန်ကြပါအူးမယ် . . . education လေး တက်လာတာကို စောင့်လိုက်ပါဦး

    • kai

      June 21, 2016 at 7:14 am

      ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဃ) (င) (စ) များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာ “နိုင်ငံသား” ဖြစ်လာခွင့်မရှိ၊ ၎င်းတို့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ သား၊သမီးများမှာလည်း “နိုင်ငံသား” ဖြစ်ခွင့်မရှိပဲ၊ ၎င်းတို့ရဲ့ တတိယမျိုးဆက်၊ မြေးများကျမှသာ “နိုင်ငံသား” ဖြစ်ခွင့်ရှိပါတယ်၊

      ဥပဒေအရ နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်လုံးဝပေးမထား၊ ပုဒ်မ (၇၂) အရ မည်သည့် နိုင်ငံခြားသားမျှ “နိုင်ငံသားပြုခွင့်ရရန်” လျှောက်ထားခွင့်မရှိစေရဟု ပြဋ္ဌန်းထားပါသည်။

      ဆိုတော့…
      မျိုးနှစ်များအပါအဝင်.. မည်သည့်နိုင်ငံခြားသားမျျှ… မြန်မာနိုင်ငံသား.. ဒီဘဝအတွင်း ဖြစ်ခွင့်မရှိဘူးဆိုထားသမို့.. စိတ်ပူရန်မလိုပါလို့..။

  • Thint Aye Yeik

    June 21, 2016 at 8:34 am

    ဒီလထုတ် သတင်းစာက
    ပင်နီဝတ် အစိုးရ ဝန်ကြီးတွေဆီရောက်မယ့် အနံ့ရတယ်။
    အဲ. . .အမေစုလက်ထဲတောင် ရောက်အုန်းမယ့်အနံ့. . .

  • uncle gyi

    June 21, 2016 at 8:59 am

    မဘသ မ ျားကအရင်ဆုံးကန့်ကွက်ပါလိမ့်မယ်သူကြီးရေ
    တဦးခ ျင်းသဘောထားအရအဖြူရောင်မဲထည့်ခဲ့ပါတယ်ဗ ျာ

    • kai

      June 24, 2016 at 2:45 am

      မြန်မာလူမျိုးက.. မြန်မာနိုင်ငံသား(ပြန်) ဖြစ်ပြီး.. မြန်မာဥပဒေအောက်ဝင်လာတာကို.. ဘာကိုကန့်ကွက်ကြမှာလည်းလို့.. သိချင်တာ..။

      • မြစပဲရိုး

        June 24, 2016 at 3:21 am

        ကျန်တာ အတွက် သူတို့ (အလီဘာဘာများ နှင့် သူတို့ ၏ လက်ကိုင်ဒုတ်အမျိုးစောင့်များ) ဉာဏ်မမှီပါဘူး။
        ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ဖို့ ဘဲ သူတို့ စိတ်မှာ အရေးထားနေကြတာမို့ သူ့သားလေး တွေ နိုင်ငံသား ဖြစ်မှာ ကို ကန့်ကွက်မှာပါ။

      • Dual citizenship ဆိုတာ မြန်မာနိုင်ငံသားဖြစ်ဖူးသူ မြန်မာများအတွက် သီးသန့်ဆိုပြီး ထုတ်လို့ရသလား သဂျီး . . .

  • ဝင့်ပြုံးမြင့်

    June 23, 2016 at 9:49 pm

    အမေရိကားက မြန်မာနဲ့ ဒီက မြန်မာမလေးတို့ ကြိုက်ပြီး ဟိုက ဒီလာပြီး ဒီမှာ လက်ထပ်ကြတယ်။ ပြီးမှ ဟိုကို ခေါ်သွားကြတယ်။ အဲဒီဖြစ်စဉ်မျိုးလေးတွေထဲမှာ အကျိုးအပေါက်တွေ ရှိတယ်။ အမေရိကားက ကောင်ကို လက်ထပ်ပြီးရင် ဟိုကို လိုက်လို့ မရဘူးဆိုတာ ရှိကိုမရှိဘူးတဲ့။ ၆ လကနေ ၂ နှစ် အတွင်း စာရွက်စာတမ်းကိစ္စပြီးတာပဲ။ လိုက်လို့ ရကို ရတယ်တဲ့။ ဒါပေမယ့် လိုက်မရတဲ့ အဖြစ်ကလေးတွေ ရှိပြီဆိုရင် အဲဒါ အဲဒီမြန်မာမလေး နံပါတ်ချိတ်သွားပြီလို့ သဘောပေါက်ကြရတယ်။ အဲဒီလို နံပါတ်ချိတ်သွားတဲ့ မိန်းကလေးတွေ အရေအတွက် မများလှပေမယ့် ရှိတော့ရှိနေတယ်။ တကယ်လို့သာ Dual citizenship လုပ်လိုက်ရင် အဲဒီမှာ ဘယ်လိုဖြစ်သွားမလဲ။ မြန်မာယောက်ျားက ဟိုမှာတစ်ယောက် ဒီမှာတစ်ယောက် ယူလို့ ရနေမလား။ ဒါမှ မဟုတ် အဲဒီဇာတ်မျိုး ဆက်ကလို့ မရဘဲ ဖြစ်သွားမလား။

    • kai

      June 24, 2016 at 2:43 am

      အဲဒီဇတ်မျိုးဆက်ကမရဖြစ်သွားမှာပေါ့…။
      ယူအက်စ်စစ်ဒဇင်က.. ယူအက်စ်ဥပဒေ.. တလင်တမယားစနစ်လိုက်နာရတယ်..။
      မြန်မာစစ်ဒဇင်ကလည်း.. မြန်မာဥပဒေ… တလင်တမယားစနစ်လိုက်နာရတယ်..။
      ပူးတွဲနိုင်ငံသားဖြစ်ပြီဆိုရင်.. နိုင်ငံဥပဒေ၂ခုကို တပြိုင်တည်း… လိုက်နာရတာပါ…

      ဆိုတော့… အနည်းဆုံးတော့.. ၂ယောက်.. ဆိုင်ရာ ၂နိုင်ငံမှာ ယူလို့မရ.. …အရှုံးတော့ပေါ်သွားသတည်းပေါ့လေ…။ :k:

      စကားအတင်းစပ်ပြောရရင်.. ယူအက်စ်စစ်ဒဇင်က.. ကမ္ဘာ့ဘယ်နိုင်ငံမှာနေနေ… အခွန်တော့ ဆောင်ရသမို့.. ( ကမ္ဘာမှာ ၂နိုင်ငံပဲရှိ) … မြန်မာပြည်မှာ သွားနေနေပြီး အလုပ်လုပ်နေရင်… မြန်မာနိုင်ငံကိုလည်းအခွန်ဆောင်… အမေရိကနိုင်ငံကိုလည်းအခွန်ဆောင်…
      သိပ်တော့မချောင်…။ 😥

  • ဝင့်ပြုံးမြင့်

    June 24, 2016 at 11:01 pm

    ဒီလိုဆိုရင် မဖြစ်ဘူး။ သဂျီး။ မြန်မာပြည်လာပြီး စီးပွားရှာ။ ဝင်ငွေခွန် သူတို့ နိုင်ငံမှာဆောင် ဆိုရင် မဖြစ်ဘူး။ သူတို့နိုင်ငံမှာ စီးပွားရှာ။ ဝင်ငွေခွန်ကို မြန်မာပြည်မှာဆောင် ဆိုရင် မဆိုးဘူး။

Leave a Reply