တယူသန် နဲ့ မောက်မာ
< တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေလျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏာရီနဲ့ ဝတ္ထုတိုတွေ ပါဝင်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခုအောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်း သင့်သလို တင်ပေးသွားပါမယ်။>
တခါတုန်းက တယူသန် နဲ့ မောက်မာတို့ ကမာ္ဘကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ် တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင်တည်ရှိနေလို့ပါဘဲ
တစ်နေ့မှာ တယူသန်နဲ့ မောက်မာဟာ တစ်ယောက်ကို တစ်ယောက် ဝင်တိုက်မိလိုက်လို့ တအံ့တဩဖြစ်သွားကြတယ် ( အမှန်က သူတို့ကသာ ဝင်တိုက်မိတယ် ထင်တာနော်။ တကယ်တော့ ခန္ဓာကိုယ် တစ်ခုထဲမှာ)။
အဲဒီ့လို ဝင်သာဝင်တိုက်မိကြတာ တစ်ယောက်ကိုတစ်ယောက်မမြင်မတွေ့နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ တယူသန်မှာ မျက်လုံးဆိုလို့ လုံးဝမပါဘူး။ ဒါပေမယ့် မောက်မာ မှာတော့ ဦးခေါင်းထိပ်တည့်တည့်မှာ မျက်လုံးတစ်လုံးရှိနေတယ်။
မောက်မာက ပြောတယ်။ ” မင်းဘာကြောင် ငါ့ကို အလောသုံးဆယ်နဲ့ ဝင်တိုက်ရတာလည်း.. မင်းမှာ မျက်စိမပါဘူးလားကွ.. တော်တော် ရိုင်းတဲ့ကောင် “.. လို့ဒေါကြီးမောကြီးနဲ့ပြောလိုက်တယ်။
အဲ့တော့ တယူသန်က ” မပါပါဘူးဗျာ..မျက်လုံးဆိုတာဘာမှန်းတောင်မသိပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီးပြောလိုက်တယ်။
ဒီတော့ မောက်မာကနှာခေါင်းကိုရှုံ့့လက်ပြီုး..” အလို..မင်းမှာမျက်စိမရှိဘူး..ဟုတ်လား?.. ဒါဆိုမင်း ကောင်းကင်ကြီးကိုဘယ်ကြည့်လို့ရမလဲ.. ကောင်းကင်ဆိုတာဘာမှန်းတောင်မင်းသိမယ့်ပုံမရပါဘူး..ငါကတော့ ငါ့ရဲ့တစ်ခုထဲသောမျက်လုံးနဲ့ ကောင်းကင်ကိုမြင်နိုင်တယ်ကွ..။
ဒီစင်္ကြာဝဌာကြီးမျာ ငါ့လိုကောင်းကင်ကိုမြင်နိုင်တဲ့သူရှိမှာမဟုတ်ဘူးကွ..ငါဘာကိုဆိုလိုလည်း..မင်းသိရဲ့လား “..လို့ပြောလိုက်တယ်။
တယူသန်ကတော့ ” မသိပါဘူးဗျာ..သိလည်းမသိချင်ပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီးပြောပြန်တယ်။
ဒီတော့ မောက်မာက ” ငါသာလျှင် ဒီစင်္ကြာဝဌာကြီးမှာ အရှင်သခင်ကွ..ငါလိုလူ ငါတစ်ယောက်ထဲရှိတယ်ကွ”လို့ပြောပြန်ရော။
တယူသန်ကတော့ထုံးစံအတိုင်း ခေါင်းကိုတွင်တွင်ခါလို့ ..” ငါသိတာက..စားမယ်..အိပ်မယ်..ငိုစရာရှိငိုမယ်..ဒါဘဲ.. မင်းရှိတာလည်း ငါအတွက် ဘာမှမထူးခြားဘူး” လို့ ပြောတယ်။
မောက်မာနှာခေါင်းရှုံ့လိုက်ပြီး “ ဟင်း..မင်းဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဆိုရှုံ့ချလိုက်တယ်။
ဒီတော့ တယူသန်က ” ဟုတ်တယ်.. ဘုရားကဖန်တီးပေးထားသလောက်ဘဲငါယူထားတယ်..ငါဘဝကိုငါကျေနပ်တယ် ” လို့ပြောလိုက်ရော..မောက်မာက..တယူသန်ကို ” ငနုံ..ငနုံ..မင်းဟာ ငနုံဘဲ” ဆိုပြီးမြေပြင်ကို စိတ်တိုတိုနဲ့ ဆွဲလဲပစ်လိုက်တယ်။
ဒီလိုနဲ့သူတို့နှစ်ဦး လုံးထွေး သတ်ပုတ်နေကြပါရော။ အတော်ကြာအောင်သူတို့ နပန်းလုံးလို့အားလည်းအားရသွားရော မောက်မာက စိတ်လျှော့လိုက်ပြီး “အင်း..ငါက..ငါနဲ့ကောင်းကင်ကြီးရယ်သာ ဒီစင်္ကြာဝဌာကြီးထဲမှာရှိတယ်ထင်နေတာ..ခုတော့ ဒီငနုုံတစ်ကောင် ပါရှိနေတာ ငါလက်ခံရတော့မှာပေါ့” ဆိုပြီး တယူသန်ကို အသိအမှတ်ပြုလိုက်ရတော့တယ်။
အဲ့ဒီအချိန်ကစပြီး တယူသန်နဲ့ မောက်မာကို အမြဲအတူ ယှဉ်တွဲတွေ့နေရတော့တယ်။ သူတို့နှစ်ယောက်ဟာ ခွဲခွာလို့မရအောင် ဘယ်သွားသွား ဘယ်လာလာ အတူတူ ဖြစ်နေကြတော့တယ်။
ဒါကြောင့် တစ်ယူသန်စိတ်ရှိလာရင် မောက်မာလာတာနဲ့အမျှ.. မောက်မာလာရင်လည်း လူတွေဟာ ငါဘဲမှန်တယ်..ငါ…ဆိုတဲ့ တစ်ယူသန်စိတ်တွေ ရှိလာတတ်ကြတာပါ။ ဒီစိတ်နှစ်ခုဟာခွဲခြားလို့ကိုမရတော့ပါဘူး။