Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြဇာတ်မင်းသား

မောင်ဆန်းAugust 8, 20161min74916

သမီးငယ် နဲ့ သူ့သူငယ်ချင်းတွေ စုပြီး သိပ္ပံစမ်းသပ်ချက်တစ်ခုကို

အခန်းကိုယ်စားပြု အားလုံးရှေ့ ထွက်ပြီး စမ်းသပ်ပြ ရှင်းပြဘို့ ကို

တက်တက်ကြွကြွနဲ့ တိုင်ပင် ကြ အပြင်ကို ပစ္စည်းတွေ စုံစမ်းကြ

လုပ်နေတာတွေ့တော့ ဘာမှ ဝင်မစွက်ပဲ အသာကြည့်နေရင်း

မိဘတစ်ဦး အနေနဲ့ လူငယ်တွေရဲ့ တက်ကြွမှု စူစမ်းချင်မှုအတွက်

ဝမ်းသာပီတိ ဖြစ်ရင်း ငယ်ငယ် အိပ်ယာဝင်ပုံပြင်တွေထဲ က

အမေပြောဘူးတဲ့ အဖြစ်တစ်ခု ချက်ချင်း အတွေးထဲ ပေါ်လာတယ်…

 

၁၉၇ဝ လောက်ကပါ ..

မိသားစု မှာ အမေ က အလတ် အကိုတွေ မောင်တွေ ညီမတွေ ရှိတယ်

ဇတ်လမ်းထဲက ဇာတ်လိုက်ကျော်က ကပ်ရပ် မောင်ငယ်ပေါ့

အားလုံးက ချစ်ပေမဲ့ ဂျစ်တိုက်တတ်လွန်းလို့

အိမ်မှာတော့ ဂျစ်တူး အမည်တွင်ပါတယ်

အဲဒီအချိန် အကြီးဆုံး ဦးလေး က အဘိုးတို့ မြို့မှာပဲ ရဲအရာရှိ နဲ့ တာဝန်ကျတယ်

ဦးလေးတူးက ရွာငယ်လေး တစ်ခုမှာ ကျောင်းဆရာ ဝင်လုပ်နေပါပြီ

အဲဒီ ခေတ် အခါ က အခုခေတ်လို ဖျော်ဖြေရေး မပေါပဲ

တနှစ်တခါ ရွာဘုရားပွဲ မှာ စု က ကြတဲ့ ပြဇတ်လေး သာ ကြည့်စရာရှိတဲ့ အချိန်ပါ

တစ်ရက်တော့ ဦးလေးတူး က သူတို့ ရွာ မှာ ဒီ နှစ် ပြဇတ် က မယ်

သူ က ပြဇတ် တာဝန်ခံ ၊ ဒါရိုက်တာလဲ သူ၊ ပြဇတ်ထဲလဲ ဝင်သရုပ်ဆောင် မယ်

သူ ရဲ့ ပွဲ ကို လာကြည့်ပါ လို့ မိသားစုကို ခေါ်ပါတယ်

ပြဇတ်အရ သရုပ်ဆောင်ဘို့ အကိုကြီး ဆီကလဲ ရဲအရာရှိ ဝတ်စုံငှားပါတယ်

မင်း က ဘယ်အခန်းက ပါမှာလဲ ဆိုတော့ ကြိုပြောရင် ဘယ်ကောင်းမလဲ

ဟို ရောက်မှ ကြည့်ဆိုတော့ မိသားစုတွေက စိတ်ဝင်တစားနဲ့ ကြည့်ချင် နေကြပြီ

……….

ပွဲ နေ့ ကျတော့ အစောကြီးထဲက မိသားစုလိုက် လှည်းနဲ့သွား နေရာဦးပေါ့

သားတော်မောင် ကို မတွေ့လိုက်ရမှာစိုးလို့ စိတ်တွေ လှုပ်ရှားနေကြတာ

ပြဇာတ် စ က ပြီ ဆိုကတဲက အားလုံးက အိမ်က မင်းသားချော

ဘယ်အချိန်ထွက်လာ မလဲ ကြည့်နေကြတာ အဘိုးကလဲ မြင်ရင်ငါ့ ပြောပါဦး ပေါ့

ဇတ်လမ်းက ရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာလေးနဲ့ ရွာခံဆရာမလေး တို့အကြောင်း

စာသင်တာတွေ ရွာ ဓလေ့ ရွာ့ ဟာသတွေ နဲ့ မို့

အမေ့ အပြောအရတော့ အဲဒီနှစ် ပြဇတ်က တော်တောင်ကောင်းတယ်

အောက်က လဲ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ လက်ခုပ်သံကြားလေ

အဘိုးကလဲ ငါ့သားလက်ရာဆိုပြီး ခပ်ပြုံးပြုံး နဲ့ သဘောကျလေပေါ့

ပြဇတ် တဝက်လောက် ရှိသွားပေမဲ့ အဲဒီ ကျောင်းဆရာ နေရာမှာ ဦးလေး မဟုတ်

ဘယ်အခန်း မှလဲ မပါသေး ဖြစ်နေတယ်

ဆရာမလေး ကို တစ်ဖက်သက်ကြိုက်နေတဲ့ ကောင်လေးက ဓမြ ဖြစ်ပြီး ရွာကို

ဝင်တိုက်တော့ ရဲတွေ ရောက်လာရော ..

မောင်တူးတော့ ပါပြီ ဆိုပြီး သေချာကြည့်နေတာ အဲဒီ မှာလဲ မဟုတ်ပြန်ဘူး

ပြဇတ်သာ ပြီးတော့မယ် ဘယ်အခန်းကမှ မပါတော့ မိသားတစ်စုလုံးကလဲ

ဖင်တကြွကြွ ပေါ့ ဘယ်အချိန် ဘယ်လို ပုံစံနဲ့ ဝင်လာမလဲ သိချင်နေကြပြီ

တစ်ခန်းကျ ကျောင်းစာသင်ခန်းလေး ဘေး သူတောင်းစားတစ်ယောက် က

တနားကျပါ ခင်ညာ လုပ်နေတော့ ဆရာက သူ့တပည့်တွေကို ပညာကို

သေချာ သင်ကြ စာ မတတ်တော့ ဟို သူတောင်းစားကြီး လို ဖြစ်တတ်တယ် ဆိုတာမျိုး

ပညာပေး အခန်းလေး လဲ ပါသေးတယ်

မိသားစု တွေကလဲ အခုထိ ထွက်မလာသေးတော့ ကြည့်က လဲ ကြည့်ချင် စိတ်ကလဲ

မရှည် ဖြစ်လာကြတယ် ၊ အဲဒီအချိန် ဦးလေး ကို အမေက စတွေ့တာ ဟာ ဟို မှာ

ကိုတူး ကိုတူး ဆိုတော့ အားလုံးကလဲ ဘယ်မှာလဲ ပြကြပါဦး ငါ တို့ တော့ မတွေ့ပါဘူး

အမေက ဟို မှာ လေ တနားကျပါ ခင်ညာ ပြောနေတဲ့ သူတောင်းစားက ကိုတူး ပေါ့

သေချာကြည့်တော့ အဟုတ် ဗျာ ရုပ်က သူူတောင်းစား နဲ့ တူအောင် ဖျက်ထား တာ ကို

အဘိုးဆိုတာ ဒေါသဖြစ်လွန်းလို့ အသားတွေ တုန် ချက်ချင်းကို အိမ်ပြန်ရော

ဦးတူးလဲ အိမ်ကို တပတ်လောက်ပြန် မလာရဲဘူးတဲ့..

အခုတော့ ပြဇတ် သွားကြည့်ကြတဲ့ အဘိုး အဘွား ရော အမေ နဲ့ ဦးလေးတူ ပါ

ဆုံး ကုန်ကြပါပြီ ယူနီဖောင်း ငှားလိုက်တဲ့ ဦးလေး အကြီးဆုံးတော့ ရှိသေးရဲ့

 

ဦးလေးကြီးတော့ ဒီ အဖြစ်ကို မှတ်မိပါဦး မလားတောင် မသိတော့ဘူး

ကျနော်တော့ ကိုယ်တိုင် မမြင်ဘူးပေမဲ့ အမေ အပြောကောင်းလွန်းလို့ အခုထိ

ကိုယ်တိုင်ကြည့်ခဲ့ ရသလို မျက်စေ့ထဲ မြင်နေတုန်း ၊ တစ်ခါတစ်လေ လဲ

မြင့်မြင့်မားမား မျှော်လင့်ထား တာမျိုးကနေ စိတ်ကူးထဲတောင်

မတွေးထားတဲ့ အဖြစ်တွေ နဲ့ ကြုံတွေ့နေရတုန်းပါ …

16 comments

  • ဂျစ်စူ

    August 8, 2016 at 7:19 pm

    ဇာတ်နာလိုက်တာ ဦးဂျစ်တူးရာ
    ဦးမှိုကြီးဆို အနဲဆုံး ဗီလိန်ခန်းလောက်တော့ ပါမှ
    သရုပ်မှာ နော…အူးလေး 😆

    • nozomi

      August 8, 2016 at 9:36 pm

      ဟုတ်ပ စိန်မျောက်လေး ရယ်
      မင်းသမီး ကို အနိုင်ကျင့် ရတဲ့ လူဆိုး ဆို ဟုတ်သေး

      ဘယ်သူ့ မှ ခိုင်းမရ လို့ သူ ကိုယ်တိုင် ဝင်လုပ်ရတာ နေမှာ

  • ဦးကျောက်ခဲ

    August 8, 2016 at 10:22 pm

    လူ့ဘဝဆိုတာ ဇာတ်ညွှန်းကြိုတင်မသိရတဲ့ ပြဇာတ်ဆိုတော့လည်း အခက်သားဂလား…
    ငယ်ငယ်က ဖတ်ဖူးတဲ့ မဂ္ဂဇင်းဝထ္ထုတိုတစ်ပုဒ်မှာ ရုပ်ချောပြီး ဆိုးတဲ့ကျောင်းသားကို လူကောင်းဇာတ်လိုက်မင်းသား ၊ ရုပ်ဆိုးပြီး လိမ္မာတဲ့ကျောင်းသားကို ဗီလိန်ဇာတ်ကောင်အဖြစ် ကျောင်းပြဇာတ်မှာ သရုပ်ဆောင်ခိုင်းလိုက်တာ ၊ လူဆိုးကျောင်းသား လူကောင်းဖြစ်သွားတာလေး အမှတ်ရမိတယ်ဗျ … :k:

    • nozomi

      August 9, 2016 at 8:27 am

      ဆြာကျောက်စ် က ရုပ်ချော တဲ့ လူကောင်း ဇာတ်လိုက် ဆိုတာ သေချာတယ်

  • black chaw

    August 9, 2016 at 8:44 am

    ကျွန်တော်ကတော့ သူကိုယ်တိုင် ဒါရိုက်တာ လုပ်တဲ့ ပြဇာတ်မှာ
    နေရာကောင်းကောင်းမယူပဲ (နေရာကောင်းက လူကြိုက်များတယ်လေ)
    သူတောင်းစား အခန်းက အနစ်နာခံပြီး ဝင်သရုပ်ဆောင်ပေးတဲ့
    ကိုတူး ကို ချီးကျူးချင်ပါတယ် ကိုနိုကြီး ရေ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    • မမချွိ

      August 10, 2016 at 12:42 pm

      ဟုတ်တယ်၊
      ကိုဘက် ပြောတာ သဘောတူတယ်။ (ဒါက ပို့(စ) နဲ့ ဆိုင်တာ ပြောတာ)
      :mrgreenn:

      မဆိုင်တာ ပြောရရင် ကိုဂျီးနိုကို လွမ်းနေဒါးးး
      အဟေးဟေးဟေး

      :chit:

      • nozomi

        August 11, 2016 at 12:04 pm

        တနားကျပါ အချစ်တွေ ရှိသေးရင် နဲနဲလောက် ပေးခဲ့ ပါ ခင်ညာ

  • kotun winlatt

    August 9, 2016 at 12:24 pm

    တနားကျဘာ ခင်ညာ . . .
    အဲလေ . . .
    တော်သေးတာပေါ့ ဟိုပုံပြင်ထဲက ”ဒို့လူလေးများဆိုသလေ ဝေလေလေ ဆိုတာမျိုးထက် သာသွားသေးတာ

  • ဝင့်ပြုံးမြင့်

    August 9, 2016 at 2:46 pm

    ကိုတူးကမာန်မာနမရှိတာချီးကျူးစရာ။

  • kai

    August 9, 2016 at 4:42 pm

    “ဒို့လူကလေးများဆိုသလေး… ဝေလေလေ”.. ကိုသတိရမိတယ်.။
    အဲဒီမှာလည်း.. သားတော်မောင်ပျောက်နေလို့.. ကြည့်တာ.. ကြည့်တာ…
    နောက်ဆုံးကျ.. ဝေလေလေအော်ရတဲ့အခန်းမှာ ပါနေတယ်ဆိုတာပဲ..။

    တကယ်တော့ ဘဝဇတ်ခုံက.. ပိုဆန်းကျယ်ပါတယ်..။
    ဝေလေလေတွေ.. ဘုရင်တက်ဖြစ်ချင်လည်းဖြစ်နေတာမျိုး.. :k:

    • nozomi

      August 9, 2016 at 5:15 pm

      ကိုချောရေ
      ငယ်ငယ် ကတော့ လူငယ်စိတ်နဲ့ နေရာကောင်းလေးမှာ ပါစေချင်တာပေါ့ ကြီးလာတော့ သူ ဘာကြောင့် ဒီ လို လုပ်ခဲ့လဲ သဘောပေါက်သလိုရှိလာတယ်
      ကိုချောဆို ဘယ် အခန်းက ပါချင်လဲ ဗျ

      ကိုထွန်းဝင်းလတ်ရေ
      ဝေ လေလေ ထက် သာလို့ တော်သေးတယ် ပြောရမယ်

      မပြုံး
      သူများတွေ မလုပ်ချင်လို့များ ဝင်လုပ်ခဲ့ရတာလား မသိပါဘူး
      ဒါ ဆိုရင်တော့ အနုပညာမာန ရှိတယ်ပြော ရမယ်

      သူကြီးရေ
      အခုအရွယ် မှ စဉ်းစားမိတာတော့
      နေရာကောင်း က ကိုယ်နဲ့ သင့်တော်၏ မသင့်တော် ၏ မစဉ်းစား ပဲ
      လုပ်ချင်တဲ့သူများပြီး နေရာ လု ကြ လို့သာ ပြဇာတ်ကြီး က ကြည့်မကောင်း အီလည်လည် ဖြစ်နေတာ
      လုပ်ခွင့် ရတဲ့ နေရာ ကိုသာ ကျေနပ် စွာ နဲ့ တာဝန်ကျေအောင် လုပ်ကျရင်
      ပျှော်စရာ ပတ်ဝန်းကျင် အောင်မြင်တဲ့ ပြဇာတ် တစ်ခုဖြစ်လာမှာပါ

  • Thint Aye Yeik

    August 10, 2016 at 1:27 pm

    .မျှော်လင့်မထားတာတွေက …မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်တဲ့ပုံစံမျိုးနဲ့ ဖြစ်လာတတ်တယ်…ဆိုတာ…
    ယုံရမှာပဲ။

    .မျှော်လင့်ထားတာတွေကရော… ဘယ်အချိန် ဖြစ်လာမှာတုန်း…

  • nozomi

    August 11, 2016 at 12:11 pm

    လုံမလေး
    စာတတ်ပြီး ဖြစ်နေသူတွေ လဲ ရှိတာပေါ့ ပေါ မှ ပေါ

    ကိုဆက်
    မျှော်လင့်ထားတာတွေက မမျှော်လင့်ထားတဲ့အချိန် မှာ မျှော်လင့်ထားတဲ့ ပုံစံ နဲ့ရော မမျှော်လင့်ထားတဲ့ ပုံစံ နဲ့ပါ ဖြစ်ချင်သလို ကို ဖြစ်လာနိုင်တယ် လို့ မျှော်လင့်လိုက်ပါ

    ဆြာမိုက်
    ဟုတ်ပါ့ ငြင်းလို့ မရမဲ့ အတူတူ မင်းသားမဖြစ်တောင် အကယ်ဒမီ ရမဲ့ ဇာတ်ပို့ဖြစ်အောင် လုပ်သင့်တာပေါ့

  • uncle gyi

    August 16, 2016 at 4:49 pm

    သူဒါရိုက်တာဆိုတော့ဘယ်သူမှမလုပ်ခ ျင်တဲ့အခန်းသူလုပ်လိုက်တာ
    အောင်မြင်တယ်လေ
    သရုပ်ဆောင်အခန်းကတပိုင်း
    သူ့ဇာတ်သူအောင်မြင်တယ်

Leave a Reply