အဆင်ပြေပါစေ သူငယ်ချင်း

A mar nyoSeptember 8, 20161min26210

တနေ့က မတွေ့တာကြာပြီ ဖြစ်တဲ့ငယ်သူငယ်ချင်းနဲ့ စကားပြောမိတယ်
မတွေ့တာလည်း ကြာသလို အရေးအကြောင်းမရှိရင်လည်း စကားပြောလေ့
မရှိသော သူ့အကြောင်းသိနေသော ကျွန်မအဖို့ သူကစကားစလာတော့
ထူးဆန်းမိသည်။ ဘာအကြောင်းများရှိပါလိမ့်လို့လည်း တစ်ဆက်တည်းတွေးမိသည်။
ကျွန်မတွေးမိတဲ့ အတိုင်းသူပြောလာသည်က သူလုပ်ချင်တာတစ်ခုရှိနေပေမဲ့ လုပ်သင့်
မလုပ်သင့် စဉ်းစားနေပါတယ်တဲ့။ လုပ်ငန်းခွင်ဝင်ပြီး လုပ်ချင်တာနဲ့ လုပ်သင့်တာယှဉ်လာရင်
စဉ်းစားရကျပ်တာ ဓမ္မတာပင်ဖြစ်သည်။ လုပ်ချင်တာလုပ်လိုက်လို့ လုပ်သင့်တာကို လွတ်သွားရင်
သူများတွေထက်နောက်ကျကျန်နေတတ်သည်။ ဘာလုပ်ချင်တာလဲမေးတော့ အလုပ်ထွက်ချင်သည်ဟု
ဆိုလာသည် အလုပ်ခွင်ဝင်ပြီး အများဆုံးတွေ့ကြုံရသည့် အကြောင်းအရာပင်ဖြစ်သော်လည်း
တစ်ချို့က သည်းခံရင်းဆက်လုပ်ကြသည်။ ကို်ယ်ပိုင်အလုပ်တောင်မှ စိတ်ဖိစီးမှူ့ရှိသေးသည်ပင်။
သူများအလုပ် လုပ်ရင်တော့စိတ်ဖိစီးတာပိုများတာ ဓမ္မာတာပင်။
အလုပ်လုပ်ရတာလည်း အဆင်မပြေဘူးလားဆိုတော့မဟုတ်၊ အထက်လူကြီးစရိုက်ကို
သိပ်မကြိုက်ပေမဲ့ အခုထိတော့ အဆင်ပြေနေသည် ဆိုတော့စဉ်းစားစရာ။
အထက်လူကြီးကတော့ အလုပ်နဲ့ပတ်သက်ရင်သင်ပေးသည်ဟု ဆိုသော်လည်း
သူ့လက်အောက်ဆွဲသွင်းတတ်ပြီး သူလက်အောက်မဝင်ပါက အမြင်မကြည်ကာ
ညိုးတတ်သည်ဟုဆိုသည်။ ဒါကလည်း အခုထိအဆင်ပြေသေးတော့
ပြသာနာမရှိ အလုပ်ဝင်တာတစ်နှစ်ပြည့်ပြီးသော်လည်း အခုထိလစာ မတိုးသေးသာက
တစ်ကြောင်း၊ ဆောက်လုပ်ရေးအင်ဂျင်နီယာဟုဆိုသော်လည်း အလုပ်မျိုးစုံလုပ်ရကြောင်း
စသည်ဖြင့် ရင်ဖွင့်လာသည်။ အလုပ်မျိုးစုံလုပ်ရခြင်းသည် သူ့အလုပ်တွင်မဟုတ်
အလုပ်တော်တော်များများက ကိုယ့်အလုပ်နှင့်မဆိုင်လဲ ကူညီဟုဆိုကာ
အစုံလုပ်ရသည်ကများသည်။ ပေးထားသည့်လစာကနည်းပေမဲ့ အစုံသုပ်လုပ်ရသည်ကများသည်။
သူငယ်ချင်းအားငယ်နေမည် စိုးသောကြောင့် ကိုယ်တွေလည်း ထိုနည်းတူအစုံသုပ်နေကြောင်း
ပြောပြလိုက်သည်။ တတ်နိုင်လျှင် မထွက်သေးဘဲ လစာအရင်ညှိကြည့်ဖို့ အကြံပေးလိုက်သည်။
အလုပ်ထွက်လိုက်ရင်လည်း နောက်အလုပ်ပြန်ရှာရမည့် အပြင်အချိ်န်တစ်နှစ်ကျော် ဒီအလုပ်မှာ
လုပ်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်နှင့် ကျင့်သားရနေလိမ့်မည်။ နောက်အလုပ်ရလျှင် ပတ်ဝန်းကျင်
အသစ်မှာ ပြန်လည်အစပျိုးရခြင်း ဖြစ်သောကြောင့် ဘယ်လောက်ပဲဘေးပတ်ဝန်းကျင်နှင့်
အဆင်ပြေအောင်နေနိုင်သည် ပြောသော်လည်း အနည်းအကျင်းတော့ ကသိကအောက်ဖြစ်
မှာမလွဲပင်။ ကျွှန်မအကြံပေးလိုက်သည်က အဆင်ပြေမပြေ မသိသေးသော်လည်း သူ့အတွက်တော့
အထောက်အကူ ဖြစ်စေချင်သည်။ သူငယ်ချင်း အဆင်ပြေပါစေ။

10 comments

  • Tawwin Pan

    September 9, 2016 at 1:20 pm

    (၁)နှစ်ဆိုတဲ့အချိန်ကတော့ နည်းပါသေးတယ်။ အလုပ်စဝင်ချိန် အစမ်းခန့်ကာလက (၃)လ၊ တကယ်လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်တာက အဲနောက်ပိုင်းလောက်မှ ဆိုတော့ ဆက်ပြီး လုပ်ကြည့်ပါလို့ အကြံပေးပါရစေ။ အဲဒီနောက်ပိုင်းမှ ကိုယ်လုပ်ပေးနိုင်သလောက် ကိုယ့်ကိုအသိအမှတ်နည်းနည်းလေးတောင် မပြုဘူးဆိုရင်တော့ အဲအလုပ်ကို တွယ်တာမနေပါနဲ့လို့။

  • A mar nyo

    September 9, 2016 at 2:14 pm

    ညီမလည်းအဲ့တာကြောင့် သူ့ကိုမထွက်ဘဲအရင်ညှိခိုင်းလိုက်တယ် လုပ်သက်လည်းနည်းသေးတော့

  • Thint Aye Yeik

    September 10, 2016 at 3:55 pm

    လိုအပ်ချိန်မှာ
    သင့်လျော်တဲ့အကြံကောင်း အကြံမွန်ကို ပေးနိုင်တဲ့ သူငယ်ချင်းတွေ အနားမှာ ရှိတာသည်လည်း မင်္ဂလာတစ်ပါး

  • A mar nyo

    September 12, 2016 at 10:20 am

    သင့်လျော်တဲ့ အကြံကောင်းဖြစ်စေချင်ပါတယ်၊ သူငယ်ချင်းကောင်းရောပေါ့

    • A mar nyo

      September 12, 2016 at 11:57 am

      အလုပ်စုံလုပ်ရတော့ အတွေ့အကြုံ ပိုရပေမဲ့ တစ်ခါတစ်လေ လူကြီးပိုင်းလုပ်ရမှာကိုလုပ်ခိုင်းနေရင် စိတ်ညစ်ရပါတယ်တဲ့

  • ကိုပေါက်(မန္တလေး)

    September 12, 2016 at 12:34 pm

    ဒီနေရာမှာပြဿနာကြောင့်ပြောင်းရင်
    နောက်တစ်နေရာကလဲ
    ပြဿနာတွေ အဆင်သင့်စောင့်နေမှာ။

    နောက်တစ်ချက်
    ဝန်ထမ်းနဲ့ကိုယ်ပိုင်လုပ်ငန်းရှင်
    ယှဉ်ကြည့်ရင်
    ကိုယ်ပိုင်လုပ်ငန်းရှင်မှာ
    ဖိအားပိုများပါတယ်။

  • ဦးကြောင်ကြီး

    September 13, 2016 at 10:25 am

    အမာညို နဲ့ ကြောင် အံတီမှီကို ဒီဝါကြွတ် သွားဂဒေါ့ယအောင်ညှော ်…

  • မမချွိ

    September 13, 2016 at 1:19 pm

    ပညာရတဲ့ နေရာဆိုရင်တော့ အရင် သည်းခံကြည့်ပေါ့။
    ညှိမရရင်တော့လည်း တစ်မျိုးပေါ့။
    သူက ရင်ဆိုင်နေရသူဆိုတော့ သူ့ အခြေအနေသူ အသိဆုံး ဖစ်မပေါ့။

    🙂

    • A mar nyo

      September 14, 2016 at 9:52 am

      အာ့ကြောင့်လဲသည်းခံနိုင်သေးရင်ဆက်သည်းခံ လုံးဝမရတော့ရင်ထွက်ပေါ့လို့အကြံပေးလိုက်တယ်

Leave a Reply