Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇာတ်လမ်းတွဲကြည့်မလား

 

အားတဲ့ရက်မှာ ရုပ်သံစီးရီးစ်လေးတွေကြည့်ဖို့အတွက် အညွှန်းနဲ့ လင့်ခ်လေးတွေပါ။ :chit:

 

MY QUEEN – Taiwanese

#အသက်၃၃နှစ်အရွယ် ရှမ်းဝူရွှမ်းဟာ ချောမောလှပသလောက် အလုပ်နဲ့ပတ်သတ်ရင် ဘယ်သူ့ကိုမှအကြောမခံလိုတဲ့ သတင်းထောက်မတစ်ယောက်ပါ။

အလုပ်အပေါ်သဲကြီးမဲကီးနဲ့ ဘယ်သူ့မျက်နှာမှမထောက်တတ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့မုန်းတီးခြင်းခံရသူ၊
ဘယ်သူမှ မကြိုက်ဝံ့သူ အထီးကျန်အပျိုကြီးပါ။

#အသက်၂၅နှစ်အရွယ် နုပျိုချောမောသွက်လက်တဲ့ လုခါစင်း ဆိုတဲ့ကောင်လေးနဲ့ပတ်သတ်ခဲ့ပြီးနောက်
သူမရဲ့လက်ထောက် လုခါစင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာတဲ့စိတ်ထားကို မာနနဲ့ဖုံးကွယ်ရင်း

#My Queen ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးကိုကြည့်မယ်ဆိုရင် အောက်ပါလင့်ခ်မှဒေါင်းယူနိုင်ပါတယ်။

https://disqus.com/home/discussion/sugoideasmain/my_queen/

12742505_974757519244115_681367978847656397_n12715320_974757602577440_8149417909286826289_n

The Time We Were Not In Love – Korean

ချွဲဝမ်နဲ့ဟာနာ တို့ဟာ အိမ်ချင်းကပ်လျက် ငယ်သူငယ်ချင်းတွေ။

ငယ်ငယ်တည်းက အတူသွား၊အတူစားနေထိုင်လာပြီး
အချစ်ရေးမှာတော့ တစ်ယောက်ကို တစ်ယောက် မကြိုက်မိဖို့ နေနေကြတယ်။

သူတို့ချင်းမကြိုက်မိပေမယ့် သူတို့ရဲ့ရည်းစားတွေကတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို မကျေနပိကြဘူး။

အိုဟာနာက သူမရဲ့အချစ်ရေးကိစ္စမှန်သမျှ ချွဲဝမ်ကိုရင်ဖွင့်ရင်း အသက်၃၄နှစ်ထိ အတည်တကျ ချစ်သူမရနိုင်ခဲ့ဘူး။

ချွဲဝမ်မှာလည်း ဟာနာကိုနှစ်သိမ့်ရင်း သူ့နှလုံးသားကို မထိန်းချုပ်နိုင်တော့ပဲ

နောက်ဆုံးမှာ ငယ်သူငယ်ချင်းနှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ

မင်းသမီး Ha Ji Won ရဲ့ ဒရမ်မာကားသစ် ကို ViKiကနေ ကြည့်ရှုနိုင်ပါတယ်။

https://www.viki.com/m/tv/26594c-the-time-ive-loved-you

12647456_967557523297448_6993905288537717399_n

Queen Inhyun’s Man – Korean

ဂင်ဘုံဒို
ဂျိုဆွန်းခေတ်က နန်းတွင်းပညာရှိတစ်ယောက်ပါ။
ဂင်ဘုံဒိုကို တစ်ဖက်သတ်လေးစား သဘောကျနေတဲ့ အပျော်မယ်တစ်ယောက်ဟာ ဘုရားကျောင်းမှာ နေ့စဉ်သွားဆုတောင်းနေတုန်း ဘုန်းတော်ကြီးတစ်ပါးက
ဘာဆုကိုလိုလို့နေ့စဉ်လာရှိခိုးဆုတောင်းနေပါလဲ မေးတယ်
အပျော်မယ်ဟာ သူမအတွက်ဆုတောင်းတာမဟုတ်ပဲ နန်းတွင်းပရိယာယ်တွေကြား အသက်အန္တရာယ်များ လှတဲ့ အရာရှိ ဂင်ဘုံဒိုအတွက် ဆုတောင်းပေးကြောင်း လျှောက်တင်တာကြောင့် ဘုန်းတော်ကြီးက အဆောင်လက်ဖွဲ့တစ်ခုလုပ်ပေးလိုက်တယ်။
အပျော်မယ်ရဲ့အဆောင်လက်ဖွဲ့ကိုဆောင်ထားတဲ့ ဂင်ဘုံဒိုအား တစ်စုံတစ်ယောက်က တိုက်ခိုက်သတ်ဖြတ် လိုက်တဲ့အခါ ဂင်ဘုံဒိုရဲ့ကိုယ်ဟာ ချက်ချင်းပျောက်ကွယ်ကာ အနာဂတ် နှစ်ပေါင်း ၃၀ဝကျော် ယနေ့ခေတ် ကာလကို ရောက်ရှိလာတော့တယ်။
– – – – – — —
နှစ်ပေါင်း ၃၀ဝကျော်ကနေ ရောက်လာလိုက် ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတဲ့ ဂင်ဘုံဒို ကို မျှော်လင့်စောင့်စားနေရတဲ့ မော်ဒယ်လ်မင်းသမီးလေးချွဲဟီဂျင်
အဆောင်လက်ဖွဲ့စုတ်ပြဲ်သွားတဲ့နောက် ဂျိုဆွန်းခေတ်ထဲကနေ ဂင်ဘုံဒိုပြန်မလာနိုင်တော့ပဲ မှတ်ဉာဏ်တွေပျောက်ကွယ်ကုန်တာကြောင့် မိဘုရားအင်ဟွန်းဒရမာရိုက်နေရင်း လွမ်းဆွေးနေရတယ်။

ဂင်ဘုံဒိုရဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းပြန်သတိရလာပြီး အဆောင်လက်ဖွဲံ့ကိုပြန်ဆက်ကာ ယနေ့ခေတ်ကိုပြန်ရောက်လာကာ အခြေချတော့မယ်ဆိုမှ
အဆောင်လက်ဖွဲ့ကိုရအောင်လုပ်ပေးခဲ့သူ အပျော်မယ်ခမျာ အသတ်ခံလိုက်ရတာကြောင့် အဆောင်လက်ဖွဲ့မည်းမှောင်ကာ ဂင်ဘုံဒိုတစ်ယောက် ဂျိုဆွန်းခေတ်ကိုပြန်ရောက်ကာ ချစ်သူထံပြန်လာစရာ အဆောင်မရှိတော့တဲ့နောက်. . . . . . . .
Queen Inhyun’s Man ဆိုတဲ့ Korean Drama ကို https://www.viki.com/tv/7823c-queen-in-hyuns-man

http://dramafire.in/watch-and-download-queen-in-hyuns-man/
တို့ကနေ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

559056_109774885854313_1071774460_n

08212045

Devil Beside You – Taiwanese :528: 

ကျီယွဲ့ဆိုတဲ့မိန်းကလေးက အမေမုဆိုးမနဲ့နေရင်းကျောင်းတက်နေသူလေး။

ကျောင်းမှာ တည်ငြိမ်အေးဆေးပြီး ဘောလီဘောအသင်းခေါင်းဆောင်ဖြစ်တဲ့ယွမ်ရီကို တစ်ဖက်သတ်သဘောကျနေခဲ့တယ်။

ယွမ်ရီနဲ့အဆင်ပြေခါနီးမှာ ကျောင်းအကြီးအကဲရဲ့သားဖြစ်သူ ခပ်ပေပေ ဂျစ်တစ်တစ်နဲ့တရှူးထိုး တဇောက်ကန်း ကျားမုံ က ကျီယွဲ့နဲ့ယွမ်ရီရဲ့ မစရသေးတဲ့ အချစ်ဇာတ်လမ်းကြား ဝင်ရှုပ်တော့တယ်။

မကြာမီမှာပဲ ကျီယွဲ့မိခင် နောက်အိမ်ထောင်ပြုတော့မယ် သိရပြီး မိခင်ရဲ့နောက်အိမ်ထောင်ဟာ သူမကိုအမြဲခြောက်လှန့်နေတဲ့ အားမုံ (ခ) ကျားမုံရဲ့ ဖခင်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ။

. . . . .
ကျီယွဲ့ရဲ့နှလုံးသားကို ခပ်အေးအေးယွမ်ရီအစား ရန်လိုဂျစ်ကန်တဲ့ အားမုံက ချက်ချင်းသိမ်းပိုက်လိုက်နိုင်ပြီး

တစ်အိမ်ထဲအတူနေရတဲ့အခါ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို မိဘတွေမသိအောင် လျို့ဝှက်နေရတဲ့ ဂျစ်ကန်ကန်အဖေပါသားအားမုံနဲ့ ချစ်သူလူဆိုးလေးကိုအရာရာအလျှော့ပေးချော့မော့နားချနေရတတ်တဲ့အမေပါသမီး ကျီယွဲ့

“Devil Beside You” ဆိုတဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲလေးကို http://sugoideas.com/drama-2005/devil-beside-you/
ို ကနေ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

tumblr_lewey5n5qj1qb8vch

12310439_934652756587925_1178240596660712947_n

အားပေးရင် ဆက်တင်ပေးသွားမယ်နော် :k:

5 comments

  • pooch

    September 19, 2016 at 10:24 am

    My Queen ကြည့်ဖူးတယ် ကြိုက်တယ် ကိုရီးယား version လည်း ကြည့်ဖူးတယ် ဆန်းမီရိုက်တာ လား မသိဘူး တော်တော်တော့ ကြာပြီ

    ဟာဂျီဝန်ကို ဘာရယ်ကြောင့်မှန်းမသိ အရမ်းမကြိုက်တော့ သူ့ကားတွေ တကူးတကမကြည့်ဖူး မင်းသားကြိုက်မှ ကြည့်တာ ကြုံရင်တော့ ကြည့်တယ် ဒီကားထဲက မင်းသား လည်း သိပ်မကြိုက်ဖူး
    Choi Ji-woo နဲ့ မနဲ့ မောင်ဇာတ်လမ်းဖြစ်ပြီး နောက်ပိုင်း သူကစဖြတ်ချင်တော့ စစ်ထဲဝင်သွားကထဲက
    အဲ့မင်းသားကို cross ဖြစ်သွားတာ ဒါက ကြုံလို့ အတင်းတုပ်တာ

    Queen Inhyun’s Man က ကောင်းတယ်လို့ လူတိုင်းပြောပါရဲ့ မကြည့်ဖြစ်သေးတာ
    ဘာလို့လဲ ဆိုတော့ ကိုယ်က running man ရဲ့ big fun
    Family outing ပြီးကထဲက စွဲစွဲမြဲမြဲကြည့်လာတာ Kwang soo ကို တအားကြိုက် နှိပ်စက်ခံရလို့ သနားပြီး အားပေးတာ
    ဒီကားထဲက မင်းသမီးက kwang soo နဲ့ အရင်ဖြစ်တာ ပြတ်ပြီး ဒီကားပြီး ဒီမင်းသားနဲ့ တွဲတဲ့အခါ ဒီသတင်းကြားပြီးကထဲက
    kwang soo ကို စိတ်ထဲအားနာပြီး စိတ်မကောင်းတာနဲ့ မအားပေးတာ ဟီး :p

    မင်းသားတော့ကြိုက်တယ် ဟိုးအရင် TV မှာပြတဲ့ မိသားစုကားတခုမှာထဲက ကြိုက်တာ

    Devil Beside You ကမင်းသမီးကို တော်တော်လေးကြိုက်တယ် ဒီကားသေချာပေါက်ကြည့်မယ် ဒေါင်းလိုက်အုန်းမယ် ကျေးဇူး

    • My queen က ထိုင်ဝမ်ဗားရှင်းပိုကောင်းတယ်ထင်ရ။ညီမတော့ ထိုင်ဝထိုင်ဝမ်မင်းသား/မင်းသမီးတွေပိုလှတယ်ထင်လို့။ကိုးရီးယားက စမတ်ကျသန့်ပြန့်တာတော့မှန်ပါတယ်။

      ဟာဂျီဝန်ကတော့ သိပ်မကြိုက်တာတူတယ်။အဲ့မငိးသားဆိုတစ်ခါမှမကြည့်ဖူး။သိပ်မကြိုက်တာတူတယ်။အဲ့မငိးသားဆိုတစ်ခါမှမကြည့်ဖူး။

      Queen Inhyun’s ကိုတော်ကြိုက်တယ်။
      တွဲနေတာသိတော့ပိုကြိုက်သွား။အရင်ကိစ္စတော့မသိ :kwi:

      Devil ကတော့အသည်းစွဲ။ Mike He ကော၊ Rainine Yang ကော ချစ်စရာအကောင်းဆုံးနဲ့အလိုက်ဆုံးကားပေါ့။ :chit:

    • A mar nyo

      September 19, 2016 at 1:15 pm

      ဂွမ်ဆူနဲ့တွဲသေးတာလား အင်နာက
      Queen Inhyun’s Man မင်းသားနဲ့ အခုပြတ်သွားပြီလေမင်းသားရဲ့ပရိတ်သတ်တွေကလက်မခံလို့

        • Queen Inhyun’s Man ကတော့ တကယ်ကို ကြည့်တိုင်းမရိုးနိုင်တဲ့ ကားကောင်းပါ။သူတို့ပါစင်နယ်ဖယ်ထားပြီးကြည့်လိုက် မကြိုက်ရင် ကြိုက်သလိုေြပြာ။တကယ်ဆွဲဆောင်မှုရှိတဲ့ဒရမ်မာပါ။

Leave a Reply