Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘတ်၁၅၀ဝရှိရုံနဲ့ အရသာရှိတဲ့အစားအစာတွေကိုသုုံးဆောင်နိုင်မယ့် ဘန်ကောက်ကစားသောက်ဆိုင် (၁၄)ခု

Mon LayOctober 21, 20169min3652

အာရှရဲ့နာမည်ကြီးမြို့တော်တစ်ခုဖြစ်တဲ့ ဘန်ကောက်ဟာ ခရီးသွားအများစုရဲ့အာရုံကို ဖမ်းစားထားပါတယ်။ အရသာရှိတဲ့အစားအသောက်တွေကလည်း ဘန်ကောက်ရဲ့ ဆွဲဆောင်မှုတစ်ခုပါဘဲ။ ခရီးသွားတွေအတွက်တော့ အစားအသောက်ကောင်းရုံမက ဈေးသက်သာဖို့လည်း လိုတယ်လေ။ အဲ့ဒါကြောင့်ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့အစားအစာတွေရနိုင်တဲ့ စားသောက်ဆိုင်တချို့ကိုပြောပြပေးချင်တယ်။

၁. Le Du Restaurant

Le Du Restaurant ဆိုတာကတော့ ဘန်ကောက်မှာမကြာခင်ကမှဖွင့်လှစ်လိုက်တဲ့ စားသောက်ဆိုင်အသစ်လေးပါ။ အဲ့ဒီ့စားသောက်ဆိုင်ကိုလူတွေသိပ်မသိခင်၊ နေရာရဖို့သိပ်မခက်ခဲခင် သွားကြည့်လိုက်ပါ။ ဆိုင်နာမည်က ပြင်သစ်အသံထွက်ဖြစ်ပေမယ့် Le Du ဆိုတာ ပြင်သစ်စားသောက်ဆိုင်မဟုတ်ပါဘူး။ Le Du ဆိုတာ ထိုင်းလိုဆိုရင် ‘ရာသီဥတု ’ လို့အဓိပ္ပါယ်ရပြီး အဲ့ဒီဆိုင်မှာရတဲ့အစားအစာတွေကတော့ အမျိုးအမည်တပ်ဖို့ နည်းနည်းခက်ပါတယ်။ လူငယ်ဆန်ဆန် ဆန်းသစ်တဲ့ဟင်းလျာတွေလို့ပဲပြောရမှာပေါ့။ ဟင်းတွေက ထိုင်းအရသာကိုအခြေခံပြီး နိုင်ငံတကာက ဟင်းအငွေ့အသက်တွေလည်း ထည့်သွင်းထားပါတယ်။ လူငယ်ဆန်ဆန်ဆိုလို့ စာဖိုမှူးတွေကို အပျော်တမ်းချက်တဲ့သူတွေလို့ မထင်လိုက်ပါနဲ့။ Le Du မှာ ရှိတဲ့ အကြီးဆုံး စာဖိုမှူး ၂ယောက်လုံးက အချက်အပြုတ်ကျွမ်းကျင်တဲ့သူတွေပါ။

Le Du Restaurant Bangkok

1526344_448749561918776_1425134622_n

Opening Hours: Monday to Saturday 18:00 – 23:00 (Closed on Sundays) – Location: 399/3 Silom Soi 7 -BTS: Chong Nonsi exit 4 – Tel: +66 (0)92 919 9969

၂. Seven Spoons

လူရှင်းတဲ့လမ်းထဲမှာရှိတဲ့ တရုတ်အိမ်ဆိုင်လေးဖြစ်ပြီး ဧည့်သည်တွေလည်း အလာကျဲတဲ့အတွက် ဘန်ကောက်က အကောင်းဆုံးစားသောက်ဆိုင်တွေထဲက တစ်ခုပါပဲ။ Seven Spoons မှာ စားပွဲ ၄ ဝိုင်းဆန့်တဲ့ အခန်းသေးလေး ၁ ခန်းပဲရှိပြီး အဲ့ဒီအခန်းကလည်း ညတိုင်း ဘိုကင် အပြည့်ပါပဲ။ မြေထဲဒေသ ဟင်းလျာတွေနဲ့ သက်သက်လွတ်ဟင်းလျာတွေကိုသုံးဆောင်နိုင်ပါတယ်။ ဒီဆိုင်လေးကျော်ကြားနေရတဲ့နောက်ကွယ်က အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ အရသာရှိတဲ့ အစားအစာ၊ ပြင်းရှရှ Cocktail နဲ့ နွေးထွေးတဲ့ အခန်းလေးက ဆိုင်ရဲ့ ဆွဲဆောင်မှုပါဘဲ။ Bangkok ကစားသောက်ဆိုင်တွေထဲမှာတော့ Seven Spoons ကထူးခြားတဲ့ ဆိုင်လေးတစ်ခုပါ။ ဖော်ရွေတဲ့ဆက်ဆံရေးနဲ့ ပိုက်ဆံရှင်းဖို့ Bill ယူလာပေးတိုင်း နစ်ခါပြန်မေးရတဲ့အထိချိုသာလွန်းတဲ့ ဈေးနှုန်းက ဆိုင်ရဲ့ဆွဲဆောင်မှုနောက်တစ်ခုပါ။

Seven Spoon Restaurant13876391_1388492251180231_8648124077412591919_n

Opening Hours: Daily from 18:00 – Midnight, except Mondays – Address: 211 Chakkrapatipong Road, Intersection of Lan Luang Road – Tel: +66 (0)2 6284588 or +66 (0)84 5391819

၃. Le Table de Tee

Le Table de Tee စားသောက်ဆိုင်ကတော့ အရသာရှိတဲ့ပြင်သစ်အစားအစာတွေ ရနိုင်ပြီး စိတ်ကူးယဉ်ဆန်ဆန် အပြင်အဆင်တွေနဲ့ဆိုင်ကို ပြင်ဆင်ထားပါတယ်။ တခြားဆိုင်တွေနဲ့မတူတာက ဟင်းငါးမျိုးပါတဲ့ ၁ယောက်စာ Set Menu ၁ခုကို ဘတ် ၉၅ဝ ဘဲရှိပါတယ်။ ( Service Charge မပါ ) ဘန်ကောက်ကဆိုင်တွေထဲမှာ La Table de Tee ရဲ့ဟင်းချက်လက်ရာ၊ဈေးနှုန်းနဲ့ ဆိုင်နေရာ အပြင်အဆင်တွေကို မီတဲ့ဆိုင်ကိုရှာမတွေ့သေးပါဘူး။ Soi Sala Daeng ရဲ့ အနောက်ဘက်လမ်းကြား လေးထဲမှာတည်ရှိပြီး Silom လမ်းပေါ်ကBTS နဲ့ MRT ဂိတ်တွေထဲကနေဆို မိနစ်ပိုင်းလောက်ပါဘဲ သွားရပါတယ်။

Le Table de Tee Bangkok Restaurant

 

8985919_orig

Opening Hours: Tuesday to Sunday 18:30 to 22:00 – MRT: Silom BTS: Sala Daeng – Address: 69/5 Soi Sala Daeng, Silom Rd., Bangkok – Tel: +66 (0)2 6363220

၄. Little Beast

Little Beast Bangkok ဟာဆိုရင် သူ့ရဲ့ နာမည်ကျော် စပိန်စတိုင်ဟင်းပွဲသေးသေးလေးတွေ ပါဝင်တဲ့ ညစာကို အခြေခံပြီး  Bangkok မြို့ရဲ့အေးချမ်းတဲ့ဒေသလေးတစ်ခုမှာ Bar နဲ့အတူ တွဲလျက် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်တယ်။ Thonglor Soi 13 ရဲ့အနောက်ဘက်ဒေသ မှာတည်ရှိပါတယ်။ ပြင်သစ်ပထမတန်းစား ဟင်းချက်နည်းတွေကိုသုံးပြီး ပြင်းရှတဲ့ အမေရိကန် အနံ့အရသာပေါ်အောင်ဟင်းလျာတွေကို စီမံထားတဲ့အတွက် ဒီစားသောက်ဆိုင်ဟာ ၎င်းရဲ့ စားဖိုမှူး Nan နဲ့ သူမရဲ့ အဖွဲ့သား တွေရဲ့ မေတ္တာနဲ့ စိုက်ထုတ်ထားတဲ့ လုပ်အားတွေကြောင့် နာမည်ကြီးနေတယ်ဆိုတာ အသိသာကြီးပါ။ အထူးပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို သက်တောင့်သက်သာရှိတဲ့ အခန်းလေးတွေထဲမှာ အနားယူရင်း အေးအေးဆေးဆေး ညစာသုံးဆောင်နိုင်ပါတယ်။

Little Beast Bangkok Restaurant

For more information please visit www.bumres.com

Opening Hours: Tues-Sat 17:30-01:00; Sun 11:00-15:00; Closed Mondays – Location: Little Beast Bangkok, Thong Lo 13 – Tel: +66(0)2 185 2670

၅. Steve Café

Steve Café & Cuisine ကတော့ လူရှုပ်တဲ့လမ်းတွေနဲ့ ဝေးကွာတဲ့ မြစ်ဘေးမှာ တည်ရှိပြီး ရှာဖွေရလွယ်ကူအောင် အမှတ်အသားကြီးကြီးမားမား တစ်ခုမှမရှိတဲ့အတွက် အဲ့ဒီဆိုင်ကိုသွားဖို့ ခက်ခဲပါတယ်။ တကယ်လို့ အဲ့ဒီဆိုင်ကိုရှာတွေ့ခဲ့ရင်လည်း ရှာရတာနဲ့ တန်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဆိုင်က ဘာမဆိုရနို်င်တဲ့ဆိုင်လို့ ရေပန်းစားပြီး အောင်မြင်နေတဲ့ဆိုင်ဖြစ်လို့ပါ။

Steve Cafe Bangkok020_Steve_Cafe_and_Cuisine

Opening Hours: 11.30 am – 11.pm – Location: Next to Dhevet pier – Tel: +66 (0) 81 868 0744, +66 (0) 2 281 0915, +66 (0) 2 280 2989.

၆. Long Table

Long Table ဆိုတဲ့ဆိုင်ကတော့ မိုးမျှော်တိုက်ကြီးရဲ့အပေါ်ဆုံးထပ်မှာရှိတာမဟုတ်ပေမယ့် အရသာရှိတဲ့ထိုင်းအစားအစာတွေနဲ့ ချိုမြနေတဲ့ကော့တေး၊ အမြင့်ကနေမြင်ရတဲ့ရှုခင်းတွေက ကိုယ့်ကိုယ်ကို အပေါ်ဆုံးထပ်မှာမဟုတ်ဖူးဆိုတာတောင် မေ့သွားစေမှာပါ။ ညနေပိုင်းမှာ ဘန်ကောက်မြို့ရဲ့ နေဝင်ချိန်အလှကိုခံစားရင်း ဟင်းပွဲစဉ်(၃)မျိုးပါဝင်တဲ့ ဟင်းလျာတွေကို သက်တောင့်သက်သာရှိတဲ့ Long Table ရဲ့ အခန်းငယ်ထဲမှာ အေးအေးဆေးဆေး သုံးဆောင်နိုင်ပါတယ်။ ဒီ့ထက်ကောင်းတဲ့ အထပ်မြင့်barမျိုး ဘန်ကောက်မှာမရှိပါဘူး။ ညနေ ၅နာရီကနေ ည ရနာရီထိဆို နှစ်ယောက်လာလျှင် တစ်ယောက်စာ Free သောက်ခွင့်ရမှာပါ။ ဈေးသက်သာတဲ့အစားအသောက်တွေကြောင့် ဒီဆိုင်ကိုသွားရင် ပိုက်ဆံများများစားစားမကုန်မှာ အသေအချာပါဘဲ။

long-table-bangkok

bkk5

 

long table bangkok

Opening Hours: Daily from 17:00 until 02:00 – MRT: Sukhumvit BTS: Asoke – Address: 25th Floor, 48 Column Tower, Sukhumvit Soi 16

၇. Café Claire

Café Claire ကတော့ Wireless Road ပေါ်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ကပ်လျက်Oriental Residence မှာရှိပြီး လူသိမများပေမယ့် ကောင်းမွန်တဲ့စားသောက်ဆိုင်တစ်ခုပါ။ ဒီလိုလှပပြီး စိမ်းစိုနေတဲ့ လမ်းထဲမှာ စားသောက်ဆိုင်ကောင်းကောင်းမရှိတာက Café Claire အတွက် အခွင့်ကောင်းတစ်ခုပေါ့။ သက်တောင့်သက်သာရှိတဲ့ အပြင်အဆင်၊ ချိုသာတဲ့ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကြောင့် Café Claireက အောင်မြင်တဲ့စားသောက်ဆိုင်ကောင်းတစ်ခု ဖြစ်လာပါတယ်။

cafe-claire BangkokCafe-Claire-5CafeClaire007-featured-600x345

Opening Hours: Breakfast: 06:00 to 10:30 – Lunch: 11:30 to 14:30 – High Tea: -14:30 to 17:00 – Dinner: 18:00 to 23:00Location: 110 Wireless Road (just next to US Embassy), Lumpini, Patumwan Bangkok 10330

၈. Soul Food (Mahanakorn)

Soul Food ကတော့ အမေရိကန်လူမျိုးတွေဖွင့်ထားတဲ့ ထိုင်းစားသောက်ဆိုင်တစ်ခု ဖြစ်ပါတယ်။ Thong Lor ဒေသမှာရှိပြီး နာမည်ကြီးတဲ့ဟင်းလျာတွေကို သစ်တွေနဲ့ဆောက်ထားတဲ့ ဆိုင်ခန်းလေးထဲမှာ အေးအေးဆေးဆေး သုံးဆောင်နိုင်မှာပါ။ BTS ဂိတ်ကနေဆို ၅ မိနစ်လောက်ဘဲ သွားရပါတယ်။ ညနေခင်းလေးမှာ အရသာရှိတဲ့အစားအသောက်တွေစားချင်ရင်တော့ ဒီဆိုင်လေးကိုသာသွားလိုက်ပါ။

soul-food-mieng-khamrestaurant2-2-960x450_c

Opening Hours: Sunday – Thursday from 17:30 to 23:00 and Friday and Saturday from 17:30 to 00:00 BTS: Thong Lor Address: 56/10 Sukhumvit Soi Thonglor Tel : +66 (0)2 7147708

၉. Smith Restaurant

ဘန်ကောက်မှာရှိတဲ့ဆိုင်တော်တော်များများက အရသာရှိတဲ့အစားအသောက်တွေကြောင့် နာမည်ကြီးကြပါတယ်။ အဲ့ဒီ့ဆိုင်တွေထဲမှာ Sukhumvit 49 မှာရှိတဲ့ Smith Restaurantလည်း တစ်ခုအပါဝင်ပါ။ ဆိုင်အပြင်အဆင်ရော ဆန်းသစ်တဲ့ဟင်းလျာတွေကြောင့်ပါ လူကြိုက်များတဲ့ ဆိုင်တစ်ခု ဖြစ်ပါတယ်။ ဟင်းလျာတွေသာမက အချိုပွဲတွေကပါ အရသာရှိတဲ့အတွက် ဒီဆိုင်ကို သွားရောက် သုံးဆောင်သင့်ပါတယ်။

Smith Restaurant Bangkokinterior_web_1_0

Opening Hours: Daily – 5pm – midnight Location : Sukhumvit Soi 49 BTS : Thong Lor Tel : 02 261 0515

၁၀. Quince

ဒီဆိုင်ကတော့ သက်သက်လွတ်သမားတွေအတွက်ရော အသားကြိုက်သူတွေအတွက်ပါ အဆင်ပြေမယ့်ဆိုင်လေးပါ။ ဩစတျေးလျ စားဖိုမှူး Jass Barnes က ထိုင်းနိုင်ငံထွက် ကုန်ကြမ်းတွေကိုအသုံးပြုပြီး ရိုးရှင်းတဲ့ဟင်းလျာတွေကို နိုင်ငံတကာစံနှုန်းမီ ချက်ပြုတ်ရောင်းချပါတယ်။ ဟင်းချက်ဖို့ပါဝင်ပစ္စည်းတွေကိုဆေးတဲ့အခါ ရေအစား ထိုင်းနိုင်ငံထွက် ကော့တေးနဲ့ဆေးတာကလည်း ဒီဆိုင်ရဲ့ထူးခြားချက်ပါ။ ဒီလိုအရသာရှိတဲ့ စားသောက်ဆိုင်ကို Sukhumvit Soi 45 ကို ဝင်ဝင်ချင်းမှာဘဲတွေ့နိုင်မှာဖြစ်ပြီး ကိုယ်စားချင်တဲ့ အစားအစာတွေကို ဆိုင်ရဲ့အရှေ့ဘက်က အပင်တွေစိုက်ထားတဲ့မှန်လုံအိမ်နဲ့ ဆိုင်ရဲ့ ခမ်းနားတဲ့စားသောက်ခန်းထဲက ရွေးချယ်နိုင်မှာပါ။

Quince - Bangkok RestaurantEggs_jpg_1436845062

Opening Hours: Daily 11:30 – 01:30  BTS: Thong Lor Address: Quince, Sukhumvit Soi 45, Bangkok, Thailand Tel: +66 (0)2 662447

၁၁. Appia

Italy နိုင်ငံက mama’s kitchen မှာစားရသလိုမျိုးခံစားရစေမှာပါ။ Appiaမှာစားပြီးရင်  တကယ်ဗိုက်ပြည့်မယ်ဆိုတာ အာမခံပါတယ်။ အသားခြောက်၊ pasta ၊ tiramisu စတဲ့ ထိုင်းလူမျိုးတွေအကြိုက် အစားအစာတွေကိုရရှိနိုင်မှာပါ။ အဲ့ဒီ့ဆိုင်မှာသွားမစားခင် အရင်ဘိုကင်လုပ်ဖို့တော့လိုမယ်နော်။ ဘာလို့လဲဆိုရင် စဖွင့်တဲ့ ၂၀၁၃ ကစပြီး အဲ့ဒီ့ ရောမစတိုင်စားသောက်ဆိုင်က သစ်သားစားပွဲတွေက ဘန်ကောက်မှာနာမည်ကြီးပြီး လူစည်ကားတဲ့ဆိုင်တစ်ဆိုင်ဖြစ်လို့ပါ။

Appia Italian Restaurant Bangkokappia-0034

Opening Hours: Tuesday – Sunday 18:00 – 23:00 – Address: 20/4 Sukhumvit Soi 31, Bangkok – Tel: +66 (0)2 2612056

၁၂. Indigo

ဆိုင်ဖွင့်တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိပြီး ကောင်းမွန်တဲ့ဟင်းချက်လက်ရာနဲ့ ဘီယာနဲ့တွဲဖက်စားနိုင်တဲ့ အိမ်ချက်ပုံစံဟင်းလျာတွေကြောင့် နာမည်ရလာတဲ့ ပြင်သစ်စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။ ပြင်သစ်ရိုးရာဟင်းလျာတွေက ပြင်သစ်နိုင်ငံသားတွေအတွက် သူတို့နိုင်ငံကိုပြန်လွမ်းသွားစေလောက်တဲ့အထိ အရသာကောင်းပါတယ်။ အရသာရှိတဲ့စားသောက်ဖွယ်ရာတွေ ခမ်းနားတဲ့အပြင်အဆင်နဲ့ ဖော်ရွေတဲ့ဝန်ဆောင်မှုကြောင့် Indigo Restaurant ကိုသွားရင် ကိုယ့်အိမ်ကိုရောက်သွားသလိုဘဲ ခံစားရမှာပါ။

Indigo Restaurant Bangkok

Opening Hours: 11:30 – 01:00 – BTS: Sala Daeng Address: 6 Convent Road, Silom – Tel: 02-235-3268

၁၃. Peppina

အီတလီအစားအစာတွေကို ချိုသာတဲ့ဈေးနှုန်းနဲ့စားနိုင်မယ့် စားသောက်ဆိုင်တစ်ခုပါ။ ညဘက်ဆိုရင် ကျယ်ဝန်းပြီး မီးရောင်စုံထွန်းထားတဲ့ စားသောက်ခန်းထဲမှာ နိုင်ငံခြားသားတွေရော ဒေသခံတွေပါ ပြည့်နှက်နေပါတယ်။ ဆိုင်ရဲ့ Menu က စာမျက်နှာ ၂မျက်နှာလောက်ဘဲရှိပြီး အဓိကနာမည်ကြီးတာကတော့ pizza ပါ။ စားသုံးသူတွေအကြိုက် Nepolitan pizza က ပုံမှန် sizeဆို ဘတ်၂၀ဝလောက်ဘဲရှိပြီး size ကြီးဆိုရင် ဘတ်၄၀ဝပါ။ သံလွင်ဆီနဲ့ပြုလုပ်ထားတဲ့ အီတာလျံပေါင်မုန့်အစိုကို မီးကင်ပြီးလုပ်ထားတဲ့ Pizza ဖြစ်လို့ တခြားဆိုင်တွေက Pizza တွေလိုမဟုတ်ဘဲ အရသာထူးခြားပါတယ်။ Bangkok ကနာမည်ကြီး pizza ဆိုင်ဆိုလည်းမမှားပါဘူး။

Peppina - Italian Restaurant in BangkokPeppina-Peppina-14

Opening Hours: 11:30-14:30; 18:00-23:00 (closed on Monday)Location: Sukhumvit Soi 31, 10 metres from Phrom Chit junction BTS: Phrom Phong Tel: +66 (0)2 119 7677

၁၄. Thanying

ဒီဆိုင်ကတော့ မင်းသမီး Sulabhရဲ့သား Sorut Visuddhi ပိုင်တဲ့ဆိုင်ဖြစ်ပြီး အရသာရှိတဲ့ တော်ဝင်ဟင်းလျာတွေကြောင့်နာမည်ကြီးပါတယ်။ တော်ဝင်ဟင်းလျာဆိုပေမယ့် ဟင်းပွဲတွေအရမ်းမများပါဘူး။ ဟင်းထဲမှာပါဝင်တဲ့ပစ္စည်းတွေက လတ်ဆတ်ပြီး အပြင်အဆင်ကလည်း ခမ်းနားပါတယ်။ စားသုံးသူတွေအတွက်လွယ်ကူအောင် အသားတွေကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပေးထားပြီး ငါးဆိုရင်လည်း အရိုးထုတ်ပြီးသားပါ။ ဒါတွေကြောင့်နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်နေတာပါ။

Thanying Restaurant Bangkokthanying

Opening Hours: daily from 11:30 hrs and last order is at 22:00 hrs – Location: 10 Thanon Pramuan (Pramuan St.), off Silom Rd. (between Silom 17 and 19) – BTS: 3 mn walk from Surasak BTS Station –

Tel: (66) 02-236-4361, (66) 02-235-0371

#credit

2 comments

  • Thint Aye Yeik

    October 24, 2016 at 1:21 pm

    ထိုင်းစာတွေကို အိန္ဒိယအစားအစာတွေလောက် သိပ်မကြိုက်မိ. . .
    ထိုင်းရောက်ရင် စားချင်တာက The Swimmers ဇာတ်ကားထဲက သေပြီး သရဲဖြစ်သွားတဲ့ Ice ဆိုတဲ့ မင်းသမီးလေးကို

    :k:

    အဲလေ အစားအစာတွေနဲ့ လူတွေ ရောကုန်ပါပြီ
    :k:

    https://www.youtube.com/watch?v=fS0vGsNY99E

  • သျှားသက်မာန်

    October 24, 2016 at 5:20 pm

    ဟာသလည်းပြောတတ်တယ်နော်

Leave a Reply