မနက်ဖြန်ကို မော့သောက်ဖို့ ကြံနေသူ
”မနက်ဖြန်ကို မော့သောက်ဖို့ ကြံနေတဲ့ကောင်လေး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
”အနက်ရောင်ညအစစ်”တို့ ဆုံးခန်းတိုင်ခဲ့ပြီ။
”အဖြူရောင် မိုးလင်းခြင်းအစစ်”တို့ စင်ကြယ်စွာ လာလိမ့်မည်. . .
အဲ့သည်လို ယုံကြည်ချက်နဲ့ပဲ. . .။
ကိုယ့်ပေတံနဲ့ကိုယ် တိုင်းထွာထားတဲ့
အစစ်အမှန်တွေရယ်. . .
အတုအယောင်တွေရယ်ကို
ကိုယ့်လက်နဲ့ပဲ . . .
အသာအယာ ဖယ်ရှားပစ်လိုက်တဲ့အခါမှာတော့. . .
မနက်ဖြန်ဟာ. . .
လက်ကျန် မော့ဖို့ ရှိနေသေးတဲ့ ”ဝီစကီလက်နှစ်ဆစ်လောက်”နီးပါး. . .
မက်မောဖွယ်ရာ ကောင်းသွားလေရဲ့။
အဲသည်လို မျှော်လင့်ချက်နဲ့ပဲ. . .။
ဆိုကြပါစို့. . .
အဲသည်လို မျှော်လင့်ချက်နဲ့ပဲ. . .
”မွေးကင်းစအနာဂတ်ကလေး”ရဲ့ ရာဇဝင်ကို
”ကြီးကျယ်ခမ်းနားတဲ့ပစ္စုပ္ပန်”ကနေ. . .
ကြိုရေးလိုက်နိုင်တယ်ပေါ့။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သင့်အေးရိပ်
အောက်တိုဘာ ၂၅၊ ၂၀၁၆
4 comments
သျှားသက်မာန်
October 26, 2016 at 10:34 am
လန်ထွက်ပြန်တက်ဆိုတာဒါမျိုးထင်ရဲ ့ ပြန်မပြုတ်ကျဖို ့ကြိုးစားပါ အကို
Thint Aye Yeik
October 26, 2016 at 1:11 pm
😆
uncle gyi
October 27, 2016 at 4:01 pm
အဲဒီမက်မောဖွယ်
မျော်လင့်ချက်နဲ့ပဲလူတွေအသက်ရှင်နေကြတာပါပဲလေ
Thint Aye Yeik
October 28, 2016 at 10:55 am
ဟုတ်ပါ့ ဟုတ်ပါ့
:k: