မှော်ကမာ္ဘထဲကို ခေါ်သွားဦးမယ် ဂျေကေရဲ့ Fantastic Beasts
ဟယ်ရီပေါ်တာရဲ့ ပရိတ်သတ်တွေ အလွမ်းပြေစေဖို့ J.K Rowling ဟာ ဟယ်ရီပေါ်တာလိုပဲ မှော်ကမ္ဘာကြီးထဲကို ခေါ်ဆောင်ပေးသွားပါဦးမယ်။
ဂျေကေဟာ Fantastic Beasts ကို ဇာတ်ညွှန်းစာအုပ်ပုံစံထွက်ရှိခဲ့တာပါ။ အခု ဒီဇာတ်ကားမှာတော့ ရုပ်ရှင်ဇာတ်လမ်းပုံစံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကား ထုံးစံအတိုင်း ထင်မထားတဲ့လှည့်ကွက်တွေနဲ့ ထူးဆန်းတဲ့ မှော်သတ္တဝါ အမြောက်အမြားကို ဒီဇာတ်လမ်းမှာ ရင်သပ်ရှုမောကြည့်ရှုရဦးမှာပါ။
Fantastic Beasts ဟာ ဟယ်ရီပေါ်တာရဲ့ နောက်ခံကျောရိုးချင်းတူပေမယ့် ဟယ်ရီပေါ်တာ ဇာတ်ကားတွေလိုပဲ စာအုပ်ဖတ်ပြီးသားလူဟာ ပိုကြည့်ကောင်းစေမှာပါ။ ဒါပေမယ့် Fantastic Beasts ကို မကြည့်ရှုခင်မှာ ဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သတ္တဝါတွေအကြောင်းကို သိထားမယ်ဆိုရင် ဇာတ်လမ်းဟာ ပိုကြည့်ကောင်းပြီး မှော်ကမ္ဘာထဲမှာလည်း ကြည့်ရတာ မျက်စိမလည်ပဲ ပိုစိတ်ဝင်စားစေဖို့ စာအုပ်ထဲကအချက်အလက်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Johnny Depp ကိုလည်း တွေ့မြင်ရဦးမှာပါ။
ဒီဇာတ်ကား ပထမဆုံးရုံတင်တင်ချင်း ပထမဆုံး ရသတ္တပတ်မှာ $74 Million ကျော်ရရှိထားတဲ့ဇာတ်ကားပါ Box Office မှာလည်း နံပါတ်(၁)ကိုရယူထားပါတယ်။















လေးစားစွာဖြင့်
အောင်မိုးသူ
5 comments
manawphyulay
December 2, 2016 at 4:55 pm
ဖြစ်နိုင်ရင် ဇာတ်ကားကောင်းတွေ ဒေါင်းလို့ရမယ့်လင့် ပါ တင်ပေးပါလား။ မကြည့်ဖသ်ခဲ့တာ အတော်ကြာနေတော့ တစ်ခါတလေ ကြည့်ချင်မိတယ်။
Thint Aye Yeik
December 5, 2016 at 4:28 pm
.မှော်ကားကို သဲထိတ်ရင်ဖိုကားတွေလောက် မကြိုက်ပေမဲ့ … ဒီဆရာမရဲ့ ဝတ္ထုဆိုရင်တော့ ဟယ်ရီပေါ်တာမှာကတည်းက စိတ်ဝင်တစား ဖတ်မိ… ကြည့်မိတာမို့…
ဒီဇာတ်ကားကိုလည်း ကြည့်ဖြစ်မယ် ထင့်….
https://www.youtube.com/watch?v=VYZ3U1inHA4&spfreload=10
manawphyulay
December 12, 2016 at 4:39 pm
ဟုတ်ကဲ့ မျှဝေတဲ့အတွက် ကျေးကျေးပါလို့နော်…
ဇီဇီ
December 6, 2016 at 9:55 am
ကြည့်ပြီးပြီ။
ကြည့်ပျော်ပါတယ်။
မင်းသားကလေ မချောပဲ ဘာက ချစ်စရာကောင်းနေမှန်းကို မသိတာ။
အဲထဲက အကောင်တွေကလည်း ချစ်စရာ။
:chit:
အောင် မိုးသူ
December 13, 2016 at 10:45 am
မကြည့်ရသေးဘူး 🙁