Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇလုံတောင်ဘုရား မရောက်ဖူးသေး သူများနှင့် ဘုရားသမိုင်း

Mon LayJanuary 13, 20171min4096

တည်နေရာ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းေမာက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောတွင်း ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိသည်။ မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်သည်။ တောတောင် လျှိုမြောင်များ နက်ရှိုင်း လှသည်။

■ဘုရားသမိုင်း

ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်းသော နတ်ပန်းရထား ၅ဝဝ ဖြင့် ရဟန္တာ အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှ ဇလုံ တောင်တော်သို့ ကြွလာခဲ့သည်။ ဇလုံတောင် ခေါ် ဂေါဒေါပလ္လင် တောင်တော်သည် အရှေ့ ဧရာဝတီ၊ အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟို တွင် တည်ရှိသည်။ ဂေါဒေါပလ္လင် တောင်တော်တွင် ဧရာပထ နတ်နဂါးမင်း သားအဖတို့၏ တောင်းပန် လျှောက်ထား မှုကြောင့် ခုနစ်ရက် သီတင်းသုံးကာ နဂါးမင်းသား အဖ လှူဒါန်းသော ဆွမ်းကိုဘုဉ်းပေး သုံးဆောင်ခဲ့သည်။ ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား ရတနာ များဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန် ပြုလျက် တောင်၏ဝဲယာ၊ ရှေ့နောက် စွန့်ကြဲ ပက်ဖျန်း ခဲ့သည် ဟု သမိုင်းကျောက်စာ တွင် ဖော်ပြထားသည်။ ဗျာဒိတ်ပေး ဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးတွေ့နိုင်သည်။ ဗျာဒိတ်စကား မိန့်ကြားတော်မူ သည်မှာ ”ညီဘွား အာနန္ဒာ အောင်မြေ ခေါ်အပ် ဤ ဂေါဒေါပလ္လင် တောင်ကလပ်၌ ပွင့်တော်မူ လတံ့္တ သော ‘အရိမေတ္တေယျ ဘုရားရှင်’ သည် ငါဘုရားကဲ့သု့ိ အလှူခံယူကာ တရားထူးကို ဟောကြားတော် မူလိမ့်မည်” ဟု ဗျာဒိတ် ထားခဲ့သည်။

ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့် ကျောက်စိမ်းတွင်းများ၊ အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင် ရွှေတွင်းများ ဖြစ်လာသည် ဟု ဒေသခံများက ယုံကြည် ခဲ့ကြသည်။ ထု့ိပြင် အရပ် လေးမျက်နှာလုံး ကျွန်းတောကြီး များသည်လည်း တန်ဖိုးမဖြတ် နိုင်သော ရတနာများ ဖြစ်သည်။ ဘုရား သမိုင်းတွင် ဤ ကျောက်တောင်သည် ငါးဆူမြောက် အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာ ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျောက်တောင် သည် သံတောင် ၄၄၄ တောင်ဖြစ်၍ ပေအားဖြင့် ၆၆၆ပေ မြင့်သည်။ ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟု ခေါ်ခဲ့ပြီး နောင်တွင် ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟု ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော နှစ် ၈ဝ ခန့်က မြေပုံ ပေါ်တွင်လည်း သလွန်တောင် ဟုသာ ဖော်ပြထား သည်ကို တွေ့ရသည်။ ကျောက်တောင်ကြီး ပေါ်တွင် ဘုရားတည် ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့် ကြာခဲ့ပြီ ဖြစ်သည်။ အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံ နှင့် တပည့် အရှင် အာစာရ မထေရ်မြတ် နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သု့ိ ကြွရောက် တော်မူပြီး ဣစ္ဆာသယ လိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့သည်။ ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင် ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ် က အောင်တော်မူ၊ အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ ‘အောင်ကျော် အေးအောင် ဇလုံတောင်’ ဟု သာသနာပြု မော်ကွန်းတင် ခဲ့သည်။ သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ ကျောင်းဆရာတော် နှင့်တိုက်သူကြီး ဦးရွှေသီး ၊ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန် ၂၅ ပိဿာဖြင့် ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး သက္ကရာဇ် ၁၂၉ရ ခုနှစ်တွင် သောင်သွတ်မြို့ ဝဲတက်ရွာ ဇာတိ အရှင်ကုဝေရ က သားတော်တောင် ကျောက်ပလ္လင်၌ ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့် ဗျာဒိတ်ပေး ပဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ် ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရသည်။

သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့် အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်၍ ရပ်ဝေးရပ်နီး မြို့ရွာ ဒါယကာတို့က အောင်ဆုယူ စေတီများ ကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင် ကျောက်စာတွင် ဖော်ပြထားသည်။

ဤ ကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့် မယ်တော်တောင် ကျောက် လုံးကြီး များ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေသည်။ လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော် ကျောက်တောင်ကြီး ပဲ့ကျခဲ့သည်။ အဆိုပါ ကျောက်လုံးကြီး ပဲ့ကျသော အသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံး သိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်း သိရသည် ကျောက်တောင်ထိပ် ကို တက်သည့် အခါတွင် ကျော က်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရသည်၊။
ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီး လည်းရှိသည်။ အကုသိုလ်များသူ မကျော်နိုင်၊ မဝင်နိုင်ဟု ဆိုသည်။ အမှန်တကယ် မဝင်နိုင်သူ ကိုလည်း တွေ့ခဲ့ရသည်။ ကျောက်တောင်ကြီး ပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှား ဖူးမြော် နိုင်သည်။ ကုတ်ကတ် တွယ်တက်ရသော နေရာလည်း ရှိသည်။ အပေါ် ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား ကျောက်ကျောမှ တစ်ဆင့် ကူးသွားရသည် မှာလည်း နှစ်ဖက်လုံး နက်ရှိုင်းသော ချောက်ကြီးနှင့် ဖြစ်၍ အသည်းယားစရာ ဖြစ်ရသည်၊။ အချို့သူများ မကူးရဲ ပါ။ ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး ရှိကြောင်း၊ ဤ ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူး ရန် စာရင်းတွင် ပါဝင်မည် ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိသည်။ ”ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်” ဟုဆိုသည်။

ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး လာကြကြောင်း တွေ့မြင်ရသည်။ အချို့ဆိုလျှင် နှစ်ရက်သုံးရက် လမ်းလျှောက် လာကြကြောင်း တွေ့မြင်ရသည်။

■သာသနာပြုဆရာတော်

အံ့ဖွယ်ဂုဏ်ဆောင် ဇလုံတောင် ဘုရားများကို သာသနာပြု နေသူ ဆရာတော်သည် မန္တလေးတိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ စတုဘုမ္မိက ဘဒ္ဒန္တဝိဇယ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ တံဆိပ်တော်ရ သာသနဓဇ ဓမ္မာစရိယ အထက်ပိုင်း ဗဟိုဌာနချုပ်၊ စတုဘုမိ္မက သာသနာပြု ဥပုသ်တော်ရပ်၊ မန္တလေး ဆရာတော် ဖြစ်သည်။ ဆရာတော်သည် ပြင်ဦးလွင်မြို့ စတုဘုမိ္မက ရိပ်သာ ဆရာတော်လည်း ဖြစ်သည်။

ဘုရားပွဲကိုနှစ်စဉ် သင်္ကြန်အပြီး တစ်ပတ်လုံး ကျင်းပသည်။ သင်္ကြန်ကာလမှ စတင်၍ ရပ်ဝေးရပ်နီး ဘုရားဖူးများ ခြေကျင်၊ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် လာကြသည်။

ဘုရားကြီး၏ တောင်ဘက် (၂)မိုင်ခန့်အကွာ တောင်ပေါ်တွင် ကျောက်မဏ္ဍပ်ဘုရား ရှိသည်။ ကျောက် မဏ္ဍပ် ဆိုသည်မှာ တောင်ထိပ်တွင် ကျောက်ဖျာကြီိး အလျားပေ ၈ဝ၊ အနံပေ ၇ဝ ခန့်ရှိပြီး အဆိုပါ တောင်ပေါ်တွင် နှစ်ဖက်နှစ်ခြမ်း ကျောက်အမိုး မဏ္ဍပ်ကြီး ဖြစ်နေခြင်းဖြစ်သည်။

ကျောက်ဖျာပေါ်တွင် စေတီငယ်တစ်ဆူ၊ ကျောက်မဏ္ဍပ် ထဲတွင် ဆင်းတုတော် တစ်ဆူရှိသည်။ တစ်ဖက်ခြမ်းမှာ ကျောက်ဆန်အိတ်များ စီထားပြီး ဘုရားပွင့်လျှင် လှူဒါန်းရန် ဖြစ် သည်။ ကျောက်ပန်းကန်၊ ကျောက်လှေ ၊ ကျောက်မောင်းဆုံ များလည်း ရှိသည်။ တောင် ထိပ်ပေါ် တွင် ကျောက်ဖျာကြီး အုပ်မိုးထားခြင်း ဖြစ်သည်။ အလွန်ထူးခြား ဆန်းကြယ်ပါသည်။ ကျောက်မဏ္ဍပ်မှ အပြန်တွင် သဘာဝ ကျောက်တံတား ကိုလည်း ဖြတ်လျှောက် ရမည်ဖြစ်သည်။

ဇလုံတောင်ခြေတွင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ(သိမ်) တည်းခိုနေရာများ၊ ရေစက်၊ မီးစက် ရှိသည်။ ဗောဓိညောင်ပင် လည်း စိုက်ပျိုးထားသည်။ ရဟတ်ယာဉ်ကွင်း လည်း ဖောက်လုပ် ထားသည်။ ဇလုံတောင် ဘုရားသည် တောနက်ထဲတွင် ရှိနေ၍ လမ်းပန်း ဆက်သွယ်မှု ခက်ခဲသဖြင့် သောင်းကျန်းသူ များရှိစဉ်က တိမ်မြုပ် ပျောက်ကွယ်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဗန်းမောက်မြို့နယ် ဒေသခံ ဆရာတော်များ ကြိုးပမ်းရှာဖွေ မှုဖြင့် ပြန်လည် ဖော်ထုတ်နိုင်ခဲ့၍ ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပ နိုင်ခဲ့သည်။

ဗန်းမောက်မြို့နယ် မန်စီရွာ မြောက်ဘက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းပင်ကြီး တစ်ပင်လည်း တည်ရှိသည်။ လမ်းတစ်လျှောက် လုံးပတ် ကြီးမားသော ကညင်ပင်ကြီး များမှာ ကြီးမား ခံ့ထည်ပြီး မိုးပေါ်သု့ိ ထောင်တက်နေသည်။ ကျွန်းပင်များလည်း ပေါများပြီး တောတောင် လျှိုမြောင်များ အထပ်ထပ် ရှိသည်။

ဇလုံတောင် ဘုရားလမ်းသည် ကျောက်လမ်း၊ ကတ္တရာလမ်း ဖြစ်လာလျှင် ပုပ္ပားတောင် ကလပ်ကဲ့သု့ိ ကျိုက်ထီးရိုး ဘုရားကဲ့သို့ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်လာမည်ဟု ယုံကြည်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး၏ ထူးမြတ်သော ရတနာတစ်ပါး ပေါ်ထွက်လာပြီ ဖြစ်၍ ဘုရားဖူးကြွရောက် ဖူးမြော်ရင်း လမ်းများ တိုးတက် ကောင်းမွန်ရေး၊ ဇရပ်၊ တန်ဆောင်း၊ ရေ၊ မီးများ ပိုမိုပြည့်စုံရေး ပါဝင်လှူဒါန်း ကြရန် အလှူရှင်များ လိုအပ်လျက် ရှိသည်။ ဘုရားသွား ကားလမ်း ဖောက်လုပ်ခြင်းကို ဒေသခံ ရွှေလုပ်ငန်းရှင် များနှင့် အလှူရှင် များ၏ အားတက်သရော လှူဒါန်းမှုဖြင့် ယခင် လူသွားလမ်းသာ ရှိရာမှ မြေသားကားလမ်း ဖောက်လုပ် နိုင်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် အရှေ့ဘက် နှင့် တောင်ဘက်မှကား လမ်းဖောက်လုပ်ရန် လမ်းအူကြောင်း ရှာဖွေခဲ့ကြရာ အရှေ့ဘက်က မတ်စောက်ပြီး ကျောက်ဆောင် များပြား၍ တောင်ဘက်မှ လမ်းကြောင်းကို ရွေးချယ်ခဲ့ြ ကသည်။ ကသာ အနောက် သစ်ထုတ်လုပ်ရေး မှ ဘူဒိုဇာများ ကူညီခဲ့သည်။

၂ဝဝ၄ ခုနှစ်တွင် ခုနစ်မိုင်၊ ၂ဝဝ၅ ခုနှစ်တွင် နှစ်မိုင်၊ ၂ဝဝ၆ ခုနှစ်တွင် သုံးမိုင် ဖောက်လုပ်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တောင်ခြေ တယ်ပင်ပြန် သု့ိအရောက် မြေသားလမ်း ဖောက်လုပ် နိုင်ခဲ့သည်။ ဆိုင်ကယ်များ၊ မော်တော်ယာဉ် များ သွားလာနိုင်ပြီ ဖြစ်သည်။ အဆိုပါလမ်းကို ကတ္တရာလမ်းချော ဖြစ်ရန် ကြိုးစားရဦးမည် ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

သတင်း – ကိုမျိုးမြင့်နိုင်

6 comments

  • သျှားသက်မာန်

    January 17, 2017 at 11:05 am

    အမှတ်41042……1သိန်းပြည့်ရန်58958 သာလို…

  • Ma Ei

    January 18, 2017 at 12:43 pm

    Do & Don’t (Rules) ထဲက
    Rules No 8 မှာတော့ ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ တဲ့
    ဒါပေမင့် မြန်မာဂဇက်မှာ တယောက်ထဲပြေးနေရသူမို့ အထူးအပိုဆုတောင်ပေးသင့်ပေးရမလားပါဘဲ

    • Thint Aye Yeik

      January 18, 2017 at 1:28 pm

      ဒီသူကြီး
      ဒီပိုစ့်တွေ ကိုယ်တိုင်ရေး ဟုတ် မဟုတ် လိုက်မကြည့်အားဘဲ
      တင်လိုက်တာနဲ့ အော်တိုမက်တစ် တစ်ပုဒ် ၂၂ဝ ပေးနေပုံ ရတယ်။

      ဒါမှ မဟုတ် ကောင်မလေး ချောချောလှလှလေးမို့ ဘာတင်တင် မမျှစ်ချဉ်ယောင် ဆောင်နေတာမျန်းလား
      :k:

  • သျှားသက်မာန်

    January 18, 2017 at 4:53 pm

    ဟီး..ခုမှပဲ…မွန်လေးပို ့စ်ကိုကော်မန် ့ဝင်ရေးပေးတော့တယ်..ကျေးေျကျးပါရှင်….ကေ်ာမန် ့ဝင်ရေးပေးအောင် မာကတ်တင်း
    ဆင်းလိုက်ပါ..တော်တော်ထိရောက်ပါတယ်…အဟက်….:P

    • ဦးကြောင်ကြီး

      January 19, 2017 at 12:25 pm

      မွန်လေးကို ကြောင်သား ဆုခြခြင်တယ်… ဒီဝါကျွတ်ယူမလား

Leave a Reply