England နိုင်ငံက အလှပဆုံး ဥယျာဉ် (၅) ခု
England နိုင်ငံရဲ့ ရာစုနှစ်ပေါင်းများစွာ ဆွဲဆောင်မှုရှိခဲ့တဲ့ အလှတရားတွေက ဥယျာဉ်ခြံ စိုက်ပျိုးခြင်းရဲ့အကျိုးဆက် လို့ပြောလို့ ရနိုင်ပါတယ်။ “ကျွန်ုပ်တို့လူသားတွေက အပင်တွေကိုမြတ်နိုးကြတယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး” လို့ England, Whales နဲ့ Northern Ireland တစ်ဝန်းမှာ ရှိတဲ့ သမိုင်းဝင် ထင်ရှားတဲ့ အိမ်ပေါင်း (၃၀၀) ကျော်နဲ့ ဥယျာဉ်တွေကို ထိန်းသိမ်းထားတဲ့ National Trust ရဲ့ ဥယျာဉ်မှူး Mike Calnan က ဆိုပါတယ်။
အမေရိကန် ဥယျာဉ်စိုက်ပညာရှင်တွေက အင်္ဂလန်ကဥယျာဉ်တွေကို လာရောက်လေ့လာကြတဲ့အတွက် ဒီအကြောင်းပြချက်ကို အသုံးပြုပြီး အင်္ဂလန်ကို လာလည်သူတွေများလာခဲ့တယ်။ လက်တွေ့မှာလည်း ဥယျာဉ်တွေက အရမ်းကိုနာမည်ကြီးလာပြီး 2016 ခုနှစ်ကို Year of the English Garden လို့တရားဝင် ကြေညာလိုက်ကြတယ်။ တကယ်လို့မိတ်ဆွေတို့က England ရဲအလင်းလက်ဆုံး ပန်းခင်းတွေ ၊ မျက်စိပသာဒဖြစ်စေမယ့် အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေနဲ့ ၁၈ ရာစုကတည်းကရှိခဲ့တဲ့ လှပတဲ့ဥယျာဉ်တွေကို စိတ်ဝင် စားပြီး သွားလည်ချင်တယ် ဆိုရင်တော့ မိတ်ဆွေတို့အရမ်းကိုကံကောင်းသွားပါပြီ။ မိတ်ဆွေတို့ အတွက် အဆင်သင့်ဖြစ်အောင် သွားရောက် လည်ပတ်သင့်တဲ့ အလှဆုံးဥယျာဉ်တွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။
- Biddulph Grange Garden, Staffordshire

Image Credit : Getty Images
ဒီလိုပြိုင်ဘက်မရှိ လှပတဲ့ ဥယျာဉ်ကတော့ ခရီးသွားရတာကို မြတ်နိုးပြီး ချမ်းသာတဲ့ဗြိတိန်လူမျိုး မြေပိုင်ရှင် James Bateman ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ သူက (၁၉) ရာစုမှာ သူသွားရောက်လည်ပတ်ခဲ့တဲ့ နေရာအချို့ရဲ့ပုံစံအတိုင်း ဖန်တီးခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိလည်း အခြားနိုင်ငံတွေရဲ့ နာမည်ကြီးပြယုဂ်တွေကို ဥယျာဉ်ထဲမှာတွေနိုင်ပါသေးတယ်။ ဥပမာ ရှေးခေတ်အီဂျစ်ကျောက်ရုပ်ဖြစ် တဲ့ လူဦးခေါင်းနဲပ ခြင်္သေ့ကိုယ်ခန္ဓာရုပ်ထု တစ်စုံဝန်းရံထားတဲ့ အီဂျစ် သချိင်္ုင်းဝင်ပေါက်ပုံစံတူကိုတွေ့ရမှာပါ။ ဒါ့အပြင် တရုတ်ပြည်ကို ပုံဖော်ထားတဲ့နေရာ မှာလည်း သစ်သားတံတားအခုံးလေးတွေရှိ တဲ့ ရေကန်ထဲမှာ အနီရောင်ဘုရားကို တည်ထားပြီး ဝါးပင်တွေနဲ့ ၁၈၅ဝ ပြည့်နှစ် တုန်းက တရုတ်ပြည်ကနေ သယ်ယူလာခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့အသက် အရှည်ဆုံး ရွှေရွက်ကြွေ ထင်ရှူးပင်ကို စိုက်ပျိုးထားပါတယ်။
- Fountains Abbey & Studley Royal Water Garden, North Yorkshire

Image Credit : Getty Images
ဘယ်လိုဖြစ်ပြီး ဒီစိမ်းလန်းတဲ့ မြေပြင်ကြီးက ဥယျာဉ်အဖြစ်ကနေ UNESCO World Heritage Site အဖြစ် တိုးမြှင့်သတ် မှတ်ခံလိုက် ရတာလဲ? ဘုန်းတော်ကြီး တွေ သီလရှင်တွေနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ်အကြွင်းအကျန်တွေ တည်ရှိရာ နေရာလည်းဖြစ်သလို၊ အလယ်ခေတ်က သမင်မျိုးတွေရဲ့ပန်းခြံ နဲ့ အနီးမှာရှိတဲ့ River Skell မြစ်ကြောင်းတစ်လျှောက်က ရှုခင်းအလှတွေကို လှမ်းမြင်နိုင် တဲ့နေရာလည်းဖြစ်ပါတယ်။ ဒီGeorgian ခေတ် ရေဥယျာဉ်က လာရောက် လည်ပတ်သူတွေ ကိုလှပတည်ငြိမ် တဲ့ ရေပန်း တွေ၊ရှေးရောမ ဗိသုကာလက်ရာ ဘုရားကျောင်းတွေနဲ့ ကျောက်ဆစ်အနုပညာလက်ရာတွေနဲ့ ဖမ်းစားထားနိုင်ပါတယ်။
- Hidcote Manor Garden, Gloucestershine

Image Credit : Getty Images
ခြံတံခါးပေါက်ကဝင်လိုက်တာနဲ့ အပင်တွေနဲ့ရှုပ်ထွေးနေပြီး ဥယျာဉ်ငယ်လေးပုံစံဖြစ်နေတဲ့ ၁ရ ရာစု ကျေးလက်အိမ်ကြီးကို သွားလေ့ လာကြည့်ပါ။ Alice in Wonderland ရုပ်ရှင်ထဲက ဝင်္ကပါထဲမှာ လမ်းလျှောက်နေရသို့ ခံစားရမှာပါ။ ကွေ့ကောက်နေတဲ့ကျောက် ခင်းလမ်း၊ ပန်းတွေထည့်ထားတဲ့ ရောင်စုံအိတ်တွေ၊ အစိမ်းရင့်ရောင်မြက်ခင်း၊ ဖန်လုံအိမ် နဲ့ သစ်သီးခြံ စတာတွေ အားလုံးက လာရောက်လေ့လာဖို့ ဆွဲဆောင်နေပါတယ်။ လမ်းလျှောက်ရင်းငေးရလွန်းလို့ ဘယ်နှခါလောက် ခလုတ်တိုက်မိ မလဲဆိုတာတောင် မသိနိုင်ပါဘူး။ ဒါကလည်း ဒီဥယျာဉ်လေးရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။
- Sizergh, Cumbria

Image Credit : Getty Images
England ရဲ့ စားကျက်မြေ Lake District ရဲ့အစွန်ပိုင်းမှာတည်ရှိတဲ့ အလယ်ခေတ်အိမ်အိုကြီးကို ပြန်လည်မွမ်းမံထားတဲ့ ဒီဥယျာဉ်က ဧက (၁၆၀၀) ကျယ်ပြီး နီးနီးနားနားခရီးသွားအပန်းဖြေချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒီဥယျာဉ်မှာ ၁.၅ မီတာရှည်တဲ့ “Wild Trail” ဆိုတဲ့ အတားအဆီးတွေ၊ ကြိုးတွေ၊ မမြင်နိုင်တဲ့ တိရိစ္ဆာန်ပုံတူတွေနဲ့ ဖန်တီးထားတဲ့ ခယောင်းလမ်း တစ်ခုလည်း ရှိပါတယ်။ ဒါ့အပြင် သစ်သီးခြံတွေ၊ Dutch ဥယျာဉ်တွေဝန်းရံထားတဲ့ ရဲတိုက်ကြီးကလည်း ၎င်းရဲ့ ထုံးကျောက်ဥယျာဉ်၊ ထင်းရှူးနဲ့ကျောက်ခက် မျိုးစိတ်ပေါင်း (၂၀၀)ကျော်ရှိတဲ့ ရေညှိတွေဖုံးလွှမ်းနေတဲ့ စမ်းချောင်းနဲ့ ရေကန်တွေကြောင့် ကျော်ကြားပါတယ်။
- Wimpole Estate, Cambridgeshire

Image Credit : Getty Images
Wimpole ဆိုတာကတော့ အင်္ဂလန်နိုင်ငံရဲ့ ကျက်သရေဂုဏ် ဆောင်၊ အနီရောင်အုတ်တွေနဲ့တည်ဆောက်ထားတဲ့ မျှော်စင်ပါဝင်တဲ့ စံအိမ်ကြီးဖြစ်ပြီး ၊ အနုစိတ်ဖန်တီး အလှဆင်ထားတဲ့မြေပြင် ၊စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ရာ တောင်စောင်းမြေ၊ သဲကြမ်းနဲ့ကျောက် စရစ်ခင်း ထားတဲ့လျှောက်လမ်းနဲ့ ရောင်စုံပန်းခင်းတွေက ဝန်းရံထားပါတယ်။ လာလည်တဲ့ ကလေးတွေ ဝက်ပေါက်လေးတွေ နဲ့ဆော့ ကစားပြီး နွားနို့လဲကိုယ်တိုင်ညှစ်လို့ရတဲ့ မွေးမြူရေးခြံ နဲ့ ကပ်လျက်မှာရှိတဲ့ မြေ (၁၂) ဧက ကတော့ နွေရာသီရောက်ရင် ကျူးလစ်၊ ဒေစီ၊ မြေခွေးမြှီးပုံ လီလီပန်းတွေကို ပြသတဲ့ ပန်းပြပွဲပြုလုပ်ရာ မြေကွက်ဖြစ်ပါတယ်။ အဲ့ဒီ့မှာ သီးခြားခွဲထွက်နေတဲ့ ၁၈ ရာစုက ဥယျာဉ် လည်းရှိပြီး လမ်းလျှောက်သွားနိုင်ပါတယ်။ အဲ့ဒီ့ဥယျာဉ်မှာ သက်သက်လွတ်စားသုံးသူတွေ အတွက် ဥယျာဉ် စားသောက်ဆိုင်လည်းရှိပါတယ်။

