“ဆင်ခြင်စရာ “
“ဆင်ခြင်စရာ”
လူအတော်များများက
အောက်ကပုံလေးကို
ပြပြပြီး
အဆင့်ဆင့်ဖိနှိပ်ခံရပါတယ်
မတရားခံရပါတယ်လို့ပြောကြပါတယ်။
မှန်လိုက်တာဆိုပြီးထောက်ခံကြပါတယ်။
ဟုတ်ပြီ
ကျနော်မေးမယ်
“ကိုယ်တိုင်ကရော ရုန်းထွက်ဘို့ကြိုးစားပါသလား?”
အခုခေတ်မှာ အရင်ကထက်စာရင်
အလုပ်အကိုင်ပေါပါတယ်။
ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က
ဖိနှိပ်ခံရတယ်ထင်လို့ရုန်းထွက်ဘို့ကတော့
မိမိကိုယ်တိုင်အလုပ်ကြိုးစားဘို့လိုပါတယ်
အလုပ်အပေါ်စေတနာထားလုပ်ဘို့လိုပါမယ်
မိမိမှာပင်ကိုယ်အရည်အချင်းချို့တဲ့နေရင်တော့
သူများရဲ့ဝန်ထမ်းမဟုတ်ဘဲ
ပိုင်ရှင်ဖြစ်နေရင်တောင်မှ
ကိုယ့်ပြိုင်ဘက် က နင်းတာခံရမှာပါဘဲ။
ကိုယ်အနင်းခံရတယ်ထင်ရင်
လာနင်းသူကိုအပြစ်မတင်ပါနဲ့
မိမိကြိုးစားမူ့နဲ့ရုန်းထွက်ဘို့ကြိုးစားပါ။
အခုခေတ်ကြီးမှာ အသားလွတ် ဖိနှိပ်လို့ရတဲ့
ခေတ် ကုန်ပါပြီ။
သူများကိုအပြစ်တင်မယ့်အစား
ကိုယ့် ကိုယ် ကိုပြန်သုံးသပ်ပါ။
” သူများအနင်းခံရလောက်အောင် ကို
ငါအတော်ညံ့ဖျင်းနေသလား ”
ဆိုတဲ့မေးခွန်းကိုမှန်ကြည့်ပြီးမေးပါ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
၂၆၁၁၇
4 comments
Thint Aye Yeik
January 26, 2017 at 5:29 pm
တန်ဖိုးရှိတဲ့ အတွေးပါ…
ကျနော်တို့ လူငယ်တွေ မှတ်သားသင့်ပါတယ်။
ko six
January 28, 2017 at 12:21 am
ဟုတ်ကဲ့။
တော်တော်လေး နှစ်ခြိုက်
မိပါတယ်။
ကိုပေါက်(မန္တလေး)
January 28, 2017 at 12:24 pm
သင့်အေးရိပ်နဲ့ကိုစစ် ကျေးဇူးပါ
အရင်ကကျော်စွာဦးကြီးမိုက်
February 16, 2017 at 3:04 pm
“အောက်ကပုံလေးကို
ပြပြပြီး”
ဘာပုံမှလည်းမတွေ့ပါလားကိုပေါက်ရ…
ဘာပြောပြော ကိုပေါက်အတွေးကိုလက်ခံပါကြောင်း