Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက်မှာ ဝင်ငွေရှာ

Zaw WonnaAugust 31, 20101min3397

သင့်အနေနှင့် အွန်လိုင်းမှ တဆင့် အပိုဝင်ငွေ ရှာလိုပါသလား။ အွန်လိုင်းမှတဆင့် ငွေရှာနိုင်သော အလုပ်အကိုင် အမျိုးအစား များစွာရှိပါသည်။ သို့သော် သင့်အနေနှင့် စိတ်ရှည်ရမည် ဖြစ်သည့်အပြင် စွဲစွဲမြဲမြဲ လုပ်ကိုင်ရန် လိုအပ်ပါသည်။ အချိန်ပြည့် လုပ်ကိုင်သည့် အွန်လိုင်း အလုပ်မှတဆင့် သင့်အနေနှင့် အသက်မွေးဝမ်းကြောင်း အတွက် လိုအပ်သော ဝင်ငွေကိုပါ ရရှိနိုင်ပါသည်။ အွန်လိုင်းမှ ဝင်ငွေရှာနိုင်သော နည်းလမ်းများစွာ ရှိပါသည်။

၁။ eBay မှတဆင့် ပစ္စည်းရောင်းဝယ်ခြင်း။
eBay ကဲ့သို့သော ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်များမှတဆင့် သင့်အနေနှင့် ရောင်းချလိုသော ပစ္စည်းများကို အိုးအိမ်မကွာ ရောင်းချနိုင်သည်။
၂။ အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်း။
သင်၏ အရည်အချင်း စွမ်းဆောင်မှုပေါ် မူတည်၍ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။ ဥပမာ – ဝက်ဘ်ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ လိုဂိုဒီဇိုင်း များကို ရောင်းချခြင်းဖြစ်၏။
၃။ အွန်လိုင်းတွင် စာရေးခြင်း။
အကယ်၍ သင်သည် စာပေ အရေးအသား ကောင်းမွန်သူ ဖြစ်ပါက စာရေးသူများအား အခကြေးငွေ ပေးသော ဝက်ဘ်ဆိုက်များတွင် စာရေးခြင်းဖြင့် ငွေရှာနိုင်သည်။ သင့်ကိုယ်ပိုင် ဘလော့တွင်လည်း သင့်တော်သော ဆောင်းပါးများ၊ သတင်းများ ရေးသားကာ ဂူဂယ် ကြော်ငြာ ဝန်ဆောင်မှု များကို လက်ခံ ထည့်သွင်းခြင်းဖြင့် အပို ဝင်ငွေ ရရှိနိုင်သည်။
၄။ ဘလော့မှ နေရာများကို ရောင်းချခြင်း။
သင့်ကိုယ်ပိုင် ဘလော့မှ နေရာများကို ကြော်ငြာများအတွက် ရောင်းချနိုင်သည်။ ကြော်ငြာများ၏ အမျိုးအစားပေါ် မူတည်၍ သင့်အနေနှင့် ထိုက်သင့်သော ငွေကြေးကို ရရှိနိုင်ပါသည်။
၅။ အွန်လိုင်းမှ ပညာသင်ပေးခြင်း။
အကယ်၍ သင်သည် ပညာရပ် တစ်ခုခုတွင် ကျွမ်းကျင်သူ ဖြစ်ပါက အွန်လိုင်းမှ သင်၏ ဗဟုသုတများကို ဖြန့်ဝေပေးခြင်းနှင့် တပြိုင်တည်း သင်ကြားပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် သင်ထောက်ကူ ပစ္စည်းများဖြစ်သော စီဒီ၊ ဒီဗွီဒီ တို့ကို အွန်လိုင်းမှ တဆင့် ရောင်းချနိုင်ပါသည်။
၆။ အခြား ကိုယ်ပိုင် လုပ်ငန်းများ။
သင့် ကျွမ်းကျင်မှု အလိုက် အွန်လိုင်းမှ တဆင့် အလုပ်များကို လက်ခံ ဆောင်ရွက် ပေးနိုင်သည်။ ထိုအလုပ်များမှာကား သင့်အတွက် အလုပ်ချိန် ကန့်သတ်ချက် မရှိပေ။
၇။ အွန်လိုင်း ဖိုရမ်များကို လည်ပတ်ခြင်း။
အွန်လိုင်း ဖိုရမ်များကို ဝင်ရောက် ဆွေးနွေးခြင်းဖြင့် သင့်အနေနှင့် ဝန်ဆောင်မှု ပေးနိုင်ကြောင်း အများသိစေပါသည်။ သင်ရေးသော ပို့စ်များမှတဆင့် သင့်လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

သင်၏ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုကို အခြေခံ၍ သင့်အနေနှင့် လုပ်ကိုင်နိုင်သော အွန်လိုင်း အလုပ်အကိုင်ပေါင်း များစွာ ရှိပါသည်။ ထို့ကြောင့် သင့်အနေနှင့် လက်ရှိ လုပ်ကိုင်နေသော အချိန်ပြည့်လုပ်ငန်းမှ အားလပ်ချိန်များတွင် အွန်လိုင်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရှာရန် စဉ်းစားသင့်ပါသည်။     ။

Author Resource:- Alex Wu operates a free advertising website that lets people advertise, build groups, and connect. He hopes to create an active environment for businesses to place their jobs.
Article From Article Down

7 comments

  • winkyawaung

    August 31, 2010 at 2:43 pm

    အင်း ပညာအတွက် အသုံးချလိုသူများကတော့ အဆင်ပြေကြမယ်။ ကျွန်တော်ကတော့ တောင်မရောက် မြောက်မရောက် ဆိုတော့ မလွယ်ပါဘူးဗျာ..။

  • kopauk mandalay

    August 31, 2010 at 4:03 pm

    ဒီဆောင်းပါးလေးကို အင်တာနက်ကိုအသုံးပြုနေကြတဲ့လူတွေအကြောင်းကိုထဲထဲဝင်ဝင်မသိဘဲ
    အင်တာနက်ဆိုရင်ချက်တင်ဝင်တာလောက်ကိုဘဲသိပြီး
    အင်တာနက်သုံးတယ်ဆိုရင်ဘဲ မကောင်းတာလုပ်နေသလို နှာခေါင်းရှုံ့ချင်ကြတဲ့
    ရမ်းသမ်းတုတ်နေတဲ့လူတွေကို ပေးဖတ်ချင်လို်က်တာဗျာ။
    ဒါမှအင်တာနက်ဆိုတာ လင်ရှာမယားရှာထွက်ရုံလောက်ဘဲအသုံးဝင်တယ်ဆိုတာ မဟုတ်ဘူးဆိုတာသိသွားစေချင်လို့ပါ။
    ကျေးဇူးပါနော်ဒီပိုစ်အတွက်။

  • etone

    September 1, 2010 at 2:42 am

    မြန်မာနိုင်ငံမှာတော့အဲ့ဒါတွေသိပ်အဆင်မပြေသေးဘူးလေ ။ အွန်လိုင်းကနေ ဈေးရောင်းဖို့လည်း အဆင်မပြေပါဘူး ။

  • kotoethet

    September 1, 2010 at 4:22 am

    လောလောဆယ်တော့ ကိုယ့်လုပ်တဲ့ လုပ်ငန်း (ဥပမာဈေးဆိုင် ဘယ်နေရာမှာရှိတယ် ဘာကုန်ပစ္စည်းတွေရတယ် အစားစာတွေ ဘယ်လိုဝန်ဆောင်မှူ တွေပေးနိုင်တယ်.. ဈေးနူန်း… စတာတွေ ကြော်ငြာထားပေါ့)
    နောက်ပြီး ဒေသထွက်ကုန် ကြက်သွန် ပဲဆီ နှမ်းဆီ ငရုပ် ဆန် တွေကို ပွဲစားမခံပဲ တိုက်ရိုက်
    ဝယ်တဲ့အကြောင်းကြော်ငြာထားရင် customer အတွက်ပိုသက်သာတဲ့ဈေးနူန်းနဲ ့ရောင်းနိုင်မယ်
    ထင်တယ်….။ ဒီခေတ်မှာ အဲဒိ ထွက်ကုန်ရှိတဲ့ နေရာက လူတွေ မြို ့ကြီးတွေမှာ အဆင်သင့် ရှိနေ
    ပါတယ် (ဥပမာ ကျွန်တော့်လိုပေါ့ :D)

  • khunmyat

    September 11, 2010 at 2:31 am

    ဖြစ်လာမှာပါ တဖြေးဖြေးနဲ့ပေါ့ .. မြန်မာပြည်လည်း တိုးတက်လာပါပီ … ဘတ်စ်ကားတွေပေါ်လေ

  • Gong Zhu

    September 14, 2010 at 10:32 pm

    အဲဒါ ဘယ် site တွေမှာရှိတာလဲ ။ လင့် လေးဘာလေးပေးပါဦးလို့ . . .
    အတုတွေရှိတယ်လို့လဲ ပြောကြတယ်နော် . . . ? ? ?

  • Nang Lay

    September 20, 2010 at 8:52 am

    how can i find to got online job. Most of the site can get many things to apply.

Leave a Reply