လူသားတို့၏ မိကျောင်းမျက်ရည်
၁၉၉၉ ခုနှစ်ကဖြစ်ပါသည်။ ကျွန်ုပ်၏ဖခင်၏အသိ လေယာဉ်မှုးတစ်ဦး လေယာဉ်ပျက်ကျ ဆုံးပါးသွားရှာသဖြင့် ကျွန်ုပ် နှင့် ကျွန်ုပ်၏ဖခင် ရေဝေးသုဿန် သို့ အသုဘ ပို့ သွားကြပါသည်။ ကွယ်လွန်သူ၏ ဇနီး နှင့် ဇနီး၏ မောင်မှာလည်း ကျွန်ုပ်၏ဖခင် နှင့် ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ကြပါသည်။ ကွယ်လွန်သူ၏ ဇနီး၏ မောင် မှာ ဖခင်ကြီး၏ကားပေါ် တွင်လိုက်ပါလာခဲ့ပါသည်။
သို့နှင့် ရေဝေးသုဿန် သို့ရောက်လာပါသည်။ အသုဘပို့သူများ မှာ အလွန်တရာများပြားလှ၏။ လွမ်းသူပန်းခွေ၊ လွမ်းသူပန်းခြင်း ပေးပို့သူများ ၏ မျက်နှာများ ကလည်း ပြိုတော့မည့် မိုးကဲ့သို့ ဝမ်းနည်းကြေကွဲ နေကာ ကျန်ရစ်သူမိသားစုအား ဝမ်နည်းစကားဆိုကြပါသည်။ အုံ့မှိုင်းနေသော မိုးကောင်းကင်၊ မိုးသားတိမ်တိုက်များ၊ တသုန်သုန်တိုက်ခတ်နေသော မုတ်သုံလေ၊ ရံဖန်ရံခါတဖွဲဖွဲ ကျနေသော မိုးဖွဲဖွဲလေးက ကျန်ရစ်သူများအား ပိုမိုကြေကွဲစေရန်တွန်းအားပေးနေသလိုဖြစ်နေပါသည်။
သိုနှင့်မကြာမီ သဂြိင်္ုဟ်မည့်အချိန်သို့ ရောက်လာသဖြင့် ကွယ်လွန်သူအား နောက်ဆုံး ဂါရဝပြုရန် အားလုံး ခန်းမဆောင်ထဲသို့ဝင်လာကြပါသည်။ ထိုအချိန်တွင် တာဝန်ကျစည်ပင်ဝန်ထမ်းမှ အရိုးပြာနှင့်အသားစများ ထည့်ထားသော အိုးလေးအားသယ်ယူလာပြီးစင်ပေါ်တွင်တင်ထားလိုက်ပါသည်။ ကျန်ရစ်သူမိသားစုမှာ သည်းသည်းလှုတ်မျှငိုကြွေးနေကြပါသည်။ ထိုအချိန်တွင် ကွယ်လွန်သူ၏ဓာတ်ပုံမှာ လေမတိုက်ပဲ ရုတ်ချည်းလဲကျသွားပါသည်။ ထိုအခါ အသုဘပို့သူများအားလုံး အလွန်ရယ်စရာကောင်းသော ပြက်လုံးတခုမြင်လိုက်ကြားလိုက်ရသကဲ့သို့ အားပါးတရ ရယ်မောနေကြပါသည်။ ထိုသူတို့၏ မျက်နှာနှင့် မျက်ဝန်းတွင် စောစောက မြင်လိုက်ရသော ပြိုတော့မည့် မိုးကဲ့သို့ ဝမ်းနည်းကြေကွဲသည့် အရိပ်အရောင်များ၊
ဝဲနေသည့်မျက်ရည်စများ မတွေ့ရတော့ပေ။ အကယ်စင်စစ် သူတို့သည်မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျနေကြခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကွယ်လွန်သူ၏ ကျန်ရစ်သူမိသားစုမှာ သည်းသည်းလှုတ်မျှ ငိုကြွေးနေကြသေးပါသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောကျွန်ုပ်မှာ အံ့ဩ၊ထိတ်လန့်၊နာကျင်၊ဝမ်းနည်း၊အားနာသော ခံစားမှုများတပြိုင်နက် ထဲခံစားလိုက်ရပါသည်။ ကျွန်ုပ်မှားကောင်းမှားပါမည်။ လူသားတစ်ဦး၏နောက်ဆုံးခရီးသို့ မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျပြီးလိုက်ပို့ရန်မသင့်ပါ။ ထိုအစား အိမ်၌ထိုင်နေခြင်းကပိုကောင်းပါလိမ့်မည်။ သို့ဆိုလျှင် ပြောကြပါလိမ့်မည်။ “လူမှုရေးအရပါ။” မှန်ပါသည်။ လူမှုရေးအရပါ ဆိုလျှင် ပြိုတော့မည့် မိုးကဲ့သို့ ဝမ်းနည်းကြေကွဲသည်.မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျမနေသင့်ပါ။ ပုံမှန်အတိုင်း နေသင့်ပါသည်။
နောင်အခါ ကျွန်ုပ်ဧည့်လမ်းညွှန်တဦးဖြစ်လာသောအခါ ဂျပန်ဧည့်သည်များနှင့် ရေဝေးသုဿန်ရှိ ဂျပန်သချႋုင်းသို့ မကြာခဏသွားရပါသည်။ ထိုစဉ်အခါတိုင်း၊ မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျနေသည့် လူများအကြောင်းအမြဲတွေးနေမိပါသည်။ အချို.သော ဧည့်သည်များက မြန်မာ အသုဘအကြောင်းသိချင်၍ မြန်မာသချႋုင်းဘက်သို့ စိုးရိမ်စွာ လိုက်လံ ပြသရပါသည်။အဘယ့်ကြောင့်ဆိုသော် မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျနေသောလူများနှင့်တွေ့ကာ မြန်မာလူမျိုးများသည် ယဉ်ကျေးမှုမရှိသော အရိုင်းအစိုင်းဟုထင်ခံရမည်စိုး၍ဖြစ်ပါသည်။ မြန်မာလူမျိုးများထဲတွင် ထိုလူစားမျိုးများ နည်းသေးသည်ဟု ထင်မိပါသည်။
မိကျောင်းသည်သူ၏သားကောင် ကိုစားသောအခါမျက်ရည်ကျပါသည်။ ဤသည်မှာသဘာဝကြောင့် ဖြစ်ပါသည်။ ဤသည်ကိုပင်လူတွေကကောက်ကျစ်သော မျက်ရည်ဟုပြောပါသည်။ ဤသို့ဆိုလျှင် လူမှကျသော
မိကျောင်းမျက်ရည်ကား ဆိုဖွယ်ရာမရှိပါ။ စက်ဆုတ်ရွံရှာဖွယ်ကောင်းလှပါသည်။ ကျွန်ုပ်တို့နေ့စဉ်လူမှုဘဝတွင် မျက်နှာဖုံးစွပ်ကာ မိကျောင်းမျက်ရည် ကျသည့်သူများနှင့် တွေ့ကြုံနေရပါသည်။ သို့အတွက် ထိုသူများ နှင့်နောက်နောင် မဆုံတွေ့ပါရစေနှင့်ဟုဆုတောင်းလျက်သာ…
5 comments
kopauk mandalay
August 31, 2010 at 3:51 pm
eros ရေ
သူများတွေဝမ်းနည်းနေတဲ့အချိန်မှာရီလိုက်တယ်ဆိုတာကတော့ အခြေခံအားဖြင့်ပြောရင်မှားတယ်လို့ပြောနိုင်ပါတယ်၊
ဒါပေမယ့်နာရေးလာပို့သူအားလုံးစိတ်ထဲမှာတော့ လှောင်ပြောင်လိုစိတ်ရှိမယ်မထင်ပါ။
တစ်ချို့တစ်လေတော့ရှိကောင်းရှိပါမယ်။
လူူဆိုတာ ခုငိုလိုက် ခုရီလိုက် ခုဝမ်းနည်းလိုက် ခုပျော်လိုက်အမျိုးအစားပါ။
အားလုံးကိုရောပြီးကောက်ချက်မချသင့်ဘူးလို့ထင်ပါတယ်နော်
အမျုုးိတော်ပြီး ဝမ်းမနည်းတဲ့သူရှိသလို အမျုးိမတော်ဘဲ အမှန်တကယ်ဝမ်းနည်းနေသူတွေလဲပါချင်ပါနိုင်လို့ပါ။
etone
September 1, 2010 at 2:23 am
ဓါတ်ပုံပြုတ်ကျတာက ရယ်စရာမဟုတ်ပါဘူး ။ လူတွေက အဲ့ဒီကိုရောက်သွားရင် စိတ်မကောင်းတော့ဖြစ်မိကြမှာပါပဲ ။ ဒါပေမဲ့လည်း ဝါးလုံးကွဲ ထရယ်ဖို့ဆိုတာ တော်ရုံလွယ်တဲ့ကိစ္စမဟုတ်ဘူး။
eros
September 1, 2010 at 2:34 am
Etone ရေ၊ တကယ်ရယ်ခဲ့တာပါဗျာ၊တကယ်ရယ်ခဲ့တာပါဗျာ။ ကျွန်တော်ဆို မျက်နှာပူ လွန်းလို.။
eros
September 1, 2010 at 2:29 am
အေးဗျ၊ ကိုပေါက်ရေ ခင်ဗျားပြောတာလဲမှန်တာပဲ။ နောက်ပြီး ကျွန်တော့ပိုစ့်မှာလည်း ရေးတာ နည်းနည်းလေး မှားသွားတယ်။ “ထိုအခါ အသုဘပို့သူများအားလုံး အလွန်ရယ်စရာကောင်းသော ပြက်လုံးတခ ုမြင်လိုက် ကြားလိုက် ရသကဲ့သို့ အားပါးတရ ရယ်မောနေကြပါသည်။” အစား “ထိုအခါ အသုဘပို့သူများအားလုံး နီးပါး အလွန်ရယ်စရာကောင်းသော ပြက်လုံးတခ ုမြင်လိုက် ကြားလိုက် ရသကဲ့သို့ အားပါးတရ ရယ်မောနေကြပါသည်။” လို.ပြင်ဖတ်ပေးကြပါခင်ဗျား။
toe2
September 1, 2010 at 11:49 am
ဘာလို ့ရယ်ကြတာလဲ ဗျ နားမလည်လို ့ …