mgsaiSeptember 18, 20151min1677
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min1996
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]


Foreign ResidentAugust 1, 20112min24020
    Dear Nature,   “လူတွေရဲ့သက်တမ်းတိုလာတာကတော့ လူတိုင်းသတိထားမိမှာပါ။” It is not true, “လူတွေရဲ့သက်တမ်းတိုလာတာ” only happened in Myanmar alone ( Localized problem ) In fact, လူ ့သက်တမ်း becomes longer & longer. 🙂 Please see the following facts :   လူ ့သက်တမ်း in Bronze Age and Iron Age = 26 Classical Greece = 28 Classical Rome = 28 Medieval Islamic […]


whiteNovember 9, 20101min30412
ဒီနေ့က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သော ကျွန်တော့်အတွက် အားလပ်ရက်တစ်ရက်ပါ။ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ အိမ်မှာပဲ အေးဆေးနေဖို့ စိတ်ကူးထားတယ်လေ။ ရာသီဥတုကလည်း ပူပြင်းလွန်းတာကြောင့် အပြင်လည်း မထွက်ချင်တော့ပါ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့စာအုပ်တစ်အုပ်ကို ယူပြီး အိမ်ရှေ့က သစ်ပင်အရိပ်အောက် ပက်လက်ကုလားထိုင်လေးဆီမှာ စာဖတ်ရင်း အနားယူနေမိတယ်။ အဲဒီအချိန်မှာပဲ တစ်လမ်းတည်းမှာနေတဲ့ မောင်ပုံ ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။ သူက အသက် (၂၃) နှစ်ကျာ်လောက်ရှိတဲ့ ဘွဲ့ရ လူငယ်လေးတစ်ဦးပါ။ သူ့မိဘတွေက ငွေကြေး အနည်းငယ်ပြည့်စုံတဲ့အတွက် သူ့အတွက်တော့ ဘဝက အပူအပင်ကင်းလှပါတယ်။ “ကိုဖြူလေး ……. ဒီနေ့တော့ အေးဆေးဇိမ်ကျနေတယ်ပေါ့၊” “ဟားဟား ……မောင်ပုံ၊ မင်းကတော့ ပြောလိုက်မှဖြင့် ကောင်းရောကွာ။ ဒီနေ့တစ်ရက်က ငါတို့လိုဝန်ထမ်းတွေ အနားရတဲ့ နေ့လေကွာ။ ဇိမ်ကျတယ်လို့တော့ မပြောနိုင်လောက်ဘူး ထင်တယ်နော်။” “အေးဗျာ […]


whiteOctober 20, 20101min2298
ကျွန်တော်ဒီနေ့ အလုပ်သွားဖို့ အိမ်ကထွက်လာတယ်။ ကားဂိတ်မှာ ကားစောင့်ရင်း တွေ့လိုက်ရတဲ့ သူတစ်ဦးကြောင့် မှင်တက်မိသွားရတယ်ဗျာ။ စကတ်ကို ပေါင်လယ်လောက်အထိ ခပ်တိုတိုဝတ်ထားတဲ့ မိန်းခလေးတစ်ယောက်၊ ဝတ်တဲ့သူတော့ ဘယ်လိုနေမယ်မသိ၊ မြင်ရတဲ့သူကတော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်လောက်တယ်။  ခက်တယ်ဗျာ။ ခေတ်ကြီးက ဒီရေလို တခဏခြင်း ပြောင်းသွားပြီလား။ မသိတော့ပါဘူးဗျာ။ တွေးစရာတော့ ဖြစ်နေပြီ။ ဟိုးအရင်လို မိန်းခလေးဆိုရင် ရိုးရိုးယဉ်ယဉ်တွေ့ရဖို့ ဆိုတာ လိုက်ရှာရမလို ဖြစ်လာပြီ။ ခေတ်စနစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲမှုကို လက်ခံနိုင်ပေမယ့် လိုအပ်တာထက် ပိုလွန်းတဲ့ ဝတ်စားဆင်ယင်မှုက ကြည့်မြင်ရသူတွေအတွက် ယိုသူမရှက် မြင်သူရှက် ဖြစ်ရတာတော့ ခက်ပါတယ်။ ဒါတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့ လူ့သဘော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့  မိမိရဲ့ ကိုယ်ပိုင် နေထိုင်မှုစရိုက်ပေါ်မှာ မူတည်မယ်လို့ ကျွန်တော်ကတော့ ရှုမြင်မိပါတယ်။ […]


မမေလးSeptember 24, 20103min1308
1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about. ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ …… 2) Guys are more emotional then you think. If they loved you once, it’ll take them […]


thura.ng2September 23, 20101min690
စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂိ္ဂုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။ ဖြေ။ ။ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမဩဝါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘဝကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် […]


erosAugust 31, 20101min1355
၁၉၉၉ ခုနှစ်ကဖြစ်ပါသည်။ ကျွန်ုပ်၏ဖခင်၏အသိ လေယာဉ်မှုးတစ်ဦး လေယာဉ်ပျက်ကျ ဆုံးပါးသွားရှာသဖြင့် ကျွန်ုပ် နှင့် ကျွန်ုပ်၏ဖခင် ရေဝေးသုဿန် သို့ အသုဘ ပို့ သွားကြပါသည်။ ကွယ်လွန်သူ၏ ဇနီး နှင့် ဇနီး၏ မောင်မှာလည်း ကျွန်ုပ်၏ဖခင် နှင့် ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ကြပါသည်။ ကွယ်လွန်သူ၏ ဇနီး၏ မောင် မှာ ဖခင်ကြီး၏ကားပေါ် တွင်လိုက်ပါလာခဲ့ပါသည်။ သို့နှင့် ရေဝေးသုဿန် သို့ရောက်လာပါသည်။ အသုဘပို့သူများ မှာ အလွန်တရာများပြားလှ၏။ လွမ်းသူပန်းခွေ၊ လွမ်းသူပန်းခြင်း ပေးပို့သူများ ၏ မျက်နှာများ ကလည်း ပြိုတော့မည့် မိုးကဲ့သို့ ဝမ်းနည်းကြေကွဲ နေကာ ကျန်ရစ်သူမိသားစုအား ဝမ်နည်းစကားဆိုကြပါသည်။ အုံ့မှိုင်းနေသော မိုးကောင်းကင်၊ မိုးသားတိမ်တိုက်များ၊ တသုန်သုန်တိုက်ခတ်နေသော မုတ်သုံလေ၊ ရံဖန်ရံခါတဖွဲဖွဲ ကျနေသော မိုးဖွဲဖွဲလေးက […]