2010 ကနေ 2012အချိန်လေးကိုပြန်ရောက်ချင်တယ်…….
?ကန်တော်ကြီးကိုအတူတူသွားပြီး..ကရဝိတ်စားသောက်ဆိုင်နားမှာအတူတူထိုင်ပြီးစကားတွေပြောခဲ့ကြတာကိုပြန်လွမ်းတယ်……?
?ကန်တော်ကြီးထဲမှာပဲ..နေ့လည်စာ.စားခဲ့ကြတာကို….လွမ်းတယ်?
?ပန်းခြံထဲမှာသူများအတွဲတွေလိုထီးကာစရာမလိုဘဲခါးလေးဖက်ရုံထိုင်ခဲ့…ချစ်စကားလေးတွေသီပြီး..သူ့ပါးလေးကိုခိုးနမ်းခဲ့တာကို…လွမ်းတယ်?
?
နမ်းချင်တယ်လို့နှုတ်ကဖွင့်မပြောခဲ့ပဲ…ကောင်လေးနဲ့ကောင်မလေးအနမ်းပေးနေတဲ့စာအုပ်လေးလက်ဆောင်ပေးခဲ့တယ်..
သိတာပေါ့နမ်းချင်နေတယ်ဟုတ်လားလို ့မေးတော့..သူပြုံးပြခဲ့တဲ့အပြုံးလေးကိုလွမ်းတယ်?
❤တရုတ်တန်းမှာညစာစားခဲ့ကြတာလေးကို…လွမ်းတယ်…?
?သူ့ကိုလိမ္မော်သီးခွံကျွေးခဲ့တာကို…လွမ်းတယ်?
?ကျွန်မရဲ့ဓာတ်ပုံကိုဓာတ်ပုံသားအဖြစ်ပြန်ကူးပြီးAlbumနဲ့ထည့်ပြီးလက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…….?
?သူ့နာမည်ရဲ ့အစစာလုံးနဲ ့ကျွန်မရဲ့နာမည်အစစာလုံးရဲ့အင်္ဂလိပ်စာလုံးအက္ခရာရှိတဲ့Keychainကိုဝယ်ပြီးသူက
ကျွန်မရဲ့နာမည်Keychainကိုယူပြီးကျွန်မကိုသူ့နာမည်Keychainလေး..ချစ်သက်လက်ဆောင်ပေးခဲ့တာကိုလွမ်းတယ်…?
?ကျွန်မသိပ်လိုချင်တဲ့..925 handchainလေးကိုသူရန်ကုန်လာတဲ့အချိန်ကျွန်မနဲ့စတွေ့တဲ့အချိန်လေးမှာ..သူကိုယ်တိုင်ဝတ်
aပးခဲ့တာလေးကို…လွမ်းတယ်?
?ချစ်သက်လက်ဆောင်အဖြစ်..အသဲပုံလော်ကပ်သီးပါတဲ့ဆွဲကြိုးလေးကိုကားဂိတ်ကနေပို့ပေးခဲ့တာကို….လွမ်းတယ်?
?Valentine dayမှာအတူတူမရှိနိုင်ပေမယ့်အတူတူချစ်ရတဲ့အချိန်တိုင်းဟာ…Valentine Dayပါပဲလို့ပြောခဲ့တာကို…လွမ်းတယ်?
?ယောကျာ်းနဲ့မိန်းမလို ့…ချစ်စနိုးခေါ်ခဲ့ကြတာကို…လွမ်းတယ်?
?ဓာတ်လှေကားထဲမှာ..CCTVတပ်ထားသော်လည်း..သူ့ပါးမို့မို့လေးကိုခြေဖျားထောက်ပြီးနမ်းခဲ့တာကို..လွမ်းတယ်?
?အီးမေးလ်နဲ့. အချစ်သီချင်းလေးတွေ..ပို့ပေးခဲ့တာကို..လွမ်းတယ်?
?စိတိပျက်အားငယ်တဲ့အချိန်တိုင်း..အားပေးစကားပြောခဲ့တာတွေကို…လွမ်းတယ်
?သူကSandwich ကောင်းကောင်းလုပ်တတ်တော့နောက်ကျရင်လုပ်ကျွေးမယ်လို့ပြောခဲ့တာကို..လွမ်းတယ်?
?ပြင်သစ်Eiffel tower မှာသွားလက်ထပ်ကြမယ်လို့ပြောခဲ့တာကို..လွမ်းတယ်?
?နှစ်ယောက်ကြားမှာလိမ်ညာမှုဆိုတာမရှိဘဲ…ရန်ဖြစ်ပြီးလည်းပြန်ချစ်ခဲ့တာကို…လွမ်းတယ်?
?လွမ်းတယ်ဆိုတာကို..ဖုန်းနဲ့ပြော…မက်ဆေ့တွေအပြန်အလှန်လှန်ပို့ခဲ့တာကို….လွမ်းတယ်?
3 comments
ဦးကြောင်ကြီး
March 19, 2017 at 12:28 pm
သ ျှားကို တီးခြင်တယ် ၂၀၁ရခါ
kai
March 20, 2017 at 10:51 am
အဲလိုလည်းလွမ်းလို့ရသကိုး…။
အံ့ပ..။ :k:
သျှားသက်မာန်
March 20, 2017 at 10:06 pm
ဟီး…..လွမ်းကြည့်တာပါ..တကယ်လည်းအသဲကွဲခဲ့ရတာကိုး…အဲလိုကွဲခဲ့တော့လည်းတစ်ခါတစ်လေ ကုန်ကြမ်းရတာပေါ့ လေ အဟက်