Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၁၂) – ပါမောက္ခမျိုးကျော်မြင့်

kaiMarch 24, 20172min3182

အရင်လကဖော်ပြခဲ့တဲ့ conditional clause လေးအကြောင်း ဒီလမှာ ထပ်ပြီးလေ့လာကြရအောင်။ Conditional clause (၄)မျိုးစလုံးကို ယှဉ်ပြီး ကြည့်ကြရင်၊ တခုနှင့်တခု ဘယ်လိ်ုကွာခြားသလဲဆိုတာ ပိုပြီးထင်ရှားနေမှာပေါ့။
# 1 Present Real Conditional – 100% Certainty
If + simple present, simple present
Conditional Clause, main Clause
e.g. If we heat water, it boils.
e.g. If he goes to Las Vegas, he gambles all night.
#2 Future Real Conditional – 75% Probability
If + simple present, will + base form / be going to + base form
Conditional Clause, main Clause
e.g. If you work hard, you will succeed.
e.g. If he goes to bed late, he will have a headache in the morning.
အထက်ဖော်ပြပါ Conditional Clause (၂)မျိုးကို အရင်းဆုံးယှဉ်ကြည့်ကြရအောင်။ သူတို့ကို Real Conditional လို့ခေါ်ရတာက ပေးထားတဲ့အခြေအနေလေးတွေဟာ ဖော်ပြထားတဲ့အတိုင်းပဲ ပကတိဖြစ်နေ လို့ပါ။ ပထမဆုံးဥပမာမှာ – အခြေအနေက ရေကိုအပူပေးတယ်။ ဒီတော့ရေဟာဆူပွက်လာမှာ သေချာတယ်ပေါ့။ အလားတူ ဒုတိယဥပမာမှာလည်း အခြေအနေက သူ Las Vegas ကိုသွားတယ်ပေါ့။ဒီတော့ ရလဒ်အနေနဲ့ သူ ညလုံးပေါက်လောင်းကစားလုပ်မှာ သေချာတယ်ပေါ့။ ဒီသဘောပါပဲ။(အရင်လကဖော်ပြခဲ့ဖူးပါတယ်။ ဒီလူအကြောင်းကို ကိုယ်ကောင်းကောင်းသိနေတယ်ဆိုတဲ့ သဘောပါ။) အလားတူပါဘဲ -Future Real Conditional မှာလည်း ဒီလိုအခြေအနေမျိုးရှိရင်၊ ဒီလိုရလဒ်မျိုးတွေဖြစ်လာနိုင်တယ်လို့ ဆိုလိုပါတယ်။ Conditional Clause နှင့် #2 Conditional Clause တို့ရဲ့ ကွာခြားချက် ကတော့ #1 If pattern မှာ ရလဒ်ဟာ ကျန်းသေတယ်၊ သေချာပေါက်ဖြစ်ကိုဖြစ်မယ်လို့ တွက်လို့ရပေမယ့် #2 If Pattern မှာတော့ဖြစ်ဖို့များတယ်၊ ဖြစ်နိုင်တယ်လို့ဘဲ တွက်လို့ရပါတယ်။ ရာနှုန်းပြည့်မသေချာဘူးပေါ့နော်။ နောက်အနာဂတ်ဆိုတာ ဘယ်သူကမှ သေချာပေါက် ပြောလို့ရမှာလဲ ။ အခုစားရရုံ သောက်ရရုံ ဘဝမှာရှိနေပေမဲ့၊ မနက်ဖြန ်Lotto ပေါက်ပြီး သန်းကြွယ်သူဌေးကြီးမဖြစ်သွားဘူးလို့ ဘယ်သူပြောလို့ရမှာလည်း မဟုတ်လား။ ကဲ ဆက်လက်ပြီး If Pattern #2 and # 4 တို့ကို လေ့လာကြရအောင် ။
#3 Present Unreal Conditional – 50% Possibility
If + simple past, would / could + base form
Conditional Clause, Main Clause
If I were rich, I would buy three cars.
If I had friends, I would be happy.
#4 Past Unreal Conditional – 0% Impossible Condition
If + past perfect, would have + past participial
Conditional Clause, Main Clause
If I had known about it, I would have done something.
If I had learned English in my country, I would have gotten a great job.
အထက်ဖော်ပြပါ Conditional Clause လေး(၂)ခုကို Unreal လို့ခေါ်ရတာက သူတို့က တကယ်တော့မရှိတဲ့အခြေအနေတွေကို ဖော်ပြထားလို့ပါ။ ပထမဥပမာမှာ “If I were rich” တနည်းအားဖြင့် ‘ငါချမ်းသာခဲ့ရင်၊ ဆိုတော့ အခုမချမ်းသာသေးဘူးပေါ့ ။ ဒီတော့ ကား (၃)သုံးစီးမပြောနဲ့ တစီးတောင်ဝယ်နိုင်ဖို့မလွယ်နေဘူးပေါ့ ။ ဒီ Clause မှာ သုံးထားတဲ့ ကြိယာက past ပါ။ ဒါပေမဲ့ အဓိပ္ပါယ်က လက်ရှိပစ္စုပ္ပန်အခြေအနေကို ဆို လိုုပါတယ်။ နောက်တချက် သတိထားဖို့က မည်သည့်ကတ္တား subject မျိုး နှင့်မဆို was ကိုမသုံးဘဲ အမြဲတန်း were ကိုသာ သုံးပါတယ်။ ဒါဟာ If Clause ရဲ့ ထူးခြားချက်တခုပေါ့နော်။ ဒီနေရာမှာ #3 If Clause နှင့် #4 If Clause တို့နဲ့ ကွားခြားချက်က ဘာလဲလို့မေးလာရင် #3 IfClause မှာဖော်ပြထားတဲ့ရလဒ်က မဖြစ်ဖို့များပါတယ်။ သို့သော်လုံးဝမဖြစ်နိုင်တာတော့ မဟုတ်သေးဘူး။ မျှော်လင့်ချက်သိပ်မရှိပေမဲ့ ငွေ့ငွေ့လေးတော့ ရှိ သေးတယ်။ အခြေအနေလေးတွေ ပြောင်းသွားခဲ့ရင် ဖြစ်နိုင်ဖို့အလားအလာလေးက ရှိနေသေးတယ်ပေါ့။ အဲ #4 If Pattern ကတော့ အတိတ်မှာ အခြေအနေမပေးခဲ့တာကို တင်ပြထားတာမို့ ရလဒ်က လုံးဝမဖြစ်နိုင်တော့ ပါ။ အတိတ်ဆိုတာ မည်သူမျှပြုပြင်လို့ရတာမျိုးမှ မဟုတ်တာ။ ဒီတော့ #3 clause ကို ယခုလောလောဆယ် မဖြစ်နိုင်သေးပေမဲ့ ၊ ဖြစ်လာနိုင်မလား၊ ဖြစ်များဖြစ်လာမလားဆိုပြီး မျှော်ကိုးနေသေးတဲ့၊ မျှော်လင့်နေသေးတဲ့ သူများ သုံးနိုင်ပါတယ်။ အဲ #4clause ကိုတော့ မဖြစ်နိုင်တော့တဲ့ အတွက်စိတ်မတောင်းသူများ၊ နောင်တလေးကို ရင်ဝယ်ပိုင်နေသူများ အသုံးများကြပါတယ်။ If ရဲ့ Negative ကတော့ unless ပါ။ Unless ကို If ကို သုံး သလို သုံးလို့ရပါတယ်။ အဓိပ္ပါယ်ကသာ negative ဖြစ်သွားတာပါ။ ဥပမာ –
Pattern 1 Unless you melt ice, it remains solid. Conditional clause, Main Clause
Pattern 2 Unless you exercise, you will gain weight. Conditional clause, main Clause
Pattern 3 Unless you worked hard, you would not succeed. Conditional clause, main Clause
Pattern 4 Unless you had brought the key, you wouldn’t have been able to open the cabinet. Conditional clause, Main Clause
Unless ကိုဘဲ သုံးသုံး။ If ကိုဘဲ သုံးသုံး (၂) နေရာမှာ ထားလို့ရတာကို သိထားဖို့လိုပါတယ်။ ဝါကျရဲ့အစမှာ ထားလို့ရသလို အလယ်မှာလည်း ထားနိုင်ပါတယ်။ ဝါကျရဲ့အစမှာ ထားခဲ့ရင် clause ရဲ့ အဆုံးမှာ comma လေးထည့်ပေးဖို့လိုပါတယ်။ အဲ အလယ်မှာ ထားပြီးသုံးခဲ့ရင်တော့ comma လေးထည့်ပေးစရာမလိုပါ။ တခါတလေ If ကို Even နဲ့တွဲပြီး Even If လို့ သုံးတာမြင်ဘူးကြပါလိမ့်မယ်။ verb လေးတွေကတော့ ရိုးရိုး If pattern နဲ့ အတူတူပါဘဲ။ ဒီနေရာမှာ Even If ဆိုတာက အင်္ဂလိပ်လိုတော့ emphasize လုပ်တဲ့သဘောပါ။ မြန်မာလို ပိုမိုလေးနက်စေတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဥပမာ –
” Even if you give me a lot of money, I will not kill anyone. ”
ဒီနေရာမှာ ပိုက်ဆံတွေအများကြီးပေးတောင်မှ ငါးပါးသီလကိုတော့ မချိုးဖောက်နိုင်ဘူးပေါ့။ လူသတ်ဖို့တော့ စဉ်းတောင်မစဉ်းစားဘူးဆိုတဲ့ သဘောကိုပိုမိုလေးနက်အောင် even if နဲ့ သုံးထားတာပါ။ အော် တိုင်းပြည်ကိုက အကျိုးပြုနေတဲ့ ဦးကိုနီကိုသတ်တဲ့လူ ဒီလိုစိတ်ထားမျိုးသာရှိခဲ့ရင် ဒီလိုလူတော်လူကောင်းတယောက် သေရမှာမဟုတ်ဘူးးနော်။ ထားပါတော့ ဒီနေရာမှာဘဲ နားကြပါစို့။

2 comments

  • သျှားသက်မာန်

    March 25, 2017 at 3:04 pm

    SEAMEO CHAT မှာကောင်းကောင်းသင်ခဲ့ရပြီး ကောင်းကောင်းနားလည်ခဲ့လို့ သိပြီးသားတွေပါ..တခြားဆက်တင်ပေးပါဦး နော်

  • Courage

    April 12, 2017 at 6:15 pm

    မောင်ကာကြီးတျောက် ရွာထဲလာမလည်ဖြစ်တာကြာလို့ အပြောင်းအလဲတွေ လက်လွတ်သွားတာတွေအများကြီးပါလား။
    အခုလို ပညာတွေပြန်လည်မျှဝေပေးတဲ့အတွက်ကျေးဇူးပါပဲ သူကြီး။
    နောက်အပိုင်းတွေလဲဆက်လက်မျှော်နေပါတယ်။

Leave a Reply