ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့ လွင့်ပျံ့လာတဲ့ အရောင်

alinsettApril 6, 20171min1912

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့ 
လွင့်ပျံ့လာတဲ့ အရောင်
———————————————–
ကြားလိုက်သလား။
ဟိုး. . . အဝေးဆီက. . .
ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊
ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . .
နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့
လင်းတလက်လက်ကြယ်ပွင့်တချို့တောင် …
ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။
——–
ကြားနေရတဲ့ ဂီတထဲကနေ
တစ်သက်မမေ့ချင်စရာ ပန်းဆီရောင်ရနံ့တွေက…
နီစွေးနေတဲ့ ကိုယ့်စိတ်ထဲကို တိုးဝင်လို့…
——–
အဲ့ဒီအခိုက်အတန့်မှာမှ
ကိုယ့်ဆီကနေ
ကိုယ့်အရောင်အမိုက်အမဲတွေ ကွာကျပြီး
ကိုယ်က ကိုယ့်ကို ယဉ်ကျေးစွာ
ခွါချပစ်လိုက်နိုင်တယ်။
 ——–
ပန်းတစ်ပွင့်ကတော့
သီချင်းတစ်ပုဒ်ကို
သေချာပေါက် ညည်းတွား လွှင့်ထုတ်နေတုန်း. . .
———————————————–
သင့်အေးရိပ်
24/03/2017

2 comments

  • သျှားသက်မာန်

    April 11, 2017 at 2:53 pm

    မိုက်တယ်

    • alinsett

      April 11, 2017 at 11:10 pm

      ဖတ်ရုံတင်မက မန့်ပါမန့်သွားလို့ ကျေးဇူးတင်ပါကြောင်း

Leave a Reply