အတွေးလေးတစ်ခု

Mon LayApril 11, 20171min800

1 – သင်္ကြန်မှာခရီးသွားမယ်

သင်္ကြန်မှာ ခရီးသွားနိုင်တဲ့ လူကတော့ ပိုက်ဆံရှိတာပဲ။ ဘာလို့ဆို အဲ့ချိန်ဆို..ကားခတွေ၊ လေယာဉ်ခတွေ၊ ဟိုတယ်ခတွေ အစစ ဈေးကြီးတဲ့အချိန်ဖြစ်နေလို့ပါ။ ပြီးတော့ ခရီးမသွားခင်ကတည်းက ဝယ်ရ၊ ခြမ်းရ နဲ့ ကြိုပြီးဝယ်ရတော့ ပိုက်ဆံကကုန်

ပြန်ရော။ ဘာပဲဖြစ်ဖြစ်..ပိုက်ဆံပေါလို့သာ ခရီးသွားနိုင်တာပါ။

2 – သင်္ကြန်မှာ မန်းဒပ် ထိုင်မယ်

(အုန်းလက်မန်းဒပ်ထိုင်တဲ့သူကိုမပြောပါဘူး။) သောင်းကျော်ပေးရတဲ့ မန်းဒပ်မှာ ထိုင်နိုင်တဲ့သူကလည်း ပိုက်ဆံရှိတာပါပဲ။

သူ့မှာ အဲ့မန်းဒပ်မှာထိုင်နိုင်ဖို့ အဝတ်အစားလန်းလန်းလေးတွေဝယ်ရ၊ ဖိနပ်တွေရှိပြီးသားလည်း ထပ်ဝယ်ရ၊ မန်းဒပ်ဈေးက

လည်းကောင်းကောင်းပေးရ၊ မန်းဒပ်မှာကျွေးတဲ့ အစားအသောက်ကသိပ်မကောင်းတတ်တော့ အပြင်မှာဝယ်စားရ၊ အအေးဝယ်သောက်ရ၊ ဘီယာတို့ဝယ်သောက်ရ နဲ့ သူလည်း ပိုက်ဆံပေါလို့သာပေါ့နော်။

3 – သင်္ကြန်မှာ တရားစခန်းဝင်မယ်

သူလည်းတရားစခန်းမဝင်ခင် အကျီအဖြူနဲ့ ထဘီအညိုမရှိရင် ပြေးဝယ်၊ပြေးချုပ်ရ၊ တရားစခန်းမှာ ညဘက်ဗိုက်ဆာလာရင် အအေးတို့၊ဂျင်းတို့စားဖို့ ဝယ်ရ၊ တရားစခန်းမှာ ပူမှာစိုးလို့ ပန်ကာ အသေးလေးတွေဝယ်ရ၊ တကယ်ကို ရက်တိုခရီးလေး ထွက်ရတာနဲ့တူလို့ တရားစခန်းမဝင်ခင်တည်းကကို ကြိုဝယ်ရတာတွေတော်တာ်များလို့ သူလည်း ပိုက်ပိုက်ပေါမှ ရပါမယ်။

(ပိုက်ပိုက်မပေါလည်း ဖြစ်သလိုလည်းဝင်လို့ရပါတယ်လို့)

4 – သင်္ကြန်မှာ အိမ်တွင်းအောင်းမယ်

သူကလည်းအိမ်ဝင်းအောင်းမယ်ဆို အပျင်းပြေဖတ်ဖို့ သင်္ကြန်ဆိုတာကိုမေ့သွားအောင် စာအုပ်တွေငှားရ၊ အခွေဝယ်ရ၊ ငှားရ၊ စားဖို့သောက်ဖို့ ဝယ်ရ၊ ခြမ်းရ နဲ့ ပိုက်ဆံပေါမှပါလေ..

အားလုံးကတော့သူ့ဖာသာနဲ့သူ ပိုက်ပိုက်လိုအပ်တာချည်းပါပဲ။